Friday, January 18, 2013

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်းခရီး(၁၁)


by May Thingyan Hein on Monday, November 26, 2012 at 7:00am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာလ ၂၆၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၁၁)
ငရဲညတညကို ကျော်ဖြတ်ခဲ့ရတဲ့ ကျမ အဲ့ဒီနေ့ရဲ့ဒဏ်ရာတွေက တသက်စာဖြစ်ခဲ့ရတယ်။ အဲဒီအကြောင်း ပြန်ပြောတိုင်း ပြန်ခံစားရတယ်။
အဲဒီတညကတော့ အဆိုးဆုံးပဲ တော်တော်ခံရတယ်လေ။

ကျမကိုလည်း တညလုံး နှိပ်စက်ခဲ့တာ မိုးလင်းခါနီးမှ ထောင်ထဲကိုပြန် ထည့်ပေးတယ်။ နောက်သူတို့လုပ်ချင်တိုင်းလုပ်ပြီးရင် ဆေးဆရာ မလေးတွေက လာပြီး ဆေးကုပေးတယ်။ နောက် သုံးလေးရက်လောက် နေတော့ ကျမကို ပြန်ခေါ်တယ်။ ခေါ်ပြီဆိုရင် ကျမတို့က ကြောက်ရပြီပဲ။ ဘာလုပ်မလဲဆိုပြီးတော့ကို လန့်နေရပြီ။

အဲဒီနေ့ကတော့ သံချောင်းရဲ့ တဲထဲမှာ မျိုးဝင်းမပါဘူး။ သူက ဘာပြောလဲဆိုတော့ မင်း တဲ့..ဟိုတနေ့က လက်မှတ်ထိုးထားခဲ့တဲ့ နာမည်တွေကို အကုန်ပြန်ချရေးတဲ့။ အဲလို ပြောတယ်။

ကျမကတော့ ငါးပါးတော့မှောက်ပြီ၊ သွားပြီ ကျမ လုံးဝ မမှတ်မိဘူးလေ။အဲ့ဒီညကလက်မှတ်ထိုးလိုက်ရပေမဲ့ခုလိုမျိုးပြန်ပြီးကိုယ့်လက်ရေးနဲ့ကိုပြန်ရေးခိုင်းတော့ ဘယ်လိုမှ မမှတ်မိဘူး။ လုံးဝ မမှတ်မိဘူး။ အကြပ်ရိုက်တော့ သံချောင်းကို Csလို့ ကျမရဲ့ ဖိုင်တခုလုံး ကျမကို ပေးပါလားလို့။ အဲလို ကျမက ပြောတော့နင်က ဘာဖြစ်လို့နင့်ဖိုင်ကို ပြန်လိုချင်တာလဲလို့ သံချောင်းက မေးတယ်။


အဲဒီတော့ ကျမက ကျမ ဖိုင်ကို ကျမ ပြန်စစ်ပြီးတော့မှ ကျမ မဖြေရသေးတာတွေကို ဖြေချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီလို ကျမက လှိမ့်ရတာ။ အဲဒါမှ ကျမက ပြန်စဉ်းစားပြီး ကူးချလို့ရမှာလေ။ မျိုးဝင်းဆိုရင်တော့ အဲ့လိုဆိုရင် ကျမ သေမှာ သေချာတယ်။ သံချောင်းက မျိုးဝင်းလိုမှုတ်ဘူး။သူ့ကိုအကျိုးအကြောင်းနဲ့ပြောတော့ .. အဲဒီလို ပြောတော့မှ ကျမရဲ့ ဖိုင်တဖိုင်လုံးကို ကျမ လက်ထဲကို ပြန်ထည့်ပေးတယ်။

အဲဒီအချိန်ကြမှကျမရဲ့သူတို့ချရေးပေးခဲ့တာကျမလက်မှတ်ထိုးခဲ့၇တဲ့ထွက် ချက်တွေကို ကိုယ့်ဟာကို ပြန်ကူးချရတယ်။ အဲဒီနာမည်တွေကို အဲဒီမှာ ကျမ မသိတဲ့ နာမည်လည်း ပါတယ်ထင်တယ်။ သံချောင်းက အဲဒီနေ့ညက ကျမရဲ့ထွက်ချက်တွေကိုကျမလက်ရေးနဲ့အကုန်ပြန်ရေးခိုင်းပြီးဆိုင်းထိုးခိုင်းခဲ့တယ်။

အဲလိုနဲ့ ထောင်ထဲမှာ နေနေရင်းနဲ့ အတွယ်အရိုက်ကတော့ နေ့တိုင်းနီးပါး ခံရတယ်။ တဖုန်းဖုန်းတဒိုင်းဒိုင်းနဲ့ လာလာရိုက်ကြတာ။ တော်တော် ခံရတယ်။ တပ်ခွဲမှူးတွေ အရက်တွေ မူးလာရင်လည်း စစ်ကြောရေးချိန်လည်း မဟုတ်ဘဲနဲ့ ထောင်ထဲဝင်ပြီး ဖမ်းထားတဲ့ လူတွေကို လာရိုက်ကြတယ်။ သေနပ်ဒင်တွေနဲ့ ထုကြတယ်။ အားလုံးကို မျက်လုံးတွေစည်းပိတ်ထားတော့ ကိုယ့်ကို မရိုက်ဘူး သူများကိုရိုက်ရင်လည်း အသံတွေ ကြားနေရတယ်။ နောက် ကိုယ်ကလည်းငါ့ဆီကိုလာတော့မယ်ဆိုပြီးကြောက်လန့်နေရတယ်။

ပြီးတော့ ရိုက်နှက် နှိပ်စက်ထားတဲ့ ဒဏ်တွေနဲ့ ညည်းနေကြတဲ့ အသံတွေ ကြားနေရတယ်။ တကယ်တော့ သူတို့စစ်တယ်ဆိုတာကလည်း တာဝန်ရှိရှိ မရှိရှိကြုံတဲ့သူတွေက ကြုံသလို ၀င်ဝင်စော်ကြတာ။ ကန်ချင်တဲ့သူက ကန်၊ ရိုက်ချင်တဲ့သူတွေက ရိုက်ပေါ့။အဲလိုတွေ စိတ်ထင်တိုင်း လုပ်ချင်သလိုတွေ လုပ်ကြတာ။ တယောက်တည်းလည်း မဟုတ်ဘူး ဆိုတော့ ခံရတဲ့သူက ဘယ်ခံနိုင်ကြမလဲ အဲဒီစစ်တဲ့ ဒဏ်ကြောင့် သေကုန်တဲ့သူတွေလည်း မနည်းဘူး။ စစ်ကြောရေးဝင်တာနေ့နေ့ညည ...ကြားနေရတဲ့ မချိမဆန့်အော်သံတွေ နဲ့ တကယ်ပဲ.. ကမ္ဘာပျက်နေတဲ့ အတိုင်းဘဲ။

စစ်ကြောရေးမှာ စစ်ပုံစစ်နည်းတွေကလည်းအစုံဘဲ ။ ဘောင်းဘီ ထဲ ကြွက်ထဲ့တာလည်းလုပ်ကြသေးတယ်။
အော်လိုက်စမ်း ဆိုတာလေ ။ခုနောက်ပိုင်းတော့ ကိုမြင့်သိန်းကလာမေးတယ်မငယ်တကယ်ကြောက်သလားတဲ့ ... ။။အော်ခက်ရချည်ရဲ့။
လျှောက်ကိုက်ကုန်တော့ဘယ်လိုလုပ်မလည်းလို့ ။ဒါနဲ့ တနေ့ကျတော့ ကျမကို စစ်ကြောရေးဝင်ဖို့လာခေါ်ပြန်တယ်။

တနေ့တနေ့ ကျမ စိတ်ဓါတ် တွေကျလာတယ် ။ သေလိုက်တာကမှကောင်းဦးမယ်လို့ တွေးမိခဲ့တယ်။ အဲဒီနေ့ကလည်း ကျမကို တောင်ကုန်းပေါ်ခေါ်သွားကြတယ်။
အခြေအနေမကောင်းဘူး ဆိုတာ ကျမ သိနေပြီ။ ပြီးတော့ လက်ဝါးကပ်တိုင်ကို မြင်လိုက်ရတယ်။ သိလိုက်ပြီ ငါတော့သွားပြီလို့။

 ငါဘာလုပ်ရမလဲ .. ဘာထပ် လည်ဆည်ပြီးဇာတ်လမ်းရေး  ရဦးမလဲ ပေါ့ ။ကျမကို လက်နောက်ပြန်ကြိုးတုတ်ထားတာဖြေလိုက်တယ်။
ပြီးတော့ ..ပြီးတော့ လက်ဝါးကပ်တိုင်ပေါ်တင်လိုက်တယ် ။

ကားစင်တင်ကြတာပါ၊  တခါတည်းသတ်လိုက်ရင် သေပြီးရောနော် .. ဝဋ်ကျွတ်တယ်လို့ တွေးပါတယ်။ ခုလို နှိပ်စက်လိုက် ထောင်ထဲပြန်ထည့်လိုက် လုပ်နေတာက
တမြေ့မြေ့နဲ့ အရှင်လတ်လတ် ငရဲခံနေရတာပါပဲ။
.
ကျမကိုကားစင်တင်တော့ လက်ဝါးကပ်တိုင်မှာ သွေးတွေ ၊ သွေးခြောက်တွေ... အော် .... ကျမ အရင် တယောက်ယောက်ကိုလည်း သူတို့ ဒီလိုပဲ လုပ်ခဲ့ကြလိမ့်မယ်လို့ တွေးနေတုန်း သန်းဇော်ကပြောတယ်။ ဟိုနေ့ကဘဲ ထွန်းအောင်ကျော်လက်ကို သံချောင်းနဲ့ရိုက်သွင်းထားတာတဲ့ .. ။

ဘုရား...ဘုရား...ဘုရား တကယ်ပဲ ဘုရား တမိတယ်။

ကားစင်ရဲ့အောက်မှာ  ၄-၅-လက်မ သံချောင်း တွေချထားတယ်။ ဒီသံချောင်းတွေနဲ့ပဲ ကိုထွန်းအောင်ကျော်လက်ကို ရိုက်သွင်းခဲ့တာလား။ ကျမကိုရော အဲလိုပဲ လုပ်ကြဦးမလား။

ကျမကိုတော့ ကြိုးတုတ်ပြီးကားစင်တင်ထားကြပြီ။ ရာသီဥတုကအေးတဲ့အပြင်တောင်ကုန်းပေါ်မှာ ဆိုတော့ လေကလည်းတိုက်တော့ လူက ရေခဲရိုက်သ လိုဖြစ်လာတယ်။ အေးလိုက်တာ။

အထူးသဖြင့် ကျမလက်ကို ကြိုးတုတ်ခံထားရတော့ သွေးမလျှောက်တော့ဘူး။ လက်ဖဝါးနှစ်ဘက်လုံးက ခရမ်းပုတ်ရောင်ဖြစ်နေပြီ။
ဲကားစင်ပေါ်မှာရင်ညွန့်ကိုအထိုးခံရတာရယ်..ဗိုက်ကိုအကန်ခံထားရတာ ကလည်း ကိုက်ခဲပြီး မသက်မသာဖြစ်နေတယ်။

ဒီကြားထဲ စိတ်မသက်မသာနဲ့ လှမ်းလှမ်းမြင်နေရတာကတော့လူသတ်ကုန်းဘဲ။

နောက်တော့ သန်းဇော် နဲ့ဇော်ဇော်မင်းတက်လာတယ်။ပြီးတော့ ။ဇော်ဇော်မင်းက တချက်အားကုန်ထိုး လိုက်တယ်၊ ကျမရဲ့ အရှိုက်ကိုထိုးတာလေ။
ကျမ အသက်မရှုနိုင်တော့ဘူး။ အသက်ရှုမှားတယ်ဆိုတာတကယ်ပဲ...။

နောက် သံချောင်းတက် လာတယ်။ သန်းဇော်ကအောက်မှာချထားတဲ့ ၄-၅ လက်မ အရှည်ရှိတဲ့သံကောက်ယူတယ်။ ပြီးတော့ ကျမလက်ကောက်ဝတ်ပေါ်တေ့လိုက်တယ်။
သွားပြီ ကျမလက်ကိုလည်း သံစိုက်ကြတော့မယ်။
ပြီးတော့ သန်းဇော်က သွေးအေးအေးနဲ့ ပြောတယ် ကြည့်စမ်းလက်ကလေးကသေးသေးလေးပါလား ။ အရိုးပါကြေ သွားမယ်တဲ့ ။

အား....လို့ ကျမ အားကုန်အော်လိုက်မိတယ်။ Cs  ကျမကို မလုပ်ပါနဲ့ ကျမကို ဒီလို မလုပ်ပါနဲ့လို့ ကျမတောင်းပန်ခဲ့တယ်။

သံ ချောင်းကကျမကိုပြောတယ်။ မင်းလေ ..ခုထိမဖြူစင်ဘူးဘဲတဲ့ ။ ဒါနဲ့ဘဲ.. နောက်ထပ်ဇာတ်လမ်းတပုဒ် ရေးပေးခဲ့ရပြန်တယ်။ ရေလှိုင်းစစ်ဆင်ရေးပေါ့။

ကျမကို တခါနှိပ်စက်ရင် ကျမ ဇာတ်လမ်းတပုဒ်ရေးပေးရတယ်။ တကယ်တော့ အဲဒီ ဇာတ်လမ်းတွေက ကျမတို့သွေးတွေနဲ့ ရေးခဲ့ရတာတွေ၊ ကိုယ့်အသက်မသေဖို့၊ ကိုယ့်အသားမနာဖို့ နှိပ်စက်တာကို မခံနိုင်တဲ့ အဆုံးကျမ ဇာတ်လမ်းတွေ ရေးပေးခဲ့တယ်။


အဲလို နာကျင်ဖွယ်ရာ နေ့ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရင်းနဲ့  တရက်ကြတော့ ကျမတို့ကို အဲလိုပဲ ကြိုးလှုပ်ပြီး ခေါ်တော့ သွားရတာပေါ့။ သူတို့က ကျမတို့ကို ထားတာ ခွေးတွေလိုပါပဲ၊ ကြိုးတန်းလည်းနဲ့ပဲ။ အဲဒီနေ့ကလည်း လာခေါ်လို့ လိုက်သွားတယ်။

အဲဒီမှာ ကျမ အပြင် အခြား ထောင်သားတွေကိုလည်း ခေါ်ထုတ်ထားတာတွေ့ရတယ်။ တန်းစီပြီးတော့ အပေါ် ကုန်းပေါ်တက်သွားကြရတာ။အပေါ်ကုန်းကို ရောက်တော့ သံချောင်းရဲ့ တဲလား၊ မျိုးဝင်းရဲ့ တဲလား သေချာမမှတ်မိတော့ဘူး။ သူတို့ နှစ်ယောက်ထဲက တယောက်ရဲ့ တဲဆိုတာတော့ သိတယ်။

အဲဒီတဲရဲ့ ရှေ့က မြေကွက်လပ်မှာအားလုံးကိုဝိုင်းထိုင်ခိုင်းထားတယ်နောက်တခြားရဲဘော်တွေလည်း ရှိတယ်။အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်၊သံချောင်း၊မျိုးဝင်း တို့ရှိနေ
ကြတယ်။

ကျမတို့တွေ လူ ၂၀လောက်ရှိမယ်ထင်တယ်။သူတို့က ထိုင်ဆိုတော့လည်း ကျမတို့ကလည်း အားလုံး ငုတ်တုတ်ကလေးတွေ ထိုင်ကြရတာပေါ့ကွာ။ လုပ်ချင်တာ လုပ်တော့ ဘာမှလည်း မတတ်နိုင်တော့ဘူး ဆိုပြီး စိတ်လျော့ပြီးတော့ကို ထိုင်နေကြတာ။အားလုံးက စိတ်ဓါတ်တွေလည်း ကျနေကြပြီ။

အဲဒီ ထိုင်နေကြတဲ့ သူတွေထဲမှာ ကိုထွန်းအောင်ကျော်၊ကိုရဲလင်း၊ ညီညီကျော်၊ ကိုကြောင်၊ စမားညီည်ီ၊ ကိုချိုကြီး၊ ကိုကျော်ဝေ ၊ကိုသက်နိုင်၊ကိုသာဓု၊ကိုတူးတူး၊စသဖြင့်ပေါလေ၊ တော်တော်များပါတယ် အများကြီးပဲ ၀ိုင်းထိုင်နေကြရတာလေ။ ပြီးတော့ အားလုံးက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ကသာ အဲဒီက လူတွေချည်းပဲ၊ ကိုတူးတူးတယောက်ပဲ မြစ်ကြီးနားပါတယ်။ကိုတူးတူးက မျိုးဝင်းရဲ့ လက်ရုံးလိုဖြစ်နေတဲ့ ထွန်းနွယ်အောင် အချုပ်ဖောက်ပြေးရင် ပစ်ဖို့ ပစ်မိန့်ပေးလိုက်တဲ့အတွက် သူတို့က ကိုတူးတူးကိုလည်း ငြိုးသွားတာ။အဲဒါကြောင့် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခံရတဲ့ ထဲမှာ ကိုတူးတူးပါတာ။

အဲလောက်လူတွေအများကြီးကို ဒီလိုထုတ်လာတာဆိုတော့ အကြီးအကျယ်တခုခုတော့လုပ်တော့မယ်ဆိုတာကို ကျမ စိတ်ထဲက သိနေတယ်။ စိတ်ထင့်နေတယ်။အဲဒီအချိန်မှာပဲသူတို့ဘာလုပ်လည်းဆိုတော့ ထိုင်နေတဲ့ လူတွေကို တယောက်ချင်းစီကနေ အကုန်လုံးကို ယမ်းတွေ လိုက်ချည်တယ်။ ၀ါယာလေးတွေ တန်းလန်းနဲ့ ယမ်းတွေကို လိုက်ချည်တော့ ပြဿနာပဲပေါ့နော်။ သူတို့ တခုခုလုပ်တော့မယ်ပေါ့။ အဲဒီလို ၀ိုင်းထိုင်နေတဲ့ သူထဲကနေ ကိုကျော်ဝေကို သူတို့ လူရွေး ထုတ်လိုက်တယ်။

နောက်ကိုကျော်ဝေကို မလုပ်ခင်မှာ ကိုသက်နိုင်ရဲ့ နားကို သံချောင်းက သေနပ်နဲ့ပစ်ထည့်လိုက်တာ၊ ကိုသက်နိုင် နားအပေါက်ကြီးဖြစ်သွားတယ်။ အဲလိုတွေ လုပ်ကြသေးတယ်။

ပြီးတော့မှ ကိုကျော်ဝေကို မင်း အဆိပ်ထုတ် ပေးဆိုပြီးကိုကျော်ဝေကို အဆိပ်တောင်းတယ်။ကိုကျော်ဝေက ဘယ်လိုလုပ် အဆိပ်ရှိမှာလဲ၊ သူ့မှာ မရှိတော့ မပေးနိုင်ဘူးပေါ့။ အဲဒီအချိန်မှာ သူ့မှာ လက်ချောင်းတချောင်းမရှိတော့ဘူး။ နှိပ်စက်ရင်း ဖြတ်ထားတဲ့လက်ချောင်း ကို ကိုကျော်ဝေလည်ပင်းမှာပြန်ဆွဲထားပေးသေးတယ်။


အဲလို လုပ်နေရင်းနဲ့ ကိုကျော်ဝေဆီကနေအဆိပ်တောင်းတယ်ကိုကျော်ဝေမှာ ထုတ်ပေးစရာမရှိဘူး။ အဲဒီအချိန်မှာ ကိုကျော်ဝေ မျက်နှာမှာလည်း ဘာမှ မရှိတော့ဘူး။ ပေးစရာလည်း မရှိဘူး။ လုပ်သမျှ ခံရတော့မယ်ဆိုတဲ့ မျက်နှာမျိုးပဲ ရှိတော့တယ်။

အဲလို ဖြစ်နေတုန်း သူတို့ကိုလည်း ဘယ်သူမှ တားနိုင်တဲ့သူ ပြောနိုင်တဲ့သူ မရှိဘူး။ သူတို့ဟာ သူတို့လုပ်နေကြတာ လုပ်ချင်တာလုပ်တာ။အဲဒီနေ့ကလည်း ကိုကျော်ဝေကို သူတို့က ထုတ်ခိုင်း ပေမဲ့ ကိုကျော်ဝေမှာလည်း ထုတ်ပေးစရာမရှိဘူး။သူတောင်းပန်နေတယ်။

ကျမတို့အကုန်လုံးကလည်း မျက်နှာငယ်လေးတွေနဲ့ ၀ိုင်းထိုင်နေရုံအပြင် ဘာမှ မတတ်နိုင်ဘူး။ ၅ မိနစ် တဲ့..အချိန်ပေးတယ်.. ကျမတို့တတွေတ
ယောက်ကိုတယောက်အဓိပ္ပါယ်မဲ့စွာ ကြည့်နေမိကြတယ်။


တကယ်ဘဲလား။သူတို့တကယ်လုပ်ကြတော့မလားပေါ့။အချိန်စေ့သွားပြီ ။ အဆိပ်ဆိုတာကြီး မထုတ်ပေးနိုင်ဘူး။ဝါယာနှစ်ပင်ပူးလိုက်တယ်။

ဖောင်းကနဲအသံကြားရပြီးကိုကျော်ဝေရဲ့မချိမဆန့်အော်သံကြားလိုက်ရတယ်သွေးတွေလည်း ဖြာကနဲ ထွက်သွားတယ်။အဲဒီမှာ ကိုကျော်ဝေရဲ့ လက်ကို ဖြတ်ထည့်လိုက်ကြတယ်။တကယ်..တကယ် လုပ်ပလိုက်ကြပြီ .. လူသားတယောက်ကို အရှင်လတ်လတ် လက်ဖြတ်လိုက်ကြပြီ ။

အဲဒါတွေကိုလည်း မြင်ရတော့ စိတ်ဓါတ်လည်း အရမ်းကျသွားတယ်။ အကုန်လုံးပဲ ဘယ်နေ့ ငါ့အလှည့်လဲ၊ ငါတို့လည်း သေမှာပဲ မသေခင် လည်းခံကြရဦးမှာပဲ ဆိုပြီး စိတ်ဓါတ်ကျသွားတယ်။ ဒီအချိန်မှာလက်ဖြတ်ဖို့ကျမတို့အလှည့်လာတော့မယ် ဆိုတဲ့ အတွေးဆိုးကလည်း ကျမကို ခြောက်လှန့်နေတော့တယ်။


တကယ်တော့ ကျမတို့အားလုံး တော်လှန်ရေးအတွက် တောခိုလာကြတဲ့ ကျောင်းသားတွေပါ၊ ဒီလူတွေကို ရက်ရက်စက်စက် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး မတရားနှိပ်စက်ခဲ့ကြတယ်။  စစ်ကြောရေးမှာညှင်းပမ်းနှိပ်စက်မှုတွေရဲ့ဒဏ်တွေနဲ့သေဆုံးသွားရတာက ကျောင်းသားရဲဘော် (၁၄) ဦးရှိတယ်။

အဲဒီလို လူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှု့ ဒဏ်တွေနဲ့ သေဆုံးခဲ့သူ ၁၄ ဦးရဲ့ နာမည်တွေကိုလည်း ကျမ မှတ်တမ်းတင်ထားတယ်။
(၁) ကိုစိုးမင်းအောင် ( ပထမဦးဆုံး ဖမ်းဆီးခြင်းခံရသူ )
(၂) ဦးစိန် ( ရန်ကုန် -- ယခု သမီးဖြစ်သူ မစမ်းစမ်းအေးမှ တိုင်ကြားချက် ဖွင့်ထား)
(၃) ကို ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ကိုအေးကျော် (မန္တလေး)
(၅) ကိုကျော်ဋ္ဌေး
(၆) ကိုကျော်ကျော်ဦး
(၇) ဦးအောင်ကိုး ( ဗန်းမော်)
(၈) ကိုဇော်ဝင်းချစ် (ဗန်းမော်)
(၉) ကိုတင်မောင်အေး ခေါ် အပ်စိုက် (စစ်ကိုင်း)
(၁၀) ကိုတင့်လွင် ( မြစ်ကြီးနား)
(၁၁) ကိုအောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ကိုစိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း) အဲဒီ ၁၄ ဦးက စစ်ကြောရေးက ဒဏ်တွေကြောင့် သေဆုံးခဲ့ရတယ်။ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ ...ကျမ တွေးမကြည့်ရက်ဘူး။

တကယ်တော့ ကျမတို့ဒီ ABSDF ( မြောက်ပိုင်း) မှာဖြစ်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးသူလျှိုဆိုပြီး ဖမ်းဆီးတာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ရဲ့ runner ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်က ထွက်ပြေးတာက စခဲ့တာပါ။ အဲဒီကနေတပ်ပြေး စိုးမင်းအောင်ကို သူတို့က တရုပ်ပြည်ဖက်ကနေ ပြန်ဖမ်းပြီးဗျူဟာ ၂ ဘက်ကိုခေါ်သွားတာ။

အဲ့ဒီမှာလူမဆန်တဲ့နည်းတွေနဲ့ညှင်းပမ်းနှိပ်စက်ပြီး တော့ထောက်လှမ်းရေးသူလျှိုဟုတ်ပါတယ်လို့မတရားဝန်ခံခိုင်းခဲ့တယ်။အဲ့ဒီညှင်းပမ်းတဲ့ဒဏ်တွေနဲ့မခံမရပ်နိုင်ဖြစ်ပြီး စိုးမင်းအောင်က ထလရ ဟုတ်တယ်လို့ ဖြေခဲ့တယ်လေ။သူ့ထွက်ချက်မှာ တောင် လူ ၄၀ - ၅၀ လောက်ကို ထလရ တွေဆိုပြီးထွက်ခဲ့တယ် ပြောတယ်။

နောက်ပြီးတော့မှ အဲ့ဒီစိုးမင်းအောင်ရဲ့ထွက်ချက်တွေကနေ နာမည်တွေကို နှိပ်စက်ပြီး မေးရင်း နဲ့အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးတာထလရတွေ ဆိုပြီးတော့ မတရားဖမ်းဆီးခံလိုက်ရတာ ကျမအပါအ၀င်ပေါ့။ စုစုပေါင်းကျောင်းသား (၁၀၀) ဦး ရှိလာခဲ့တာ။

အဲ့ဒီတုန်းကABSDF-NB မှာကျောင်းသားအင်အား(၄၀၀)လောက်ဘဲရှိတာ မှာ ထောက်လှမ်းရေးတွေဆိုပြီးအတင်းအဓမ္မကြီးဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်း မှာ (၁၀၀) ဦးဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်ပါဦး။အံ့ပါရဲ့ ။  အဲလို ဖမ်းဆီးတဲ့အခါမှာ အဓိက တာဝန်ရှိတဲ့သူတွေရဲ့ နာမည်တွေကို ကျမ ပြောမယ်နော်။

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ) (( ယခု ပြည်တွင်းထောင်အတွင်း သေဒဏ် ချမှတ်ခြင်းခံထားရ ))
(၂) အတွင်းရေးမှူး အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည် - ယခု ချိန်းမိုင် )
(၃) ဗိုလ်ကြီး မျိုးဝင်း( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား မြို့နယ် နမ့်ဆော်လောရွာ ။ သေဆုံး။
(၄) ဗိုလ်ကြီးလှဆိုင်း (ယခု ABSDF-NB)
(၅) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ - ယခု ပြည်တွင်းမန္တလေး)
(၆) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး - ယခု ပြည်တွင်း မိုးညှင်း )
(၇) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး - ယခုပြည်တွင်း မိုးညှင်း)
(၈) တပ်ကြပ်ကြီး ကျော်ထင်ဦး( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၉)ရဲဘော်မောင်ထွေး (ဗန်းမော်)
(၁၀)ရဲဘော် ဖိုးနှောင်း(ဗန်းမော်)
(၁၁) ရဲဘော် သက်လင်း ( ယခုပြည်တွင်း ဗန်းမော်) - တို့ဖြစ်တယ်။

သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်ကြောရေး အဖွဲ့ဝင်တွေကိုလည်း ကျမ ပြောမယ်။

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -
၂ (( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲ))
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး - ယခု ပြည်တွင်းမိုးညှင်း )
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁)တပ်ရင်းမှူးသေဆုံး)
(၄) သက်ထွန်း(မိုးညှင်း၊ တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ ၊တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး - ယခု Sydney . Australia)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ - ,ယခုပြည်တွင်း ရန်ကုန်)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ - ယခု ပြည်တွင်း မန္တလေး)


နောက် ထောင်တာဝန်ခံတွေက

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) ၊ တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်) ၊
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး၊
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊တပ်ကြပ်ကြီးစောမြအောင်
(၄)တပ်ကြပ်ကြီးလှမျိုးအောင်(မိုးညှင်း-၅၅ဦးထောင်ဖောက်ပြေးမှု့တွင်တာဝန်ပေါ့လျော့မှုဖြင့် အောင်နိုင်နဲ့သံချောင်းက သေဒဏ်ချ သတ်ဖြတ်ခဲ့တယ်)။

သူတို့တွေက စစ်ကြောရေးမှာတင် ပက်ပက်စက်စက်လုပ်ခဲ့ကြတာ မဟုတ်ဘူး၊ ကျောင်းသားတွေကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲပြီး ပြည်ထောင်စုနေ့မှာ 
ကျောင်းသားတွေကို  ခေါင်းဖြတ်သတ်ခဲ့တာတွေလည်း ရှိသေးတယ်။


ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
ဝဲမှယာ - စိန်အေး ။ သံချောင်း။ သံခဲ ( လက်ရှိ ABSDF ဥက္ကဌ )။ အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်။
80Unlike ·  · 
  • You, Nang Aung Htwe KyiSoe LynnUZa Wana and 58 others like this.
  • ဗမာ့သား ရဲ့ သားဗမာ တော်တော်ရက်စက်တဲ့သူတွေ....ကမ္ဘာမှာ ဒီလိုလုပ်တဲ့သူတွေ ရှိပါ့မလားလို့တောင် တွေးမိတယ်
  • Thiha Oo ဒါဖြင့် အဲလို လူမဆန်စွာ လုပ်ခဲ့၊ သတ်ခဲ့သူတွေက အခုချိန်ထိ အဲဒီအဖွဲ့ထဲမှာ ရှိနေသေးတာပေါ့နော်... 
  • Nang Aung Htwe Kyi ဟုတ်တယ် ။လှဆိုင်း ။ကျော်ကျော်။ ABSDF NB မှာလေ
  • K Ki Ki ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြသူများ.. ရာဇဝတ်ဘေး ပြေးတတ်တော့လည်း လွတ်နေကြဆဲပါလား......
  • Htay Tint ပိစိညောင့်တောင့် ကလေးမ တယောက် ပစ်လိုက်တဲ့ နှပ်ချီးက
    အနှစ် ၂၀ ကျော်သွားတော့
    နိုင်ငံတကာမှာ ဂုဏ်ယူ ဝင့်ကြွားနေတဲ့ သူအချို့ 
    ရင်ဘတ်ထဲမှာ အဆိပ်တွေ အဖြစ် ပြောင်းလွဲလာနေလာနေပြီ ။

    အေးမြတဲ့ ဆောင်းတွင်းမှာ ၄ လက္မ သံချောင်းကို လက်ထဲရိုက်ခဲ့စဉ်က
    တစစ်စစ် နာကျင်ရင်း ဝင်သွားတဲ့ ဝေဒနာက
    အနှစ် ၂၀ ကျော်သွားတော့
    ရဲရင့်သူတွေ တာဝန်ရှိသူတွေ နှလုံးသားထဲကို နေရာဝင်ယူလိုက်ကြပြီ ။

    သေနပ်တွေနဲ့ ချိန်ပြီး လူတွေကို ကြိုးတွေတုတ်ပြီး ခွေးတွေလို လုပ်သူတွေ
    အနှစ် ၂၀ ကျော်သွားတော့
    ပြည်သူလူထုက ရက်စက်သူတွေလို့  သိသွားပြီး
    အော့နှလုံးနာ အောကလီဆန် လူတွေ အဖြစ် မှတ်တမ်းတင်ကြပြီ ။
  • Kyawswe Oo သေသွားတဲ့ကောင်တွေ ကံကောင်းတာပေါ့။ ကျန်ခဲ့တဲ့ကောင်တွေတော့ တန်ပြန်ခံရပါစေဗျာ။
  • Ko Lay စိတ်ထိခိုက်လွန်းလို့ Like ကို မနှိပ်ရက်ပါ။
  • Mg Aye ဘာကြောင့် ဒီလူတွေ ခုထိလွတ်နေရသေး တာလဲ
  • Thu Ya ငရဲး ခွေး များလွတ်နေတယ် ဆိုတာ ဒင်းတို့ကိုပြောတာလား
  • Khin Maung Win ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
  • Yuzaki Note ကိုယ်ပြုသမျှကံ ပဲ့တင်သံ ဒင်းတို့ ဆီ ပြန်ပါစေဗျာ။
  • Hlaingwinhein Hein ဒီလူမဟုတ်တဲ.ကောင်တွေအတွက် တန်ပြန်ခံရမယ်.အချိန် အမြန်ရောက်ပါစေ
  • Ramsein Awiqwang (4) ဗိုလ်ကြီးလှဆိုင်း (ယခု ABSDF-NB) နဲ့ (၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး - ၂ (( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲ)) ဟာတယောက်ထဲမဟုတ်လား။ နှစ်နေရာမှာ ပါနေတယ်ဆိုတော့ နဲနဲရှုပ်သွားလို့...
  • Nang Aung Htwe Kyi ဟုတ်ပါတယ်။တယောက်တည်းပါ ။
  • Chan Myae ဒါတောင် မျိုးဝင်း သေလို့  မျက်ရည်ကျရပါတယ်ဆိုတဲ့သူက ရှိသေး..အံရော..
  • Thet Meddy Aung Htwe, my name is Thet Htar Nwe. I was group of you , Ma Khin Cho Oo and Ko Than Tun Soe....
    Hope that you would remember about me. I was so sad to hear about you and Ma Cho ( pass away ). I met Ko Than Tun Soe in 2000 once and now where he is? Ma Aung glad to be meet you now...
  • Do Gyi NB အမှန်တရားကိုတန်ဖိုးထားလေးစားတဲ့သူတိုင်းကဖေါ်ထုပ်ကြရင်အဖြေထွက်
    လာမှာလူသတ်တရားခံမိမှပါ
  • Mg Aye ဘာကြောင့် အသတ်ခံရတဲ့ မိသားစုတွေကငြိမ်းနေရတာလဲ သူတို့ မိသားစုတွေစုပီ ရှေ့ နေတွေနဲ့ တိုင်ပင်ပီ နိုင်ငံတကာ တရားရုံးတွေကပါတရားစွဲနိုင်အောင်မလုပ်နိုင်ကြဘူးလား လိုအပ်ရင်ပြောပါ တတ်နိုင်သလောက်အကူအညီပေးမယ်
  • Min Thit Lwin နန်းအောင်ရေ..ခုလက်ရှိဥက္ကဋ္ဌ သံခဲ ကအဲဒီအချိန်တုံးကဘယ်ရောက်နေတာလဲ။
  • Nang Aung Htwe Kyi ABSDF အနောက်ဘက်မှာ ..
  • Min Thit Lwin ကျေးဇူးပါ။ ဒီစာမှတ်တမ်းတွေကို Printed Hard Copy အနေနဲ့စာအုပ်လုပ်ပြီး ထုတ်မယ်ဆိုရင် ရံပုံငွေအဖြစ်အစအဆုံး ကုန်ကျစရိတ်ကိုလှူချင်ပါတယ် နန်းအောင်ရေ။

No comments:

Post a Comment