Monday, January 21, 2013

ABSDF အားလုံး အတူတူပင်ဖြစ်ကြောင်း ABSDF(ဗဟို)မှ ဗဟိုကော်မတီဝင်ပြောကြား

PDFPrint
Wednesday, 19 December 2012 18:48
AddThis Social Bookmark Button

၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဌေးကြွယ်နှင့် ABSDF ဗဟိုကော်မတီဝင် ရဲဘော် ကျော်ကိုတို့မှ သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေစဉ်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး (ABSDF) အဖွဲ့အားလုံး အတူတူပင် ဖြစ်ကြောင်း ABSDF(ဗဟို) မှ ဗဟိုကော်မတီဝင် ရဲဘော်ကျော်ကိုက ဒီဇင်ဘာလ ၁၉ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။
ABSDF (ဗဟို)မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသို့ ရက်သတ္တပတ် နှစ်ပတ်ကြာ လေ့လာခရီးလာရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က ၈၈မျိုးဆက် ကျောင်း သားများနှင့် တွေ့ဆုံခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် "KIA နှင့်အတူ တွဲပြီး တိုက်နေတဲ့ ABSDF အဖွဲ့နဲ့ ယခုလာရောက်သော အဖွဲ့က အတူတူပဲလား။ သူတို့ရဲ့လုပ်ဆောင် ချက်တွေကရော ယခုအဖွဲ့နဲ့ သက် ဆိုင်မှုရှိ ပါသလား" ဆိုသော မေးခွန်းကို Eleven Media Group မှ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ABSDF ကတော့ အားလုံး အတူတူပါပဲ"ဟု ABSDF(ဗဟို) မှ ဗဟိုကော်မတီဝင် ရဲဘော်ကျော်ကိုက ပြန်လည်ဖြေကြားခဲ့ပါ သည်။
ABSDF(ဗဟို)အဖွဲ့ ပြည်တွင်းသို့ လေ့လာရေးခရီး လာရောက်စဉ်ကာလအတွင်း ABSDF(မြောက်ပိုင်း)၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ဗီဒီယိုဖိုင်များ အင်တာနက်ပေါ်ပျံ့နှံ့လျက် ရှိနေပါသည်။ ထိုဗီဒီယိုဖိုင်များမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က KIO ဌာနချုပ်နှင့် ခုနှစ်မိုင်အကွာ တွင်ရှိနေသော လဂျားယန်(Laja Yang) ၌ ဖြစ်ပွားခဲ့သော မြန်မာအစိုးရတပ်များနှင့် KIA၊ ABSDF (မြောက်ပိုင်း) ပူးပေါင်းတပ်တို့၏ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော မြန်မာစစ်သား(သုံ့ပန်း)များ ကို စစ်ချက်ယူခြင်းများကို ABSDF(မြောက်ပိုင်း) ရိုက်ကူးပြီး ဖြန့်ချိခဲ့ခြင်း ဖြစ် သည်။
ABSDF အဖွဲ့သည် ၁၉၈၈ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး KNU ဌာနချုပ်ရှိရာ မာနယ် ပလောသို့ ရောက်ရှိလာသော ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး စတင်ဖွဲ့စည်းစဉ်က အဖွဲ့၏ ဥက္ကဋ္ဌမှာ ကိုထွန်း အောင်ကျော် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ABSDF ၏ ဥက္ကဋ္ဌမှာ မိုးသီးဇွန် ဖြစ်လာခဲ့ပါသည်။ ၁၉၉၁ ခုနှစ် ABSDF တတိယအကြိမ် ညီလာခံတွင် မိုးသီးဇွန် ဦးဆောင်သော ABSDF အဖွဲ့နှင့် ဒေါက်တာ နိုင်အောင် ဦးဆောင်သော ABSDF အဖွဲ့ဟူ၍ ခွဲထွက်မှုများ ရှိခဲ့ပြီး  ၁၉၉၆ ခုနှစ်တွင် ပြန်လည် ပေါင်းစည်းခဲ့ကာ ဒေါက်တာ နိုင်အောင်က ဥက္ကဋ္ဌ၊ မိုးသီးဇွန်က ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၀ပြည့်နှစ်မတိုင်မီတွင် ABSDF အဖွဲ့အတွင်း သဘောထားအမြင် ကွဲပြားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ၂၀၀၀ ပြည့်နှစ်တွင် ဒေါက် တာနိုင်အောင်နှင့် မိုးသီးဇွန်တို့ နှစ်ဦးစလုံး ABSDF အဖွဲ့မှ ထွက်ခွာခဲ့ကြပါသည်။ ထို့နောက် စိုင်းမြင့်သူက ABSDF ၏ ယာယီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ် ABSDF ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲမှ တစ်ဆင့် ရဲဘော်သံခဲက ဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့ပါသည်။
ABSDF (မြောက်ပိုင်း) မှာ ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်) ဖြစ်ပြီး KIA ဗဟိုဌာနချုပ်ရှိရာသို့ တောခိုဝင်ရောက်လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အဖွဲ့ အစည်းအနေဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင်တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချပေးခဲ့ပါသည်။ ထို့ နောက် KIA တပ်ရင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင်ခဲ့ပါသည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သ ဘောထားကွဲမှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ပါသည်။
ထိုဖြစ်စဉ်တွင် ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား စုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ပါသည်။ ထိုဖြစ် ရပ်များအပြီး ABSDF(မြောက်ပိုင်း)အတွင်း ဖရိုဖရဲဖြစ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့က ပြည်တွင်း ပြန်သူများ၊ အခြားလက်နက်ကိုင် အဖွဲ့အ စည်းများသို့ ကူးပြောင်းသူများ၊ ထိုင်းနိုင်ငံသို့ သွားရောက်သူများ ရှိခဲ့ပြီး ကျန်ရှိနေသူအချို့မှာ ကချင်ပြည်နယ် KIA နယ်မြေအတွင်း ဆက်လက် နေထိုင်ခဲ့ပြီး KIA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

Comments 

+23#2 mon min 2012-12-20 01:52
ABမြောက်ပိုင်းလူသတ်မှုရဲ့ အရိုးတွန်သံတွေ ကြားနေရတာ ပိုပိုပြီးကျယ်လောင်လို့လာနေပါပြီ။
လုပ်ရဲခဲ့ကြတာ ခံရတဲ့အလှည့်လဲအပြုံးမပျက်ကြပါစေနဲ့......
လောလောဆယ်တော့ ယခင် ABမြောက်ပိုင်းခေါင်းဆောင်တချို့ကတော့အမှုဖွင့်ခံထားရပါပြီ။
ABတောင်ပိုင်းခေါင်းဆောင်ဟောင်းများ၊လက်ရှိခေါင်းဆောင်များရဲ့အလှည့်ဘယ်တော့ရောက်မလဲဆိုတာကိုတော့......
+35#1 Zawtika 2012-12-19 23:49
စားစရာရှိတုံးကတော့ ခွဲစား ပုန်းစား တိတ်တိတ်ကြိတ်စား
ခံစရာရှိတော့ အားလုံးအတူတူ စုခံ
အောင်မယ်လေးဟဲ့ ကောင်းလိုက်တဲ့ တော်လှန်ရေး.....

No comments:

Post a Comment