Showing posts with label ကိုညီညီကျော်. Show all posts
Showing posts with label ကိုညီညီကျော်. Show all posts

Monday, February 18, 2013

ဒီ မြေပုံ ပေါ်မှာ မြေပုံတွေ ရှိနေတယ်


Saturday 



ပတာလင် ဆိုတဲ့ နေရာမှာ -

ကျောင်းသားချင်း ဖမ်းဆီး ၊နိုပ်စက် ၊ စွပ်စွဲ ၊သတ်ဖြတ် တဲ့ ဇာတ်ကို
၈.၈.၉၁ မှာ စတင်ခဲ့လို့ .....
အဲဒီနေရာဟာ ကျောင်းသား ၅ ဦး မြုပ်နှံရာ ဖြစ်ခဲ့တယ်

ပါဂျောင် ဆိုတဲ့ နေရာမှာ -

ဒီဇာတ်ကို ဇာတ်အိမ်ကျယ်စွာ
၁၀.၈.၉၁ မှာ ဆက်လိုက်ပြန်တော့....
အဲဒီနေရာဟာ အစုလိုက်အပြုံလိုက်ခေါင်းဖြတ်ပွဲမျာ ကျဆုံး ၁၅ ဦး
အပါအဝင် ကျောင်းသား ၂၆ ဦး နဲ့ 
အရပ်သား ၁ ဦး မြုပ်နှံရာ ဖြစ်ခဲ့ပြန်တယ်

အတိတ်မှာဆိုပေမဲ့ မေ့ချန်ခဲ့ဖို့ တော့ မဖြစ်နိုင်ပါဘူး

ရင်း ( ၆ ) နယ်မြေမှာ ကျောင်းသား ၂ ဦး
ရုန်းကန် လွတ်မြောက်ရာလမ်းမှာကျောင်းသား ၁ ဦး နဲ့ ဆိုတော့
ကျောင်းသားချင်း သတ်ဖြတ်မှု အဆုံးမှာ

အားလုံး ၃၅ ဦး ကျဆုံးခဲ့ပါတယ်။ ။
 — with Paw Lwin,Maung Khaing, Thin Thin Nyi and 17 others.





  • You, Maungmaung Skw, Soe Lynn, Aye Lwin and 23 otherslike this.
  • မဟာ ဇနက ရင်နာစရာတွေပါ
    Saturday at 5:16am via mobile · Like · 3
  • Paw Lwin ကျဆုံးပြီးကျန်ရစ်သူတွေကို
    ဒို့တွေ အလေးပြုကြတယ်
    မသေလို့ပြန်ရောက်လာသူတွေကို
    ဒို့တွေပွေ့ဖက်ကြတယ်
    အသက်မသေဘဲ ကျန်ရစ်နေသူတွေကို
    ဒို့တွေ ဘယ်လိုသဘောထားရမှာလဲ
  • ပွေး တစ်ကောင် ချန်ရစ်တဲ့ သမိုင်း

    by Kyaw Gyi AB on Friday, February 15, 2013 at 3:57am ·
    ကဗျာ...ဟာ
    ညာ   မရဘူး

    ဒီခရီး  ဒီလမ်း
    ခပ်ကြမ်းကြမ်းဖြတ်သန်းသူဟာ
    ဒီကဗျာကို ထားခဲ့တယ်...

    ဒီမယ်
    ဒါ သူတကယ်လုပ်ခဲ့ တဲ့
    သူ့ သမိုင်း
    ရိုင်းအောင်လုပ်လိုသေး သလား

    ခင်ဗျား...ခုဖတ်ကြည့်


             ကိုချိုကြီး   ( ၁၂-၂-၁၉၉၂ ရက်နေ့ ပါဂျောင်တွင် ကြွေလွင့် ကြယ်တပွင့် ) ချန်ရစ်တဲ့ ကဗျာပါ


    ပွေး

    *  ရန်သူ့ပလ္လင်အောက်
        တွင်းပေါင်း တထောင်ဖေါက်
        ရန်သူ့အမြစ်ကိုရှင်းဖြတ်
        သင်းသတ်နေသူ ။

    *  ဂုတ်ပိုးလွှေးမယ့်
        မုဆိုးခွေးတွေရဲ့ မာန်ဖီသံတွေနဲ့
        ငရဲတိုက်သွင်းမယ့် အမဲလိုက်တုရွင်းရဲ့
        အသံတွေကြားမှာ............

    *  အနွယ်မပျောက်ကောင်းသမို့
        ဂယ်ပေါက်တသောင်းနဲ့
        ထယ်ဖေါက်အောင်းနေခဲ့သူ ။

    *  အစော်ကားခံတွေရဲ့တိုက်ပွဲမှာ
        ကျော်ကြားသံကို မလှိုက်လဲတတ်သူ ။

    *  ကံကြမ္မာရဲ့ ရှေ့ တော်မှောက်မှာ
        မရှောင်သာတဲ့ သွေးဖေါ်တစုကို
        အမှောင်ရွာက အလေးတော်ပြုခဲ့သူ ။

    *  ထိတ်လန့်နေတဲ့ အပါယ်ကောင်ရဲ့ နောက်ကြောဆီက
        ဆိတ်ညံစွာ ရယ်မောနေတတ်သူ ။

    *  တကယ်တော့သူဟာ.......
        အနေမကြောက် အသေမကြောက်တဲ့
        မြေအောက်က ပွေးတကောင်မျှသာ။



    ဤကဗျာကို ၁၉၉၀ ဂျူလိုင်လ. ညတည၊
    ဦးဇင်း ဦးဝိသုဒ္ဓ ရဲ့ နတ်မောက်ကျောင်းမှာ
    ရဲဘော်နှစ်ဦး တညတာခိုနားခိုက် ရဲဘော်ချိုကြီး
    ရေးခဲ့သည်။

    13Unlike ·  · 
    • You, Maungmaung Skw, Soe Lynn, Kyawnaing Oo and 18 others like this.
    • Maungmaung Skw ကိုယ့်ကိုယ် ကို ပွေးလို့သတ်မှတ်ထားတဲ့ တော်လှန်ရေးသမား မြို့ပေါ်နေအကောင်းသား
      တောခိုသွားမှ 
      ထောက်လှမ်းရေးတပ်မှူးဖြစ်ရပြီး
      လူကိုအရှင်လတ်လတ်မီးရှို့
      တပိုင်းစီခုတ်ဖြတ်
      ...See More
      Friday at 5:57am via mobile · Unlike · 4
    • Htun Aung Gyaw သိပ်ကောင်းတဲ့ကဗျာလေးပါ ကာရံတွေကလဲထိမိပါပေရဲ့ ။ ဒို့ပြည်မှာတော်လှန်ရေးသမားတွေများတယ် ဒီလိုဘဲအနုပညာ သမားတွေလဲများတယ်။ ဒါပေမဲ့အနုပညာမြောက်တဲ့တော်လှန်ရေးသမားကတော့ရှားတယ်။ ကိုချိုကြီးနဲ့ကို ထွန်းအောင်ကျော် တို့ ညီအကိုကတော့စွယ်စုံရသူတွေပါဘဲ။ နှမြောတယ်ဗျာ ။

    Friday, February 15, 2013

    News Watch မှ ကိုမောင်မောင်ကြွယ်



    16 hours ago 

    သူငယ်ချင်းရေ......
    လူကိုသတ်ပစ်လို့  ရနိုင်ပေမဲ့ အမှန်တရားကိုတော့ ဘယ်လိုမှ သတ်ပစ်လို့ မရနိုင်ဘူး။
    ငါတို့ ရဲ့ အသက်ရှင် ကျန်ရစ်ခြင်းဟာ အဲဒီအမှန်တရားကို ဖေါ်ထုတ်ဖို့ ပဲ ဖြစ်ရစေ့မယ်။
    စိတ်ချလိုက်ပါ သူငယ်ချင်း ။

    ( ယခုတစ်ပါတ် News Watch မှ )
     — with Kyaw Zin Tun,Kotoe NBDo Gyi NB and 17 others.



  • Lily Htut so sad.... 
  • Pauline Kyiကြေကွဲမိပါတယ်ရဲဘော်တို့ရေ။ကောင်းရာသုဂတိလားပါစေ
  • ပွေး တစ်ကောင် ချန်ရစ်တဲ့ သမိုင်း


    by Kyaw Gyi AB on Friday, February 15, 2013 at 3:57am ·

    ကဗျာ...ဟာ
    ညာ   မရဘူး

    ဒီခရီး  ဒီလမ်း
    ခပ်ကြမ်းကြမ်းဖြတ်သန်းသူဟာ
    ဒီကဗျာကို ထားခဲ့တယ်...

    ဒီမယ်
    ဒါ သူတကယ်လုပ်ခဲ့ တဲ့
    သူ့ သမိုင်း
    ရိုင်းအောင်လုပ်လိုသေး သလား

    ခင်ဗျား...ခုဖတ်ကြည့်


             ကိုချိုကြီး   ( ၁၂-၂-၁၉၉၂ ရက်နေ့ ပါဂျောင်တွင် ကြွေလွင့် ကြယ်တပွင့် ) ချန်ရစ်တဲ့ ကဗျာပါ


    ပွေး

    *  ရန်သူ့ပလ္လင်အောက်
        တွင်းပေါင်း တထောင်ဖေါက်
        ရန်သူ့အမြစ်ကိုရှင်းဖြတ်
        သင်းသတ်နေသူ ။

    *  ဂုတ်ပိုးလွှေးမယ့်
        မုဆိုးခွေးတွေရဲ့ မာန်ဖီသံတွေနဲ့
        ငရဲတိုက်သွင်းမယ့် အမဲလိုက်တုရွင်းရဲ့
        အသံတွေကြားမှာ............

    *  အနွယ်မပျောက်ကောင်းသမို့
        ဂယ်ပေါက်တသောင်းနဲ့
        ထယ်ဖေါက်အောင်းနေခဲ့သူ ။

    *  အစော်ကားခံတွေရဲ့တိုက်ပွဲမှာ
        ကျော်ကြားသံကို မလှိုက်လဲတတ်သူ ။

    *  ကံကြမ္မာရဲ့ ရှေ့ တော်မှောက်မှာ
        မရှောင်သာတဲ့ သွေးဖေါ်တစုကို
        အမှောင်ရွာက အလေးတော်ပြုခဲ့သူ ။

    *  ထိတ်လန့်နေတဲ့ အပါယ်ကောင်ရဲ့ နောက်ကြောဆီက
        ဆိတ်ညံစွာ ရယ်မောနေတတ်သူ ။

    *  တကယ်တော့သူဟာ.......
        အနေမကြောက် အသေမကြောက်တဲ့
        မြေအောက်က ပွေးတကောင်မျှသာ။



    ဤကဗျာကို ၁၉၉၀ ဂျူလိုင်လ. ညတည၊
    ဦးဇင်း ဦးဝိသုဒ္ဓ ရဲ့ နတ်မောက်ကျောင်းမှာ
    ရဲဘော်နှစ်ဦး တညတာခိုနားခိုက် ရဲဘော်ချိုကြီး
    ရေးခဲ့သည်။

    5Unlike ·  · 
    • You, Maungmaung SkwSoe LynnKyawnaing Oo and 12 others like this.
    • Maungmaung Skw ကိုယ့်ကိုယ် ကို ပွေးလို့သတ်မှတ်ထားတဲ့ တော်လှန်ရေးသမား မြို့ပေါ်နေအကောင်းသား
      တောခိုသွားမှ 
      ထောက်လှမ်းရေးတပ်မှူးဖြစ်ရပြီး
      လူကိုအရှင်လတ်လတ်မီးရှို့
      တပိုင်းစီခုတ်ဖြတ်

      အသတ်ခံခဲ့ရတယ်-
      ကမ္ဘာကြေပေမဲ့ ဥဒါန်းဘယ်လိုကြေနိုင်ပါ့မလဲ။
      9 hours ago via mobile · Unlike · 2