The Voice Weekly · 99,202 like this
Sunday at 10:48pm · - [ Voice Of The Week ]
လူသတ်မှုဖြစ်တဲ့အတွက် ဘာပဲပြောပြော မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်နေတယ်။ တောတွင်းတစ်နေရာမှာပဲ ပြောပြော၊ မြန်မာပိုင်နက်အတွင်းမှာ ဖြစ်ခဲ့တာ။ တရုတ်ပြည်မှာ ဖြစ်ခဲ့တာ မဟုတ်ဘူး။ ဟုတ်ပြီနော်။ နယ်စပ် ဆိုပေမယ့် ဘယ်လိုပဲ ပြောပြော မြန်မာပိုင်နက် အတွင်းမှာ ဖြစ်ခဲ့တာ။
အခုလောလောဆယ်မှာ မြောက်ပိုင်း ကျောင်းသားဟောင်းတွေဟာ မြန်မာ နိုင်ငံတော်ရဲ့ ဥပဒေဘောင် အရိပ်အာဝါသအောက်မှာ လွတ်လွတ်လပ်လပ်နဲ့ ပြန်လည် ရောက်ရှိနေတယ်။
တရားဥပဒေ စိုးမိုးရေး ဆိုတာ ရှိခဲ့လို့ရှိရင် ပြည်ပ မှာ နေထိုင်နေတဲ့ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင်၊ ချင်းမိုင်မှာ နေတယ်။ ဟုတ်တယ်နော်။ ကျွန်မတို့ တရားစွဲဆိုပိုင်ခွင့် မှာ ရှိရမယ်။ သူ ချင်းမိုင်မှာ နေလို့ မနေလို့ဆိုတာ ထက် လူသတ်မှုတွေမှာ အဓိက တာဝန်ရှိတဲ့သူ တစ်ယောက်က ချင်းမိုင်မှာ တရားဝင် နေသည်ဖြစ်စေ၊ တရားမဝင်နေသည်ဖြစ်စေ သူဟာ လူသတ်မှုတွေမှာ အဓိက ပါဝင်နေတယ်။
ဒီတော့ သူ့ကို တရားစွဲဆို ပိုင်ခွင့် ရှိရမယ်။ သူ့ကို ဖမ်းဆီးနိုင်ရေး၊ မနိုင်ရေးက မြန်မာနိုင်ငံတော်ရဲ့ အစိုးရအာဏာပိုင်တွေနဲ့ ယိုးဒယား အစိုးရ အာဏာပိုင်တွေ ညှိနှိုင်းပြီးလုပ်ရမယ့် အပိုင်းလေးတွေ ရှိမှာပေါ့နော်။
ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Express Times သတင်းဂျာနယ်ပါ
"သွေးစွန်းတဲ့လက်တွေနဲ့ တိုင်းပြည် အုပ်ချုပ်တာ မမြင်ချင်တော့ပါဘူး ခေါင်းစဉ်ပေးထားသော ABSDF မြောက်ပိုင်းပြန် ရဲမေဟောင်း ဒေါ်နန်းအောင်ထွေးကြည်နှင့် တွေ့ဆုံခြင်း” မှ ကောက်နုတ်ချက်
No comments:
Post a Comment