Wednesday, January 30, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၆)



by Tamar Khin on Wednesday, January 30, 2013 at 5:13pm ·

အရင်တုန်းက ကျမနဲပတ်သက်ပြီး ကျမမေးခဲ့တုန်းက “မင်းနဲ့ပတ်သက်ပြီး သိပ်မမေးဘူး၊ တချက်နှစ်ချက်လောက်ပဲ။ မင်းရဲ့ငါးနှစ်စီမံကိန်းဆိုတာလေ ငါးနှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွေလှိုင်များ ဖြစ်နေမလားလို့ ရှာကြည့်တာပါ ငါဖြေလိုက်တယ်။” ပြောခဲ့ တယ်။

နောက်တခါ သူဖုန်းဆက်တော့”မင်းရဲ့ငါးနှစ်စီမံကိန်းဆိုတာလေ အဲဒါ ချ (ကိုသံချောင်း)တို့ လူကြီးတွေကို အနုနည်းနဲ့ ဆွဲဆောင်ဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်။” လို့ နောက်ပုံပြင်တခု ထပ်ဖြစ်သွားပြန်ရော။

အခုနောက်ဆုံး မေသင်္ကြန်ဟိန်းရေးထားတဲ့ စာထဲမှာတော့ ”ဒါ ကျမလုပ်လိုက်တာ၊ ငါးနှစ်အတွင်းမှာ ကျောင်းသားတပ်မတော်ကြီး ကို စည်းရုံးဖို့ ကျမလုပ်ခဲ့တာတဲ့။”တဲ့ နောက်ထပ်တမျိုး မရိုးရအောင်ဆိုရတော့မလို၊ အဲဒါ နန်းအောင်ထွေးကြည် မှတ်မိနေပါတယ် ဆိုတဲ့ သူ့ပါးစပ်ထဲက တွေ့ကရထွက်တဲ့ ငါးနှစ်စီမံကိန်းဆိုတာပဲ။

ဇာတ်လမ်းတွေထဲမှာတော့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ငါးနှစ်စီမံကိန်းကို အမှတ်မိဆုံးတဲ့။ မှတ်မိရမှာပေါ့ အဲဒီခေါင်းစဉ်အတိုင်းကို မြောက်ပိုင်းတင်မက တောင်ပိုင်းမှာပါ ဇာတ်လမ်းစဖို့ လမ်းစရသွားကြတော့မလို့။

ကျမ မြောက်ပိုင်းဆောင်ပါးတွေတင်တဲ့အချိန်၊ ကိုနိုင်အောင်က "ရေလှိုင်းစစ်ဆင်ရေး"ပါလို့ ထုတ် ပြောတဲ့အချိန်ကျတော့ “ရေလှိုင်းစစ်ဆင်ရေးတို့၊ ငါးနှစ်စီမံကိန်းတို့ဆိုတာ ဉက္ကဌသံခဲမိန်းမ ခင်ရွေလှိုင်လုပ်ခဲ့တဲ့ဇာတ်လမ်း သူအသိဆုံးပဲ၊ အသားအနာခံ အရိုက်အနှက်ခံပြီး သူ့ကို ကာကွယ်ရင်းနဲ့ ရလာခဲ့တဲ့ဇာတ်လမ်း”လို့ သူ့ရဲ့ကွန်မင့်တခုမှာ ရေးထည့်ထားပြန်ရော။

တချက်နှစ်ချက်လောက်ပဲ အရိုက်ခံရတယ်ပြောခဲ့ရာကနေ နေ့ချင်းညချင်းကြီး အရိုက်အနှက်ခံခဲ့ ရတဲ့အချက်တွေ အများကြီးဖြစ် သွားတဲ့အပြင် ကျမကိုကာကွယ်ရင်းနဲ့ပဲ ဒီအဖြစ်အပျက်ကြီး တခုလုံးဖြစ်လာခဲ့ရသလို အနေအထားမျိုး (အဲဒီလိုတွေ ပြောခဲ့ကြတဲ့ အချိန်တုန်းက) ရောက်သွားသေးတယ်။  ကျေးဇူးပဲ တင်ရတော့မလို ၊ ထိုင်ပဲ ကတော့ရတော့မလိုပါ။

ငါးနှစ်စီမံကိန်းက ကျမလုပ်ခဲ့တယ်ပဲ ထားပါတော့။ သူလုပ်ခဲ့တဲ့  ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကြီးက  ကျမနာမည်ကို အသုံးချပြီး အဲဒီလိုပြောတဲ့အချိန်က သူ့ကွန်မင့်ထဲမှာ ရှေ့ဆုံးကနေ ဘာကြောင့် အစစ်ပါနေခဲ့ရပြန်ပါသလဲ။ အေဘီဉက္ကဌမိန်းမဆိုပြီး ထည့်ကောင်း တိုင်းအစစ် တွေ ထည့်ပေးနေတာလား မသိ။

“ရေလှိုင်းစစ်ဆင်ရေး”လို့ ကိုနိုင်အောင်က နာမည်တပ်ပြီး ထုတ်ပြောတဲ့အခါမှ “ရေလှိုင်း စစ်ဆင်ရေး”ကို သူလုပ်ထားတာလို့ နန်းအောင်ထွေးကြည် ထုတ်ပြီး ဝန်ခံခဲ့တာပါ။ ဒီမတိုင်ခင်   သူလုပ်ခဲ့တဲ့လိုင်းတွေကို ကျမကို ပြောခဲ့တဲ့အချိန်တုန်းက ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့နာမည်ကို တပ်မပြောပဲ ချန်လှပ်ထားခဲ့ပါတယ်။ ဒါကြောင့် “ရေလှိုင်းစစ်ဆင်ရေးတွေ လေလှိုင်းစစ်ဆင် ရေးတွေ  ငါမသိဘူး။ ငါသိတာ မင်းပြောခဲ့တဲ့လိုင်းတွေခွဲထားတာပဲ။ အဲဒီလိုင်းတွေ မင်းလုပ်ထား မှန်း အခု မင်းပြောမှ ငါသိတာ”လို့ သူဖုံးဆက်တဲ့အချိန်က ကျမ ပြန်ပြောခဲ့တာတွေလည်း ကျမရေးခဲ့ပြီးသားပါ။

ရေလှိုင်းစစ်ဆင်ရေးကို သူလုပ်ခဲ့တာပါလို့ သူဝန်ခံလိုက်တဲ့အချိန်မှာပဲ သူလုပ်ခဲ့တဲ့ “ရေလှိုင်း စစ်ဆင်ရေး”ကို သူပြန်ရှင်းပြရမဲ့ တာဝန် သူ့မှာရှိမှန်း နန်းအောင်ထွေးကြည် သိနေပါတယ်။   လူလည်လုပ်ပုံက လိုအပ်တာကို မရှင်းပြတဲ့အပြင်  (၅)နှစ်အတွင်း ရည်းစားမထားဖို့ ကျမတို့ လုပ်ခဲ့တဲ့ ငါးနှစ်စီမံကိန်းဆိုတာကို (မလိုအပ်ပါပဲ) အဲဒီအချိန်မှာ ဖြည့်စွပ်ဖော်ထုတ် ရောချပြောဆိုလိုက် ပြီး ကျမဘက်ကို အာရုံပြောင်းအောင် မြားဉီးလှည့်လိုက်ပါတယ်။

ပြောခဲ့တဲ့အချိန်မှာလည်း အဲဒီမတူတဲ့အကြောင်းအရာနှစ်ခုကို ရောချလိုက်ပြီး ဇာတ်လမ်းက တခုတည်းပဲ ဖြစ်သလိုလို ဘာလိုလို ထင်ယောင်ထင်မှားဖြစ်သွားအောင် တွဲပြီး ရောပြော ရောရေးထားရုံတင်မကဘူး ဉက္ကဌသံခဲမိန်းမဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ဖြည့်စွပ် ထည့်ပြီး ကျမအသိ ဆုံးပဲလို့ ကျမကို လက်ညှိုးပြန်ထိုးပြပြီး သက်သေထူလိုက်ပါတယ်။ (မန္တလေးသား ဉက္ကဌက အသတ်ခံခဲ့ရ တယ်၊ မန္တလေးသား အတွင်းရေးမှူးကို အပြစ်အားလုံး  နာမည်တပ်ပြီး ပုံချလမ်း လွဲဖို့ ချန်ထားခဲ့တယ်။ နှစ်ယောက်လုံးနဲ့ နီးစပ်မှု့ရှိခဲ့တဲ့ မန္တလေးသူ ကျမကတော့ မျက်မြင် သက်သေပေါ့လေ။ တော်တော်သွားတဲ့ ဉနှောက်တွေပါ။)  ယုံကြည်ချင်ပါတယ်။  ဒါပေမဲ့ ဘယ်မှာလဲ နန်းအောင်ထွေးကြည်ရဲ့ ရိုးသားမှု့။

ကျမတို့ လက်မထပ်ခင် အချိန်လောက်ကတည်းက သွားချင်လွန်းလို့မဟုတ်ရှာပါပဲ ကံမကောင်း အကြောင်းမလှစွာ ကြုံရာကားနဲ့ နိုင်ငံခြားလိုက်ပါသွားခဲ့ရရှာတဲ့ "ဘိုထီးကြီး"ကိုအောင်မိုးဝင်း ခမျာမှာလည်း မနေသာပါဘူး။ အဲဒီအချိန်က ဝိုင်းကူအော်ပေးခဲ့ရှာပါ သေးတယ်။ ဘာတဲ့ “လူထုက ဘိုမလေးကို အရိုက်အနှက်ခံ ကာကွယ်ရင်းနဲ့ ရခဲ့တဲ့ဇာတ်လမ်း” ဆိုပါလား။ (ကိုအောင်မိုးဝင်းရေ နန်းရှေ့က လူထုမိသားစုအကြောင်း သိချင်သေးတယ်ဆိုရင် ဖိုးသံချောင်း(လူထု)ကိုသာ တိုက်ရိုက် မေးကြည့်ပါနော်။)

အခုနောက်ဆုံး မေသင်္ကြန်ဟိန်းရေးတဲ့ စာထဲမှာတော့ ကျမကပဲ ကျောင်းသားထောက်လှမ်းရေးနဲ့ပေါင်းပြီး သူ့ကို တမင်အကွက် ဆင်ထားခဲ့သယောင်ယောင်လေးပြထားပေမဲ့ အဲဒီလိုလည်း မစွပ်စွဲရဲဘူး။ အဖမ်ခံခဲ့ရတဲ့သူတွေထဲမှာကို ကျမရဲ့စိတ်နေစိတ်ထား တွေကို သိနေတဲ့ရဲဘော်တွေ အများကြီးရှိနေတယ်လေ။ အဲဒီအချိန်တုန်းက အပျော်ပေါ့--ရယ်စရာပေါ့ ဆိုတာလေးနဲ့ ပြန်ပိတ်ထား လိုက်ပြန်တယ်။ ဒီလောက်ဆို တခြားသူတွေကို ဆွဲထည့်ဖြေခဲ့စဉ်က နန်းအောင် ထွေးကြည်ရဲ့ လေသံအနေအထားကို ခန့်မှန်းနိုင်ပါ လိမ့်မယ်။

အဲဒီအချိန်က ဒါကိုကျမလုပ်မှန်း လူကြီးတွေတင်မက ကျောင်းသားထောက်လှန်းရေးပါမကျန် ရဲဘော်ရဲမေအားလုံးနီးပါးကပါ သိနေကြတော့ ရဲဘော်တွေအတော်များများ ကျမကို နှာတင်းကုန်ကြတယ်။ နန်းအောင်ထွေးကြည်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရင်းမှူးသိုက်ထွန်းဉီးတောင် အဲဒီ ငါးနှစ်စီမံကိန်းကြီး ခံနေလို့တဲ့လေ။ ရင်းမှူးသိုက်ထွန်းဉီး ရိုးအပုံများ။

ကျမလုပ်တာမှန်း တတပ်လုံးသိနေပြီးသားကိစ္စ “ဘယ်သူလုပ်တာလဲတော့” မေးမှာ မဟုတ် ဘူး။ မေးမဲ့မေး “အဲဒီ ငါးနှစ်စီမံကိန်း ကရော ဘာလဲ”ဆိုတာပဲ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သူကပဲ အဲဒီ ငါးနှစ်စီမံကိန်းကြီးကို သွားသတိရပြီး တစုံတရာအတွက် ထည့်သုံး ဖြေခဲ့လို့သာ ကျောင်းသားထောက်လှန်းရေးက လာရှာသိမ်းသွားတာဖြစ်လိမ့်မယ်။  အဲဒီစာရွက် ကျမဆီမှာ ရှိမရှိ တောင် ကျမသတိ ထားမိခဲ့တာ မဟုတ်ပါဘူး။ ကျမအတွက် သတိထားလောက်တဲ့ကိစ္စလည်း မဟုတ်ခဲ့ဘူး။ ဒါမှမဟုတ် ဒါကို အကြောင်းပြချက်တခု လုပ်ထားပြီး ကျမကို မရအရ ဆွဲထည့်ဖို့ ကြိုးစားကြည့်တာ ကျောင်းသားထောက်လှမ်းရေးက သံသယအဆင့်မှာပဲထားပြီး မဖမ်းခဲ့ လို့ပဲ ဖြစ်ရမယ်။

ဒီပုံစံအတိုင်းဆို တောထဲမှာ အဖမ်းမခံခဲ့ရပေမဲ့ အကောင်းကြီးကနေ အံတာနဲ့ဝမ်းလျှောတာ တပြိုင်နက်တည်းဖြစ်ပြီး သူငယ်ချင်း တွေက ကျမကို သေပြီထင်ကြတဲ့အထိ သတိလစ်ဆေးရုံ ရောက်သွားခဲ့တဲ့အဖြစ်၊ သတိရလာတော့ လက်သည်းတွေ အားလုံး ပုတ်သွားပြီး  အရိုးပေါ်အရေတင် ဖြစ်သွားခဲ့တဲ့အဖြစ်တွေက အစာအိမ်တွေ အူတွေပြတ်ထွက်ခြင်းနဲ့ သက်သေပြလို့ မရတဲ့ သေစေနိုင်တဲ့အဆိပ်မိခဲ့တာပဲ ဖြစ်ဖို့များတယ်။ မသေပဲ ပြန်ရှင်လာတော့ မသက်သာလို့ သက်သေအဖြစ်ထားဖို့ လုပ်ခဲ့ကြတာပဲ ဖြစ်မယ်။

ဗန်းမော်ရင်းမှာ စစ်ဆေးမေးမြန်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ကြောင့်လည်းမဟုတ်၊ ဖျားနာနေလို့ လည်း မဟုတ်ပဲ အချုပ်ထဲမှာ ရုတ်တရက်သေဆုံးသွာခဲ့တဲ့ ကိုအေးကျော် (မန္တလေး၊ ဂေါစတာ) ရဲ့အဖြစ်ကလည်း စိတ်ဝင်စားစရာတခုပါ။

နန်းအောင်ထွေးကြည် မင်သေသေနဲ့ ပြောခဲ့လုပ်ခဲ့သမျှ အခုလိုပဲ ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့ကြရင်းက ချောက်ထဲတွန်းပို့ခံခဲ့ ရတဲ့ ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ရဲ့ ပုံရိပ်တွေကို မြင်ယောင် မိပါသေးတယ်။

မြောက်ပိုင်းအဖြစ်အပျက်ဟာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့”ရေလှိုင်းစစ်ဆင်ရေး”  ဝတ္ထုဇာတ်ညွန်းနဲ့ ”ရန်သူဆို ညှာနေလို့မဖြစ်ဘူး ချသာချ”ဆိုတဲ့ အဲဒီလို စိတ်ကြမ်း စရိုက်ရိုင်း တွေ ပေါင်းစုံသွားခြင်း ရလဒ်တခုလည်း ဖြစ်ပါတယ်။

ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ကတော့ နန်းအောင်ထွေးကြည်ရဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ သူလုပ်ခဲ့ တဲ့ လိုင်းတွေကို ယုံကြည်ခဲ့လို့ ရန်သူဆို ချသာချဆိုပြီး ချခဲ့ကြပြီ။ အဲဒီတော့ ခံရတဲ့သူတွေက လည်း အသားအနာမခံနိုင်လို့ ထောက်လှန်းရေးပါဝန်ခံလိုက်ရတယ်။ နီးစပ်ရာ လူတွေကို ဆွဲထည့် ဖြေကြရတယ်။ ကိုယ်ချင်းစာနာမှု့နဲ့ နားလည်ပေးနိုင်ပါတယ်။ လူပဲ ဘာသားနဲ့ ထုထားတာမှတ်လို့။

ဒါပေမဲ့ မြောက်ပိုင်းရဲဘော်ရဲမေတွေကို မေးကြည့်ချင်ပါတယ်။ ဉက္ကဌကိုထွန်းအောင်ကျော်ဟာ နန်းအောင်ထွေးကြည် ဆွဲထည့်ဖြေ ရတဲ့ထိ နန်းအောင်ထွေးကြည်နဲ့ နီးစပ်မှု့ရှိခဲ့ဖူးတဲ့ရဲဘော် တယောက် ဟုတ်ပါသလားဆိုတာကိုပါ ။ ဘယ်တုန်းက ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေနဲ့ နီးစပ်မှု့ ရှိခဲ့ဖူးတာပါလဲ။

ဘယ်တုန်းကမှ ဘယ်လိုမှကို နီးစပ်မှု့မရှိခဲ့တဲ့အပြင် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင်တဉီးဖြစ်ခဲ့သလို တွေ့ချင်ရင်တောင် ဉက္ကဌနေတဲ့တဲမှာ တကူးတကတက်တွေ့မှ တွေ့ဆုံစကားပြောနိုင်တဲ့ မြောက်ပိုင်းကျောင်းသားတပ်ရဲ့ ဉက္ကဌ။

ကျောင်းသားထောက်လှမ်းရေးက ကိုထွန်းအောင်ကျော်ဟာ ထောက်လှမ်းရေးလားလို့ နာမည်တပ်ပြီး နန်းအောင်ထွေးကြည်ကို မေးခဲ့တာမဟုတ်ပါဘူး။ ကျမလို လူမျိုးကိုတောင် အသားအနာခံ အရိုက်ခံ ကာကွယ်ပေးခဲ့ပါသလေး ညာသလေးအော်နေတဲ့သူက  ဉက္ကဌကိုထွန်းအောင်ကျော်ကို နာမည်တပ်ပြီး ရိုက်မေးခဲ့တာလည်း မဟုတ်၊ နီးစပ်ရာဆွဲ ထည့်ရမဲ့လူလည်း မဟုတ်ပါပဲနဲ့ ဘယ်လို အကြောင်းတွေကြောင့် ထောက်လှန်းရေးပါလို့ ဆွဲထည့်ဖြေခဲ့ရပါသလဲ။  တခြားလူတွေ ဘယ်လို လက်ခံ နားလည်နေကြသလဲ တော့ ကျမ မသိဘူး။  ကျမကတော့ နားမလည်နိုင်ဘူး။ လက်ခံလို့ မရဘူး။

ဉက္ကဌတယောက်လုံးကိုတောင် ထောက်လှမ်းရေးဖြစ်သွားအောင် ဆွဲထည့်ဖြေရဲတယ်ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ သတ္တိနဲ့အဆင့် က  ခေသူတော့ မဟုတ်ပါဘူး။ ဉက္ကဌတယောက်လုံးကို ဆွဲထည့်ဖြေရဲဖို့ဆိုတာတော့  နောက်ခံဘက်ကတောင်း ကောင်းကောင်း တခု မရှိပဲနဲ့ ဖြစ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်လမ်းဆိုတာတွေကလည်း အတော်လေးကို ပီပြင် အသက်ဝင်ခဲ့မဲ့ပုံပေါ်ပါတယ်။

ဒါတွေကြောင့်လည်း ကိုကြီးချင်းထပ်နေတဲ့သူ့စာကို မသိတဲ့သူတွေသာ ကြွေရင်ကြွေသွားနိုင် တယ်။ နအဖတပ်ရင်း တရင်းလုံး တပ်မှူးကအစ  ကေအိုင်အေက အလစ်အငိုက်ဝင်တိုက် ဖမ်းဆီးခံကြရတာကို ရိုက်ထားတဲ့ ဗွီဒီယိုအခွေ တောထဲမှာပြတုန်းက သူမျက်ရည်ကျခဲ့တယ် ဆိုတာကို ကြားဖူးခဲ့တာက လွဲပြီး ကျဆုံးသွားတဲ အေဘီရဲဘော်ရဲမေတွေနဲ့ ပတ်သက်ပြီး နန်းအောင်ထွေး ကြည်ရဲ့ခံစားချက်ဆိုတာမျိုးတွေ  အနည်းဆုံး မခင်ချိုဉီးကိုတောင် အသုံးချခဲ့တာကလွဲပြီး ဘယ်လို ခံစားမှု့မျိုးကိုမှ သူ့ဆီက ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ကျမကတော့ ခံစားလို့ကို မရခဲ့တာပါ။

ကျမက ကိုကြီးခေါ်တာ မကြိုက်လို့ ပြောခဲ့ရေးခဲ့တာလည်း မဟုတ်ပါဘူး။ မန္တလေးမှာ ကိုထွန်းအောင်ကျော်ပန်းချီကားကြီးတွေဆွဲ ၊ ကိုမောင်မောင်က ကိုထွန်းအောင်ကျော် အကြောင်းတွေ နှမြောတသသံလေးတွေ နှောရင်း ပြောပြ အများသိတဲ့ ကိုထွန်းအောင် ကျော် ကို ရှေ့တန်းထိုးတင်ပွဲထုတ်ပြီး အများမေတ္တာခံယူပွဲ ဇာတ်လမ်းစဖို့ အကြီးအကျယ် ပြင်နေ ကြတာနဲ့အချိန်ကိုက် အဓိက ဇာတ်ဆောင် မင်းသမီးနန်းအောင်ထွေးကြည်ကလည်း သူနဲ့ ကိုကြီးကြားမှာ မရှိရှိတဲ့လုပ်ဇာတ်လေးတွေ ရင်နာဖွယ်သနားဖွယ် ကောင်းလောက်အောင် သာသာထိုးထိုးလေးရေးတင်ထားတော့   ဖတ်လိုက်တာနဲ့ကို မရိုးသားဖူးဆိုတဲ့သဘောကို တွေ့လို့ အဲဒီလို သဘောနဲ့ ထည့်ရေးခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် အကြောင်းမသိတဲ့သူတွေကတော့ ဖတ်ကြည့်လိုက်တာနဲ့  အဟုတ်ကြီး မှတ်ပြီး နန်းအောင်ထွေးကြည်ကို သနားလွန်း ကြင်နာမိလွန်းလို့ ကိုအောင်မိုးဝင်းတို့ ကိုထွန်းအောင်ကျော် (အမေရိက)တို့လို လူမျိုးတွေဆို မျက်ရည်တွေတွေတောင် ကျသွားကြ မှာပါ။ ဒါက လူတွေရဲ့ ကိုယ်ချင်းစာမှု့နဲ့ ထောက်ခံပံ့ပိုးကို သွယ်ဝိုက်တဲ့နည်းနဲ့ ရယူနိုင်တဲ့နည်းတွေထဲက တနည်းပါ။ သူနဲ့ ကိုထွန်းအောင်ကျော်ကြားမှာ အဲဒီလို နက်နဲတဲ့ဆက်ဆံရေးမျိုး အမှန်တကယ် သာရှိခဲ့ရင် ကျမထည့်ရေးနေစရာအကြောင်း မရှိပါ ဘူး။ အခုဟာ အတင်းလုပ်ယူထားတဲ့ လုပ်ဇာတ်ကြီးလို ရေးထားတာမျိုးလေ။

ကျောင်သားတပ်မှာ ဖျော်ဖြေပွဲရှိတိုင်း ဉက္ကဌကိုထွန်းအောင်ကျော် အမြဲဆိုလေ့ရှိတဲ့သီချင်းက “ဖဲကြိုးဝါ”၊ကိုအောင်နိုင်က “အပျိုကြီး တကယ်လုပ်မှာလား”။ကိုမျိုဝင်းက “ညီစေမင်း”။ ကိုစိန်အေးက “ချစ်တာအပြစ်လား။”ရဲဘော်ရဲမေအားလုံး သိနေကြတာတွေပါ။

ဘယ်သူနဲ့ဘယ်သူ ဘယ်လိုဆက်ဆံရေးမျိုး ရှိကြတယ်ဆိုတာ အတူနေဖူးတဲ့ သူတွေက သိနေ တော့  ပိုမြင်ကြမှာပါ။ အခု ကိုထွန်းအောင်ကျော်ရဲ့နာမည် သိပ်သုံးစရာမလိုတော့တဲ့ အခါကျ နန်းအောင်ထွေးကြည်လေသံတွေကလည်း နည်းနည်းပြောင်း လာပြန်ပါတယ်။ ကိုမောင်မောင်ကတော့  ကျမရေးတဲ့စာလေးနဲ့တင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့က ကျွန်တော့်ရဲဘော် လည်း မဟုတ်ဘူး။ သူတို့ အတွက်ပဲ လုပ်နေတာတွေ မဟုတ်ဘူးတွေ ဘာတွေ ဖြစ်လာတယ်။

ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ အားစမ်းကြည့်လိုက်တာ လက်ရှိအေဘီကိုတော့ အတွင်းအပြင် တကယ်လုပ်နေကြတဲ့ လူမှန်တွေ အတော်များများက လုံးဝအထိမခံကြတဲ့အတွက် ဇာတ်ရှိန်ပြန်သပ် သွားခဲ့ကြတာပါ။ အဲဒီလိုမဟုတ်ပဲ အားလုံးက လက်ပိုက်ကြည့်ခဲ့လို့ကတော့ တွန်းတိုက်ချသွားဖို့ အသင့်အနေအထားမျိုးနဲ့ပါ။

ရာထူးအလိုက် ခေါ်ပြောရလို့ နုတ်ကျိုးနေတဲ့သူတွေတောင် ဉက္ကဌပြောင်းခေါ်ခဲ့ကြရတာပါ။ ကျမကိုတောင် ဒေါ်လှိုင်လို့ခေါ်ခဲ့ရာက နေ တခြားရဲမေတွေနဲ့ မတူပဲ ခွဲခြားဆက်ဆံတဲ့သဘော မျိုး ဖြစ်နေမှာစိုးလို့ သူတို့လူကြီးအဖြစ် တာဝန်ယူလိုက်တာနဲ့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့က ခင်ရွှေလှိုင်လို့ ပြောင်းခေါ်ခဲ့ကြပါတယ်။

ဇာတ်လမ်းဆင်တာ ပုံပြောတာတော့ အရိုက်အနှက်မခံရတော့တာတောင် ဝါသနာက သေးပုံမရပါဘူး။ မေသင်္ကြန်ဟိန်း ရေးထားတဲ့ စာထဲမှာကို  ကိုထွန်းအောင်ကျော် နုတ်တွေ သင်ပေးတုန်းက ကျမတို့က ကိုကြီးလို့ပဲ ခေါ်ကြ တယ်။ အားလုံးကလည်း ဒီလိုပဲ ခေါ်ကြတယ်လေတဲ့။ (အားလုံးဆိုတာ ဘယ်သူတွေလဲ။) သူ ကိုကြီး ခေါ်ရတဲ့ အကြောင်းကို ထပ်ရှင်းပြ လိုက်ပါသေးတယ်။
ဒီလိုအသေးအဖွဲလေးတွေကို ဘယ်သူကမှ အရေးလုပ်ပြောနေမှာ မဟုတ်ပါဘူးဆိုတဲ့ သဘောထင်ပါရဲ့။

တယောက်နဲ့တယောက် ဘယ်လိုခေါ်ပြော ဆက်ဆံကြတယ်ဆိုတာ မြောက်ပိုင်းရဲဘော် ရဲမေ တွေ အားလုံး သိနေကြတဲ့ကိစ္စတောင် ဒီတခါတော့ အားလုံးကိုပါ ဗြောင်ကြီး ထပ်လိမ်ချလိုက်ပါတယ်။ ဒါတောင် အားလုံး မသေသေးဘူး။ မဟုတ်လို့ကတော့ သေပြီး သားလူတွေကိုချည်း ရွေးပြီး လက်ညိုးထိုးပြောတတ်ပုံနဲ့တော့----အင်း။ နန်းအောင်ထွေးကြည် ဆွဲထည့်ခဲ့လို့ တခါခံခဲ့ရပြီးတာ တောင် မမှတ်သေးတဲ့  ကိုရဲလင်း၊ ကိုညီညီကျော်တို့လို ဗဟိုကော်မတီလုပ်ခဲ့ဖူး သူတွေကိုလည်း ကျမ နားမလည်ချင်တော့ပါဘူး။

ကျောင်းသားတပ်နဲ့ ကျောင်းသားရဲဘော်တွေအပေါ်မှာထားတဲ့ နန်းအောင်ထွေးကြည်ရဲ့ စိတ်ဓါတ်ဟာ ပုံမှန် မဟုတ်ဘူးဆိုတာကို ဒီလုပ်ရပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ တကယ်လို့များ ကိုထွန်းအောင်ကျော်သာ ဆွဲထည့်မခံခဲ့ရရင် ဖြေရှင်းပုံဖြေရှင်းနည်းက တမျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒီအတိုင်းပဲ ဖြေရှင်းခဲ့တယ်ဆိုရင်လည်း အခုချိန် တရားဆွဲခံ ရမဲ့သူက ဉက္ကဌကိုထွန်းအောင်ကျော်ပဲ ဖြစ်နေပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ မတော်တဆ ဖြစ်ပျက်ခဲ့ကြတာတွေ မဟုတ်ပါ။ ကြိုတင်ကြံစီထားမှု့တွေနဲ့ပါ။ ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိ အကွက်ကျကျနဲ့ကို ဖြစ်ပျက်သွားခဲ့ကြတဲ့ ကိစ္စတွေပါ။

ဒါနဲ့ပတ်သက်ပြီး နန်းအောင်ထွေးကြည် ကျမကို ပြောခဲ့ဖူးတာက ဒီလိုပါ။

(၇)
  • Hmone Shwe Yi and 6 others like this.
  • Htay Thanhtwaykyu သက်ပြင်းကြီးသာ ချလိုက်ချင်တော့တယ် အခုလိုတွေ နန်းအောင်ထွေးကြည်နာမည်ကိုတိုက်ရိုက်တပ်ပြီး ရေးသားချက်တွေအပေါ် သူ့ဖက်က ဘယ်လိုတွေ တုံ့ပြန်ဖြေရှင်းချက်ပေးသလဲ ဆိုတာတွေကိုရော တစုံတစ်ယောက်ကြားမိသလား ဒီမြောက်ပိုင်းပြသနာကြီးဟာ ကျမတို့အားလုံးကို တော်တော်ဂရက်ရိုက်ခဲ့တယ် သူဒီလိုလုပ်ဆောင်ခဲ့ပါရက်နဲ့ အခုလိုမှာ အချိန်သူကပဲ အသံကောင်းဟစ်လိုက်ပြောနေပြန်တာကိုတော့ ကျမတို့က လက်ပိုက်ကြည့်နေလို့မရတာအမှန်ပဲ အဲဒီလိုဆိုတော့ ဘယ်လိုဖြေရှင်းကြမလဲ ဒီကိစ္စဟာ မခင်ရွှေလှိုင်နှင့် နန်းအောင်ထွေးကြည်ငြင်းခုန်မှုမဟုတ်ဘူး ကျမတို့ ဒီအဖွဲ့အစည်းနဲ့ပါတ်သက်ခဲ့ဖူးသူတိုင်းနှင့်သက်ဆိုင်ပါတယ်

  • Htay Thanhtwaykyu ဟုတ်သားပဲ ငါ့ကိုလဲ ဘလော့သွားတာဖြစ်မယ် သူ့နာမည်ရိုက်ကြည့်တာ မတွေ့ဘူး ဘီဘီစီနဲ့အင်တာဗျူးမှာလားမသိဘူး သူပြောသွားတာ တော်တော်ဆိုးတယ် absdfဆိုတာ ကချင်က ငြိမ်းချမ်းရေးယူလိုက်တဲ့အချိန်ကတည်းက မရှိတော့ဘူး ပျောက်သွားပြီ အခုမှပြန်ပေါ်လာတယ်တဲ့ ကချင်က ဟိုကလိုက်ခေါ်ဒီကလိုက်စုပြီး ကျောင်းသားအဖွဲ့ဆိုပြီး နာမည်ထပ်ပြီး တိုက်ခိုင်းတာဆိုတဲ့သဘောမျိုးပဲသေချာမမှတ်မဘူး အဲဒီလိုတွေ ပြောချင်ရာကိုဟုတ်ဟုတ်မဟုတ်ဟုတ် လက်လွတ်စပယ်ပြောချလိုက်တာဟာ သူ့ရဲ့စရိုက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားဘယ်လိုဆိုတာ မြင်သာနေတယ်

  • Nge Naing သူ့ဘက်က မလှိုင်ကို တုန့်ပြန်မပြန်တော့မသိဘူး မလှိုင်ပို့စ်တွေကို ဘလော့ဂ်မှာ ပြန်ဖေါ်ပြနေတဲ့ ငါ့ကိုတော့ Block လိုက်လို့ သူ့fb ကိုငါမတွေ့ရတော့ဘူး။ မနေ့ကမှ သိတယ်။ http://nge-naing.blogspot.com.au/2013/02/blog-post.html အခုဒီနေ့ ဒီပို့စ်ကို တင်ထားလို့ မလှိုင်ရေးတဲ့ အပိုင်း ၅ နဲ့ ၆ ကို နောက်တနေ့မှ တင်ဖို့လုပ်ထားပါတယ်။ ဒီပို့စ်ထဲက သူ့အကြောင်းတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
  • Htay Thanhtwaykyu ဟုတ်သားပဲ ငါ့ကိုလဲ ဘလော့သွားတာဖြစ်မယ် သူ့နာမည်ရိုက်ကြည့်တာ မတွေ့ဘူး ဘီဘီစီနဲ့အင်တာဗျူးမှာလားမသိဘူး သူပြောသွားတာ တော်တော်ဆိုးတယ် absdfဆိုတာ ကချင်က ငြိမ်းချမ်းရေးယူလိုက်တဲ့အချိန်ကတည်းက မရှိတော့ဘူး ပျောက်သွားပြီ အခုမှပြန်ပေါ်လာတယ်တဲ့ ကချင်က ဟိုကလိုက်ခေါ်ဒီကလိုက်စုပြီး ကျောင်းသားအဖွဲ့ဆိုပြီး နာမည်ထပ်ပြီး တိုက်ခိုင်းတာဆိုတဲ့သဘောမျိုးပဲသေချာမမှတ်မဘူး အဲဒီလိုတွေ ပြောချင်ရာကိုဟုတ်ဟုတ်မဟုတ်ဟုတ် လက်လွတ်စပယ်ပြောချလိုက်တာဟာ သူ့ရဲ့စရိုက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားဘယ်လိုဆိုတာ မြင်သာနေတယ်
  • Nge Naing သူ့အကြောင်း ရေးထားတာတွေလည်း ဘာမှလိုက်ဖြန့်နေတာလည်း မဟုတ်၊ မြောက်ပိုင်းကိစ္စကို သိပ်ထဲထဲဝင်ဝင် လိုက်ပြောဆိုနေသူလည်း မဟုတ်ဘဲနဲ့ နင့်ကိုက ဘာကိစ္စ ဘလော့ဂ်လိုက်တာလဲမသိဘူး။
  • Htay Thanhtwaykyu မသိဘူးဟေ ဘာမှမဖြစ်ဘူး ငါ့မှာရှိတဲ့သူငယ်ချင်းအများစုက ကိုယ်နဲ့သိနေသူကလွဲရင် ကိုယ်ကအက်ထားတာခပ်ရှားရှားပဲဆိုတော့ သူတို့ပဲလာအက် သူတို့ပဲပြန်ထွက်သွားလည်း ဘာမှအကြောင်းမထူးဘူး
  • Hmone Shwe Yiအဲလိုဘဲလူတွေကကိုယ်ဘာမှမမှားရင်ဘာကြောက်စရာလိုလဲ-ဘာလို.သူများဝေဖန်တာမခံနိုင်ရတာလဲမှန်ရင်ဘယ်သူ.မှကြောက်စရာမလိုဘူး
  • Than Htut Swe ဒါတွေကြောင့်လည်း ကိုကြီးချင်းထပ်နေတဲ့သူ့စာကို မသိတဲ့သူတွေသာ ကြွေရင်ကြွေသွားနိုင် တယ်။ နအဖတပ်ရင်း တရင်းလုံး တပ်မှူးကအစ ကေအိုင်အေက အလစ်အငိုက်ဝင်တိုက် ဖမ်းဆီးခံကြရတာကို ရိုက်ထားတဲ့ ဗွီဒီယိုအခွေ တောထဲမှာပြတုန်းက သူမျက်ရည်ကျခဲ့တယ် ဆိုတာကို ကြားဖူးခဲ့တာက လွဲပြီး ကျဆုံးသွားတဲ အေဘီရဲဘော်ရဲမေတွေနဲ့ ပတ်သက်ပြီး နန်းအောင်ထွေး ကြည်ရဲ့ခံစားချက်ဆိုတာမျိုးတွေ အနည်းဆုံး မခင်ချိုဉီးကိုတောင် အသုံးချခဲ့တာကလွဲပြီး ဘယ်လို ခံစားမှု့မျိုးကိုမှ သူ့ဆီက ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ကျမကတော့ ခံစားလို့ကို မရခဲ့တာပါ။

No comments:

Post a Comment