Showing posts with label ကိုမောင်မောင်(ရွှေကရဝိတ်). Show all posts
Showing posts with label ကိုမောင်မောင်(ရွှေကရဝိတ်). Show all posts

Tuesday, February 12, 2013

ပွေး




* ရန်သူ့ပလ္လင်အောက်
တွင်းပေါင်း တထောင်ဖေါက်
ရန်သူ့အမြစ်ကိုရှင်းဖြတ်
သင်းသတ်နေသူ ။

*ဂုတ်ပိုးလွှေးမယ့်
မုဆိုးခွေးတွေရဲ့ မာန်ဖီသံတွေနဲ့
ငရဲတိုက်သွင်းမယ့် အမဲလိုက်တုရွင်းရဲ့
အသံတွေကြားမှာ............

*အနွယ်မပျောက်ကောင်းသမို့
ဂယ်ပေါက်တသောင်းနဲ့
ထယ်ဖေါက်အောင်းနေခဲ့သူ ။

* အစော်ကားခံတွေရဲ့တိုက်ပွဲမှာ
ကျော်ကြားသံကို မလှိုက်လဲတတ်သူ ။

* ကံကြမ္မာရဲ့ ရှေ့ တော်မှောက်မှာ
မရှောင်သာတဲ့ သွေးဖေါ်တစုကို
အမှောင်ရွာက အလေးတော်ပြုခဲ့သူ ။

* ထိတ်လန့်နေတဲ့ အပါယ်ကောင်ရဲ့ နောက်ကြောဆီက
ဆိတ်ညံစွာ ရယ်မောနေတတ်သူ ။

* တကယ်တော့သူဟာ.......
အနေမကြောက် အသေမကြောက်တဲ့
မြေအောက်က ပွေးတကောင်မျှသာ။

ရဲဘော် ချိုကြီး
၁၂-၂-၁၉၉၂ ရက်နေ့ ပါဂျောင်တွင် ကြွေလွင့်ခဲ့သော
ကြယ်တပွင့်။

ဤကဗျာကို ၁၉၉၀ ဂျူလိုင်လ. ညတည၊
ဦးဇင်း ဦးဝိသုဒ္ဓ ရဲ့ နတ်မောက်ကျောင်းမှာ
ရဲဘော်နှစ်ဦး တညတာခိုနားခိုက် ရဲဘော်ချိုကြီး
ရေးခဲ့သည်။

ရဲဘော် အောင်ဇေယျ (ဆရာထူး)

အကိုကြီးဧ။် အနုပညာလေးများအား အမှတ်တရ
ကျန်ရစ်အောင် အလွတ်ကျက်မှတ်ခဲ့သော
ဆရာကိုထူးအား ကျေးဇူးတင်လျက်

(မသင်းရေ- ကျွန်တော်ကတော့ ဘယ်သူ့ခွင့်ပြုချက်မှ
တောင်းမနေတော့ဘူး-တင်လိုက်ပြီဗျို့. )
ခင်ဗျားအစ်ကိုကြီး (ချိုကြီး) က ကျွန်တော့်အဖွားရဲ့
ဘော်ဒါဗျ။
အိမ်မှာချိုကြီးအမြဲလာနေတော့-တနေကုန် အလုပ်မရှိ အားနေတဲ့အဖွားက သူ့ရဲ့စကားပြောဖေါ်လေ။
ကျွန်တော် ပါဂျောင်က ဒုတိယအခေါက်ပြန်ရောက်တော့
ချိုကြီးဆုံးသွားပြီဆိုတာသိရတော့-အဖွားကတော်တော် ကိုစိတ်ထိခိုက်သွားခဲ့တာ။သတိရတဲ့အခါတိုင်း မျက်ရည် စမ်းစမ်းနဲ့ ဒီကလေး တောမခိုဘဲအဖမ်းခံလိုက်ရင် သေမှာ မဟုတ်ဘူး-ထောင်ဝင်စာတော့ကောင်းကောင်းစားနေရ ဦးမှာ လို့ပြောပြောနေတတ်တာ။

မောင်မောင်(ရွှေကရဝိက်)
Unlike · 
  • You, Baydar LamNicky SheinSoe Lynn and 51 others like this.
  • Nicky Shein ကောင်းလှချည့်လားဗျာ
    15 hours ago · Like · 1
  • ပဉ္စလက် လူ သား ကဗျာလေးကအနှစ်သာရရှိတယ်။
    15 hours ago via mobile · Like · 1
  • Ko Phonenaing Zegyo ဟင်္သာ ကိုး သောင်း ဖတ် ထား တော့ စိတ် ထဲ မ ကောင်း ဘူး ဗျာ ' ' ' 
    15 hours ago via mobile · Edited · Like · 2
  • Sky Blue ဘာလို့လို့နဲ့ ဖင်လှည့် ခေါင်းလည့်နဲ့ မနှစ်ကတင် အနှစ် ၂၀ တင်းတင်းပြည့်ဘီလို့ ပြောနေရုံရှိသေးတယ်.......ကိုင်းးးး ယနေ့ဘဲ ၂၁ နှစ် တင်းတင်း ထက်ပြည့်ပြန်ပြီ.......
    14 hours ago · Like · 1
  • မိုး စဲ ဆရာထူးကို ကျေးဇူးတင်ပါတယ်..
  • Ohn Kyaw သိပ်ကိုစိတ်ဓါတ်ရဲရင့်ပြတ်သားပါတယ် 
    ကျနော်ဆို သေချာပေါက် ပြေးမှာ
  • Ko Kyaw Tun လေးစားအတုယူထိုက်တဲ့ဆရထူးပါ။

Sunday, February 3, 2013

ဒေါ်သောင်းလှဆိုတာ...။


ဘရာဇီး ငှက်ရိုး shared Maungmaung Skw's photo.
6 hours ago
ယခုလှဆိုင်းပုံနှင့် အတူ ၂၀၁၂ မတ်လက ကိုမောင်မောင်(ရွှေကရဝိတ်)မှ ပုံစာ အနေနဲ့ အဆိပ်မိသလိုလို၊ ပယောဂလိုလိုနှင့် သေဆုံးသွားရသော အန်တီဒေါ်သောင်းလှ (ကျောင်းဆရာမ-ပဲခူး)ဟု တင်ပေးခဲ့ဖူးပါသည်... မနန်းအောင်ထွေးကြည်မှ အန်တီဒေါ်သောင်းလှ ဖျားနာပြီး ၄င်းတို့ရဲမေများ လက်ပေါ်တွင် ဆုံးသွားကြောင်း ပြောပြတဲ့ အတွက် မည်သူ့မည်သူမှ မနစ်နာစေလိုသော ဆန္ဒကြောင့် ပုံနှင့်စာကို ဖြုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ခင်ရွှေလှိုင်(ခ)တမာချင် အား သိစေအပ်ပါသည်.....။
လူသတ်သမားလှဆိုင်း-လက်ရှိ ABSDF(NB) ကိုဦးဆောင်နေသူ။
1Like ·  · Promote · 
  • Phonemo MoThet Zaw and 2 others like this.
  • ဘရာဇီး ငှက်ရိုး တမာခင်ဟု ပြင်ဆင် ဖတ်ရှုပေးပါ...။
    6 hours ago · Like · 2
  • Maungmaung Skw ဒေါ်သောင်းလှ(ကျောင်းဆရာမ-ဘုရားကြီး-ပဲခူး) အကြောင်း သေချာဂနစွာသိသူ ကျော်စွာဝင်းမောင် ရေးတင်ပေးပါ။ ကျွန်တော်က သံသယဖြစ်ဖွယ်(သို့) ပဟေဠိဆန်စွာ သေဆုံးသွားခဲ့သော- ဟုရေးခဲ့သည်ကို မငယ်က ဘာမှမသိဘဲ မဆိုင်တာတွေမရေးပါနဲ့-မြောက်ပိုင်းမှာ စစ်သင်တန်း အပတ်စဉ်၁မှ ၆အထိတက်ခဲ့သူတွေဘဲ ရေးခွင့်ရှိတယ်ဆိုသော စကားရပ်များအပါအဝင် ပြင်းပြင်းထန်ထန်ပြောသဖြင့် ပြန်ဖြုတ်ထားခဲ့ခြင်းဖြစ်ပါသည်။
    6 hours ago via mobile · Unlike · 2
  • Maungmaung Skw အသက်အရွယ်ကြီးရင့်ပြီး နှလုံးရောဂါသည်ကြီးကို Electric ရှော့ရိုက်၍ အိပ်ယာထဲလဲပြီး ကေအိုင်အေဆေးရုံတွင်ဆုံးသွားခြင်ဖြစ်သည်ဟု-ကျော်စွာဝင်းမောင်က တိတိကျကျ ပြောပြပါသည်။
    6 hours ago via mobile · Unlike · 3

Friday, September 28, 2012

ခွေးတိုးပေါက်က ပြန်ပြေးပြီ...။


6 hours ago 

တာဝန်ရှိတာလား အပြစ်ရှိတာလား ဘယ်သူမှအဖြေမပေးရခင် ကိုယ့်ကိုယ်ကိုယ် မလုံလို့
ထွက်ပြေးသွားပြီ။
တရားရုံးမှာ စစ်နေစရာတောင် မလိုတော့ဘူး။


  • Ko Tay, Ye Myint, Maungmaung Skw and 4 others like this.


  • K Ki Ki ဘယ်နေ့က ဘယ် အပေါက်က နေ ဘယ်လို ပြန် သွားတာ ပါလည်း... မီဒီယာတွေ ဘာ လို့  မဖွကြ သေးတာ လည်း.. စဉ်းစားရ ခက် လှပါတယ်..
    6 hours ago · Like · 1
  • Soe Ma Ma Thet မသာကားနဲ့ခွေးတိုးပေါက်က...လေး----
    6 hours ago · Like · 1
  • Ye Myint မသာကားနဲ့ခွေးတိုးပေါက်က...လေး-
    5 hours ago · Like · 1