May Thingyan Hein · 7,312 like this
December 20, 2012 at 7:05pm · - ----------------------------------------------------------
မနေ့တုန်းက မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးပြီးရင် ကျန်တဲ့ ဘက်ကို ဆက်မေးပြီးရေးပါမယ်လို့ ကျမ post တင်ခဲ့တယ်။
အဲလို တင်လိုက်တော့ တယောက်က ကျမကို မေးလာပါတယ်။ ခုလိုမျိုး ရေး ဖို့ ဆိုတာ အချိန်၊ ငွေ၊ အင်အား တွေ ရင်းရတယ်တဲ့... အဲဒီအတွက် ဘယ်သူက ပံ့ပိုးသလဲ...တဲ့။
အဲဒီ မေးခွန်းကို ဒီနေရာကနေ အားလုံး သိအောင် ဖြေပါမယ်။
(၁) ကျမက တနေကုန် ကျမရဲ့ ရွှေမြစ်မခ အတွက် စီအီးအို တာဝန်နဲ့ အယ်ဒီတာချုပ်တာဝန်ကို ပူးတွဲဆောင်ရွက်ရင်း သတင်းအလုပ်လုပ်ပါတယ်။
ကျမတို့ မြစ်မခ မီဒီယာအနေနဲ့ ပြည်တွင်း ဂျာနယ် ၁၃ စောင်၊ သတင်းစာ တစောင်နဲ့ FM လေဒီယိုတခုအတွက် ပုံမှန်သတင်းတွေ ရောင်းပေးပါတယ်။
ဒါ့အပြင် ကျမက VOA တီဗီသတင်း၊ နိုင်ငံတကာ သတင်းအေဂျင်စီ တခုဖြစ်တဲ့ ဂျာမန် သတင်းအေဂျင်စီ ဖြစ်တဲ့ dpa အတွက်လည်း သတင်းထောက် လုပ်ပေးနေပါတယ်။
ဒီအလုပ်တွေ လုပ်နေရတဲ့ အတွက် ကျမမှာ သီးသန့် အချိန်ရှားလှပါတယ်။
မြောက်ပိုင်း ရဲဘော်တွေနဲ့ တွေ့ဆုံမေးမြန်းတာ အခက်အခဲ မရှိပေမဲ့ အသံဖမ်း စက်ကနေ အသံတွေ ပြန်နားထောင်ပြိး ရေးဖို့ကတော့ အချိန်တော်တော် ယူရတဲ့ အလုပ်ဖြစ်ပါတယ်။
အဲဒါကြောင့် ညပိုင်း အိပ်ရာဝင်ချိန်မှာ ကျမရဲ့ အိပ်ချိန်ထဲကနေ ဖဲ့ပြီး စာရေးပါတယ်။
တခါတလေ တညလုံးတောင် မအိပ်ဘဲနဲ့ ရေးခဲ့တာတွေလည်း ရှိပါတယ်။
(၂)ငွေ...
မြစ်မခကို ထူထောင်တာ ကျမရဲ့ ကိုယ်ပိုင် ၀င်ငွေနဲ့ပါ၊ မိသားစုပိုင် ငွေနဲ့ ကျမ ထူထောင်ပါတယ်။
ခုလည်း ABSDF ရဲဘော်တွေအကြောင်း ရေးသားနေတာ ကျမရဲ့ ကိုယ်ပိုင် ငွေကိုပဲ သုံးစွဲပါတယ်။ နောင်လည်း ကျမရဲ့ ကိုယ်ပိုင်ငွေ၊ မိသားစုငွေကိုပဲ ဆက်သုံးစွဲရဦးမှာပါပဲ။
အခြား သတင်းတွေ လုပ်တာက ကျမအတွက် စာမူခ ငွေရပါတယ်။ ABSDF သတင်းကတော့ ဘယ်သတင်း ဋ္ဌာနကမှလည်း ဒီသတင်းကို ၀ယ်မသုံးကြပါဘူး။ ပြည်တွင်း ဂျာနယ် တစောင်က အခန်းဆက်အနေနဲ့ ၀ယ်သုံးပါတယ်။ တပုဒ်ကို ငွေကျပ် ၅ ထောင်နဲ့ပါ။ အဲတော့ စဉ်းစားကြည့်ပါ၊ ဒီအကြောင်းရေးတဲ့အတွက် ငွေကြေးအကျိုးအမြတ်ကိစ္စကို ကျမ ထည့်မစဉ်းစားခဲ့ပါဘူး။ ငွေကြေးအကျိုါ်အမြတ် ကိစ္စထက် ပိုပြီး အရေးကြီးတယ်လို့ မြင်လို့ ပါပဲ။
(၃) အင်အား ...
ပိုက်ဆံ မရှိ၊ အသိုင်းအ၀ိုင်း မရှိ( သာမန်ပြည်သူ တယောက်သာဖြစ်ပြီး အာဏာရှိသော အသိုင်းအ၀ိုင်းက မဟုတ်သလို၊ တိုင်းရင်းသား လက်နက်ကိုင် အသိုင်းအ၀ိုင်းကလည်း မဟုတ်၊ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလည်း မဟုတ်ခြင်းကို ရည်၇ွယ်ပါတယ်)
ဒီအလုပ်လုပ်တာ ကျမရဲ့ လုပ်ချင်တဲ့ စိတ်တခုတည်းနဲ့ လုပ်ဖြစ်တာပါပဲ။
ဒီလိုလုပ်နေရင်း အပြောအဆို ခံရပါတယ်၊ ခြိမ်းခြောက်တာလဲ ခံရပါတယ်၊ အဆဲလည်း ခံရပါတယ်။ ခုချိန်ထိလည်း အဖဲ့ ခံနေရတုန်းပါပဲ။ ကျမ ဆက်မရေး တော့ဘူးလို့ ၂ ရက်လောက်ထိ ဆုံးဖြတ်ခဲ့ဖူးတယ်။ စိတ်ဓါတ်ကျလွန်းလွန်းပါ။ ဒါပေမဲ့ ကျမ ရပ်မပစ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတာတော့ မသိဘူး၊ ခုချိန်ထိ ကျမက ဆုံးသည်ထိ ရေးသွားဖို့ပဲ စိတ်ကူး ထားပါတယ်။
ပြောရရင် ကျမမှာ စိတ်ဓါတ်အင်အားက လွဲပြီး ဘာမှ မရှိပါဘူး။
မိတ်ဆွေများ အားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန် (မြစ်မခ)
No comments:
Post a Comment