Tuesday, January 29, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၃)



by Tamar Khin on Monday, January 28, 2013 at 3:03am ·

 (၃)

တော်လှန်ရေးနယ်မြေတွေမှာ သူလျှိုလို့ သံသယအဖြစ်ခံရသူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း ခဲ့တာတွေ ကြားဖူးနားဝ ရှိကြပါလိမ့် မယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ  ကိုယ့်ဘာသာကိုယ်ပဲ အသားအနာခံခဲ့ကြရုံသာမက အသတ်ခံပါခံလိုက်ကြရတဲ့အဖြစ်တွေ လည်း ရှိခဲ့ကြပါတယ်။

အသားနာတာကို အကြောင်းပြပြီး နန်းအောင်ထွေးကြည်လို “စစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ် အကြီးကြီး တပ်ဖြေခဲ့တဲ့သူမျိုး ၊ ဉက္ကဌအပါအဝင်  ရဲဘော်ရဲမေတွေ တပြုံတမကြီး  ဆွဲထည့် သွားနိုင်ခဲ့တာမျိုးကို ဘယ်သူများ ကြားဖူးခဲ့ကြပါသလဲ။ ဒါကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်ခဲ့ပါတယ်လို့ မပြောရင် ဘယ်လိုပြောရမှာပါလဲ။

ဘယ်သူက သူ့ကိုယ်သူ အဖမ်းခံ၊ အသားအနာခံ၊ အသေခံပြီး လုပ်ပါ့မလဲ။ စွပ်စွဲတဲ့လူနဲ့ စွပ်စွဲခံရ သူ ဘယ်သူက အစီစဉ်ကျကျ လုပ်ဖို့လွယ်မလဲ။

ဖြစ်သွားတဲ့အဖြစ်အပျက်ဟာ ဒီလောက်ရိုးရှင်းနေတာမျိုး မဟုတ်ပါဘူး။ ဒီရေလှိုင်းစစ်ဆင်ရေး ဆိုတာကို နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့အချိန်ကျမှသာ သူလုပ်ခဲ့တာဖြစ်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းတွေ စကတည်းက နန်းအောင်ထွေးကြည်ဟာ သူတော့ သေချာပေါက်ပါနိုင်တယ်ဆိုတာကို  ကြိုသိနေခဲ့ပါတယ်။ ဒီလိုတွေလုပ်ပြီးတာနဲ့ ထွက်ပေါက်အသင့် ရှိထားတယ်ဆိုတာ သိနေရင် လည်း လုပ်ဖို့က မခက်ပါဘူး။

ထူးခြားတာက ကေအိုင်ကေဘက်က လူတွေကိုဆွဲထည့်တာလည်း နန်းအောင်ထွေးကြည် တယောက်ပဲဖြစ်သလို အားလုံးထဲမှာမှ နန်းအောင်ထွေးကြည်တယောက်တည်းကိုသာ ကေအိုင်အေက ရွေးထုတ်ပြီး ကျောင်းသားရဲဘော်တွေမပါပဲ သီးသန့်ခေါ်ထုတ် မေးမြန်းခဲ့ကြတဲ့ ကိစ္စတွေပါ။  အဲဒီမှာလည်း သူဘာတွေပြောခဲ့ပြန်သလဲ။ သူရေးထားတာတွေရှိပေမဲ့ ဗြောင်လိမ် ရဲတဲ့သတ္တိက မသေးတော့ ကေအိုင်အေလူကြီးတွေကလွဲလို့ ဘယ်သူမှ အမှန်အတိုင်း မသိနိုင် ပါဘူး။

နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ဒီလိုင်းတွေကို ယုံကြည်လက်ခံလုပ်ခဲ့တဲ့ သူတွေကလည်း  နန်းအောင်ထွေး ကြည်ပြောခဲ့တဲ့စကားအတိုင်း ပြန်ပြောရရင် “မန္တလေး ကျောင်းသားလှုပ်ရှားမှု့အကြောင်း ကောင်းကောင်းမသိတဲ့ စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီလောက်တောင် တုံးရသလား”ဆိုရမလိုပါပဲ။

၈၈မှာ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ထုနဲ့ထေးရှိခဲ့သလိုပဲ အဲဒီလိုလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကြား မှာ တန်ပြန်ထောက်လှမ်းရေးသဘောမျိုးနဲ့ သတင်းယူပို့ ပေးရတာတွေကို အကြီးအကျယ် စွန့်စားမှု့ကြီးတခုအဖြစ် ကိုယ်ဘာသာ ကိုယ် ဂုဏ်ယူကျေနပ်စွာ လုပ်ကိုင်နေကြတဲ့ ကျောင်းသားလူငယ်တွေလည်း အများကြီး ရှိနေခဲ့ကြတာတွေကိုတော့ သတိရကြပါ လိမ့်မယ်။

ဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ ယုံကြည်လက်ခံသွားလောက်အောင် သူ့ကိုယ်သူ တကယ့်ထောက် လှမ်းရေးမတယောက်အသွင်မျိုးနဲ့ နန်အောင်ထွေးကြည် မင်သေသေ ပြောခဲ့ လုပ်ခဲ့တယ်။ အခုကျ သေသွားတဲ့ မဖြေရှင်းနိုင်တော့ တဲ့ ကိုမျိုးဝင်းအပေါ် အားလုံးပုံချပြီး အသားအနာမခံနိုင်လို့ပါ အကြောင်းပြ  ကျောင်းသားတပ်ကို မစွန့်ခွာချင်ပါပဲ စွန့်ခွာခဲ့ရတဲ့ အင်မတန် သနားဖွယ်ရာကောင်းတဲ့ရဲမေလေး ပြန်ဖြစ်နေပြန်တယ်။

ဒီအမျိုးသမီးဟာ မဟုတ်ခဲ့ရင်တော့ အတော်လေးကို သနားကြင်နာဖို့ကောင်းတာ အမှန်ပါ။ ဟုတ်ခဲ့ရင်တော့ အတော်လေးကို ကြောက်စရာကောင်းတဲ့ အနေအထား မီးစတဘက်-ရေမှုတ် တဘက်ကိုင်ထားတဲ့ တော်လှန်ရေးမပြောနဲ့ ကျောင်းသားစိတ်ဓါတ်မျိုး တောင်မရှိတဲ့ ရပ်တည် ချက်မမှန်တဲ့ မိန်းမမျိုးထဲကပါ။

(ဘယ်သူဘယ်ဝါမှန်းမသိ လမ်းမှာတွေ့တဲ့သူနဲ့ စကားပြောမိရာက အဲဒီလူနဲ့အတူ ရှစ်လေးလုံး လှုပ်ရှားမှု့တွေမှာ ပါဝင်လာခဲ့တယ် တဲ့။ ကြားမကြားဖူးခဲ့တဲ့ ရှားရှားပါးပါးပုံပြင်လေး တပုဒ်ပါပဲ။ ဒါလည်း တကယ်မရှိတဲ့ လူတယောက်ကိုသုံးပြီး ဇာတ်လမ်းဖော်ထား တဲ့ ပုံပြင်ပဲ ဖြစ်ရမယ်၊၊)

အဖမ်းခံခဲ့ကြရသူတွေအားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ခဲ့ကြချိန်မှာ အိမ်တန်းမပြန်ပဲ နိုင်ငံခြား မှာ အကြာကြီးသောင်တင်နေတဲ့ နန်းအောင်ထွေးကြည်နဲ့ ကေအိုင်အေမှာ ဆက်နေပြီး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်ဆိုတဲ့ ကိုညီညီဆမား၊ သူတို့နှစ်ယောက် လျှောက်တဲ့လမ်းကိုက တခြားခံရသူတွေနဲ့မတူပဲ သီးခြားကွဲထွက်နေခဲ့တာကလည်း စဉ်းစားစရာတချက်။

အထဲပြန်ဝင်သွားကြသူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ သဘောမျိုး ဖြစ်နေပါ တယ်။

( ဒီလောက် အိမ်လွမ်းလှပြီဆိုတဲ့သူက အားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ကြတဲ့အချိန်မှာ ဘာအကြောင်းကြောင့် အဲဒီအချိန်က အိမ်တန်းမပြန်ရဲ ခဲ့ရတာပါလဲ။ တောထဲမှာ ဒီလောက် ဆင်းရဲဒုက္ခရောက်ခဲ့ရသူတယောက်အတွက် ပြန်စရာ အဖေအမေအိမ်ထက် ပိုကောင်းတဲ့နေရာ ဆိုတာ ရှိနေသေးလို့လား။ ရိုးသားရင် အဲဒီအချိန်ကတည်းက အိမ်ပြန်ရောက်နေရမဲ့ကိစ္စ။ အိမ်တော့မပြန်နဲ့ သွားချင်ရင် မင်းအကိုဆီသွားဆိုပြီး ကေအိုင်အေကဘန်ကောက်ပို့ ပေးခဲ့ တာပါတဲ့။ ဟနေတဲ့အချက်မှန်သမျှ သူသိပါတယ်၊ အကုန်လိုက်ပိတ်ထားပြီး မေးလို့မရတော့တဲ့ သူတွေကို လက်ညိုးထိုးညွန်ပြလိုက်တာချည်းပဲ။)

အထဲပြန်ဝင်သွားတဲ့ ရဲဘော်အများစုကတော့ သူတို့ပြောသလိုပါပဲ ဘာမှန်းညာမှန်းမသိပဲနဲ့ကို ခံလိုက်ကြရတာပါ။ နောက်တခုက ဒီဇာတ်လမ်းအစပျိုးချိန်က အမှန်တရားဖော်ထုတ်ပေးဖို့ ကိုထွန်းအောင်ကျော်မှာသွားလို့ပါဆိုတဲ့ သူနှစ်ယောက်ကလည်း ထူးထူး ခြားခြား နန်းအောင် ထွေးကြည်နဲ့ ကိုညီညီဆမားပဲ ပြန်ဖြစ်နေပြန်ပါတယ်။ အခုကျတော့ ဒီလိုပဲ ကျမတို့အားလုံး တယောက်ကို တယောက်မှာကြတယ်နဲ့ ပြန်လျှောချသွားတယ်။ ကိုထွန်းအောင်ကျော် သူ့ကို ဒီလိုမှာသွားလို့လုပ်ရတာပါဆိုတာနဲ့ အစပျိုးလာချိန် ကတည်းက ရှင်းရှင်းပြောရရင် ကျမက တော့ မယုံကြည်ခဲ့ပါဘူး။

နန်းအောင်ထွေးကြည်ဖော်ခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုင်းတွေအရပဲ လုပ်တဲ့သူတွေက ထောက်လှမ်း ရေးတွေအဖြစ်နဲ့ ညာတာမှု့မရှိပဲ လုပ်ခဲ့ကြတဲ့အတွက် ဉက္ကဌကိုထွန်းအောင်ကျော် အပါအဝင် လူတော်တော်များများဟာ မဟုတ်ပဲနဲ့ ခံလိုက်ရသလို  မရှိပဲနဲ့  လုပ်ကြံဖြေထားတဲ့အပေါ် လက်နက်တွေ ၊အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း ရက်ရက် စက်စက် ညှင်းပမ်းနှိပ်စက်ခံခဲ့ကြရတယ်။ မရှိလို့ ထုတ်မပေးတာကို ခေါင်းမာတယ်ထင်ပြီး ထပ်ခါထပ်ခါ ညှင်းဆဲမေးမြန်းရင်း တချို့ စစ်ကြောရေးမှာပဲ သေဆုံးသွား ခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက်အဆပေါင်းများစွာ နာကျင်ခဲ့ရတဲ့သူတွေထက်  သူဆင်လိုက်တဲ့ ဇာတ်လမ်း သူလုပ်ခဲ့တဲ့လုပ်ရပ်တွေ အတွက်  တခြားလူတွေရဲ့ဘဝတွေ ဘယ်လောက်တောင် ထိခိုက်နစ်နာသွားခဲ့ရသလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံးမို့ စိတ်ပိုင်း ဆိုင်ရာအရ  ကိုယ့် ကိုယ်ကို ဒဏ်ခတ်ချောင်ပိတ်မိနေခဲ့တဲ့အထိ ဆောက်တည်ရာမရ နန်းအောင်ထွေးကြည် ခံစားနေခဲ့ရတာတွေ ဟာ ဒါတွေကြောင့်ပါ။

(သို့မဟုတ်) အချိန်အခါတခုကိုစောင့်ပြီး သူ့ဆင်ခဲ့တဲ့ဇာတ်လမ်းကို သူပြန်ပြီးဆက် ”က” နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ  အဲဒီအချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

နန်းအောင်ထွေးကြည်ရဲ့ တွန်းပို့ခဲ့မှု့အပေါ် ကိုမျိုဝင်းယုံကြည်လက်ခံသွားအောင် ထပ်ဆင့်တွန်းပို့ချောက်တွန်းလုပ်ခဲ့သူ နောက်တ ယောက်ကတော့ ကိုမျိုးဝင်း ယုံကြည်လို့ အဖမ်းခံရသူတွေကြား တမင်ထည့်ထားခဲ့တဲ့ ခို (ခ) ကိုခင်မောင်ဇော် (စစ်ရုံးအုပ်၊ မန္တလေး) ဆိုတာတော့ အသေအချာပါပဲ။

နန်းအောင်ထွေးကြည်ရဲ့ မင်သေသေနဲ့ ဖြေကြားချက်တွေ (သူ့စကားအရပြောရရင် သူရေးပေး လိုက်တဲ့ ဝတ္ထုဇာတ်လမ်းတွေအပေါ် ) ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ ဘယ် လောက်တောင် ယုံကြည်ပြီး လုပ်ဆောင်ခဲ့ကြသလဲဆိုတဲ့ သာဓကတွေပါ။
ဘာကြောင့်မို့ သူပြောတာတွေကို အလွယ်တကူယုံကြည် လက်ခံခဲ့ကြပါသလဲ စဉ်းစားကြည့်နိုင်ပါတယ်။ သူက ထောက်လှမ်းရေး မှူးတယောက်ရဲ့သမီး ဖြစ်နေခဲ့တဲ့အပြင် စရောက်လာကတည်းက သူတို့ရဲ့ပြောဆိုပြုမူလုပ်ကိုင်ခဲ့ပုံတွေအရကို သံသယအဖြစ်ခံ ခဲ့ရတဲ့သူတယောက် ၊ ဒါ့အပြင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအမြစ်ရှိတဲ့အချက်တွေကို ဆွဲယူသုံးခဲ့လို့ပဲ ဖြစ်ပါ တယ်။

(၄)
  • 7 people like this.
  • Hmone Shwe Yi'အဖမ်းခံရသူတွေကိုယ်.အိမ်ကိုယ်တန်းပြန်ချိန်မှာအိမ်တန်းမပြန်ဘဲနိုင်ငံခြားမှာအကြာကြီးသောင်တင်နေတဲ.နန်းအောင်ထွေကြည်နဲ.ကေအိုင်အေမှာဆက်နေပြီးတာဝန်ထမ်းဆောင်နေတဲ.ကိုညီညီစမားသူတို.၂ယောက်လျှောက်တဲ.လမ်းဟာတခြားခံရသူတွေနဲ.မတူဘဲကွဲထွက်နေခဲ.တာကလဲစဥင်္းစားစရာပါ----နောက်တခုဒီဇာတ်လမ်းပျီုးချိန်ကအမှန်တရားဖော်ထုတ်ပေးဖို.ကိုထွန်းအောင်ကျော်ကမှာသွားလို.ပါဆိုတဲ.သူ၂ယောက်ကလဲထူးထူးခြားခြားနန်းအောင်ထွေးကြည်နဲ.ကိုညီညီစမားတို.ဖြစ်နေပြန်ပါတယ်-----အခုကြတော.ဒီလိုဘဲကျမတို.အားလုံးတယောက်ကိုတယောက်မှာကြတယ်နဲ.ပြန်လျှောချသွားတာလဲနန်းအောင်ထွေးကြည်ပါ-
  • Nweni Tun အဲဒီရေလှို င်း စစ်ဆင်ရေးဆိုတာ သူရေးပေးလိုက်တဲ့ ၀ထ္ထူတပုဒ်လို့  သူက ပြောရင်.. ဒါဟာ ကြိုတင်ရေးထားတဲ့ ၀ထ္ထုဘဲဆိုတာသေချာတာပေါ့.. နွယ်နီတို့ တွေမြန်မာပြည်မှာ ရှိစဉ်က စစ်ဆင်ရေးဆိုတဲ့ အသုံးအနုံးကိုသိပ်မသိဘူး.. ဒါတောင်နယ်မှာနေတာ.. အဲလိုစစ်တပ်နဲ့ ဆိုင်တဲ့ စကားလုံးတွေဆိုရင် ရန်ကုန်သူ၊ ရန်ကုန်သားတွေပိုတောင်မသိသေးတယ်..။ နွယ်နီသာအဲလိုအဖမ်းခံရရင် သူ့ လို စစ်ဆင်ရေးအကြီးကြီး ခေါင်းထဲက ထွက်လာဖို့ မပြောနဲ့  ငိုချည်းနေနေလို့  ငိုနေတာနဲ့ တင် အသက်ထွက်သွားမယ်..
  • Nweni Tun တကယ်တမ်းပြောရရင် ဒီပိုဒ် ၃ကိုဖတ်ပြီး စိတ်ထဲမှာ တော်တော်ခံပြင်းနေတယ်.. အရင်က မခင်ရွှေလှိုင်ရေးခဲ့ဘူးတဲ့  - တရားခံအစစ်က ဘယ်သူလဲ...ဆောင်းပါးတွေမှာ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးနဲ့  အခြားထင်ရှားတဲ့ခေါင်းဆောင် တချို့ ကို ဆွဲထဲ့သွားတာ သူ၊ အဲဒီလူတွေ မပါပါအောင် ဆွဲထဲ့နိုင်ဖို့  ဒီရေလှိုင်းစစ်ဆင်ရေးကို လုပ်ခဲ့တာသူပါလို့  သူကိုယ်တိုင်ဝန်ခံခဲ့တာကို ရေးခဲ့ဘူးပြီးပြီ... အဲဒီအချက်ကို မပ အတွက် အမှန်တရားအတွက် ရပ်တည်ပေးနေတယ်ဆိုတဲ့ ကျောင်းသားစစ်စစ်ကြီးများက အချက်ကလေးတခုအဖြစ်တောင် စကားထဲ စာထဲ ထည့်မပြောခဲ့၊ အရေးမထားခဲ့တာ..ဒီလောက်အရေးကြီးတဲ့အချက်ကိုတောင် မသိမမြင်နိုင်ခဲ့ကြတာ.. ဘယ်သူတွေက ညံ့ပြီး ဘယ်သူတွေက ပိုတော်နေသလဲ ဆိုတာကို.. အဲဒီကျောင်းသားချစ်တဲ့ အမှန်တရားချစ်တဲ့ ကျောင်းသားစစ်တွေကိုဘဲမေးချင်နေတော့တယ်..
  • Hmone Shwe Yi ငါတို.မှာလဲနှလုံးသားရှိတယ်-ဒီလိုအကြီးကြီးဘာကြောင်.ဖြစ်သွားရတာလဲဆိုတာပေါဖို.လိုတယ်-ဒီအတိုင်းတော.ပြီးသွားလို.မရဘူးအဖြစ်အပျက်တွေအားလုံးပေါလွင်မှန်ကန်ဖို.ကြိုးစားရမယ်-ကိုထွန်းအောင်ကျော်ရောကိုညီညီကျော်(ကျော်ကြီး)ရောစစ်ဆေးမှု.တွေထဲမှာပါခဲ.ကြဘူးတယ်-ကိုထွန်းအောင်ကျောင်ကတော.သေပြီ-ခုကိုညီညီကျော်ကျန်သေးတယ်သူ.အနေနဲ.သူသိထားတာတွေကိုဘက်မလိုက်ဘဲအမှန်တရားအတိုင်းထပ်ရေးပြီးတင်သင်.တယ်-
  • Nweni Tun ငုံးရေ.ပိန်အခုလောလောဆယ်တော့.. ဒီ မပ ကိစ္စ အငြင်းပွားရင်း တို့ တွေနဲ့ တစခန်းထဲနေခဲ့တဲ့ bro တွေကအစ.. ABSDF တောင်ပိုင်းဗဟိုမှာ တာဝန်ကြီးကြီးယူခဲ့တဲ့ သူတွေအဆုံး သူတို့ တွေရဲ့  အထေ့အငေါ့တွေခံခဲ့ရတာကို ပြန်စဉ်းစားရင်း.. ဒေါသဘဲထွက်နေတော့တယ်.. မုန်းတီးနာကျည်းတာတွေတော့မပါပါဘူး..
  • Kyi Kyi Khin သူ့မျက်နှာကို မီးနဲ့ တို့တယ် ဘာညာနဲ့ နှိပ်စက်တာတွေရေးပြီး တကယ်အပြင်မှာ မြင်ဖူးတော့ မျက်နှာမှာဘာဒဏ်ရာမှလဲ မရှိဘူး။ အဲဒီကတည်းက ဘယ်လိုလဲလို့ စိတ်ထဲ ထင်မိခဲ့ဖူးတယ်။
  • Thiha Kyaw In this case,really she was , Ma Kyi2 Khin.
  • Kyi Kyi Khin ဟုတ်ကိုသိုက်။ တွေးမိဖူးတာ ပြောပြတာ။ ကျမလဲ အတော့်ကို စိတ်ဝင်စားနေပြီ။
  • Thiha Kyaw Yes,just I want you to know what really is.
  • San Dar တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ အဲဒီအချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

No comments:

Post a Comment