Thursday, January 31, 2013

ဗန်းမော်ခရိုင် "ပတာလင်"


Yesterday 

ပတာလင် ဆိုတဲ့နေရာ

ကျွန်တော်တို့  မြောက်ပိုင်း လူသတ်ပွဲ အကြောင်းပြောကြရင်
ပါဂျောင် ဆိုတာကို ပြေးမြင်မိကြပါတယ်
တကယ်တော့ နှစ်နေရာမှာ တပြိုင်နက် ဖြစ်ခဲ့တာပါ
ရင်း (၆) နေရာမှာ အသတ်ခံရတဲ့ နှစ်ယောက်နဲ့ ဆိုရင်တော့ သုံးနေရာလို့ ပြောရင်လဲမှန်ပါတယ်
အခုပုံထဲက နေရာလေးကတော့.....
စိုးမင်းအောင် ကို စတင် ညှင်းပမ်း ဇာတ်လမ်း စတဲ့နေရာပါ
ကျောင်းသား (ဗန်းမော်ခရိုင်) စခန်း ပါ၊ ဆိုင်းဝမ်းဘွန် ဆိုပေမဲ့
ပတလင် လို့ အသိများပါတယ်
အဲဒီစခန်းမှာ အဖမ်းခံရတာ ၂၈ ယောက် ပါ
ထွက်ပြေးလွတ်မြောက် ၃ ဦး ရှိပါတယ် (သက်တင်၊စိုးကြိုင်၊ဂမ်မလီ)
ကျဆုံး ၅ ယောက်ကတော့ အေးကျော်၊တင့်လွင်၊စိုးမင်းအောင်၊ဦးအောင်ကိုး(ခ)အောင်သန်လှ နဲ့  ဝင်းနောင်(လူ့ ဘောင်သစ်) ပါ
ကျန်တဲ့ လူ ၂၀ ကိုတော့
ဒီဇင်ဘာ လထဲမှာ ဆယ်ယောက်တတွဲ ကြိုးတုတ်ပြီး ဗဟိုကို ပို့ ခဲ့ပါတယ်
အဲဒီတော့မှ ပါဂျောင် အကျဉ်းသား ဖြစ်ခဲ့ကြတာပါ
 — with Khin Maung HtunMaung Maung LwinMaungmaung Skwand 17 others.

Unlike ·  · Share


  • Arr Thus ကောင်းတယ်ဗျခင်ဗျားတို့ပြန်ဖေါ်
    ပြတာနောင်လာနောက်သား
    ကျောင်းသားလုငယ်တွေဒီလိုဦးနှောက်မရှိ
    အသိဥာဏ်မဲ့ဖြစ်ရပ်မျိုးတွေမဖြစ်စေဘဲ
    ယုံကြည်ချက်ရဲ့သူရဲကောင်းဖြစ်ဖို့
    သင်ခန်းစာပေါ့
  • Min Khant အပြစ်ရှိသူကို အပြစ်ပေးနိုင်မှ လူသားဝါဒီ ပီသမှပါ ဒါမှမစွမ်းဆောင်နိုင်ရင် သင်တို့ ဟာ ဘာဖြစ်သွားပြီလဲ ကျောင်းသားဟောင်းတို့ 
  • Ko Naing ကိုကျိုးစွန်.ပီး ရည်ရွယ်ချက် စွန်.လွှတ် အနစ်နာခံစိတ် စတင်အကောင်ထည်ဖေါ်ခဲ.တဲ.လမ်းစဉ် ပြောစရာကိုမရှိအောင်မွန်မြတ်ခဲ.တဲ. AB ၀ါးထိုင်ခုံအတွက်နဲ. အတူလက်တွဲတော.မှ သတ်ကြ ဖြတ်ကြ နေရာလုကြ သမိုင်းကိုပြန်ဖေါ်တဲ. အခုလိုအချိန်မှာလဲ အပုတ်တွေဖွကြ နင်ဘာလဲ ငါဘာလဲလုပ်ကြ သူ.လက်ညှိုးထိုး ငါ.လက်ညှိုးထိုး အမှန်က သတ်ဖြတ်ခံလိုက်ရတဲ. လူတွေထောက်လှမ်းရေ်းမဟုတ်ဘူးဆိုတာရယ်. လူသားမဆန်စွာ ရက်စက်ယုတ်မာသတ်ဖြတ်ခဲ.မှု အဲဒီတရားခံကိုရှာရမှာ အသတ်ခံလိုက်ရတဲ.သူတွေရဲ.သမိုင်းကိုအမဲစက်မထင်အောင်လုပ်ရမှာ ကျောင်းသားတပ်ဆိုတဲ. သမိုင်းကိုပြန်အဖတ်ဆည်ရမှာ အခုတော. ရွှေပြည်တော် မျှော်တိုင်းဝေး တရားခံ ဖေါ်ထုတ်ရဖို.အရေး အချင်းချင်းခွပ်နေလို.ကိုမပီးကြတော.ဘူး...တကယ်စိတ်လေတယ်
  • Do Gyi NB စခန်းမူးတဲလေးမှာမတရားနှိတ်စက်ခဲ့ကြတယ် တဲရဲ့ရှေ့မှာထိပ်တုံးထဲခြေထောက်နှစ်ဖက်ထည့်ဒလိပ်တုံးပေါ်တက်ပြီးလိမ့်ခဲ့တယ်အရမ်းအေးနေတဲ့အချိနရေလောင်းစစ်ဖိနပ်နဲ့ကန်ထိုးကြိတ်ခဲ့ကြတာသူတို့တွေကျောင်းသားတွေမှဟုတ်ရဲ့လားစစ်အာဏာရှင်တွေများလား မှတ်တမ်းတင်ရိုက်တာစခန်းမူးတဲမှာ ခွပ်ဒေါင်းအလံနောက်ခံထားတာကြည့်ပြီးငိုခဲ့ရတယ်ရင်ထဲပြောမပြတတ်အောင်အရမ်းဝမ်းနဲပြီးငိုရတာ ကျွန်တော့ဖခင်ဆုံးတာတောင်မျက်ရည်ကျခဲ့တာမဟုတ်တဲ့ကျွန်တော်ဘာလို့မျက်ရည်ကျရတာလဲဆိုတာသိကြမှာပါ

    စိုးကြိုင်ထွက်ပြေးတော့ ဘဂျမ်လာရမ်းတော့တာဘဲဟေ့ကောင်ဒိုဇာမင်းဘာကောင်လဲ ကျွန်တော်မတ်တပ်ရပ်ကထောက်လှမ်းရေးပါဆိုတော့ဆဲဆိုပြီးသေနတ်နဲ့ပစ်တာ
    ကျွန်တောဘုရားစာအစုံရွတ်တာပေါ့
    ဘုရားတန်ခိုးကြေင့်ကျွန်တော်ကိုမထိခဲ့ဘူးဘေးနားကဦးအောင်ကိုးဘက်လှည့်
    ပြီးပစ်ပြန်တယ်ကံဆိုးတဲ့ဦးအောင်ကိုး ကိုထိသွားတယ် ရေနွေးပူနဲ့ဦးအောင်ကိုးကိုပတ်တယ်တည လုံးသေနတ်ဒဏ်ရာရတဲ့ဦးအောင်ကိုးကို
    နှိတ်စက်တာမနက်မှာဆုံးသွားတယ်
    အရမ်းလူမဆန်အောင်နှိတ်စက်ခဲ့တာတသက်မမေ့ဘူး ကျောင်းသားအယောင်ဆောင်တဲ့စစ်အာဏာရူးတွေ ကမ္ဘာမကြေဘူးကွာ
  • Arr Thus ဖတ်ရတာစိတ်မကောင်းဘူးဗျာ
  • Pauline Kyi ဟုတ်တယ်
  • Ko John နောင်လာနောက်သား ကျောင်းသားလူငယ်တွေ ဒီလိုဦးနှောက်မရှိ အသိဥာဏ်မဲ့ ဖြစ်ရပ်မျိုးတွေ မလုပ်မိစေဖို့ မဖြစ်စေဖို့ သင်ခန်းစာပေါ့ဗျာ။

    ဟဲ့... ဒါနဲ့ ဦးတင်ရဲ့ မြေးမလေး မပြည့်ပြည့်ဝင်း သတင်း ဝိုင်းစုံစမ်းပေးကြပါအုံး။ ။

    ABSDF (N) အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ်သူတစ်ဦး နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေ

    အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လှယ်အတူနေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန် ပြောကြားခဲ့ပါသည်။

    ဆက်သွယ် မေးမြန်းလိုသူများ အနေဖြင့် -

    ဦးတင် (မပြည့်ပြည့်ဝင်း၏ အဖိုး ၊ ကံမြားရွာဖုန်း ၀၉ ၄၀၀၄၆၆၁၁၀ ၊ ၀၉ ၄၇၀၅၈၅၁၇)

    ဦးသိန်းလွင် (မာဂရီရွာ ၊ ဖုန်း ၀၉ ၄၀၀၄၄၂၁၄၂)

    https://www.facebook.com/photo.php?fbid=10151172393152885&l=f2cafbfa17

    ‎>!< ၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့ ပေးခဲ့သော ကေအိုင်အိုအဖွဲ့၏ လက်ဆောင် >!<

    ...
  • Do Gyi NBပတာလင်ခေါ်ဗန်မော်ခရိုင်ကအစပျိုးခဲ့တဲ့စိုးမင်းအောင်အားစစ်ကြောရေးတာဝန်ယူခဲ့ကြတဲ့သူတွေဟာဘယ်သူတွေလဲ
    ယင်းတို့ရဲ့မျက်နှာလိုမျက်နှာရမတရားစစ်ဆေးချက်တွေကပါဂျောင်လူသတ်ပွဲကိုစပေးလိုက်တာပါစစ်ကြောရေးတာဝန်ယူသောအမည်စာရင်းသိရှိပါကတင်ပြကြပါခင်ဗျာ
  • Ko Kyaw Tun အပြစ်ရှိသူတွေ ဖော်ထုတ်ဖို့ အထိက ထား
    စေချင်တယ်။အချင်းချင်း ညှိနိုင်းပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမစေချင်ပါတယ်။
    16 hours ago via mobile · Like · 1
  • Kyaw Gyi AB Do Gyi NB ရယ် ဒေါ်လှိုင် တွေရှာဖတ်လိုက်ပါလား ၊သူကမှ တရားခံ အစစ်တွေ ရှာနိုင်တာ
    12 hours ago · Like · 2
  • Do Gyi NB သူကရူးနေတာ
    ဘာအရူးလဲသိလားကိုကြီးကျော်
    ကျွန်တော့မြင်တာကတော့
    ကတော်ရူးဘဲ
    မှားရင်ခွင့်လွတ်ပါ

    မှန်ရင်တော့
    10 hours ago · Like · 1
  • Kyaw Gyi AB ဒို့ ကတော့ ပြောရဲပေါင် Like တောင် မလုပ်ရဲဘူး တရားခံ အစစ်ထဲ ထည့်လိုက်မှဖြင့် တိုက်ပိတ် တို့  ခိုဖြူ တို့ နဲ့  တတန်းထဲ ဖြစ်သွားမယ်
    10 hours ago · Like · 1
  • Ko Naing ခိခိ ...ကိုကြီးကျော် အမှန်တွေသိပ်မပြောနဲ.လေ ၀ လေးလုံး ဘိုးဘိုး လိုဘဲနေတော. ..D

No comments:

Post a Comment