Monday, January 21, 2013

မသင်းသင်းမှ အိတ်ဖွင့်ပေးစာ - ၁


လက်ရှိ ABSDF ဥက္ကဋ္ဌ ၏ ဇနီး မခင်ရွှေလှိုင် သို့ ကိုချိုကြီး (ခ) ကိုဖရယ်ဒီအောင်သန်း ၏ညီမ မမသင်း မှ အိတ်ဖွင့်ပေးစာ - ၁

by Thinn Thinn Win on Tuesday, December 25, 2012 at 8:38pm ·
   ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောဆိုရေးရခြင်းက မိသားစုဝင်တစ်ယောက်အနေနဲ့အလွန်ခက်ခဲကြေကွဲလွန်းရပါတယ်...

“ခင်ရွေလှိုင်” ဒီလိုနာမည်တတ်ရေးရခြင်းကလည်းတခြားမဟုတ် မင်းသည်ကိုချိုကြီး မိသားစု နဲ့ မိသားစုနေအိမ်မှာ တောတွင်းမသွားရောက်နိုင်ခင် ရက်ရှည်များမှာ လုံခြုံစွာနေထိုင်ခဲ့ပြီး မိသားစုအနေအထား စိတ်သဘောထားတို့ကိုသိရှိပြီးမှ မြောက်ပိုင်း ABSDF စခန်းသို့ ရောက်သွားခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရေးပို့ခြင်းဖြစ်ပါတယ်...။

မင်းကိုလည်း AB မြောက်ပိုင်း ကျောင်းသားတပ်မတော်သို့ စီစစ်ပြီး လုံခြုံစွာပို့ဆောင်ပေးခဲ့ကြသူတွေဟာ ကိုချိုကြီးနဲ့တကွ သူရဲ့အမာခံ ပြည်တွင်း UGတွေ ဖြစ်တယ်ဆိုတာ ငါ့ထက် မင်းက ပိုသိခဲ့ပါလိမ့်မယ်...။

မြောက်ပိုင်း AB ကျောင်းသားတပ်မတော်ကို မင်းလိုရဲမေတွေသာမက တော်လှန်ရေးကြီးအတွက် အသက်စွန့် တိုက်ပွဲဝင်လိုသော ရဲရဲတောက်ကျောင်းသားများ ၊ စစ်အာဏာရှင်ရဲ့ မတရားလိုက်လံဖမ်းဆီးခံရသော ရဟန်းပြည်သူများမှအချို့ကိုလဲ စီစစ်ပြီး တတ်နိုင်သမျှလိုအပ်သလို စောင့်ရှောက် တာဝန်ယူ ပို့ဆောင်ပေးခဲ့ ကြတဲ့လူတွေဟာလဲ အဲဒီ လူမသိ သူမသိ ရဲရဲတောက် UG တွေပဲဖြစ်တယ်..။

ကိုချိုကြီးနဲ့ UG အဖွဲ့ဟာ ဒီလို ကျောင်းသားတပ်အရေးနဲ့ အခြားနိုင်ငံရေး လှုပ်ရှားမှုတွေကို လျှို့ဝှက်စွာလုပ်ကိုင်ခဲ့ရလို့လဲ အချို့တောတွင်းသွားကျောင်းသားတွေဟာ ဘယ်သူ့အစီအစဉ် ၊ အချိတ်အဆက်နဲ့ သွားရောက်ရတယ်ဆိုတာ သိခွင့်မရှိသလို  ဘယ်သူတွေက စီစဉ်ပို့ဆောင်ပေးတယ်ဆိုတာလဲ မသိခဲ့ကြပါ..။ “ခင်ရွှေလှိုင်” မင်း သိခွင့်ကြုံခဲ့ပါတယ်.. ငါတို့မိသားစုဝင်တွေတောင်သိခွင့်မရှိခဲ့ ၊... ငါ့အကိုကြီးက အရမ်းလျှို့ဝှက်ခဲ့တယ်.. ညီမတစ်ယောက်အနေနဲ့ စိတ်ပူလို့မေးမိရင်တောင် သူက “ မသိချင်ပါနဲ့ ငါ့ညီမရယ်၊ သိခြင်းကအန္တရာယ်ရှိပါတယ်.. မသိတာကောင်းပါတယ်.. ၊ တစ်ခုတော့သိထားပါ.. ဒီစစ်ထောက်လှမ်းရေးတွေက ကိုကြီးကိုသိရင် အရေခွာချင်လိမ့်မယ် ” လို့ပဲပြောခဲ့ဖူးတယ်... 

UG တစ်ယောက်ရဲ့ဘ၀ဟာ သူ့ရဲ့ ဇာတိ ၊ ဇစ်မြစ် ၊ နာမည်အရင်း  စတဲ့ ဘ၀အားလုံးကိုမြုတ်နှံပြီး လှုပ်ရှားခဲ့ရတာကို နားလည်သူတိုင်း သိနိုင်ပါတယ်.. ဒီလို လျှို့ဝှက်သေသပ်စွာနဲ့ လှုပ်ရှားခဲ့ရလို့လဲ သူ AB တောတွင်းကိုရောက်လာတဲ့အချိန်မှာ ခေါင်းဆောင်ပိုင်းကလွဲပြီး ရဲဘော်များကြားမှာ နာမည်တောင်ကောင်းကောင်းမသိဖြစ်ခဲ့ကြလိမ့်မယ်.. ။

ကိုချိုကြီးရဲ့ ခံယူချက်က တောတွင်းကျောင်းသားများအရေးဟာ သူ့ အရေး ၊ တောတွင်းကျောင်းသားမျာ လုံခြုံရေး ၊ နေထိုင်ရှင်သန်ရေး ၊ နိုင်ငံတကာအထောက်အပံ့ရရေး ၊ အနာဂါတ်အရေးတွေကို ပြည်တွင်းမှာ တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တယ်.. ဒါတွေကိုလည်း တစ်ချိန်မှာ သူ့ရဲ့ လျှို့ဝှက်ရဲဘော်များက သမိုင်းသက်သေပြုပါလိမ့်မယ်.... ။

ခင်ရွှေလှိုင် မင်းလိုတောတွင်း ထွက်ခွာခဲ့တဲ့ ကျောင်းသားရဲဘော်တွေအတွက် ကိုချိုကြီးဟာ ပြည်တွင်းမှာ စိတ်ပူခဲ့တယ်.. မဟာမိတ် ကချင်ကိုလဲ စိတ်မချခဲ့လို့ နေရာသစ်ရှာဖို့ အန္ဒိယဘက် ထွက်ခဲ့သေးတယ် အခြေအနေမပေးလို့ မရောက်ခဲ့ရဘူး သူ့မှာ ငှက်ဖျားအကြီးအကျယ်ရခဲ့တယ်...၊ ကျန်းမာရေးမကောင်းပေမဲ့ သူကိုယ်လွတ်မရုန်းခဲ့ ၊ လွှတ်ထားတဲ့ ကျောင်းသားတွေအတွက် တာဝန်အပြည့်ရှိတယ်လို့ အလေးအနက်ခံယူခဲ့တယ်..သူလွှတ်ထားတဲ့ကျောင်းသားတွေနဲ့ သူ့ညီထွန်းအောင်ကျော်ကိုလဲ သူစိတ်ပူတယ်လို့ တဖွဖွပြောခဲ့တယ်.. ဒါကြောင့်လဲ .. ပြဿနာရှိနေပြီ.. အစပြုနေပြီ လို့ သိသိနဲ့ မြောက်ပိုင်းတောတွင်းသို့ ထွက်ခွာသွားခဲ့တာဖြစ်တယ်.. ။

သူ့ကို တောတွင်းမှာ စစ်ထောက်လှမ်းရေးလို့ မတရားစွတ်စွဲခံနေရတဲ့အချိန်မှာ ပြည်တွင်းမှာလဲ န၀တ စစ်ထောက်လှမ်းရေးတွေက ငါတို့အိမ်ကို စောင့်ကြည့် စစ်ဆေး ရုံမက မိခင်ကြီး နဲ့ ကိုချိုကြီးရဲ့ ညီငယ် ကိုကျော်ကျော်မော် တို့ကို ထောက်လှမ်းရေး (၁) သို့ခေါ်ယူစစ်ဆေးခံခဲ့ရတယ်..။ ငါတို့မိသားစု သောကပင်လယ်ဝေခဲ့ကြတယ်.. 

ဆက်လက်ရေးသားပါမည်.......


65Unlike ·  ·  · 
  • San Chaung Bobo ဒေါ်လှိုင် ရဲ့ ပြန်လည်ပြန်ကြားစာကိုလည်းမျှော်လင့်နေပါတယ် ။ မသင်းဟာ ဒီစာကိုမျက်ရည်တွေနဲ့ရေးထားတယ်လို့ ထင်ပါတယ်....။
  • Phome Maung ခင်ရွှေလှိုင်ဟာအစွယ်လိုသူမိဘုရားလိုဖြစ်နေပါလား
  • Thiha Kyaw face book မသုံးတဲ့အတွက် ရင်းမူးသိုက်ထွန်းဦးရဲ့်fbမှာပဲဖတ်ရလို့ ရေးလိုက်တာပါ၊ မသင်းသင်းတို့မိသားစုနဲု့ ထပ်တူထပ်မျှ မဟုတ်နိုင်ရင်တောင် စိတ်ပိုင်းဆိုင်ရာ ရိုက်ချိုးခံခဲ့ရတဲ့ထိ ကျမ နင့်နင့်သီးသီး ခံစားခဲ့ရပါတယ်၊ မသင်းသင်းတို့မိသားစု ကျမအပေါ်ထားခဲ့တဲ့ စေတနာတွေ ကျမရင်ထဲမှာ အမြဲသိမ်းထားလျက် ရှိနေတယ်ဆိုတာ ယုံပါ၊ ကိုထွန်းအောင်ကျော် ။ ကိုချိုကြီး ။ ဦးစိန်တို့လို လူမျိုးတွေ ပါသွားခဲ့လို့ကို ဒါတွေဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာကို ကျမလက်မခံနိုင်ခဲ့တာပါ၊ ကျမလည်း အမှန်တရားကိုပဲ လိုလားပါတယ်၊ ကိုချိုကြီး။ကိုထွန်းအောင်ကျော်တို့ကို ထောက်ရေးတွေလို့ ကျမဘယ်တုန်းကမှ လက်မခံခဲ့ မသတ်မှတ်ခဲ့ပါဘူး၊ အခုမသင်းသင်းရေးထားတဲ့အထိ ကျမအနေနဲ့လက်မခံနိုင်စရာ တစုံတရာ လုံးဝ မရှိပါဘူး၊ ဆက်ရေးပါ လိုအပ်လာတဲ့အချိန်ကျမှ ကျမ တရားဝင် အကြောင်းပြန်စာ ရေးပေးပါ့မယ်၊ ရင်နှင့်အမျှ---ခင်ရွေလှိုင်
  • Myat Sandy Waiting for more!
  • ဘရာဇီး ငှက်ရိုး စောင့်မျှော်လျှက်ပါ...လို့....
  • Pauline Kyi အားလုံးဖတ်နေကြတာ။
  • Aung Tha Nge Thiha Kyaw ဖေ့စ်ဘွတ် မသုံးဘူး-လို့လည်း ပြောတယ်... ရင်းမှူး သိုက်ထွန်းဦးရဲ့ ဖဘမှာတော့ ဖတ်ရတယ်-ဆိုတော့ ညည်းကို ဘယ်လိုနားလည်ရမလဲ ခင်ရွှေလှိုင်...

No comments:

Post a Comment