Friday, January 18, 2013

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၅)


by May Thingyan Hein on Monday, December 10, 2012 at 8:13am ·

မေသင်္ကြန်ဟိန်(မြစ်မခ)

စကား နိဒါန်း

(  လက်ရှိ မနန်းအောင်ထွေးကြည်နဲ့ ပတ်သက်ပြီး ကျမရေးသားနေတဲ့ အပေါ်မှာ  သတင်းဋ္ဌာနအချို့က ဝေဖန်လာတာ ရှိပါတယ်။

ကျမဟာ မနန်းအောင်ထွေးကြည်တို့၊ ကိုစိုးလင်းတို့ ကိုရဲလင်း တို့ စတဲ့ မြောက်ပိုင်းကျောင်းသားတွေရဲ့  ပြောဆိုတာတွေကိုပဲ တဖက်တည်း အမြင်နဲ့ ဖော်ပြပေးနေတာလားလို့ ဝေဖန်ပါတယ်။

ကျမအနေနဲ့ ခုလိုမနန်းအောင်ထွေးကြည်တို့ရဲ့ အသံတွေတင်မကပါဘူး၊ ဖြစ်နိုင်ရင် ကိုရော်နယ်အောင်နိုင်တို့ ကိုသံချောင်းတို့ရဲ့ အသံတွေကိုလည်း ဖော်ပြပေးသွားချင်ပါတယ်။ သူတို့ဆီက အင်တာဗျူးရအောင်လည်း ကျမ ကြိုးစားမှာပါ။

ကိုမျိုးဝင်းကတော့ သေဆုံးပြီ ဖြစ်လို့ မေးမရတော့ပေမဲ့ လက်ရှိ ချင်းမိုင်မှာ နေထိုင်နေတဲ့  ကိုရော်နယ်အောင်နိုင်၊ သာယာဝတီထောင်ထဲက ကိုသံချောင်း စသူတွေကိုလည်း အင်တာဗျူးခွင့်ရရင် ဗျူးသွားမှာပါ။ လက်ရှိ ပြည်တွင်းမှာ ရှိနေတဲ့ ABSDF မြောက်ပိုင်း ကိစ္စတွေမှာ စစ်ဆေးခဲ့ကြတဲ့ ကိုစိန်အေး၊ ကိုသန်းဇော်  စသူတွေကိုလည်း လိုက်လံ ရှာဖွေပြီး အင်တာဗျူး ခွင့်ရဖို့အတွက် ကြိုးစားခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပါဝင် ပတ်သက်ခဲ့သူတွေကို ရရင် ရသလောက် ရှာဖွေပြီး အင်တာဗျူးလုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဒီမြောက်ပိုင်းကိစ္စတွေ စရေးတော့မယ်လို့ ဆုံးဖြတ်ပြီးကတည်းက ဖြစ်ပါတယ်။

ကျမအနေနဲ့ ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာ ဆုံးဖြတ်ခွင့်ရှိသူများ မဟုတ်တဲ့ အတွက်၊ ဆုံးဖြတ်တဲ့ အလုပ်ကို ပြည်သူတွေ လုပ်နိုင်ဖို့အတွက် ဖော်ထုတ် ရေးသားခြင်း အလုပ်ကိုပဲ ကျမ လုပ်နိုင်တာပါ။

ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ကျမကတော့ တယောက်ပြီး တယောက်ကို ဆက်လျက် မေးမြန်း ရေးသား သွားမှာပါပဲ)

အပိုင်း(၁၅)


အမေတို့ ဆီကို စာေ၇းပေးပြီး တလကြာတော့ အမေတို့ေ၇ာက်လာတယ်။ မတ်လ ၁၉ ၇က်နေ့မှာ အမေတို့ေ၇ာက်တယ် absdf မြောက်ပိုင်း ပါဂျောင်ကိုလေ။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စာရေးပေးလိုက်တာ၊ အဲဒီနေ့မှာပဲ ကိုစိုးဝင်းသန်းကို သတ်ပစ်လိုက်ကြတာ၊ အဲဒီနေ့ကလည်း မှတ်မှတ်ရရပဲ။

အဲဒီမှာ မိဘဆီကို စာေ၇းပေးလိုက်တာက ကျမ နန်းအောင်ထွေးကြည်ရယ်၊ ညီညီအောင်၊ ဘိုဘို၊ ကျော်နိုင်ဦး၊ ကိုရဲလင်း၊ ၀ဏဇော်ရယ်၊စမားညီညီရယ်တို့ တွေက ရေးပေးလိုက်တယ်။

နောက်မှ သိရတာက စမားညီညီရဲ့ အကို ကိုမောင်မောင်က ယူသွားပေးတယ်၊ မိဘတွေကို ခေါ်လာပေးတယ်ဆိုတာ နောက်မှ သိရတာ။

အမေတို့ ရောက်လာတော့ ကျမက ၀မ်းသာဝမ်းနည်း ခံစားရတယ်။ ၀မ်းသာတာကတော့ အမေနဲ့ တွေ့ရမှာကို ၀မ်းသာတယ်။ ၀မ်းနည်းပြီးတော့ စိတ်ပူတာက အမေ့အတွက်ကို စိတ်ပူတယ်။ အဲလိုမှာ အမေတို့ ရောက်လာကြတယ်။

အမေတို့ ရောက်ရောက်ခြင်း ကျမတို့နဲ့ မတွေ့ရဘူး။ နောက် ကျမတို့ ၇ ဦးစလုံး မိဘတွေနဲ့ တပြိုင်တည်း တွေ့ရတာ မဟုတ်ဘူး။ တွေ့ရတဲ့ နေ့တွေကလည်း မတူကြဘူး။ ကျမ ဆိုရင် မေမေနဲ့ မတ်လ ၂၀ ရက်နေ့မှာ တွေ့ရတာ။ ကျမတို့ ထောင်ထဲမှာရှိနေတုန်းဘဲပေါ့ ။


တကယ်တော့ကျမက ထင်ထားတာ မေမေနဲ့ တွေ့ရင် မေမေက ကျမကို ပြေးပြီးတော့ ဆီးဖက်ပြီး ကြိုမယ်လို့ ထင်ထားခဲ့တာ။ တကယ်တမ်းမှာတော့ အဲလို မဟုတ်ဘူး။ ကျမ အမေ့ ဆီကို သွားတော့ အမေက ကျမကို စိမ်းစိမ်းကြီး ကြည့်တယ်။ အမေက။

အဲဒီမှာ ကျမက အမေ့နားကို ကပ်သွားပြီး အမေလို့ ခေါ်ရင်း အမေ့လက်ကို ကိုင်လိုက်တယ်။ အမေက ကျမ လက်ကို မသိမသာ တွန်းထုတ်ပြီး ခပ်စိမ်းစိမ်းပဲ ကြည့်တယ်။ အမေ အဲလို ကြည့်လိုက်တော့ ကျမ ၀မ်းနည်းပြီး ငိုချင်သွားတယ်။


နောက် အမေက ပြောတယ်။ ဒါ သူ့သမီး မဟုတ်ဘူးတဲ့။ အဲလို ကြားလိုက်ရတော့ ရင်ထဲမှာလည်း ဘယ်လိုမှန်းမသိဘူး။ အဲဒီအချိန်မှာ အမေနဲ့ တွေ့တဲ့ အချိန်မှာ ကျမ မျက်နှာကို မီးနဲ့ထိုးကြတုန်းက ကျန်ခဲ့တဲ့ မီးလောင်ဒဏ်ရာတွေ ရှိသေးတယ်လေ၊ မျက်နှာမှာလည်း ။ ပြီးတော့ ထောင်ထဲမှာ နေပြီး အာဟာရ ကောင်းကောင်း မပြည့်တော့ လူကလည်း ဖောဖောကြီး ဖြစ်နေတာကိုး၊ အဲလို ဒဏ်ရာတွေနဲ့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့သူ့ သမီးကို တွေ့တော့ အမေက ဘယ်မှတ်မိပါ့မလဲ။ အဲဒီမှာ အမေက ငိုတယ်။ ပြီးတော့ သူ့သမီး မဟုတ်ဘူး လို့ ပြောတယ်။

အမေ ငိုတာကို ကျမ သိတယ်။ ယူကျုံးမရ ဖြစ်ပြီး ငိုတာ။ သူ့သမီးကို ဒီလိုအနေအထားနဲ့ တွေ့ရလို့ ငိုတာ။ အဲဒါနဲ့ ကျမက မဟုတ်ဘူး အမေ သမီးပါ၊ အမေ့ သမီးပါလို့ ပြောရတယ်။ နောက် ရှမ်းလို ပြောလိုက်တယ်။

ကျမ အဲလို ရှမ်းလို ပြောလိုက်တော့ အမေက ငိုနေရင်းနဲ့ တွေသွားရှာတယ်။ နောက် ကျမရဲ့ဒီ ခါး နောက်ကျောမှာ အမှတ်ရှိတယ် ။အဲဒါကို အမေကြည့်ပြီးတော့မှ ကျမကို သူ့သမီးလို့ သူ လက်ခံသွားတယ်။ နောက်ယုံသွားတယ်။


ဒီလောက်ကြီး ကျမ ဖြစ်ပျက်နေလိမ့်မယ် ရုပ်ပျက်ဆင်းပျက် ဒဏ်ရာတွေနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ။ အမေ စိတ်ထိခိုက်တာကို တွေ့ရတော့ ကျမလည်း ငိုချင်လိုက်တာ၊ အမေ က ကျမ မျက်နှာကို ကြည့်လိုက် ကျမကို ကြည့်လိုက်နဲ့ သူ ဘာလုပ်ရမှန်းမသိဘူး။ ကျမလည်း ရင်ထဲမှာ စို့နင့်နေတာနဲ့ ဘာပြောရမှန်းမသိဘူး။ သန်းဇော်တို့ အောင်နိုင်တို့ကလည်း ၀ိုင်းကြည့်နေကြတယ်။

နောက်တော့ ကျမကို သန်းဇော်တို့ အောင်နိုင်တို့ ရှေ့မှာပဲ သမီးတဲ့ ပြန်လိုက်ခဲ့တော့ တဲ့ အဲလို ခေါ်ရှာတယ်။ ကျမကလည်း အမေ လို့… သမီး ပြန်လိုက်ခဲ့မယ် လို့… သမီးတို့ ပြန်လိုက်ခဲ့မယ်လို့ အဲလို ပြောတာပေါ့နော်။ ပြီးတော့ ပျော်တာပေါ့။ အမေနဲ့ ပြန်လိုက်ရမယ်ထင်ပြီးတော့ ပျော်တယ်။

သိတယ်မဟုတ်လား အမေတွေက တကယ်ပဲရောက်လာကြပြီ ကျမတို့လည်း ပြန်ရတော့မယ်ပေါ့၊ ကျမတို့ပြန်ရင် နောက်တသုတ်ရဲ့ စာတွေကို ယူသွားရမယ်လို့သူတို့ပဲ ဒီ ABSDF-NB ကကျောင်းသားခေါင်း ဆောင်တွေက ကျမတို့ကို ပြောထားခဲ့တာလေ။ အဲဒီနေ့က ကျမ အရမ်း ပျော်တယ်။ဒါသူတို့ပေးထားခဲ့တဲ့ကတိလေ ။

နောက် ကျမတို့ကို အမေနဲ့ တွြေ့ပီးတော့ ထောင်ထဲကို ပြန်ထည့်တယ်၊ ထောင်ထဲမှာလည်း ထောင်သားအချင်းချင်းပြောကြတာပေါ့၊ သူတို့ကလည်း ပျော်တာပေါ့ ကျမတို့ပြန်သွားရင် သူတို့ မိဘတွေဆီကို စာရေးပေးလိုက်မယ်ပေါ့။ အဲဒီအခါ သူတို့ အိမ်ကလည်း သူတို့ကို လာခေါ်မယ်၊ သူတို့လည်း လွတ်တော့မယ်ဆိုပြီး ပျော်ကြတာပေါ့နော်။ အားလုံးရဲ့ မျက်နှာလေးတွေကလည်း ၀င်းပြီးတော့ ပျော်ကြတာပေါ့။


နောက်တော့ ကျမတို့ကို သူတို့က ခေါ်ပြန်ရော၊ ခေါ်တော့လည်း သွားရတာပေါ့၊ အဲဒီမှာ မျိုးဝင်းနဲ့တော့ မတွေ့ဘူး( မျိုးဝင်းက အဲဒီအချိန်တုန်းက မရှိဘူးထင်တယ်) သံချောင်းနဲ့ တွေ့တယ်။ သံချောင်းက ပြောတယ်။ မင်းတို့ ဘာလို့ ပြန်လိုက်မှာလဲ တဲ့။ မပြန်ရဘူးတဲ့။

ကျမကလည်း ပြန်လိုက်သွားတော့မယ်လို့ ပြောလိုက်တယ်။ သံချောင်းက မင်းပြန်ရင် မင်းမှာ အပြစ်ရှိတော့တဲ့ မင်းပြစ်ဒဏ်ခံရမှာပဲတဲ့…ကျမက ခံရရင်လည်း နေပါစေလို့ ပြန်တော့မှာပဲ ဆိုတော့ သူက မင်း ပြန်လေတဲ့။ မင်းပြန်ပါတဲ့။ မင်းပြန်ရင်တော့ မင်း အမေကို ခေါ်ထားလိုက်တော့မယ်တဲ့..အဲလို ပြောတာ သံချောင်းက။


သံချောင်းက အေးအေး ဆေးဆေးပဲ၊ ကျမက သူ့ကို တချက်ကြည့်လိုက်တယ်။ ဘာဖြစ်လို့ ခေါ်မှာလဲ့ ကျမ အမေကိုလို့ ဆိုတော့။ မင်းတို့ ပြန်သွားလိုက်လေ ၊ မင်းတို့ပြန်သွားတာနဲ့ မင်းတို့ အမေကို ဒီမှာ ခေါ်ထားလိုက်မယ်တဲ့။ အဲလို ပြောတယ်။ ဘယ်သူက ဘယ်သားသမီးတွေက အမေကို ဒီလိုနေရာမှာ ထားခဲ့မလဲ။
နောက် အမေက နေကောင်းတာ မဟုတ်ဘူး၊ ကျမ အမေက အဲဒီအချိန်တုန်းက တအားဖြစ်နေတာ၊ သမီး စိတ်နဲ့ တောထဲထိ လိုက်လာပေမဲ့အမေ့ ကျန်းမာရေးက တော်တော်ဆိုးနေတဲ့အချိန်ကြီး။

ကျမက ဟာ မရဘူး လို့ အမေ့ကို မခေါ်ထားရဘူး လို့ ။ သံချောင်းက ဒါဆို မင်းတို့ မပြန်ရဘူးတဲ့။

တကယ်တော့ သူတို့ ညစ်ကြတာ။ အမေတို့ဆီကို စာရေး ဖို့ ပြောတုန်းက အမေတို့လာခေါ်ရင် ပြန်ရမယ်လို့ ပြောကြတယ်၊ ပြီးတော့ သူတို့ ကတိမတည်ဘူး။ ပြီးတော့ မိဘတွေနဲ့ လှည့်ပြီး အကြပ်ကိုင်လာကြတယ်။

အဲဒီမှာ အမေ့ကိုတော့ မခေါ်ထားပါနဲ့ လို့ အမေက နေလည်း သိပ်မကောင်းဘူးလို့။ သံချောင်းက ဒါဆို မင်း နေရမယ်တဲ့။ ဘယ်တတ်နိုင်မှာလဲလို့ ဒါဆို နေရတော့မှာပေါ့လို့။ စိတ်ထဲမှာတော့ တော်တော်ကို ထိခိုက်သွားတယ်။ ပျော်တာတွေ မျှော်လင့်တာတွေ အားလုံး ရိုက်ချိုးခံလိုက်ရသလိုပါပဲ။ နောက် ကျမကို ထောင်ထဲပြန်ထည့်တယ်။

ကျမ မျက်ရည်ကျတယ်။ ကျမ ဟန်မဆောင်နိုင်လောက်အောင် မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့၇တယ်။ အောင်နိုင်တို့ သံချောင်းတို့ ပေးထားတဲ့ကတိ ဖျက်တဲ့ အပေါ်မှာလည်း ကျမတို့ နာကျင်စွာ ခံစားကြရပါတယ်။ကျမလိုပဲ ထောင်ထဲကလူတွေကလည်း အကုန်လုံးက မျက်နှာ မကောင်း၊ စိတ်မကောင်းကြတော့ဘူး။

အဲဒီမှာ ကျမတို့လိုပဲ စွပ်စွဲပြီး အဖမ်းခံနေရတဲ့ ကိုစိုးလေးနဲ့ ကိုမြင့်သိန်း က ဘယ်လိုလဲ မငယ်တဲ့။ကျမတို့ ထမင်းချက်တဲ့ နေရာမှာလာပြီး
အဲလို မေးတော့ ငါတို့ကို မပြန်ခိုင်းတော့ဘူးလို့ ပြောပြလိုက်တယ်။ငါတို့ မိဘတွေကိုတော့ငါတို့ အထိ မခံဘူးလို့။ ငါတို့ မိဘတွေကို ထိမယ်ဆိုရင်တော့ ငါတို့ သေချင်သေပါစေ ပေါ့နော် ..ကိုမြင့်သိန်းတို့ က အဲ့လို ကတိပေး အားပေးစကားပြောတယ်။

အားလုံးကလည်း မိဘတွေကိုတော့ အထိမခံဘူး။ မိဘတွေကို ထိလို့ကတော့ အားလုံးက ပြန်ချမှာပဲ။ အားလုံးကသူလည်း ကျောင်းသား ကိုယ်လည်း ကျောင်းသား ဆိုပြီး နေနေကြတာ၊ မိဘကို ထိပြီ ဆိုလို့ကတော့ ချပြီပဲ။ အဲလိုပဲ အားလုံးက ဆုံးဖြတ်ထားကြတာ။


အဲဒါနဲ့ ည ကျတော့ ကျမတို့ကို ပြန်ခေါ်ပြန်ရော။ ပြန်ခေါ်ပြီးတော့ အမေ့ကို ကျမတို့ကို ပြောခိုင်းတယ်။ ကျမတို့က ပြောရတော့တာပေါ့။ အမေတို့ ပြန်တော့ ကျမတို့ ဒီမှာပဲ နေတော့မယ်လို့ ပြောရတယ်။

အမေတို့ကလည်း ကျမတို့ မျက်နှာတွေကြည့်ပြီးတော့ မယုံဘူး။ ဘယ်သူက ယုံမှာလဲ သိတယ် မဟုတ်လား။ အရမ်း ၀မ်းနည်းဖို့ ကောင်းတယ် သိလား။ အမေက ငိုတာပေါ့။ ကျမတို့ကလည်း အမေတို့ပြန်တော့လို့ သမီးတို့ ဒီမှာပဲ နေခဲ့တော့မယ်လို့။ ဇွတ်ပြောရတာပေါ့။ အမေတို့က မျက်ရည်တွေကျပြီး ငိုတယ်။အမေက
ကျမကိုဖက်ပြီး နား နားမှာတိုးတိုးလေးမေးတယ်။ အကြပ်ကိုင်နေတယ်မို့ လားပေါ့ ။ ကျမရဲ့ အကြည့်ကိုအမေ နားလည်တယ်။

ကျမရင်ထဲ နင့်နေ ရောဘဲလေ ။ ကျမ ... အမေ့ရဲ့ အငို မျက်နှာကိုလည် မကြည့်ရက်၊ ကျမကိုယ် ကျမလည်း မယိုင်လဲရအောင် မနည်းအားတင်းနေခဲ့ရတယ်။

နောက်တော့ ကျမတို့ကို ထောင်ထဲ ပြန်ပို့တယ်ပေါ့ ။ကျမတို့တတွေ အားလုံးစိတ်ဓါတ်ကျ ခဲ့ကြတယ်။ ဘယ်မလဲ ကျမတို့အတွက်လွတ်မြောက်
ရေး ။သူတို့ပြောသလို တသုတ်ပြီးတသုတ် ဆိုတာက တွေးလိုက်တိုင်းရင်ထဲမှာ တဆစ်ဆစ်နဲ့ ကျမတို့ တော့သွားပြီ လို့ အားလုံးပဲ မျှော်လင့်ချက် မဲ့ကုန်ကြပြီ။
ခုကျမတို့ ပထမဦး ဆုံး အသုတ်ကို ကတိဖျက်ပြီဆိုတော့ အားလုံးရဲ့လွတ်မြောက်ရေးက ဘယ်မှာလည်း။ ဘာလည်း ပေါ့ ။အားလုံး တွေးမိကြတာပေါ့။


အမေတို့ မိဘ ၇ ဦးကလည်း မကျေနပ်ကြဘူးပေါ့ ။စိတ်ဆိုးကြတာပေါ့။ သားသမီးမပါရင်မပြန်ဘူး.. ထမင်းလည်းမစားကြတော့ဘူးဖြစ်ကုန်ကြတယ်။

နောက်တော့  တာဝန်ရှိ ကျောင်းသားခေါင်းဆောင်ပိုင်းတွေနဲ့ မိဘတွေနဲ့ ညှိကြတယ်။ နောက်ကျမအမေက KIA နဲ့ တွေ့ နိုင်ဖို့ ကိုမောင်မောင်
တို့နဲ့တိုင်ပင်ကြတယ်ပေါ့နော။ ဒါတွေတော့ အမေကနောက်ပိုင်းမှပြန်ပြော ပြတာပေါ့ ။ ကိုမောင်မောင် ( ရွှေက၇ဝိတ်)ရေးတဲ့ ခေတ်သစ်ဟင်္သာကိုး
သောင်း ထဲမှာ မိဘတွေဘက်ကအခြေအနေတွေ ရေးထားတယ် ။ ကျမ တို့ကတော့ ထောင်ထဲမှာဆိုတော့ မိဘတွေဘယ်လောက်ထိ ကျမတို့ ၇ ဦး
လွတ်မြောက်ရေးအတွက် ဘာတွေ အခက်အခဲကြားက အပြင်းအထန် ဆောင်ရွက်ခဲ့ကြလည်းဆိုတာ ဘယ်လိုသိနိုင်မှာလဲ။

သူတို့က အမေတို့ကို ကျမတို့ကို ခုပြန်မလွတ်နိုင်သေးဘူး.. အပြစ်ဒဏ်ချရဦးမယ်ပြောတော့ ကျမ အမေ က ဥက္ကဌရော်နယ်အောင်နိုင်ခေါ် အောင်နိုင် ( ယခု ချိန်းမိုင်) ကို ဒူးထောက်ထိုင်ချပြီး တောင်းပန်ကြတယ်.တဲ့။...ကျန် မိဘတွေလည်း ဝိုင်းတောင်းပန်ကြတယ် . သူတို့ ရဲ့ သားသမီးတွေကိုထောင်ကနေလွှတ်
ပေးဖို့ ..အပြစ်ဒဏ် မချဖို့ ပေါ့ ။ ကျမရင်တွေ နာလိုက်တာ။


အဲဒါနဲ့ပဲ ၂၄ .၃.၁၉၉၂ ခုနှစ် မှာ ကျမတို့ ၇ ဦး ဖြစ်တဲ့ ကိုရဲလင်း ။ ကိုကျော်နိုင်ဦး ။ ကိုညီ
ညီအောင် ( ဒိုဇာ) ။ ကိုညီညီ (စမား) ။ ကိုဝဏ္ဏဇော် ။ ကိုဘိုဘို နဲ့ ကျမကို ABSDF-NB အကျဉ်းထောင်ကနေ လွတ်ပေးခဲ့ပါတယ်။

နောက် ကျမတို့ မိခင်တွေဆီကနေ ကျမတို့ဟာ ထလရ တွေဖြစ်ပါတယ်ဆိုတဲ့ သဘောတူ ခံ ဝန်ချက်တွေထိုးခိုင်းလို့ မိဘ ၇ ဦးစလုံး လက်မှတ်ထိုးပေးခဲ့ကြရတယ်။

ကျမ ရင်နာတယ်။ အရမ်းကို နာကျင်ရပါတယ်။ ကျမတို့တွေကိုတင်  အတင်းအဓ္ဓမလက်မှတ်ထိုးခဲ့ကြရတာမဟုတ်ဘူး။ ကျမတို့ရဲ့ မိဘတွေကိုလည်း လက်မှတ်ထိုးခိုင်းခဲ့ကြတယ်။


၂၅.၃.၁၉၉၂ မှာ ကျမတို့အတွက် တော့ ဒုတိယအကြိမ်မြောက် ကျောင်းသား တပ်မတော် အလံ ကိုင်ပြီး သစ္စာပြန်ဆိုရတယ်လေ ။ ကျောင်းသား ရဲဘော် ရဲမေ ပြန်လည်ခံယူခဲ့ကြတာပေါ့ ။ ကျမ နဲ့ ဘိုဘို ကို ဝါဒဖြန့် ချီရေးမှာပြန်တာဝန်ပေးတယ်။အဲ့ဒီညမှာ ဒီ ကျမတို့ အကျဉ်းထောင်သားတွေ အားနဲ့ ဆောက်ထားတဲ့ ဒေါင်းမိခင်ခန်းမ ဖွင့်ပွဲ လုပ်ခဲ့တယ်ပေါ့ နော။ ကျမ နဲ့ ဘိုဘိုကို အမေတို့ နဲ့ အိပ်ခွင့် ပေးတယ် ။ ကျမအမေနဲ့ ဘိုဘိုအ
မေ ( ဒေါ်မြင့်မြင့်ကြည် ) က အခန်းတူတူ ရှယ်လုပ်နေတယ်ပေါ့ ။ညကြ တော့ ကျမ အမေ့ ကို အမေတို့ မြန်မြန်ပြန်ကြဖို့ တိုးတိုးလေးပြောရတယ်။အမေက ကျန်းမာရေးမကောင်းဘူး ။အဲ့ဒီတုန်းက ကျမဇောနဲ့ တောထဲအထိရောက်လာတာ။ ဗိုက်ခွဲ ဖို့ ရှိနေတယ်။ ခွဲစိတ်ဖို့ ရက်ရွှေ့ပြိးကျမ ကိုအိမ်ပြန်ဖို့ လာခေါ်တာလေ ။


ကျမတို့ ၇ ဦး ထောင်ကလွတ်တော့ ထောင်ထဲမှာ ၅၅ ဦး ကျန်နေသေး တယ်။ သူတို့တတွေရဲ့ လွတ်မြောက်ရေး ဘယ်လို စခန်းသွားမယ် ဆိုတာကျမ မသိဘူး။
ကျမတို့တောင် ကံကောင်းလို့လို့ ပြောရမလား မိဘတွေရဲ့ ကြိုးပမ်းမှုကြောင့်လို့ ပြောရမလား  ထောင်ကတော့ လွတ်ခဲ့ကြတယ်။


ဒါပေမဲ့  အမေတွေ ကျမတို့ မပါဘဲ ပြန်ကြရတော့မယ်။ အမေတို့ရော ကျမတို့ရော  ဝမ်းနည်းကြတယ်။ အဲ့ဒီနေ့ က ၅.၄.၁၉၉၂ ပေါ့ ။ ကျမတို့ ကို မိဘတွေနဲ့ နေ့လည်စာ စား
ခွင့်ပေးတယ်။ ဘယ်စားနိုင်မှာလည်း ။အားလုံး ရင်ထဲမှာကြေကွဲ ကြတာပေါ့။ ဒါပါဘဲလေ။ အမေတို့လည်းအချိန်တန်တော့ အိမ်ပြန်ကြရတာပေါ့


ကားလာကြိုတယ်။ ကျမတို့ အားလုံး အမေတွေကို လမ်းမပေါ်မှာ နောက်
ဆုံး အနေနဲ့ ထိုင် ကန်တော့ာကတယ်။ မိခင်တွေ မျက်ရည်ကျပြီ ။ ဆုတောင်းပေးရင်း ငိုနေကြပြီ ။ ကျမ မငိုမိအောင် တအားတင်းထားရတယ်။  အမေ့ကို တင်းကြပ်နေအောင်ဖက်ပြီးနှုတ်ဆက်လိုက်တယ်။... ကျမ... အသံ မထွက်နိုင်တော့ဘူး ရင်ထဲမှာ စို့နေပြီ။

အမေတွေကားပေါ်တက်ကြတယ်။ နောက်တော့ ... ဒါဘဲလေ .။ကားလေး ထွက်သွားတာကို  ကျမတို့ ၇ ဦး မျက်စိတဆုံးကြည့်ပြီး ငေးကျန်ခဲ့ကြတယ်။

ပြီးတော့ ကျမတို့တွေ တယောက် မျက်နှာတယောက်ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေကြတာ အကြာကြီး ။ စကားမပြောနိုင်ကြတော့ဘူး။
နောက်ဆုံးတော့လည်း ကျမ ရဲမေဆောင်ဘက် ကို ပြန်လာခဲ့လိုက်တယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
၂၅.၃.၁၉၉၂ ဒေါင်းမိခင်ခန်းမဖွင့်ပွဲ ( ထောင်ကလွတ်ပြီး နောက်တရက်)
57Unlike ·  · 
  • Zaw Win Htut Myan Myan Publish lute par we are waiting about that book!
  • Moe Lay ၉၃ ဗန်ကောက်မှာတွေ့ တုန်းက အချိန်ကိုသတိရအောင်းမေ့ ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဘယ်ရောက်ရောက်ပါ။ အမေ့ လည်းနှုတ်ဆက်တယ်လို့ ပြောပါနော်။
  • UZa Wana သတင်းဌာနကြီးတွေက အပြစ်တင်တယ်ဆိုတော့ သူတို့က ဒီ မတော်မတရားမှုကြီးကို သိရက်နဲ့ ဘာလို့လက်ရှောင်နေကြတာလဲ သူတို့ သတင်းဌာနကြီးတွေက မတရားမှုကို ဖုံးကွယ်ချင်လို့လား လူတွေမသိစေချင်လို့လား ဘီဘီစီမှာ ရော်နယ်အောင်နိုင် အလုပ်လုပ်ဘူးတယ် နောက် သန်းလွင်ထွန်းနဲ့ကရော်နယ်အောင်နိုင်ကော ဒေါက်တာနိုင်အောင်ကော ရင်းနှီးတယ်လို့ကြားဘူးတယ် ဒါတွေကြောင့် သူတို့လူအကြောင်း ပြည်သူတွေ ကိုမသိစေချင်တာလား ဒီလိုသာဆို သတင်းဌာနကြီးတွေရဲ့ သမိုင်းကတော့လူပြောစရာဖြစ်လာပါပြီ သိက္ခာဆိုတာကို သူတိုဘယ်လိုအဓိပ္ပါယ်ဖွင့်လဲမသိ
  • Ko Lin Wai Aung မိဘများ ...ရှေ့တန်းဝဲမှယာ - ဒေါ်ခင်နှင်းကြည်(မနန်းအမေ)၊ဒေါ်မြင့်မြင့်ကြည်(ကိုဘိုဘိုအမေ)၊ဒေါ်ရီရီခင်(ကိုဝဏ္ဏဇော်အမေ)၊ကိုရဲလင်း၊ဒေါ်သန်းစိန်(ကိုရဲအမေ)၊ဒေါ်ခင်စန်း(ကိုညီညီအောင်-ဒိုဇာ ၏အမေ)၊နောက်တန်းညာအစွန် - ကိုညီညီအောင်၊ဦးအေးနိုင်(အင်္ကျီလိမ္မော်ရောင်...ကိုကျော်နိုင်ဦးအဖေ)၊ကိုကျော်နိုင်ဦး - နောက်တန်းယာမှတတိယ၊
  • Nang Aung Htwe Kyi VOA DVB BBC ... မြန်မာပိုင်းအစီအစဉ်တွေ ထူးမခြားနားတွေပါ .. အစကနဦးက ဒေါက်တာနိုင်အောင်ကို မမေ အင်တာဗျူးတော့ သူတို့ဘက်ကဘာသံမှ မထွက်ကြဘူးလေ ။ ခုကြတော့ ဖိအားပေးသပေါ့ ။ အခြေအနေကို အဖြစ်မှန်ကို ပြည်သူဆုံးဖြတ်ပါလိမ့်မယ် ။ လူသတ်မှု့တွေ အတွက်တော့ တရားစီရင်ရေးက ဆုံးဖြတ်ပါလိမ့်မယ် ။ တကယ်ဘဲ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးရှိတယ်ဆိုရင်လေ ။
  • Rita Lwin သြော်မိဘတွေမဆိုနဲ့ ကျမတောင် ဖတ်ရင်းမျက်ရည်မထိန်းနိုင်အောင်းဖြစ်ရတာ ...
  • မိုး စဲ ပြည်တွင်းမှာ တရားဥပဒေ စိုးမိုးမိုး မမိုးမိုး ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်..ပြည်သူတွေက ပေးတဲ့ ပြစ်ဒါဏ် ကို ခံစားကြည့်ကြပါစေ..အနှစ်၂၀ ကျော် စောင့်လာခဲ့ကြပြီးပြီပဲ နောက် နှစ်ဘယ်လောက်ကြာကြာ စောင့်ရတော့မှာလဲ.. အမှန်နဲ့ အမှားရဲ့ တိုက်ပွဲမှာ အမှားတွေက အားကြီးလို့ အမြဲ နိုင်ရမယ်ဆို လူလောကကြီးမှာ ယဉ်ကျေးမှု့တွေ တိုးတက်လာစရာ မရှိပါဘူး..လူအဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာ ကို ယုံကြည်ပါတယ်..
  • Kyawnaing Oo ABSDF - NB မြောက်ပိုင်းကျောင်းသားတပ်မတ်ာရဲမေဟောင်း မနန်းအောင်ထွေးကြည်ပြန်လါတော့မယ်
    16th December

    Arrival time 9:20 am

    Singapore Airline ( SQ) 998 (copy by hninthiri )
  • Nang Aung Htwe Kyi မှန်ပါတယ် ။ ကျမ ပြန်လာပါတော့မယ် ။အမေနဲ့ တွေ့
    ရမယ် ။ကျမ ရဲ့ မြောက်ပိုင်း ပြန် မောင်နှမတွေနဲ့ ခွဲခဲ့
    ရတာ နှစ် ၂၀ မှာ ဒါ ပထမဆုံး ပြန်တွေ့ ဆုံကြရမှာပါ။
  • Nyinyi Zaw မြစ်မခ သတင်းသမားတာဝန်ကျေပါ
    တယ် အမှားအမှန်ကိုတော့ စာဖတ်သူ
    ကိုယ်တိုင်နဲ့  သမိုင်းကဆုံးဖြတ်ပါလိမ့်
    မယ် သက်ရှိထင်ရှားကျန်ခဲ့တဲ့လူတွေနဲ့ 
    ဆက်ပြီးတွေ့ မေးပါအုံး စောင့်ဖတ်နေ
    ပါ့မယ်
  • Chaw Su Hlaing Welcome Back ,A Ma Naung and carry on Ma May.
  • Aung Aung Myin အားပေးတယ်ဗျာ။
  • Myint Tin မိုးသီးဇွန် နဲ့ သီးခြားတွေ့ဆုံပြီး ဗျူးပေးပါအုံးဗျာ
  • MrMaung KoThet လက်ရှိ ပြည်တွင်းမှာ ရှိနေတဲ့ ABSDF မြောက်ပိုင်း ကိစ္စတွေမှာ စစ်ဆေးခဲ့ကြတဲ့ ကိုစိန်အေး၊ ကိုသန်းဇော် စသူတွေကိုလည်း လိုက်လံ ရှာဖွေပြီး အင်တာဗျူး ခွင့်ရဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဆိုတော့ သူတို့နဲ့ အင်တာဗျူးရခဲ့ပါသလား။
  • Ko Man ပြန်လာခဲ့ကြပါ။ မြန်မာပြည်က ကြိုဆိုနေပါမယ်။
  • Rita Lwin ထောင်ကလွတ်ပြီးနောက်တစ်ရက်မှာ ဘယ်လို ခံစားချက်မျိုးနဲ့ သီချင်းဆိုနိုင်ခဲ့တာလဲ ... အတင်းဆိုခိုင်းတာလား ... ညီမရဲ့ စိတ်ဓါတ်ကို ချီးကျူးပါတယ် ... ကျမဆိုဘာမှလုပ်နိုင်မှာ အဟုတ်ဘူး ..
  • Rita Lwin အောင်နိုင်က အင်တာဗျုးပေးမှာ မဟုတ်ဘူးထင်ပါရဲ့  ..
  • Nang Aung Htwe Kyi ထောင်ကျနေစဲကာလ စစ်ကြောရေးတွေအပြင်းအထန်ဝင်နေစဲကာလ
    မှာတောင် ည ညဆို ပါးရိုက်ခံခဲ့ကြရပြီး သီချင်းဆိုခဲ့ကြရတဲ့ဘဝ တွေပါ ။
    ပါးတချက်ရိုက်ရင် ဂျောက်ဆိုတဲ့ အသံထွက်ခဲ့ပေးရပြီး သီချင်းအော်ဆို
    ကြရတယ် ။ ရပ်ဆိုပြီး နောက်ပါးတချက်ရိုက်ရင် ဂျောက်ဆိုတဲ့အသံပြုပြီ

    သီချင်းအဆို ရပ်ရတယ် ။ RW , FF ဆိုရင်လည်း ကက်ဆက်အခွေ ရစ်တဲ့
    အသံလုပ်ပြီး သီချင်းကျော်ပြီးဆို ပေးကြရတယ် ။ သူတို့ အတွက်အပျော်သ
    ဘော ဖျော်ဖြေမှု့ တွေပေါ့လေ ။သူတ်ု့တွေရီ နေကြချိန်မှာ ကိုယ်တွေက ဘဝ
    ပျက်ပြီးရင်းပျက်ရင်း ၊ ဘဝနာပြီးရင်းနာရင်းလေ ။ကျမအမြဲဆိုတာ "သောက
    တောင်တန်း " ပေါ့နော် ။ ကျော်နိုင်ဦး ( ကြောင် )ဆို သီချင်းနဲ့ ဝေးတော့ သူ
    ရွေးဆိုတဲ့ သီချင်းကတော့ ရောင်စုံဘောလုံး ...တဲ့ ။ ခုထိပြောကြတုန်း ။
    ထောင်တွင်း ထောင်ပြင်ဖြတ်သန်းခဲ့ရတာတွေ အားလုံး ကျမ စာအုပ်ထဲမှာ 
    ထည့်သွင်းသွားမှာပါ။ >>>> ma Rita Lwin
  • Rita Lwin သြော်လုပ်ရက်လိုက်တာနော် ... ကျမညီမတို့ ရဲ့ အကြောင်းတွေဖတ်ရင်း ထပ်တူထပ်မျှခံစားရပါတယ် ...
  • May Thingyan Hein ကို စိန်အေး၊ကိုသန်းဇော်တို့နဲ့ အင်တာဗျူးရအောင် ကြိုးစားနေတုန်းပါပဲ၊ ခုချိန်ထိ မရသေးပါဘူးရှင်။
  • Rita Lwin သူတို့ ရဲ့ လက်တွေက သွေးနံတောင် စင်အုံးမှာ မဟုတ်ပါဘူး ...
  • Momo Ag အမေ..သမီးပါ..လို့..ပြောလိုက်တဲ့အချိန်မှာ..ယောင်္ကျားတန်ပေမဲ့..ကျခဲ့မိတယ်..
  • Sobig Cycloneရုပ်ပိုင်းဆိုင်ရာအရပြင်းပြင်းထန်ထန်နှိပ်စက်ခဲ့ကြတာကိုအားမရလို့စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်နာကျင်အောင်လုပ်ခဲ့ကြတာလို့ယူဆမိပါတယ်.....ဘာပဲဖြစ်ဖြစ်ဒီအဖြစ်ဆိုးကြီးကလွတ်မြောက်ခဲ့ကြတဲ့အစ်မတို့အားလုံးအတွက်ဝမ်းသာရသလိုကံဆိုးမိုးမှောင်ကျပြီးအသက်ပါဆုံးရှုံးခဲ့ရတဲ့အစ်ကိုအစ်မအားလုံးအတွက်လည်းသူတို့ရဲ့မိသားစုနဲ့ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါတယ်အစ်မရေ.........ဒီဖြစ်ရပ်မှာထိခိုက်နစ်နာခဲ့သူတွေထဲမှာကျွန်တော့်ရဲ့ဆွေမျိုးသားချင်းတွေမပါပေမယ့်အစ်မတို့အားလုံးနဲ့အတူထပ်တူထပ်မျှဝမ်းနည်းရပါတယ်ဗျာ........ကျဆုံးခဲ့သူတွေအားလုံးအနေနဲ့လည်းကောင်းရာသုဂတိရောက်ကြပါစေ......ဘ၀ဆက်တိုင်းအခုလိုအဖြစ်ဆိုးမှကင်းဝေးပါစေလို့ဆုတောင်းပါတယ်ဗျာ...........
  • Nwe Khine မငယ်အမေနဲ့ မငယ်ပြန်ဆုံပြီလား

No comments:

Post a Comment