Thursday, January 31, 2013

ဇာတ်လမ်းကတော့ 1994တုန်းကလို တကျော့ပြန်စလာပါပြီ...။


ဘရာဇီး ငှက်ရိုး shared Myanmar Tharkaung's photo.
5 hours ago
KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ
=============================================


လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။

ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

'"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း ထပ်မံ ရှင်းပြသည်။

ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ ယခင်တုန်းက KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့ အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့ ရည်မှန်းချက်တွေကို ABFDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့ စစ်တပ်ကကြိုသိနေတယ်လို့ ယူဆနေပါတယ်

သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့ ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။

မြန်မာ့သားကောင်း
Like ·  · Promote · 
  • Naylin AungChan Nyein Moe and Ye Kyaw like this.
  • Chan Nyein Moe ဟုတ်ပ ကိုငှက်ရာ အဲဒီ့အကြောင်းတွေကို သတင်းဖတ်နေတုန်းမှာ ဒိုင်းကနဲ သွားတွေးမိတယ် 

    အခုရက်ပိုင်းမှာ အေဘီကို နာမယ်ဖျက်နေတာတွေလဲ တွေ့တွေ့နေရသေးတယ်
    5 hours ago via mobile · Unlike · 1
  • Paw Lwin သတိ
    5 hours ago via mobile · Unlike · 1
  • ဘရာဇီး ငှက်ရိုး ခဏတော့ စောင့်ကြည့်သင့်ပါသေးတယ်... ဘယ်က သတင်းမှန်းတော့ သေချာ မသိသေးပေမဲ့... ဒီအကွက်တွေက ဟိုး1994 ကေအိုင်အေ အလင်းမဝင်ခင်တုန်းက အတိုင်းပဲလို့ ကျနော်တော့ မြင်တယ်...
    5 hours ago · Like · 2
  • Ko Htike အင်း ... မြောက်ပိုင်းသမိုင်းကလည်း KIA နဲ့ အမြဲတွဲပြီး .. ခံခဲ့ရတာ များပါပေါ့လား။ သမိုင်းဘီးကြီး တပတ်လှိမ့်မလို့ ထင်ပါ့။ ဒေါက်တာနိုင်အောင့်ကို သွားမေးရင်တော့ "ရေလှိုင်း စစ်ဆင်ရေး အပိုင်း (၂)" လို့ ပြောကောင်း ပြောပြီး .. သူလျှိကို ဖေါ်ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
    4 hours ago · Edited · Like · 6

No comments:

Post a Comment