Monday, January 21, 2013

အကိုတို့နဲ့ တွေ့ဆုံပြီး မေးမြန်း၊ ရေးသားချင်ပါတယ်


  • အကိုတို့နဲ့ တွေ့ဆုံပြီး မေးမြန်း၊ ရေးသားချင်ပါတယ်
    ---------------------------------------------------

    မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးက သိပ်မကြာခင် ပြီးတော့မှာပါ၊ ပြီးတဲ့ အခါကျရင် ကိုရော်နယ်အောင်နိုင်၊ ကိုသံချောင်း၊ ကိုစိန်အေး၊ ကိုသန်းဇော်၊ ကိုလှဆိုင်း စတဲ့ သူတွေနဲ့လည်း ကျမ တွေ့ဆုံမေးမြန်းပြီး တယောက်ချင်းဆီရဲ့ အကြောင်းကို ရေးသားချင်ပါတယ်။

    အကိုတို့ရဲ့ အကြောင်းကို ရေးသားတဲ့ အခါမှာလည်း မြောက်ပိုင်း ခရီးစဉ်တွေ ရေးသား ခဲ့သလိုပဲ နိုင်ငံရေးလောကထဲကို ရောက်တဲ့ အချိန်ကစပြီး ကျမ ရေးသားမှာ ဖြစ်ပါတယ်။

    အကိုတို့ရဲ့ ကျောင်းသား စိတ်ဓါတ်ကို ကျမ လေးစားပြီးသားပါ၊ အကိုတို့ရဲ့ သိက္ခာတရားကိုလည်း လေးစား တန်ဖိုးထားပါတယ်။

    ဒီဘက်က ပြောစရာရှိသလို၊ ဟိုဘက်ကလည်း ပြောစရာတွေ ရှိကြမှာပါ။ ကျမက သတင်းသမားသာ ဖြစ်တဲ့ အတွက် နှစ်ဖက်စလုံးရဲ့ အသံကို မျှမျှတတ ဖော်ချင်ပါတယ်၊ ဖော်ပြခွင့်လည်း ရချင်ပါတယ်ရှင်၊ အကိုတို့နဲ့ တွေ့ဆုံပြီး မေးမြန်းချင်ပါတယ်။

    လက်ရှိ ABSDF အဖွဲ့ ဥက္ကဋ္ဌ ကို သံခဲကိုလည်း မေးခွင့်ရဖို့ ကြိုးစားနေပါတယ်။ ဇန်န၀ါရီလ ၃ ရက်နေ့ မတိုင်ခင် သတင်းစာရှင်းလင်းပွဲ မလုပ်ခင် ဘယ်မီဒီယာကိုမှ အတွေ့မခံဘူးလို့ သတင်းစကား ကြားနေရပေမဲ့ ကျမ ကြိုးစားပါမယ်။

    ခုလို တဘက်က လူတွေရဲ့ ပြောဆိုချက်တွေ မရသေးခင်မှာ ကျမကို ဘက်လိုကတယ်လို့ ပြောဆို စွပ်စွဲကြတာတွေ ရှိပါတယ်။ ခုချိန်မှာ ကျမကို အင်တာဗျူး ပေးနေတာက မြောက်ပိုင်း ပြန်အဖွဲ့တွေပါ၊ ကျန်တဲ့ သူတွေကတော့ ကျမ ကြိုးစားနေပေမဲ့လည်း ခုချိန်ထိ မရသေးပါဘူး၊ အဆက်အသွယ်တောင် မရဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ ကျမ လက်မလျော့ပါဘူးရှင်။ ကူညီနိုင်တဲ့ သူများရှိရင်လည်း ကူညီပေးဖို့ ဒီနေရာကနေ ထပ်မံတောင်းဆိုပါရစေ။

    မေသင်္ကြန်ဟိန်
    14Unlike ·  · 
    • You, Ko MoeJeeU Soe Soe and 20 others like this.
    • Ko MoeJee ကိုသံချောင်းကို ဗျူးခွင့်ရစေချင်တယ်။
    • Htay Lwin စာဖတ်သူတွေအနေနဲ့ လည်းစောင့်မျှော်နေပါတယ်..သူတို့ ရဲ့ အသံတွေကိုလည်းကြားချင်ပါတယ်..
    • Thant Zin I guess Ma May better t contact them thru Ko Tganke or Ko Sonny
    • Ko Lay တယောက်ချင်း"ဆီ"ရဲ့ ဆိုတဲ့ စာလုံးပေါင်းလွဲနေတာလေးကို သတိပေးပါရစေ . စိတ်မရှိပါနဲ့ ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ခဲ့ဘူး "စလုံးနဲ့ ဆလိန်"ကို မကြာခဏလွဲသုံးနေတာ ဆင်ခြင်နိုင်အောင်လို့ အကြံပြုပါတယ် အင်မတန်လေးနက်တဲ့ စာတွေကို ရေးနေတဲ့ စာရေးဆရာမဟာ ဒီလိုမပြောပလောက်တဲ့ စာလုံးပေါင်းတွေကို လွဲမှားမသုံးစေချင်လို့ပါ မနန်းအောင်ထွေးကြည်ကိုလည်း တဆင့်ပြောခိုင်းခဲ့ဖူးပါတယ် ဒီ့အတွက် စိတ်အနှောင့်အယှက်မဖြစ်ဖို့ကိုလည်း တောင်းပန်ပါတယ် ကျွန်တော့ key board မှာ ပုဒ်ဖြတ်တွေရိုက်လို့မရဘူးဖြစ်နေတယ် ခွင့်လွှတ်ပါ
    • May Thingyan Hein ကျေးဇူးတင်ပါတယ် ရှင်၊ ကျမက မကြာခဏပဲ စာလုံးပေါင်း မှားတတ်ပါတယ်၊ သတိမထားလိုက်ရင် မှားတာပါပဲ၊ ခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    • Ko Lay အရမ်းဝမ်းသာတယ်။ စာပေမြင့်ပြီး လူမျိုးတင့်အောင် စွမ်းဆောင်နိုင်ပါစေ။

No comments:

Post a Comment