Friday, January 18, 2013

ကိုထိုက်ရေးတဲ့ အာဏာရှင် သင်္ခန်းစာ


  • အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ဖြစ်မှန်း မသိဖြစ်လာတဲ့ သင်ခန်းစာ ၂ ခုကို .. ၂၁ ရာစု မြန်မာ့ တော်လှန်ရေး သမိုင်းမှာ ကိုယ်တွေ့ မြင်တွေ့ခဲ့ရတယ်။ တုန်လှုပ်ဖို့လည်း ကောင်းရဲ့။

    ပထမ ဖြစ်ရပ်က .. ABSDF မြောက်ပိုင်း လူသတ်ပွဲ
    ဒုတိယ ဖြစ်ရပ်က ... RFA မြန်မာဌာနရဲ့ အလုပ်ထုတ် လူရှင်းပွဲ

    ကျွန်တော်တို့ .. အာဏာရှင်ကို တော်လှန်ရင်း နောက်ထပ် အာဏာရှင် အသစ်တွေ ထပ်မမွေးထုတ်ပါရစေနဲ့တော့။

    (ကိုထိုက်)
    33Like ·  · 
    • Nay ZawB Sit MinnKyaw Swar and 120 others like this.
    • Aung Khin Myint ဗိုလ်ချုပ်မြရဲ့ ဘောသရော ရှိသေးတယ် ဗျ ...
    • Hla Htay အဲဒါပဲကိုထိုက်ရေ ကြံခိုင်ရေးတွေလုပ်ရပ်ကိုမ
      ကြိုက်ဘူး လက်ရှိအစိုးရတာဝန်ရှိတဲ့လူတွေ
      လုပ်ရပ်ကိုမကြိုက်ဘူးလို့ ပြောတဲ့လူတွေ ရဲ့
      တစ်ချို့ပါတီတွေဝင်တွေရဲ့ လုပ်ဆောင်ပုံပြော
      ဆိုပုံကျင့်ကျန်ပုံတွေက အဲဒါထက်တောင်ဆိုး

      နေတာမျက်မြင်ဗျာ ။ပြည်သူတွေကတော့့ရင်
      မပြီး ကောင်မွန်တဲ့အုပ်ချုပ်ရေးရှိတဲ့နိုင်ငံကိုမျှော်
      ကိုးနေရတာဘဲ။
    • Min Din ကိုသာဆိုး တွေ ပေါ့ဗျာ။ ပြောတော့ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ၊ ပြုမူပုံက ဘဝရှင်မင်းတရားစတိုင်ချည်းပါပဲ။
    • Soe Linn အဲ့ဒီလို...မဖြစ်အောင်...အလုပ်သမားသမဂ္ဂအနေနဲ့တရားစွဲထားပါတယ်။...RFA အလုပ်သမားသမဂ္ဂ...အဖွဲ့ဝင် တွေ အတွက်...
    • Jayden Aung Well said Ko Htike. Unfortunately, that's always the case. The power is a very powerful curse that when someone sits on it, he is compelled to never leave it willingly and he will do whatever it takes to keep it, even at the cost of people's lives. The irony is that also happens to the very people who say they hate dictatorship, and they themselves cannot resist "the power of being too powerful". A true democracy is designed such that no one can stay in power seats longer than a period of time, and those in power are tied to specific set of rules which don't allow them to abuse it. That's why dictators hate democracy guts because it's the system that can throw him off the power seat. 
    • Khun Myahlaing ပေါက်ကွဲခါနီး နောက်ထပ်တခုရှိသေးတယ်။ အောက်လက်ငယ်သားက အာဏာရှင်ကိုမွေး၊ အာဏာရှင်က အောက်လက်ငယ်သားကိုမွေး အပြန် အလှန် မွေးနေကြတဲ့ နေရာကြီးတခု.. ပြောတာနဲ့ လုပ်တာက ပြောင်းပြန်ပဲ။ ခုလောက်ကြီး လူသိရှင်ကြား မဖြစ်ခင် ထိန်းသိမ်းနိုင်ရင်တော့ ကောင်းမယ်
    • Win Minthein ဘယ်နေရာလည်းဆိုတာ ငါရိပ်မိနေသလိုပဲ။ ပြောကြည့်ရမလားဟင်။
    • Khun Myahlaing တိတ်တိတ်နေ ထောင်တန်တဲ့...
    • Ingjin Oo ကျေးဇူးပါကိုထိုက်ရေ။ ကိုထိုက်ရေးတဲ့အချက်နှစ်ချက်လုံး မှာ ကျူးလွန်သူတွေအနေနဲ့ တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ ကျန်နေသေးတဲ့အတွက် ဇာတ်လမ်းတွေမပြီးသေးပါဘူး။ အထူးသဖြင့် တရားဥပဒေစိုးမိုးတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီလိုမတရားလုပ်တာတွေ၊ သဘောတူစာချုပ်တွေကို ချိုးဖောက်တာကို ဥပဒေနဲ့အညီဘယ်လိုဖြေရှင်းသလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျမအတွက်ကိုယ်တွေ့ဖြစ်နေတော့ သင်ခန်းစာတခု လေ့လာနေရတယ်လို့ မြင်မိပါတယ်။
    • Htun Nay Linn ဟုတ်တယ်ဘောသရောမှာ ရှင်းပေးမယ် လာခဲ့ ပါဆိုပြီး ၈ ယောက် ကို၈ ချက်ပဲထိုးချပစ်လိုက်တယ်တဲ့ KNUအကြီးပိုင်းတွေလို့ ဖတ်ဖူးပါတယ်
    • Aung Myint Han ကိုနိုင်အောင် ကိုခင်မောင်ဝင်းတို့ လုပ်ကြတာပါ
    • Aungmyint Ko BBC မှာလဲ ဌေးနိုင် (တောင်ပိုင်း) သတ်မှု့ နဲ့ ပါတ်သက်တဲ့ဆရာဝန်တယောက် လက်ရှိတာဝန်ထမ်းဆောင်နေတယ်။

No comments:

Post a Comment