Monday, January 21, 2013

ABSDF ခေါင်းဆောင်တွေ မရှင်းသေးပဲနဲ. ပြန်မလာကြပါနဲ့


by Smar Nyi Nyi on Thursday, December 13, 2012 at 7:12am ·

ABSDF မြောက်ပိုင်းရဲ.သမိုင်းဖြစ်စဉ်နဲ.ရှေ.အလားအလာတွေကိုပြောရရင် မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေကချန်ထားလို.မရတဲ့၊ဖြေရှင်းရမဲ့ကိစ္စဖြစ်တယ်ဆိုတာကိုတော့အားလုံးကလက်ခံကြပါတယ်။ဥက္ကဌဟောင်းသုံးယောက်ကလည်းဒါဟာရာဇ၀တ်မှုဖြစ်ကြောင်းဝန်ခံသွားကြပါတယ်။ဒေါက်တာနိုင်အောင်ကတော့အဲဒါဟာရာဇ၀တ်မှုဖြစ်တယ်။သူ.မှာတာဝန်ရှိခဲ့တာမှန်ပေမဲ့ရာဇ၀တ်မှုတရားခံဟာသူမဟုတ်ပါဘူးလို.ဖြောင့်ကွယ် ကွယ်ခဲ့ပါတယ်။
မကြာခင်မှာ ABSDF ရဲ.လက်ရှိ ဥက္ကဌ သံခဲ လာပါတော့မယ်။သူလည်း ဒီကိစ္စကိုဖြေရှင်းရမှာပါ။မဖြေရှင်းပဲနေ နေတာဟာလုံးဝလက်ခံနိုင်စရာမရှိပါဘူး။ဥက္ကဌ သံခဲဟာ လက်ရှိဥက္ကဌ ဖြစ်နေတာကတကြောင်း၊မြောက်ပိုင်းမှာရောက်ရှိနေထိုင်ခဲ့ဘူးတာကတကြောင်း၊ထွန်းအောင်ကျော်ကို ကိုယ်တိုင်ခုတ်သတ်ချင်ပါတယ်လို.ပြောခဲ့တဲ့ ခင်ရွှေလှိုင်ရဲ.ခင်ပွန်းဖြစ်နေတာကတကြောင်းနဲ.အခြားသောအကြောင်းကြောင်းတွေကြောင့်ဒီကိစ္စကိုဖြေရှင်းရမှာပါ။အခုဖြေရှင်းဖို.လာတာဖြစ်မယ်လို.ယုံကြည်ပါတယ်။အခုရှေ.ပြေးဖြစ်တဲ့ ဗကသ အဆက်(ကို)တင်အေးနဲ.လူ.ဘောင်အဆက် ကိုဝေလင်းတို. ရန်ကုန်ရောက်နေပါပြီ။အခုထက်ထိ ရာဇ၀တ်မှုတွေနဲ.ပက်သက်ပြီး ပြောတာ၊ဆိုတာ၊ဆက်သွယ်တာ မကြားရသေးပါဘူး။ဒီနေရာကနေ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ကျွန်တော်တို.ဟာ ABSDF ကိုအတိုက်အခံလုပ်နေတာမဟုတ်ပါဘူး။ ABSDF ထဲက ရာဇ၀တ်သားတွေ၊ဒီရာဇ၀တ်မှုတွေနဲ.ပက်သက်ပြီး ရေငုံနှုတ်ပိတ်နေကြသူတွေအားပေးနေကြသူတွေ ကိုဖော်ထုတ်ပြီး သန်.စင်တဲ့ ABSDF ကိုဖြစ်စေချင်တာပါ။ဒါတွေကိုမဖြေရှင်းပဲ ခင်ဗျားတို.မြန်မာပြည်ထဲပြန်လာမယ်ဆိုရင်တော့ ခင်ဗျာတို.လိုပဲ ရာဇ၀တ်ကြောင်းမကင်းတဲ့သူတွေရဲ.ကြိုဆိုမှုကိုသာရကြပါလီမ့်မယ်။ဖွတ်ဖွတ်ချင်း အမြှီးလီမ်တဲ့ဘ၀သာရောက်ပါလီမ့်မယ်။
ဒီတော့ ဒီပြဿနာတွေမရှင်းလင်းရသေးပဲ ဘာကြိုဆိုမှုကိုမှ မမျှော်လင့်ကြပါနဲ.။မြန်မာပြည်ထဲ ဒီပြဿနာတွေကိုမဖြေရှင်းပဲပြန်သွားမယ်ဆိုရင် အဲဒီ ABSDF အဖွဲ.၀င်ဟောင်းတွေဟာ ဒေါက်တာနိုင်အောင်ရဲ.တပည့်အစစ်တွေဖြစ်ကြောင်းပြည်သူတွေသိသွားအောင်လာပြီးဝန်ခံသွားခြင်းသာဖြစ်ပါလီမ့်မယ်။အနဲဆုံး မြန်မာပြည်ထဲပြန်ဝင်လာသူတွေအနေနဲ.  ဒီရာဇ၀တ်မှုတွေမှာမြောက်ပိုင်းတရားခံများနှင့်အတူပူးတွဲတာဝန်ရှိသူတွေအဖြစ်အဲဒီအချိန်က ဗဟိုကော်မတီထဲက တာဝန်ခံခဲ့သူတွေ၊စာထုတ်ခဲ့တဲ့သူတွေ၊ဆုံးဖြတ်ချက်ချခဲ့သူတွေတွေကို နာမည်ဖော်ထုတ် ရှုံချမှုတွေလုပ်ရပါလီမ့်မယ်။ခံစားခဲ့ရတဲ့သူတွေကို ABSDF အဖွဲ.၀င်ဘ၀မှာ မတရားအလုပ်ခံခဲ့ရတာဖြစ်တဲ့အကြောင်း ၀န်ခံရပါမယ်။
အဲသလိုမှမဟုတ်ရင်တော့ မြန်မာပြည်မှာ ခင်ဗျားတို.အတွက် နိုင်ငံရေးအနာဂတ်ရှိမှာမဟုတ်ဖူးဆိုတာကိုပြည်သူတွေကိုယုံကြည်ပြီး အသိပေးလိုက်ပါတယ်။


31Unlike ·  · 
  • May Thingyan Hein ရှယ်သွားပါတယ်ရှင်။
  • Min Thitsar ဒါကတော့ ချဉ်းကပ်မှု အသစ်တခုလို့ ဘဲပြောရမလား။ တကယ်တော့ ABSDF ခေါင်းဆောင်တွေ ပြသနာတွေကို တိတိကျကျ မရှင်းနိုင် တာဝန်မခံသေးဘဲ ပြန်မလာကြပါနဲ.လို့ ဆိုတာလို့ သဘောပေါက်ပါတယ်။==================================================== နောက်ပြီး မြန်မာပြည်မှာ ခင်...See More
  • Nicky Shein အနာဂါတ်မြန်မာပြည်မှာ တောတွင်း အရိုင်းအစိုင်းစိတ်ဓါတ် ပြုမူခဲ့ကြသူတွေအတွက် ယဉ်ကျေးလူ့ဘောင် အဖွဲ့ အစည်းတွင်းသို့ ဝင်ရောက်လာမှုကို လုံးဝ ဆန့်ကျင်ရမှာဖြစ်တယ်၊ အချင်းချင်း ကောက်ကျစ်တတ်သူတွေဟာ မျက်စိရှေ့တည့်တည့် ရင်ဆိုင်နေရတဲ့ ရန်သူစစ်စစ်ထက် ပိုပြီး ရွံမုန်းစရာကောင်းပါတယ်၊ မသန့်ရှင်းတဲ့ စိတ်ဓါတ်နဲ့ မသန့်ရှင်းသောလက်ပိုင်ရှင်တွေဟာ သစ်လွင်လှပအောင် ဖန်တီးမဲ့ အနာဂါတ်လူ့အသိုင်းအဝိုင်းကို တို့ထိဘို့ မထိုက်တန်သူတွေဖြစ်တယ်။ ဒါကို မသိကျိုးကျင်ပြုမူခဲ့မယ်ဆိုရင် ယုတ်မာရိုင်းစိုင်း ကောက်ကျစ်သူတွေကို အလိုတူအလိုပါ ပြုမူတာပဲဖြစ်တယ်။
  • Htay Tint ABSDF ထဲက မပ ကျောင်းသား လူသတ်မှုတွေ 
    ကိုဌေးနိုင် ကိုအောင်သူ လူသတ်မှုတွေမှာ 
    ညွန်ကြားခဲ့တယ် ။ ပါဝင်ခဲ့တယ် ။ ကြံရာပါခဲ့တယ် ။
    ဝိုင်းဝန်းကူညီတယ် ။ သတင်းဖျောက်တယ် လို့ 
    သံသယရှိနေသူတွေကို စာရင်း မထုတ်သေးဘဲ

    စစ်ဆေးဆဲကာလမှာ တာဝန်မှ အနားပေး မရှိသေးဘဲ
    ပြည်တွင်းဝင်မယ်ဆိုရင် 
    ABSDF ပြည်တွင်း ပြည်ပ တပ်ဖွဲ့ ဝင်ဟောင်းတွေ အားလုံးကို
    စော်ကားသလို ဖြစ်နေပြီ ။ 
    သတိ ထပ်ပေးပါတယ် ။

No comments:

Post a Comment