Tuesday, January 22, 2013

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည် မြောက်ပိုင်း ခရီး(၂၆)


by May Thingyan Hein on Friday, January 11, 2013 at 5:12am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၁၁၊ ၂၀၁၃၊ ရန်ကုန်မြို့။

အပိုင်း(၂၆)
မြောက်ပိုင်းမှာကျောင်းသား အယောက် ၁၀၀ ကျော်ကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ကျောင်းသားသတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရော်နယ်အောင်နိုင်ကို BBCကနေ နှုတ်ထွက်ရအောင် လုပ်နိုင်ခဲ့ပြီးတဲ့ နောက်မှာ ကျမတို့ အားတက်သွားကြတယ်။

ဟာ…စိတ်ထဲမှာလေ…၊ ငါတို့တဆင့်တက်လို့ရပြီ၊ အမှန်တရားကို ဖော်ဖို့ ဆက်လုပ်လို့ရပြီ ဆိုပြီး ဖြစ်သွားကြတယ်။ ဦးနှောက်ထဲမှာ ငါတို့အမှန်တရားတွေ ဖော်ထုတ်လို့ရတယ်ဆိုတာ တကယ်ကို စွဲသွားပြီ၊ အရင်တုန်းကတော့ ငါ မလုပ်ပေးနိုင်ခဲ့ဘူး၊ ငါမလုပ်ပေးနိုင်ခဲ့ဘူး ဆိုပြီး မိချိုနဲ့ ကိုထွန်းအောင်ကျော်ကို ကတိပေးခဲ့တာ၊ သစ္စာပြုခဲ့တာတွေ အတွက် ခံစားခဲ့ရတယ်။အဲဒါနဲ့ အဲဒီ ၂၀၀၈ က စလိုက်တဲ့ ကိစ္စလေးကနေ အားတက်သွားတယ်။

နောက် ၂၀၀၉ မှာ အွန်လိုင်းကနေ ABက လူတယောက်နဲ့ အဆက်အသွယ်ရလိုက်တယ်။ အဲဒီကနေ အချိတ်အဆက်တွေ ရှာရင်း၊ အချက်အလက်တွေရှာရင်း မတရားတာတွေကို လက်မခံနိုင်တဲ့ သူတွေကလည်း သူတို့မှာ ရှိတဲ့ သက်သေဖြစ်နိုင်တာတွေနဲ့ ကျမတို့ကို အားပေး ကူညီပေးခဲ့ကြတယ်။

၂၀၀၉၊ ဒီဇင်ဘာမှာ ကျမ ဘန်ကောက်ကို သွားခဲ့တယ်။ ခရစ္စမတ်အချိန်ပေါ့။ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဘန်ကောက်ကို ရောက်တယ်။ ဇန်န၀ါရီလ ၂၆ ရက်နေ့ ၂၀၁၀ မှာ ဘန်ကောက်ကနေ ပြန်တယ်။

အရင်ကတည်းက ဘန်ကောက်ကို သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ကတော့ ဘန်ကောက်ကို သွားတာ အရင်ကနဲ့ မတူတော့ဘူး။ အထင်ကရ နှစ်လို့လဲ ပြောလို့ရမယ်။ ဘန်ကောက်ကိုရောက်တော့ အေးအေးမြင့်ခေါ် အီးတီက ဖုန်းဆက်လာတယ်။ အီးတီဆိုတာ ကျမတို့က ခေါ်တာ၊ သူက ပတူငါးကောင်ထဲက တကောင်ပေါ့။ သူက ပြောတယ်၊ သူ ချင်းမိုင်သွားမယ်တဲ့။ ချင်းမိုင်ဆိုတော့ ကျမကလည်း စိတ်ဝင်စားသွားတယ်။ အေးသွားပေါ့ ငါလည်း လာလို့ရရင် လာမယ်လို့သူ့ကို ပြောလိုက်တယ်။

အဲဒါနဲ့ ကျမလည်း ချင်းမိုင်ကို လိုက်သွားလိုက်တယ်။ ချင်းမိုင်ရောက်တော့ မင်းဋ္ဌေးနဲ့ တွေ့တယ်။ မင်းဋ္ဌေးဆိုတာက ABSDF မြောက်ပိုင်းကနေ တောင်ပိုင်းကိုေ၇ာက်နေတာ၊ လက်ရှိအချိန်မှာတော့ ABSDF မြောက်ပိုင်းက တိုက်ပွဲတွေထဲမှာ ပြန်ပါနေတယ်။

အဲတော့ အီးတီတို့နဲ့ တွေ့တော့ကျမတို့က မြောက်ပိုင်းက ကိစ္စတွေအကြောင်း ပြန်ပြောကြတယ်၊ အဲဒီတော့ အီးတီက ပြောတယ်။ အမတဲ့…ကျမတို့က အဲဒီတုန်းက ငယ်သေးတော့ နားမလည်ဘူးတဲ့။ ဟုတ်တယ် …အဲဒီတုန်းက သူတို့က ၁၅ နှစ် ၁၆ နှစ်အရွယ်လေးတွေကို။ နောက် မင်းဋ္ဌေးနဲ့လည်း စကားတွေ ပြောဖြစ်တော့ မင်းဋ္ဌေးကလည်း ပြောတယ်။ မငယ်တဲ့…ကျနော် စိတ်မကောင်းဘူးတဲ့။ ရတယ်လို့။ နောက်မင်းဋ္ဌေးကလည်း အဲဒီတုန်းက ကျမတို့တွေကို ဖမ်းထားတဲ့ အချိန်တွေမှာ သူက ရှေ့တန်းမှာလေ။ အဲဒါကြောင့် သူလည်း ဒီကိစ္စတွေကို သေချာ မသိဘူး။

အဲဒီ ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာတယ်။ ပန်ချီဆရာ ထိန်လင်းက ဘန်ကောက်ရောက်နေတယ်။ သူက ပြောတယ် ကျနော် မဲစောက်ကို သွားမယ်တဲ့။ နန်းစောတို့နဲ့လည်း သွားတွေ့မယ်တဲ့။

ဟာ… ဒါဆို နန်းစောလည်း မဲဆောက်မှာ ရှိတယ်ဆိုတော့ ငါလည်း လိုက်မယ် ထိန်လင်းဆိုပြီး အမလည်း လိုက်သွားလိုက်တယ်။ ကားစီးပြီးတော့မှ သွားကြတယ်။
မဲစောက်ရောက်သွားတော့ ဘယ်သူလာကြိုလဲဆိုတော့ ကိုရင်မောင် ကိုယ်တိုင်လာကြိုတယ်။ သိတယ်မဟုတ်လား။ ဘီဘီစီက ကိုရင်မောင်လေ။ တကယ်တော့လည်း သူတို့တွေက ယဉ်ယဉ်ကျေးကျေးနဲ့သိမ်သိမ်မွေ့မွေ့ပါပဲ။ ကျမ အမှန်အတိုင်းပြောတာ။

ကိုရင်မောင်က ယဉ်ကျေးတဲ့ သူပါ၊ သူ့ဇနီးက မစန်းစန်းမော်၊ သူနဲ့ခုမှ တွေ့ကြပေမဲ့ ကျမနဲ့ ရင်းနှီးသွားတယ်။ နောက်တော့ သူတို့က ဘာပြောလဲ ဆိုတော့ မိုးသီးလာမယ်တဲ့…။ ကျမကလည်း ဟာ ကောင်းတာပေါ့လို့။ တွေ့မယ်လို့။

မဲဆောက်မှာ ကျမက ဟိုတယ်တခုမှာ တည်းတယ်၊ နန်းစောတို့နဲ့ တွေ့တယ်၊ အဲလိုပေါ့ ပျော်တာပေါ့လေနော်၊ နောက် ကျမကို မမြင်ဘူးလိုက်တဲ့ တောင်ပိုင်းက ABSDF အထွက်တွေကလည်း လာတွေ့ကြတယ်။ သူတို့နဲ့လည်း မတွေ့တာကြာတော့ စကားတွေလည်း ပြောပေါ့။ သူတို့နာမည်တွေကိုလည်း အကုန်လုံးတော့ မမှတ်မိဘူးပေါ့။
နောက် ကိုမိုးသီးရောက်လာတော့ ဒီလိုပဲ ပြောကြ ဆိုကြပေါ့။ နောက် ကျမက ကိုမိုးသီး၊ကိုရင်မောင်တို့၊နန်းစောတို့နဲ့ ဒီမြောက်ပိုင်းကိစ္စကို ပြန်ပြောကြတယ်။

ကျမ မြောက်ပိုင်းကနေ ထွက်လာပြီးကတည်းက ဒီကိစ္စကို ဘယ်သူနဲ့မှ တိတိကျကျ ပြန်မပြောဖြစ်တော့တာ။ အဲဒီမှာ ပထမဆုံးအကြိမ်အနေနဲ့ ပြန်ပြောဖြစ်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျမက လျှောက်ပြောနေတော့ကော ဘာလုပ်မှာလဲ၊ ကျမက ပြောချင်တာက အထောက်အထားတွေဘာတွေနဲ့ ခိုင်ခိုင်လုံလုံ သေသေချာချာပြောချင်တာ။ကျမ အကျင့်က မပြောတတ်ဘူး။ လုပ်မယ်ဆိုရင်တော့ တကယ်လုပ်တော့မယ်။

ဒီအကြောင်းတွေကို မိသားစုတွေ အမေတို့တွေကိုတောင် မပြောခဲ့ဘူး၊ ဒါပေမဲ့ အဲဒီမှာ ကျမ ကောင်းကောင်းဖွင့်ချလိုက်တယ်။ အဲဒီမှာ မိုးသီးဇွန်ကလည်း သေသေချာချာနားထောင်တယ်။

တကယ်တော့ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ အပြင်လူတယောက်မှ နားမလည်နိုင်ဘူး။ ဘယ်လောက်ကြီး ရှင်းပြရှင်းပြ တယောက်မှ နားမလည် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခံစားမှု အပိုင်းတွေ ရှိတယ်။ တယောက်နဲ့ တယောက်နဲ့ ဖမ်းတာ ဆီးတာက တဏ္ဍ၊ သံယောဇဉ်ရှိတာ တဏ္ဍ။ အဲဒါတွေက ဘယ်သူ့ကို ဖွင့်ပြရမလဲ၊ အဲဒါတွေက ဘယ်လိုပြောလို့မှ နားလည်နိုင်မဲ့ ကိစ္စတွေ မဟုတ်ဘူး။

အဲဒါကြောင့် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့ အမှန်တရားကို အပြင်လူတယောက်ကမှ ဖော်ပေးလို့မရဘူး။ မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့ သူတွေနဲ့ ပြုလုပ်ခံခဲ့ရတဲ့ သူတွေနှစ်ဦး နှစ်ဘက် ပြောကြ ရှင်းကြတဲ့ အခါကျမှ ဒီဖြစ်ရပ်မှန်သမိုင်းဆိုတာက ပေါ်ထွက်လာမှာ။

ကျမတို့ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတဲ့ သမိုင်းမှန်ကတော့ပေါ်ပြီ၊ ကျမတို့ သမိုင်းတွေ ပေါ်ပြီ၊ ဒါပေမဲ့ ဖြစ်စဉ်က ရှိသေးတယ်၊ ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ၊ ဘာကြောင့်ဒီလိုဖြစ်ခဲ့တာလည်း ဆိုတာက ပေါ်ရဦးမယ်။

အဲဒါပေါ်ဖို့အတွက်ဆိုရင် ပြန်ကြည့်ရင် အဓိက လုပ်ခဲ့တဲ့ မျိုးဝင်းက သေသွားပြီ၊ မရှိတော့ဘူး။ နောက် သံချောင်း၊ ရော်နယ်အောင်နိုင်၊ ကိုစိန်အေး၊ နေဒွန်း၊အောင်ကြီး၊ နောက် တာဝန်ရှိတဲ့ မြောက်ပိုင်းက ကိုကျော်ကျော်… သူတို့နဲ့ အဲဒီတုန်းက မြောက်ပိုင်းမှာ ထောက်လှမ်းရေးအဖြစ် တာဝန်ခံထားတဲ့ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမင်း၊ ကျော်ထင်ဦး သေသွားပြီ ပြောတယ်။ အဲဒီ အုပ်စုနဲ့ ကျမတို့ ခံခဲ့ရတဲ့ အုပ်စု အေးအေးဆေးဆေးဆွေးနွေးမှ ဒီဇာတ်လမ်း ဘာကြောင့်ဖြစ်သလဲ ဆိုတာပေါ်လာမှာ။ အဲဒါမှ ဇာတ်လမ်းက ပေါ်မှာလေ။

ကျမတို့က ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျမတို့က ခွဲထုတ်ပေးနေတာ၊ ဒီလို လူသတ်ခဲ့တဲ့သူတွေနဲ့ ABSDF ကို ခွဲမြင်ကြဖို့လိုတယ်။ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့မှာ လူ့အခွင့်ရေး ချိုးဖောက်သူတွေ မရှိသင့်ဘူုး။ အဲဒါတွေကိုသူတို့က ဝှေ့လည်ကြောင်ပတ်နဲ့ လုပ်နေတာ။ သူတို့က လက်ရှိ ရှိနေတဲ့ ABSDF ကို ကာဗာတွေ ယူပြီးတော့မှ ABSDF သိက္ခာကျအောင်လုပ်နေတာသူတို့ ကျမတို့ မဟုတ်ဘူး။


ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
39Unlike ·  · 
  • You, Ko Lin Wai AungYe MyintSoe Lynn and 44 others like this.
  • Robert Hla Tun လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့မှာ လူ့အခွင့်ရေး ချိုးဖောက်သူတွေ မရှိသင့်ဘူုး..........LIKE.............
  • Thiha Oo ဟုတ်ပါတယ်.. အခုလက်ရှိ ABSDF အဖွဲ့ကို ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ပြောဖို့ဆိုရင် အဲဒီလို တရားလက်လွတ် ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုတာဝန်ယူပေးလည်း။ တရားမျှတမှု အတွက် ဘာတွေလုပ်ပေးလည်း ဆိုတာအပေါ် မူတည်ပါတယ်။ ဒါတွေကို သိသိကြီးနဲ့ ရူးချင်ယောင် ဆောင်ပြီး ကျောင်းသားတွေကို မတရားသဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ သူတွေကို ဝေ့လည်ကြောင်ပတ် ကာကွယ်ပေးနေသရွေ့တော့ ဘယ်သူတွေက ဘာတွေပဲပြောပြော ကျွန်တော်တို့လို အပြင်လူတွေ အနေနဲ့က အဲဒီအဖွဲ့ကို ကောင်းသောအဖွဲ့ပါလို့ ယူဆလို့ မရနိုင်ပါ..လေးစားလို့ မရနိုင်ပါ ခင်ဗျာ...။
  • PLlay Lay Thiha Oo pyaw dar ko long wa 
  • Tint Lwin Thanks a lot!
  • Min Thit Lwin မေးခွန်းလေးတစ်ခုထုတ်လိုက်ပါ...လက်ရှိ ABSDF ကကျောင်းသားတွေကို ကိုယ်စားပြုရဲ့လား..ဒါကတစ်ချက်။ နောက်ပြီး ABSDF မှာ ပြစ်မှုကျူးလွန်တဲ့ သူတွေ ပါဝင်လို့ ရရဲ့လား။ ပါဝင်လို့ရတယ်ဆိုရင် ABSDF ကဘာဖြစ်သွားမလဲ။
  • Nyan Linn အစ်မရေအဖွဲ့ စည်းအားလုံးကိုလေးစါးပါတယ်မည်သူမျှမတိုက်ခိုက်ပါကိုယ်လုပ်နေတဲ့အလုပ်တခုပေါ့ နော်လူပေါင်းစုံပါမယ်ပြသနာပေါင်းများစွာရှိနေမှာဘဲမိမိလုပ်နေတဲ့ အလုပ်ကိုဆက်လက်လုပ်ဆောင်ပါအမှာအမှန်ဆိုတာခဏလေးဆုံးဖြတ်လို့ မရပါဘူးပြည်သူတွေသိအောင်လုပ်ပြစေချင်တယ်ဗျာ။
  • Unyunt Win အမျိုးသားများထက် များစွာ နိုပ်စက်မူ့ဒဏ်ခံခဲ့ရသော သူရဲကောင်းလို့ တင်စားခြင်ပါတယ်
  • Koku Indaw လူ့အခွင့်ရေး ချိုးဖောက်တဲ့ လူတွေက ဒီလူ့အခွင့်ရေးကို ပြည်သူတွေကို ပြောမယ်ဆိုတာ ကျမတို့ ဘယ်လိုမှ လက်ခံလို့မရဘူး။
  • San Dar မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့ အမှန်တရားကို အပြင်လူတယောက်ကမှ ဖော်ပေးလို့မရဘူး။ မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့ သူတွေနဲ့ ပြုလုပ်ခံခဲ့ရတဲ့ သူတွေနှစ်ဦး နှစ်ဘက် ပြောကြ ရှင်းကြတဲ့ အခါကျမှ ဒီဖြစ်ရပ်မှန်သမိုင်းဆိုတာက ပေါ်ထွက်လာမှာ
  • San Dar ကျမတို့က ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျမတို့က ခွဲထုတ်ပေးနေတာ၊ ဒီလို လူသတ်ခဲ့တဲ့သူတွေနဲ့ ABSDF ကို ခွဲမြင်ကြဖို့လိုတယ်
  • Phome Maung ကျမတို့က ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျမတို့က ခွဲထုတ်ပေးနေတာ၊ ဒီလို လူသတ်ခဲ့တဲ့သူတွေနဲ့ ABSDF ကို ခွဲမြင်ကြဖို့လိုတယ်။ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့မှာ လူ့အခွင့်ရေး ချိုးဖောက်သူတွေ မရှိသင့်ဘူုး။ အဲဒါတွေကိုသူတို့က ဝှေ့လည်ကြောင်ပတ်နဲ့ လုပ်နေတာ။ သူတို့က လက်ရှိ ရှိနေတဲ့ ABSDF ကို ကာဗာတွေ ယူပြီးတော့မှ ABSDF သိက္ခာကျအောင်လုပ်နေတာသူတို့ ကျမတို့ မဟုတ်ဘူး။
  • Min Thit Lwin စစ်အဏာရှင်ဆိုပြီးအမည်ခံကာ စစ်တပ်ကအာဏာသိမ်း၊မတရားပြုကျင့်၊သတ်ဖြတ်တာကို AB အနေနဲ့ဥပမာပေးပြီး ဘယ်သူဖေါ်ထုတ်ခဲ့သလဲ လို့သံခဲအနေနဲ့ တိုင်းထွာပြီးပြောလို့မရပါဘူး။ စစ်တပ်က သူ့ကိုယ်သူ စစ်အာဏာရှင်၊စစ်အုပ်ချုပ်ရေးလို့ အမည်ကို နိုင်ငံတကာသိအောင် အမည်ခံပြီးလုပ်နေတာ။အမည်ခံဝံ့တယ်။ AB ကဒီမိုကရေစီတော်လှန်ရေးဆိုပြီး စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေတာ။ ဒီလိုခေါင်းစဉ်အောက်မှာ ရက်ရက်စက်စက်ခေါင်းဖြတ်ပြီးကျောင်းသားအချင်းချင်း တပ်ဖွဲ့ဝင်အချင်းချင်း လူ့အခွင့်အရးချိုးဖေါက်သတ်ပစ်တာကတော့ ခွင့်လွှတ်နိုင်စရာမရှိဘူး။ မင်းသားခေါင်းစောင်းပြီး ဘီလူးအကကနေသလိုဖြစ်နေတယ်။နောက်ပြီးအပြစ်ရှိသူတွေကိုလဲ ကာကွယ်ပေး၊AB အတွင်းလဲနေရာပေးထားတယ်ဆိုတော့ AB အဖွဲ့ဟာဘယ်လိုအဖွဲ့လဲ။ဒီမိုကရေစီမရှိတဲ့ လက်နက်ကိုင်အဖွဲ့ဆိုတဲ့ အဓိပ္ပါယ်ထက်မပိုဘူး။လူသတ်လက်နက်ကိုင်အဖွဲ့ပေါ့။ ဒီလိုအခြေအနေကနေ ဥက္ကဋ္ဌ လုပ်သူကပြန်လည်တည့်မတ်အောင်၊သိက္ခာရှိတဲ့အဖွဲ့ဖြစ်လာအောင်၊အများကလေးစားတဲ့အဖွဲ့ဖြစ်လာအောင်လုပ်ရမှာဖြစ်တယ်။ဒါတွေထိ မလုပ်နိုင်ရင် AB ကိုဖျက်လိုက်တာပဲကောင်းမယ်။

No comments:

Post a Comment