Tuesday, January 22, 2013

မငယ်ရေးတဲ့ တာဝန်ရှိသူများစာရင်း


  • ABSDF NB မြောက်ပိုင်းကျောင်းသားတပ်မတော်အတွင်း သတ်ဖြတ်မှု့ တွေမှာ
    အဓိက တာဝန်ရှိသူများ စာရင်း ကို မှတ်မိသလောက် သိရှိသလောက် တင်ပြပါမယ်။

    ၁၉၈၉ ဇွန် သို့ မဟုတ် ဇူလိုင်တွင် ပါဂျောင်ဒေသ လိုင်စင်စခန်းသတ်ဖြတ်ခြင်း။
    ၁ ။ မြတ်ကိုကို
    အဓိက တာဝန်ယူသတ်ဖြတ်သူ ။
    ၁။ သံချောင်း ခေါ် မြင့်စိုး ခေါ် စပ်ခွန်ကျော် ( လက်ရှိသာယာဝတီထောင် တွင်း SSA မှု့ လူသတ်မှု့
    ဘိန်းမှု့ များနှင့် သေဒဏ် အထပ်ထပ်ကျခံနေသူ)
    ၂။ မျိုးဝင်း (သေဆုံး ၁၉၉၂)

    ၁၉၉၀ ခုနှစ် ဧပြီလ တွင် ပါဂျောင်ဒေသ လိုင်စင်စခန်းသတ်ဖြတ်မှု့ ။
    ၁။ ကိုလွှမ်းမိုး
    အဓိကတာဝန်ယူသတ်ဖြတ်သူ ။
    ၁။ သံချောင်း
    ၂။ မျိုးဝင်း

    ၁၉၉၀ ခုနှစ် ကုန်ပိုင်း (ခန့် မှန်းခြေ ) ပါဂျောင်ဒေသ လိုင်စင်စခန်း သေဆုံးမှု့ ။
    ၁။ ကိုအောင်ကျော်။
    အဓိကတာဝန်ရှိသူ။
    ၁။ သံချောင်း
    ၂။ မျိုးဝင်း

    ၁၉၉၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ပါဂျောင်ဒေသ လိုင်စင်စခန်းတွင်
    မတရားဖမ်းဆီးစွပ်စွဲ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသူများ။
    ၁။ မခင်ချိုဦး ( ရန်ကုန် - သေနပ်နှင့်ပစ်သတ်ခဲ့)
    ၂။ ကိုဋ္ဌေးမြင့်ဝင်း (ရန်ကုန် - သေနပ်နှင့်ပစ်သတ်ခဲ့)
    ၃။ ကိုမောင်မောင်ကြွယ် (ရန်ကုန် - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၄။ ကိုသက်နိုင် (ရန်ကုန် - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၅။ ကိုသာဓု (ရန်ကုန် - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၆။ ကိုအောင်ဖိုး (ရန်ကုန် - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၇။ ကိုထွန်းအောင်ကျော် (မန္တလေး - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၈။ ကိုရန်အောင် (မန္တလေး - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၉။ ကိုချိုကြီး ( မန္တလေး - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၀။ ကိုလှမြင့် (မန္တလေး - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၁။ ကိုမောင်မောင် ( ကသာ - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၂။ ကိုအေးမြင့် (ကသာ - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၃။ ကိုကျော်ကျော်မင်း ( မုံရွာ - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၄။ ဦးသောင်းမြင့် (စစ်ကိုင်းတိုင်း - ခေါင်းဖြတ်သတ်ခံခဲ့ရ)
    ၁၅။ ကိုတူးတူး (မြစ်ကြီးနား - ခေါင်းဖြတ်သတ်ခံခဲ့ရ)

    အထက်ဖေါ် ပြပါ ၁၅ ဦးအားသေဒဏ်ချ သတ်ဖြတ်ရာတွင် အဓိကတာဝန်
    ရှိသူများမှာ ။
    ၁။ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ။( ယခု ချိန်းမိုင် )
    ၂။ သံချောင်း ခေါ် မြင့်စိုး ( သာယာဝတီထောင်တွင်း သေဒဏ်ချခြင်းခံရ)
    ၃။ လှဆိုင်း ( ယခု ABSDF NB - ကိုမောင်မောင်အား ခေါင်းဖြတ်သတ်ခဲ့သူ )
    ၄။ ကျော်ကျော် (ABSDF NB)
    ၅။ အောင်ကြီး ( ယခု SSA )
    ၆။ စိန်အေး ( ယခု မိုးညှင်း )
    ၇။ နေဒွန်း ( ယခု USA )
    ၈။ မျိုးဝင်း (သေဆုံး)

    စာရင်းဖျောက်ထားခြင်းခံရသော ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသူများ (၁၉၉၂ ခုနှစ် )
    ၁။ ကိုကျော်ဝေ (မန္တလေး - ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရ)
    ၂။ ကိုစိုးဝင်းသန်း (မန္တလေး -ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရ)
    ၃။ ကိုဝင်းနောင် (ရန်ကုန်- ဗျုဟာ ၂ တွင် အသတ်ခံရ)

    အထက်ပါ ၃ ဦးသတ်ဖြတ်ခြင်းတွင် အဓိကတာဝန်ရှိသူများ ။
    ၁။ အောင်နိုင်ခေါ် ရော်နယ်အောင်နိုင်။
    ၂။ သံချောင်း ခေါ် မြင့်စိုး
    ၃။ မျိုးဝင်း

    ၁၉၉၁ ခုနှစ် သြဂုတ် လမှစတင်သောဖမ်းဆီးနှိပ်စက်မှု့ များဒဏ် ကြောင့်
    သေဆုံးခဲ့ရသူများ ၁၄ ဦး။
    ၁။ ဦးစိန် (ရန်ကုန် - ဝိုင်းမော် ရဲစခန်းမှ တာဝန်ယူ ဆောင်ရွက်ပြီး သက်ဆိုင်ရာ
    အာဏာပိုင်များထံသို့ ပြန်လည် တင်ပြထားကြောင်း သိရှိရသည်။)
    ၂။ ကိုစိုးမင်းအောင် ( ပထမဦးဆုံးဖမ်းဆီးခြင်းခံခဲ့ရသူ)
    ၃။ ကိုပြည့်စိုးနိုင် (ရန်ကုန်)
    ၄။ ကိုအေးကျော် (မန္တလေး)
    ၅။ ကိုကျော်ဋ္ဌေး
    ၆။ ကိုကျော်ကျော်ဦး
    ၇။ ကိုဇော်ဝင်းချစ်
    ၈။ ကိုတင်မောင်အေး ခေါ် အားစိုက်
    ၉။ အောင်ကိုး (ဗန်းမော် )
    ၁၀။ ကိုတင့်လွင်
    ၁၁။ ကိုအောင်မင်း
    ၁၂။ ကိုဝင်းသိန်း
    ၁၃။ ကိုခင်မောင်စိုး ခေါ် ကိုစိုးကြီး
    ၁၄။ ကိုရာကွတ်ဘိုင် (တရုပ်ပြည် ယင်ကျန်းမှအရပ်သား)

    အထက်ပါ နှိပ်စက်ညှင်းပန်းမှု့ များတွင်အဓိက တာဝန်ရှိသူများ ။
    ၁။ အောင်နိုင်ခေါ် ရော်နယ်အောင်နိုင်
    ၂။ သံချောင်းခေါ် မြင့်စိုး
    ၃။ လှဆိုင်း
    ၄။ မျိုးဝင်း (သေဆုံး)
    ၅။ သန်းဇော်(မန္တလေး)
    ၆။ ဇော်ဇော်မင်း (မိုးညှင်း)
    ၇။ အောင်စိုးမြင့် (မိုးညှင်း)
    ၈။ ကျော်ထင်ဦး (မိုးညှင်း)

    ကျောင်းသားအယောက် ၁၀၀ အား ထောက်လှမ်းရေး များဖြစ်သည်ဟု စုံစမ်း
    စစ်ဆေးရာတွင် တာဝန်ယူလုပ်ဆောင်ခဲ့သော ABSDF NB ထောက်လှန်းရေးရုံး
    မှစာရင်းမှာ ။
    ၁။ မျိုးဝင်း(သေဆုံး)
    ၂။ သန်းဇော်(မန္တလေး)
    ၃။ ဇော်ဇော်မင်း(မိုးညင်း)
    ၄။ ကျော်ထင်ဦး (သေဆုံး )
    ၅။ အောင်စိုးမြင့် (မိုးညင်း)
    ၆။ မောင်ထွေး(ဗန်းမော်)
    ၇။ ဖိုးနှောင်း (ဗန်းမော်)
    ၈။ သက်လင်း(ဗန်းမော်)

    ABSDF NB မြောက်ပိုင်းကျောင်းသားတပ်တွင်း ဖမ်းဆီးသတ်ဖြတ်မှု့ များအား
    တာဝန်ယူပါသည်ဟု တရားဝန်ကြေငြာချက် ထုတ်ပြန်ခဲ့သူ ၊ ထိုစဉ်ကာလ
    တောင်ပိုင်း ဗဟို ဥက္ကဋ္ဌ ဒေါက်တာ နိုင်အောင် (DNA) နှင့် အောင်ထူး ။

    ထိုစဉ်က ABSDF တောင်ပိုင်းဗဟိုတွင်လည်း ဖမ်းဆီး နှိပ်စက်မှု့ များရှိခဲ့သည်။
    ကိုမိုးသီးဇွန် မှ ဖမ်းဆီးခဲ့သော ကိုဋ္ဌေးနိုင် သေဆုံးခဲ့ပြီး ဒေါက်တာနိုင်အောင်အဖွဲ့
    မှ ဖမ်းဆီးခံခဲ့ ရသူများတွင် ကိုအောင်သူ သေဆုံးခဲ့ကြောင်းသိရှိရပါသည်။

    သို့ သော် တောင်ပိုင်းတွင် သေဆုံးခဲ့မှု့ များကို မိမိတို့ မြောက်ပိုင်းပြန် ကျောင်းသားဟောင်း
    များအနေနှင့် တိတိကျကျမသိရှိခဲ့ပါ ။ တောင်ပိုင်း ABSDF မှထွက်ခွာပြီး နိုင်ငံအသီးသီးတွင်
    နေထိုင် နေကြသော ABSDF တောင်ပိုင်းမှကျောင်းသားဟောင်းများသာလျှင် ထို သေဆုံးခဲ့
    မှု့ ၏ အမှန်တရားကို ဖေါ်ဆောင် ပေးနိုင်ကြသူများဖြစ်ပါလိမ့်မည်။

    ဒေါက်တာနိုင်အောင် အနေဖြင့် မြောက်ပိုင်းမှသေဒဏ်ချသတ်ဖြတ်ခြင်း အပေါ် တာဝန်ယူပါ
    သည် ဟူသော ကြေငြာချက် မှာ တိကျခိုင်လုံမှု့ ရှိပြီး ဖြစ်သည်။

    ကျန်ရစ်သူ မိသားစုမှ တရားဥပဒေဘောင်အတွင်းမှ တိုင်ကြားရာတွင် လည်း သာမန်လူသတ်မှု့
    တခုအနေနှင့် နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားမရပါ ။
    မြောက်ပိုင်းကျောင်းသား တပ်အတွင်း လူသတ်မှု့ မှာ သေးငယ်သော ကိစ္စရပ်မဟုတ်ပါ။
    အကြံပေးရှေ့ နေ၏ အကြံပေးချက်များရယူပြီး မှ
    ဦးသိန်းစိန် နိုင်ငံတော်သံမတ နိုင်ငံတော်သံမတရုံး နေပြည်တော်။
    ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်။
    ရဲချုပ်ကျော်ကျော်ထွန်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် နေပြည်တော် ။

    ထံသို့ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ်မှာ စတင်တိုင်ကြားခဲ့ပါတယ် ။
    ထိုတိုင်ကြားချက်များမှ သိသာထင်ရှားသည့် ကိုထွန်းအောင်ကျော်အား ခေါင်းဖြတ်
    သတ်ခဲ့သည့် လူသတ်မှု့ ကို ယနေ့ အချိန်အထိ ပြန်လည်ချမှတ်ပေးခြင်း လုံးဝမရှိသေးပါ။

    သို့ သော် ညှင်းပန်းမှု့ များဒဏ်ကြောင့် ကျန်းမာရေး ယိုယွင်းပြီး သေဆုံးခဲ့ရသော
    ဦးစိန် ၏ ကျန်ရစ်သူမိသားစုမှ တိုင်ကြားချက်ကို မူ အဆင့်ဆင့်ချမှတ်ပေးခဲ့ပါသည်။
    SB တို့ ၏စစ်ဆေးမေးမြန်းမှု့ များ ပြုခဲ့ပြီး ထိုမှတဆင့် ရဲဌာနသို့ ချပေးခဲ့ပါတယ်။
    ထိုမှတဆင့် စံစမ်းစစ်ဆေးမှု့ များ ပြု ခဲ့ပြီး သေဆုံးခဲ့သူဦးစိန်၏ သမီးဖြစ်သူမှ
    ရဲစခန်းတွင်တိုင်ချက်ဖွင့်ခဲ့ပါတယ် ။ အမှု့ သွား အမှု့ လာအရ ဝိုင်းမော်ရဲစခန်းမှ
    စုံစမ်းစစ်ဆေးပြီး ယနေ့ နောက်ဆုံးသတင်းအရ ဝိုင်းမော်ရဲစခန်းမှ ၎င်း၏သက်ဆိုင်
    ရာ အထက်တာဝန်ရှိသူများကို ပြန်လည်တင်ပြထားကြောင်းသာ သိရပါတယ်။

    မိမိတို့ မြောက်ပိုင်းပြန် ကျောင်းသားဟောင်းများအနေနှင့် ကျန်ရစ်သူ မိသားစုများနှင့်
    မတရားမှု့ ဖြစ်ရပ် ဖြစ်သည့် လူသတ်မှု့ လူသေမှု့ ထိခိုက်နာကျင်မှု့ ဆုံးရှုံးနစ်နာခဲ့မှု့
    များကိုလက်တွဲ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။
    99Unlike ·  · 
    • Kogyi Khayan လူသတ်ကောင်တွေအတွက် နောက်မဆုတ်တမ်း
    • Aye Aye Soe Win ဗဟို ဥက္ကဋ္ဌ ဒေါက်တာ နိုင်အောင် (DNA)---He approved the killings on Feb12, 1992.
    • Nang Aung Htwe Kyi ၁၉၉၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ပါဂျောင်ဒေသ လိုင်စင်စခန်းတွင် အစား
      ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ ဟု ပြန်လည် ပြင်ဆင်ဖတ်ရှု့ ပေးပါ ။
    • Kyaw Kyaw Naing အစ်မရေ အကြောင်းသင့်ရင် မျိုးဝင်းဘာကြောင့် ဘယ်လိုသေတယ်ဆိုတာပြောပြပေးပါဦး ဒီကောင်သေတာစောလွန်းတယ်ဗျာ
    • Marlu San မျိုးဝင်းကို မတရားမှုတွေအတွက် မခံချင်သူက လက်စားချေပေးတာလား၊ သူတို့အချင်းချင်း အာဏာ ထပ်လုတာလား။ အခုတော့ အရာရာကို မျိုးဝင်းနဲ့ သံချောင်းကိုပဲ အပြစ်ပုံချတော့မယ် ထင်ပါတယ်။ မငယ်တို့ လုပ်နေတာတွေကို အားပေးတယ် ပြောတာနဲ့ တရားမျှတမှု ရပါစေပဲ ဆုတောင်းပေးနိုင်တယ်။ ကျန်ရစ်သူမိသားစုတွေကို ကိုယ်ချင်းစာမိတယ် တကယ် ....
    • D Day Ang အောင်ထူး ဆိုတာ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ သိချင်ပါတယ် ... အမငယ် !
    • Ko Lin Wai Aung အောင်ထူးဆိုတာ အဲဒီတုံးက ABSDF ဗဟိုရဲ့ အတွင်းရေးမှူးပါ...အခုတော့ BLC လို့ ခေါ်တဲ့ ရှေ့နေများကောင်စီ အဖွဲ့ကပါ...
    • Aye Thet Maw မတရားလုပ်တဲ့ သူ တွေမြန်မြန် အ ပြစ်ခံရပါစေ
      January 9 at 1:42am via mobile · Like · 1
    • Kyo Kyar Ni ယုတ်မာတဲ့သူတွေကျရှုံးပါစေ။မြင့်မြတ်သူတွေအောင်မြင်ပါစေ...။
    • Min Thant Aung အခုနောက်ပိုး DVB ရုပ်သံမှာ ခဏခဏပေါ်လာတဲ့ လဗြလဆိုင်း (ABSDF NB) ဆိုတာ ဒီပြစ်မူတွေကျုးလွန်ခဲ့တဲ့ လှဆိုင်းနဲ့ အတူတူပါလားခင်ဗျာ။
    • Nang Aung Htwe Kyi ဟုတ်ပါတယ်
    • Nang Aung Htwe Kyi ၁၉၉၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ပါဂျောင်ဒေသ လိုင်စင်စခန်းတွင် အစား
      ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ ဟု ပြန်လည် ပြင်ဆင်ဖတ်ရှု့ ပေးပါ ။
    • Win Ko Ko လဗြလဆိုင်း (ABSDF NB) ဆိုတာ လှဆိုင်း (ABSDF NB)ပါ,
    • Royal Komoe ရော်နယ်အောင်နိုင်ကအခုဘယ်မှာရှိလဲ။
    • Win Ko Ko လက်ရှိ AB မှာ အဲဒီရာဇ၀တ်ကောင် တွေက မပ ပြန်ထူထောင်ရေးတို့ မပ အကျိုးတို့ လုပ်ခဲ့လို့ပါဆိုပြီး AB ရဲ့အရေးကြီးတဲ့ ရာထူး ၊နေရာ တွေမှာ ဆက်ရှိနေတာကို ဘယ်လိုမှလက်မခံနိုင်ပါ..
    • Lin Htein ကိုယ်တိုင်သတ်ဖြတ်ခဲ့သူများနှင့်အမိန့်ပေးစေခိုင်းသူအပြင်" ပြစ်မှုမြောက်သည်ဟုဆုံးဖြတ်ချက်ချသူ ( ရှေ့နေရောင်ရောင်၊၇၅,၇၆နိုင်ငံရေးအကျဉ်းသားဟောင်းရောင်ရောင်ABSDF ဗဟိုရဲ့ အတွင်းရေးမှူးဟောင်းအောင်ထူး( Burma Lawyers Council ) ဟာလည်းအဓိကအရေးကြီးပါတယ်။"
    • Discuss Man မြောက်ပိုင်း သတ်ဖြတ် မှု တွေဖြစ် တဲ့ အချိန်မှာ မျိုးဝင်း တို့ ၊ သံချောင်း တို့ ရဲ့ အသက် တွေ ကဘယ်လောက် ရှိနေ ပြီ လဲဆိုတာ သိသူများ ရှိရင် ကျေး ဇူး ပြု ပြီး တင်ပေးကြ ပါ ။
    • Ko Lin Wai Aung ၂၆...၂၇ လောက်ဖြစ်မယ်...
      January 9 at 9:10pm via mobile · Like · 2
    • Phyo Naing လူသတ်ကောင်မျိုးဝင်း(AB-NB)အသေစောတာနှမြောတယ်။ဒီကောင်က RIT ကျောင်းသားဟောင်း(5th year -1988)တဲ.။ရှမ်းနီလူမျိုး၊နမ်းမားနမ်.ဆောလောရွာသား။RIT ကျောင်းသားမျိုးဝင်းကGTI ကျောင်းသားကိုထွန်းအောင်ကျော်ကိုမတရားနှိပ်စက်ခေါင်းဖြတ်သတ်ခဲ.တာကျောင်းသားသမိုင်းမှာဝမ်းနည်းဖွယ်အမဲစက်ကြီး။မျိုးဝင်းကသူ.ကိုကိုက်တဲ.ခွေးကိုတောင်အိမ်ပြန်ဓါးယူပြီးခွေးကိုနဘန်းလုံးပြီးဓါးနဲ.အချက်ပေါင်းများစွာထိုးသတ်တဲ.ကောင်စားမျိုးလေ။ဒီလိုကောင်အာဏာနေရာရပြီးတော်လှန်ရေးခေါင်းဆောင်လုပ်တော.ခွေးဖြစ်ပြီးအာဏာရှင်အသေးစားလေးဖြစ်သွားတာနေမှာပေါ.။သံချောင်း၊မျိုးဝင်းတို.ကရှမ်းနီလူမျိုးဆိုတော.တိုင်းရင်းသားတွေစိတ်အခံမှာဗမာတွေကိုမုန်းတီးနေတဲ.လူစားမျိုးဖြစ်နိုင်တယ်။မိုးညင်း၊မိုးကောင်း၊နမ်းမားသားတွေအုပ်စုတောင်.တော.ရန်ကုန်၊မန်းလေးတောခိုကျောင်းသားဗမာတွေကိုနဂိုရှိ.ရင်းစွဲမုန်းတီးစိတ်အငြိုးနဲ.သတ်တာလည်းဖြစ်နိုင်တယ်။ပြည်ထောင်စုနေ.ကိုတမင်ရွေးချယ်ပြီးသတ်တာသေချာတယ်။မဆလစစ်အာဏာရှင်စံနစ်ကြောင်.ဗမာတွေနဲ.တိုင်းရင်းသားတွေသွေးကွဲ၊အထင်မြင်လွဲ၊မုန်းတီးခဲ.ကြတယ်။သမိုင်းသင်ခန်းစာပါပဲ။
    • ငါးစီးရှင် ကြာဇံ လူမျိုးရေးပေါ်အခြေခံပြီးဖြစ်ခဲ့တဲ့ပြသနာတစ်ခုမဟုတ်ပါ။

No comments:

Post a Comment