Monday, January 21, 2013

ABSDF ၏ စုံစမ်းထားမှု အခြေအနေကို မြောက်ပိုင်းပြန်များ သိရှိလို


  • Zaw Naing ဒီလူတွေထဲက မပ ပြန်တွေနဲ့ တွေ့ လိုသူ။မတွေ့ လိုသူ သဘောကွဲနေတယ်ဆိုတော့ ။ဘယ်သူ က မတွေ့ ချင် ။ဘယ်သူ ကတွေ့ လို ဆိုတာသိရင် အမှန်ပြောပါ။အဲ့ဒိသွားတဲ့ အဖွဲ့ မှာ ကျနော့ အမျိုး ပါနေတယ်။ ချီးလုပ်ရင် သေခန်းပြတ်လိုက်ချင်လို့ ပါ
  • ဘရာဇီး ငှက်ရိုး အကိုဇော်နိုင်ရေ... နယ်ကလူတွေကပါ တွေ့ချင်ကြပါတယ်... သူတို့လဲ လာနိုင်တဲ့ အချိန်ပြောပေးဖို့ ညှိနှိုင်းနေကြပါတယ်...
  • Wyn Tin Tut · 2 mutual friends
    "သူတို့ ဘယ်လောက် အလုပ်လုပ်ထားတယ် ဆိုတာသိချင်တယ်။ နယ်သာလန်ပြ တိုက်မှာရှိတဲ့ စစ်ဆေးချက်တွေကို လည်း ပြည်သူတွေကို ပြစေချင် တယ်။" ....ပြည်သူ‌တွေကလဲ သိပ်သိချင်ကြပါတယ်.. အချိန်‌တွေဘာ‌ကြောင့်ဆွဲပြီး ဟိုလိုလို ဒီလိုလို ဘာ‌ကြောင့်လုပ်‌နေကြတာလဲဆိုတာလဲ သိချင်ပါတယ်။
  • Wyn Tin Tut · 2 mutual friends
    ကြုံလို့.. မိုးသီးဇွန် ‌ပြောတဲ့ သူ့ကိုအ‌ရေးယူရင် စစ်တပ်ကိုလဲ အ‌ရေးယူရမယ်ဆို တာ‌လေ့း ...‌မေးပါရ‌စေ.… စစ်အစိုးရ ‌တွေလက်‌အောက်မှာ ဆန္ဒပြ လှုပ် ရှားကြသူများဟာ စစ်အစိုးရ ရဲ့လုပ်ရပ်‌တွေကို လက်မခံနိုင်လို့ ဆန့်ကျင်ခြင်းဖြစ်တယ်။ စစ်တပ်ကလဲ သူ့ကို ဆန့်ကျင် တဲ့သူ ‌တွေကို ရန်သူလို့သတ်မှတ်ပြီး ‌ချေမုန်း‌တော့တာဘဲ၊ စစ်ထပ်ထုံးစံကကို ရန်သူလား မိတ်‌ဆွေလား ၂ မျိုးဘဲရှိတယ်။ ဆန္ဒပြ လှုပ် ရှားကြသူများ ကလဲဒါကို သိထားပြီးဖြစ်‌ပေမဲ့ မ‌ကြောက်မဝံ့ ဆက်လုပ်ကြတာဘဲ။ ကိုင်း…ABSDF ကိုဝင် သွား ကြတဲ့ ‌ကျောင်းသား ‌ကျောင်းသူ‌တွေက ကိုယ်နဲ့စိတ်တူကိုယ်တတူ ‌ရောင်းရင်း‌တွေလို့ယူဆ ယုံကြည်ပြီး သွား ‌ပေါင်းကြတာဖြစ်တယ်။ ဒိလို လုံးဝ မတူတဲ့ အ‌ခြေ အ‌နေ ၂ ရပ် ကိုမှ ခွဲမမြင်နိုင်ကြ တာ.. တမင် ဆင်‌ခြေ‌ပေးပြီး ‌ရှောင်တာလား.. အဟုတ်ကိုခွဲမသိ ရ‌လောက်‌အောင် ဥာဏ်မရှိတာလား


  • ကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သက်၍ ABSDF ၏ စုံစမ်းထားမှု အခြေအနေကို မြောက်ပိုင်းပြန်များ သိရှိလို
    Monday, December 24, 2012

    မြောက်ပိုင်းဒေသတွင် ကျောင်း သားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ABSDF ၏စုံစမ်းဖော်ထုတ် ရရှိထားမှု အခြေအနေများကို သိရှိ လိုကြောင်း
    မြောက်ပိုင်းပြန် ကျောင်း သားတပ်မတော်အဖွဲ့ဝင်ဟောင်းများ က ပြောသည်။

    ဒီဇင်ဘာ ၁၈ ရက်နေ့တွင် လက်ရှိ ABSDF ဥက္ကဋ္ဌရဲဘော်သံခဲ
    အပါအဝင် အဖွဲ့ဝင် ၉ ဦး မြန်မာ နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်အဖြစ်
    ပြန်လည်ရောက်ရှိလာချိန်တွင် မြောက်ပိုင်းပြန်ကျောင်းသားအချို့က အထက် ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

    ''မြောက်ပိုင်းမှာ ကျောင်းသား တွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက် ပြီး ABSDF က စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ထားတာရှိတယ်။ သူတို့ ဘယ်လောက် အလုပ်လုပ်ထားတယ် ဆိုတာသိချင်တယ်။ နယ်သာလန်ပြ တိုက်မှာရှိတဲ့ စစ်ဆေးချက်တွေကို လည်း ပြည်သူတွေကို ပြစေချင် တယ်။ ရပ်တည်ချက်က အတူတူ ရှိနေပါတယ်'' ဟု မြောက်ပိုင်းပြန်
    ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော် နိုင်ဦးက ပြောသည်။

    မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး မစ်ရှင်အဖြစ်၊ ကိုမိုးသီးဇွန်အဖွဲ့နှင့်
    ဒေါက်တာနိုင်အောင်တို့ အဖွဲ့ ပြန် လာစဉ်ကလည်း မြောက်ပိုင်းကျောင်း သားများ အသတ်ခံရမှုနှင့် ပတ်သက် ၍ မြောက်ပိုင်းပြန်ကျောင်းသားများ က သတင်းစာရှင်းလင်းပွဲများ ပြု လုပ်ခဲ့သေးသည်။

    ယခု မြန်မာနိုင်ငံ သို့ ပြန်လာသည့် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့၏ အကြိုထုတ်ပြန် ကြေညာချက်တွင် ရဲဘော်ဟောင်း များနှင့် ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံရန်အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ''အသတ်ခံရတဲ့ ကျောင်းသား တွေဟာ ထောက်လှမ်းရေးတွေ မ ဟုတ်ဘူး ဆိုတာကို အခုထိ ဖြေရှင်း မှု မရှိသေးဘူး။ ထောက်လှမ်းရေး တွေ မဟုတ်ကြောင်းကို သက်သေ ပြဖို့ဆိုရင် ရာဇဝတ်မှုဖြစ်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဒါတွေ မလုပ် သေးဘဲ ပြည်တွင်းကို ဝင်လာတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းတယ် ဆိုတဲ့အကြောင်းကိုပဲ ကြားရပြီးကျန် တာတွေ ဘာမှ မသိရသေးဘူး'' ဟု မန္တလေးမြို့မှ မြောက်ပိုင်းပြန် ကျောင်း သား ကိုညီညီက ပြောသည်။

    ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် အဖွဲ့ဝင်များ အနေဖြင့် မြောက်ပိုင်း
    ပြန်ကျောင်းသားများကို တွေ့ဆုံရန် ကမ်းလှမ်းထားသော်လည်း
    မြောက် ပိုင်းကျောင်းသားများအတွင်း၌ တွေ့ ဆုံလိုသူနှင့် မတွေ့ဆုံလိုသူ ဆန္ဒကွဲ ပြားလျက်ရှိကြောင်း သိရသည်။

    Messenger News Journal
    Unlike ·  · Share · December 24, 2012
    • Ohn Kyaw ဥပဒေအတိုင်းတရားစွဲရန်
    • Maungmaung Skw အခုရောက်လာတဲ့အချိန်မှာကို ရဲဘော်သံခဲက စာအုပ်တွေထဲမှာပါတဲ့အတိုင်း လက်ဖြတ် ခြေဖြတ်တာတွေ တကယ်
      ဖြစ်ခဲ့တာဟုတ်ရဲ့လား လို့မေးနေသေး
      တယ်ဆိုတော့ သူတို့ဘာအလုပ်မှ
      မလုပ်ရသေးတာထင်ရှားပါတယ်။
      တကယ်သိလိုတာဆိုရင် ပြုသူတွေ

      ဘက်မှာပါဝင်ခဲ့တဲ့ စိန်အေးလည်း
      သူတို့နဲ့အတူရှိနေတာဘဲ။
      အမှန်တရားကိုပြောပါမယ် မှားခဲ့တာ
      တွေအတွက် တာဝန်ခံဖြေရှင်းရမယ်
      လို့ စိန်အေးကကြေငြာခဲ့ပြီးသားဘဲ။
      သံခဲ အမှန်တရားကို လိုလားရဲ့လား
      ဆိုတာ သံသယဖြစ်မိပါတယ်။
    • Pandora Herz အဲချိန်က တာဝန်ရှိခဲ့သူတွေက ထောက်ပံ့ပေးနေဆဲဖြစ်နေတာကြောင့် ဖြစ်မယ်
    • Ye Myint သံခဲပါးစပ်ကို နိုင်အောင် က ဒေါ်လာနဲ့ ဆို့ ထားတယ်ဗျို့ ၊ ရှင်းပလား။
    • ဘရာဇီး ငှက်ရိုး ရန်ကုန်-မန်းလေးကချည့်မှ မဟုတ်ပဲဗျ... အချင်းချင်းတောင် တနေရာ တနေရာ တွေ့ဖို့က လွယ်တာမှုတ်ဖူး...။
    • Burma Vtcအမှန်တရားကိုအသက်ထက်တန်ဖိုးထားတဲ့ကျောင်းသားစိတ်ဓါတ်နဲ့သိကခါကိုတော့ ခင်ဗျားတို့အလွဲသုံ့းစားဖြစ်အောင်မလုပ်သင့်ဘူးလေ။မင်းတို့လည်း၆၂လား။၇၄လား။၈၈လား ငါတို့လည်း၉၆ကျောင်းသားဘဲ။ကျောင်းသားဆိုတဲ့အစဉ်အလာကိုမင်းတို့သတ်တိကြောင်လိ့တော့ကျောင်းသားနာမည်မဖျက်ကြနဲ့လေကွာ

    No comments:

    Post a Comment