(၂)
အဲဒီတော့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ဟာ ကျောင်းသားထောက်လှမ်းရေးအဖွဲ့က လူတွေက” ဟုတ်တယ်”လို့ဝန်မခံမချင်း ရိုက်နှက် လိုင်းတင်ပေးထား လုပ်ထားခဲ့တဲ့နာမည် မဟုတ်ဘူး၊ စတင်အဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင်ပြောသွားခဲ့တဲ့ နာမည်လည်း မဟုတ်ပါဘူး။ နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့ အချိန်ကျမှ “သူ လုပ်ထားတာပါ “လို့ “သူကိုယ်တိုင် ဝန်ခံထားတဲ့အတွက်” သူပေးထားခဲ့တဲ့နာမည်။
မြန်မာစာ မြန်မာစကားတတ်သူတိုင်း “ရေလှိုင်း”ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကောင်းကောင်း နားလည်ပါလိမ့်မယ်။”အင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ရိုက်ခိုက်ဖြိုခွဲတတ်တဲ့သဘော”။
ဘာကြောင့် “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်ကို နန်းအောင်ထွေးကြည် ပေးခဲ့ပါသလဲ။
“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ကိုလည်း ငါအသားအနာမခံနိုင်တော့လို့ ကြားဖူးနားဝရှိတဲ့ ပါးစပ်ထဲတွေ့ရာအမည်ကို ငါလျှောက်ပြောခဲ့တာပါ”လို့ အသားနာခဲ့ရတာကိုပဲလွဲချ နှစ်သိမ့် ပြောပြောလာရင် ကိုယ်ချင်းစာ နားလည်မှု့အပြည့်နဲ့ လက်ခံပေးလိုက်ပါ့မယ်။
ဒါပေမဲ့ နောက်ထပ် မေးခွန်းတခုတော့ ထပ်မေးရပါလိမ့်မယ်။
“ဒါဆို မင်းပါးစပ်ထဲတွေ့ရာ လျှောက်ပေးခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ နာမည်နဲ့ ရော အဓိပ္ပါယ်နဲ့ပါ တထပ်တည်း ထပ်တူကျအောင် ကိုက်ညီသွားခဲ့ရတဲ့အထိ အဖွဲ့ရဲ့သုံးပုံတပုံ သောလူဉီးရေ ဉက္ကဌအပါအဝင် လူပေါင်းအယောက်တရာ နီးပါးလောက် ဘာကြောင့် ရေလှိုင်းအသွင် အလုံးအရင်းနဲ့ကို ထောက်လှမ်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာပါလဲ။”
ဒီမေးခွန်းကို “ရေလှိုင်းစစ်ဆင်ရေးက ငါလုပ်ထားတာ”ဆိုတဲ့ နန်းအောင်ထွေးကြည် ဘယ်လိုများ ဖြေမှာပါလဲ။
ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခဲ့တာမှန်ရင် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ကိုက်ညီနေဖို့မရှိပါဘူး။
တလွဲတချော်တွေ ကမောက်ကမတွေပဲ ဖြစ်နေကြရမှာပါ ။
လက်တွေ့မှာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး”ခေါင်းစဉ်နဲ့ ရဲဘော်ရဲမေတွေ တပုံတခေါင်းကြီး ရေလှိုင်းအသွင်နဲ့ကို ထောက်လှန်းရေးတွေ ဖြစ်သွားခဲ့ကြရတဲ့ အခြေအနေရလဒ်က ညီမျှခြင်းချကြည့်လို့ရနေပါတယ်။
ဖြစ်ပျက်ခဲ့တဲ့အကျိုးရလဒ်တွေဟာ နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ အကြောင်းအရာခေါင်းစဉ်နဲ့အညီကို ဖြစ်ပျက်သွားခဲ့ကြတာ တွေပါ။
နန်းအောင်ထွေးကြည် ပါးစပ်ထဲက တွေ့ရာလျှောက်ပြောခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ အမည်နာမအတိုင်း ဘာကြောင့် အရာအားလုံးဟာ အံဝင်ခွင်ကျ ဖြစ်ပျက်သွားခဲ့ကြရ ပါသလဲ။
“ရေလှိုင်းစစ်ဆင်ရေး”လို့ နန်းအောင်ထွေးကြည်ထုတ်ပြောလိုက်တာနဲ့ -------။
ရေလှိုင်းစစ်ဆင်ရေးဆိုတာဘာလဲ။
ဘယ်လိုပုံစံမျိုးလဲ။
ဘာတွေလုပ်ကြဖို့ အစီအစဉ်ရှိနေလဲ။
ဒီမေးခွန်းတွေကို နန်းအောင်ထွေးကြည် ဘယ်လိုဖြေခဲ့ ပါသလဲ။
ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်ညွန်းက ဘယ်လိုပုံစံမျိုးလဲ။
“ရေလှိုင်းစစ်ဆင်ရေးဆိုတာ---။ ဘယ်သူတွေလဲတော့ ကျမ မသိဘူး၊ ဒါပေမဲ့ စစ်ဆင်ရေး ဆိုတော့ လူအတော်များများတော့ ရှိနေလိမ့်မယ်။ ဒေသတခုစီမှာ လူတယောက်စီတော့ရှိနိုင်တယ်၊ အဲဒီတယောက်စီမှာ အနည်းဆုံး သူ့အဆက်အသွယ် ငါးယောက်လောက်တော့ အကြမ်းဖျဉ်း ရှိတယ် ။ ကျမအဆက်အသွယ်တွေကတော့ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကေအိုင်အေဘက်မှာက မမညို၊ မမနှင်းမေတို့”လို့ သူပြောခဲ့၊ဖြေခဲ့ပါသလား။ ဒါကြောင့် လူတယောက်ကို ဖမ်းမိတိုင်း နောက်ထပ်လူငါးယောက် နာမည်မရမချင်း ရိုက်စစ် ခဲ့ကြတာလား။
ဒါပေမဲ့ ကြောင် (ခ) ကိုကျော်နိုင်ဉီး(သယာဝတီ)ပြောခဲ့တယ်။ သူကတော့ တယောက်မှ ဆွဲမထည့်ခဲ့ဖူးလို့ ဆိုပါတယ်။ ကိုညီညီကျော်ကတော့ ငါးယောက်အနည်းဆုံး ဆွဲထည့်ရတယ်လို့ ဆိုပါတယ်။ သူတို့ အချင်းချင်းကြားမှာကို ကွဲလွဲနေပါတယ်။
နန်းအောင်ထွေးကြည် ပြောခဲ့ဖူးသလို “သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်(ခ) သန်းထွန်းစိုးပါ”ဆိုပြီး အားလုံးကို ထွက်ပြေးသွား တဲ့ သန်းထွန်းစိုးအပေါ်ပဲ အကုန်လွဲချခဲ့တယ်။” ဆိုတဲ့ စကားအရ ထည့်ပေါင်းရရင် နန်းအောင်ထွေးကြည် ဆွဲထည့်ခဲ့တာ ငါးယောက် မကပါ။ သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်ပါလို့ဖြေခဲ့တယ်လည်းပြောတယ်။ သူတို့ပေးထားတဲ့ ရာထူးအရ နောက်ထပ် ( ဗိုလ်မှူးလား ဗိုလ်ကြီးလားတော့ ကျမ မသိ။ ဒါတွေက အခုချိန်မှ သူတို့ဘာသာ သူတို့ထုတ်ပြောလာလို့သာ ကျမတို့ရဲဘော်ရဲမေ အများစုက သိခဲ့ရတဲ့အရာတွေ ) အဆင့်ရှိတဲ့ ဉက္ကဌ ကိုထွန်းအောင်ကျော်ကိုလည်း ငါပဲဆွဲထည့်ခဲ့တာ ပြောခဲ့ပြန်တယ်။
သူပြောတဲ့စကားအရဆို သူ့အထက်မှာ အရာရှိက နှစ်ယောက်တောင် ဖြစ်နေပြီး သူက တော်တော်လေးအရေးပါခဲ့တဲ့ အနေအထား မျိုးကနေ ထွက်ဆိုထားခဲ့တာကို တွေ့မြင်နိုင်သလို မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့စဉ်ကလည်း သူကအဓိကကျတဲ့ ဇာတ်ဆောင် မင်းသမီးတယောက်လည်း ဖြစ်ခဲ့ပါတယ်။
ကေအိုင်အေအဆောင်မှာ ကျမသူ့ကိုသွားတွေ့တုန်းက “ကိုယ်မလုပ်ပဲနဲ့ ဘာတွေလုပ်သလဲ မေးရင် ဘယ်လိုလုပ်ဖြေမလဲ”ဆိုတဲ့ ကျမရဲ့မေးခွန်းကို နန်းအောင်ထွေး ကြည် ဒီလိုဖြေခဲ့တယ်။
“အဲဒါက ငါတို့တယောက်နဲ့တယောက်မတူဘူး။ လိုင်းတွေခွဲထားတယ်။
၁။ ရဲဘော်နဲ့လူကြီးတွေကြား ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲမှာ ဒီနည်းကိုသုံးပြီး တိုက်ပိတ်ဉီးဆောင်ခဲ့တယ်။ အဲဒီအပတ်စဉ်(၅) ဆန္ဒပြပွဲကိုပဲ ပြန်လည်အသုံးချဖြေထားခြင်း) ၊
၂ ။ဉီးဆောင်တဲ့နေရာတွေ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ဘက်ကို ခေါ်သွားမှာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲကတဆင့် ကိုထွန်းအောင်ကျော်အပါအဝင် ရန်ကုန်မန္တလေးကလူ အတော်များများ ဗဟိုကော်မတီဖြစ်လာကြခြင်းကို ဆွဲထည့်ဖို့ခိုင်လုံလောက် တဲ့အကြောင်းပြချက်အဖြစ်နဲ့ ပြန်လည်အသုံးချဖြေထားခြင်း၊ အသားအနာမခံနိုင်လို့ ရှာကြံဇာတ်လမ်းတွေ ရေးခဲ့ ဖြေခဲ့ရပါတယ် ဆိုရင်တောင် ဒီလိုလိုင်းမျိုး ရေးဖို့ဖြေဖို့ အမှန်တကယ် လိုအပ်ခဲ့ပါသလား။ ဘယ်လိုစိတ်ကူးမျိုးနဲ့ပါလိမ့်)
၃ ။ဒါမှ မရရင်လက်နက်နဲ့ အာဏာသိမ်းမယ်။
၎ ။နောက်ဆုံးမရတော့ရင် လူကြီးတွေကို အဆိပ်ခပ်သတ်မယ်။ (ဒီလိုင်းတွေကြောင့်ပဲ မရှိတဲ့အဆိပ်ကို ရှာကျန်ဖန်တီး ထုတ်ပေးခဲ့ကြတာတွေ ဖြစ်လာခဲ့တာပါ။)
ဒီဖြစ်ရပ်မှာ ဒီလိုင်းတွေ ချထားတာကိုက ထူးခြားမှု့ တခုပါ။ ဒီတင်ထားတဲ့ လိုင်းတွေအရကို အပတ်စဉ်(၅)ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တဲ့သူတွေရော အဲဒီကတဆင့် ဗဟိုကော်မတီဖြစ်လာကြတဲ့ သူတွေကိုပါ ဉီးဆောင်တဲ့နေရာ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ လိုင်းရောက်အောင် ခေါ်သွားမဲ့ ရန်သူ့လူတွေအဖြစ်နဲ့ ညွန်းဆိုဖြေထားတဲ့သဘောကို တွေ့ရပါတယ်။
လက်နက်နဲ့ အာဏာသိမ်းမဲ့သူတွေအဖြစ် ညွန်းဆိုအဖြေခံခဲ့ရတဲ့ သူတွေကတော့ ဘယ်လိုမှ ရှာကြံထုတ်ပေးလို့ မရတဲ့အရာဖြစ်လို့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရတဲ့ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့လို လူတွေဖြစ်ဖို့ အလားအလာရှိနေပြီး
အဆိပ်ခပ်သတ်မဲ့သူတွေကတော့ သူတို့ကိုယ်တိုင် ပြောခဲ့ရေးခဲ့ကြသလို ဓါတ်ခဲအဟောင်းတွေထဲက အမှုန့်တွေထုတ်ပေးတာမျိုး၊ ပန်းချီဆွဲတဲ့ မင်ပုလင်းထုတ်ပေးလိုက်တာမျိုးတွေ လုပ်နိုင်လို့ သက်သာရာရသွား ခဲ့ကြတယ် ထင်ပါတယ်။
ဒီလိုင်းတွေကို ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ လုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သာ လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ အဆိပ်တွေ မရမချင်း ထုတ်မပေးမချင်း နန်းအောင်ထွေကြည်ပြောခဲ့သလိုဆို ရိုးရိုးရိုက်နှက်စစ်တာမျိုး တောင် မဟုတ် မိုင်ကပ်၊ လက်ဖြတ် ၊ခြေဖြတ် ရက်စက်တဲ့နည်းပေါင်းစုံ ကိုသုံးပြီး ရိုက်နှက်စစ်မေးမြန်းနေခဲ့ကြတယ် ဆိုတာတွေ က ထင်ရှားနေပါတယ်။
ဒါတွေတက်လာတဲ့အချိန် နန်းအောင်ထွေးကြည် ပြောခဲ့တဲ့ ဒီလိုင်းတွေခွဲထားခဲ့တာနဲ့ ပတ်သက်ပြီး ကျမ သူ့ကိုထပ်မေးတဲ့အခါ သူမဖြေတော့ပဲ စကားလမ်းကြောင်း လွဲခဲ့တယ်။ ဘာကြောင့် သူရိုးသားပွင့်လင်းမှု့ မရှိခဲ့ပါသလဲ။ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ဖော်ထုတ်မယ်ဆိုတဲ့သူမှာ ဖုံးကွယ်ထိန်ချန်ထားစရာ ဘာအကြောင်းတွေများ ရှိနေပါသေးသလဲ။
“ငါမင်းကို ပြောခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ”ဆိုတဲ့စကားအရ ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကို ထည့်မပြောပဲ ကျမကို သူပြောခဲ့တဲ့ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည်ပဲ လုပ်ထား ဖော်ထားခဲ့ခြင်း ဖြစ်ပါတယ်။
ကျောင်းသားထောက်လှမ်းရေးဘက်က ချပေးပြီး ဝန်မခံမချင်းရိုက်နှက်စစ်ဆေးထားတဲ့လိုင်းတွေ မဟုတ်ဘူးဆိုတာ ပိုပြီးရှင်း သွားပါတယ်။
“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်နာမနဲ့အတူ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည် ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဖော်ခဲ့လုပ်ခဲ့ရ တာပါလဲ။
(၃)
- Zaw Ye အစ်မရေ အဲ့ဒီ ရေလိုင်းစစ်ဆင်ရေး ဆို တဲ့ နာမည် က ပါးစပ်က တွေ့ကရာပေးတာမဖြစ်နိုင်ဖူး ဗကပ ရဲ့ စီစီဝမ်း၊တာပန် တိုက်ပွဲတုံး က စစ်ဆင်ရေး နာမည် ၁၉၈၈ မတိုင်ခင် က ကျနော်အမှတ်မမှားဖူးဆိုရင် အခု သီဟသူရတင်အောင်မြင့်ဦး ဘွဲတဆိပ် ရခဲ့ဖူးတဲ့တိုက်ပွဲပေါ့
- Tamar Khin မသိပါဘူးဟာ၊ အခုလုပ်နေကြတာတွေက အေဘီကို မိဘပြည်သူတွေ ထောက်ခံမှု့မဲ့အောင် လုပ်နေတဲ့သဘော ဖြစ်နေလို့ သူတို့နည်းတူ အားကျမခံ ဒါ ရေမဲ့ငါးစစ်ဆင်ရေးလို့ နာမည်ပြန်ပေးထားလိုက်တယ်၊ အရင်က ရေးတဲ့စာထဲမှာ၊
- Zaw Ye ကောင်းတယ် အစ်မရေ အစ်မ ရေတာ အချက်အလက်ရှိတယ် သူက ၈၈ဖြစ်တာတောင် ကွန်မြူနစ်တွေ ကကြိုးကိုင်လိုဆိုဘဲ ခင်ညွှန့် တိုလေသံ နဲ့တစ်ထပ်ထဲဘဲ
No comments:
Post a Comment