Tuesday, January 15, 2013

ကျမ အိမ်ပြန်ခွင့်ရပြီ ဆိုတဲ့ မနန်းအောင်ထွေးကြည်

Photo: မြောက်ပိုင်း ကျောင်းသူ နန်းအောင်ထွေးကြည် မြန်မာပြည် ပြန်ခွင့်ရပြီ 

ABSDF  မြောက်ပိုင်းကျောင်းသူတစ်ဦးဖြစ်ပြီး မြောက်ပိုင်း ကျောင်းသားများသတ်ဖြတ်မှုဘေးမှ လွတ်မြောက်ခဲ့သူ နန်းအောင်ထွေးကြည်အား မြန်မာနိုင်ငံသို့ ပြန်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။

မြန်မာပြန်ခွင့်ရရှိခြင်းနှင့်ပတ်သက်၍ နန်းအောင်ထွေးကြည်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ““ ကျမ အိမ်ပြန်ခွင့်ရပြီ လို့ Australia သံရုံး မှအကြောင်းကြားစာ Email ပို့လာပါတယ် ။ABSDF ဗဟိုတောင်ပိုင်းဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်ကို ကျေးဇူးတင်ပါတယ် ။ရွှေတိဂုံဘုရားဖူးခွင့်ပြန်ရပါတော့မယ်။ အမေနဲ့ ပြန်တွေ့ရတော့မယ်။မပ ပြန်မောင်နှမတွေနဲ့ ပြန်ဆုံရတော့မယ် ။ကျမ ရင်ထဲကအပျော်တွေကို မျှဝေပါတယ် ။နန်းအောင်ထွေးကြည် ။၁၁.၃.၂၀၁၂ ။”” ဟု ရေးသားဖော်ပြထားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ အားလပ်ရက်တွင်ပြန်လာမည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင်ဖော်ပြထားသည့်မှတ်ချက်များအရသိရသည်။

နန်းအောင်ထွေးကြည်သည် လက်ရှိတွင် သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်လျှက်ရှိကြောင်းသိရသည်။

NLA

(ကိုးကား နန်းအောင်ထွေးကြည်ဖေ့ဘွတ်)

မြောက်ပိုင်း ကျောင်းသူ နန်းအောင်ထွေးကြည် မြန်မာပြည် ပြန်ခွင့်ရပြီ

ABSDF မြောက်ပိုင်းကျောင်းသူတစ်ဦးဖြစ်ပြီး မြောက်ပိုင်း ကျောင်းသားများသတ်ဖြတ်မှုဘေးမှ လွတ်မြောက်ခဲ့သူ နန်းအောင်ထွေးကြည်အား မြန်မာနိုင်ငံသို့ ပြန်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။

မြန်မာပြန်ခွင့်ရရှိခြင်းနှင့်ပတ်သက်၍ နန်းအောင်ထွေးကြည်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ““ ကျမ အိမ...See More

Unlike ·  · Share · November 2, 2012
  • Moe Hein ထွန်းအောင်ကျော်ကလူသတ်သမားဆို ခုနန်အောင်ထွေးကြည် ကကျေးဇူးတင်တယ်ပြောနေပြန်ပြီ ရှုတ် ကုန်ပြီ သမိုင်းအမှန်ရှင်းကြပါ ဦး မိုးသီးဇွန် တို့တော့မယုံဘူး အခွင့်အရေးသမားတွေပြန်မလာနဲ့
  • Myo Khon Koh သမိုင်းကြောင်းကိုသေချာလေ့လာပါဦးကိုမိုးဟိန်းရဲ့ ကိုထွန်းအောင်ကျော်က. ABSDF ဥက္ကဋ္ဌလုပ်ခဲ့တာ ၈၈ ၈၉ ကာလတိုလေးပါ သူပြီးမှမိုးသီးဇွန် နောက် ဒေါက်တာနိုင်အောင် လူသတ်မှုတွေကနိုင်အောင်လက်ထက်မှာဖြစ်ခဲ့တာပါ
  • Moe Hein မိုးသီးဇွန် နိင်အောင် တို့ လူသတ်သမားပေါ့? ok ရှင်းပြီ ကျေးဇူးတင်ပါတယ်myo khon koh
  • Ko Aung Chan ထွန်းအောင်ကျော်က ABSDF(NB) ရဲ့ဥက္ကဌ ပါ။ ပါဂျောင် လူသတ်ပွဲမှာ အသတ်ခံ ခဲ့ရပါတယ်။
  • Hero Yan Naing အရမ်းဝမ်းသာပါတယ်။ကြိုဆိုနေမယ်နော်
  • Hero Yan Naing သူငယ်ချင်းတို့ ဒီသမိုင်းရဲ့တရားခံကို တို့မမေ့သင့်ဘူး
  • Nyi Nyi Htwe မိသားစုတွေမျော်နေရတဲ့ ကာလတွေမှာ ထပ်တူ ခံစားရပေမဲ့ ယခုသတင်းကြောင့် မိသားစုနဲ့ ထပ်တူမဟုတ်တောင် မလျှော့တဲ့ ၀မ်းသာမှုနဲ့အတူဝမ်းသာရပါတယ်။ မြန်မာပြည်ပြန်ရောက်၇င် ABSDF မြောက်ပိုင်းက အထုပ်ရှုပ်တွေ အကြောင်း (ဲဖြစ်နိုင်ရင် ABSDF ဥက္ကဌ ဖြစ်ခဲ့တဲ့ Dr. နိုင်အောင် ၊ မိုးသီးဇွန် တို့ရဲ့ ခေါင်းဆောင်မပီသမှုတွေအပါအ၀င်) သတင်းစာရှင်းလင်းပွဲလေးတခုလောက် လုပ်စေချင်ပါတယ်။ ဒါမှ နောက်ပိုင်း လူငယ်တွေ တကယ့်သမိုင်းကြောင်းကိုသိလာမှာပါ။
  • Nang Kyaw welcome home..nang
  • Ah Mar Ni မြောက် ပိုင်း အမှု့ အတွက် အားတခုပါ
  • Myanmar Tharkaung အမေရိကန် သမ္မတ အိုဘားမား ဒီလအတွင်း မြန်မာပြည်ကို လာမည်
    http://www.myanmartharkaung.net/2012/11/blog-post_8290.html
  • Tun Tun Win နိုင်အောင် နဲ့  အောင်နိုင်၊ထွန်းအောင်ကျော် ၂ယောက် နဲ့ လွဲကုန်ပါ့ မယ်။
  • Win Naing i hate ABsdf because when i read khitthithinths koethaung ponepyin.
  • Aung Pan Chitthu ကြိုက်တယ်ဟေ့လုံးဝဖိုက်တာပဲနော်.....
  • Koaungkolatt Aungkolatt ကြိုဆိုပါတယ်ဗျာ-----
  • Kyawnaing Oo မွေး နေ့ အမှီ ပါ ဆိုခွင့် က မရ ဘူး
  • Han Thein မင်းတို့ စစ်ကျောရေးမှာ သေတာ ဒါထက်များသေးတယ် ။
  • Thant Oo ထားခဲ့တဲ့ စေတနာနဲ့ ပြုခဲ့တဲ့ ကံတွေအတွက်...ကျန်တဲ့ ဘ၀ သက်တမ်းတစ်လျောက် ထာဝရ အေးချမ်းပျော်ရွှင်နှိုင်ပါစေဗျာ...။
  • San Dar ကြိုဆိုပါတယ်မနန်း.. ကိုထွန်းအောင်ကျော်လဲရောက်ရာဘဝကနေ မနန်းအတွက်ဝမ်းသာနေမှာပါ.. မြန်မာကိုပြန်ရောက်ရင်သာ သမိုင်းမှန်ကိုလူအများသိအောင်ထုတ်ဖေါ်ပေးပါ
  • အူကြောင်ြဲကြား ပါဂျောင်လူသတ်ပွဲ အကြောင်း တကယ့်အမှန်တရားကို ပြည်သူလူထူကြီးတရပ်လုံး သိရှိ ၊ ခံစား ၊ နားလည် နိုင်ရန် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အသက်မသေဘဲလွတ်မြောက်လာခဲ့တဲ့ ကိုညီညီကျော်၊ ကိုရဲလင်း ၊ မနန်းအောင်ထွေးကြည် စသည့် ကျောင်းသားဟောင်းများမှ အသေးစိတ်သတင်းစာရှင်းလင်းပွဲတခုကို မနန်းအောင်ထွေးကြည် မြန်မာပြည်ပြန်ရောက်တဲ့အခါ ပြုလုပ်ပေးစေချင်ပါတယ်။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး နဲ့ မျက်နှာဖုံးစွပ် လူသတ်သမားများကို နောင်လာမဲ့မျိုးဆက် ကျောင်းသား ငယ်များသိရှိရန် ဖော်ထုပ်ကြပါစို့။
  • Yan Shin Aung လုံခြုံရေးလဲသတိထားဦး.။ ကုလားမိုးသီး ကအဖြစ်မှန်ပေါ်မှာစိုးရိမ်ပြီး လုပ်ကြံနေဦးမယ်.။
  • Thant Zin ကျွန်တော် တို့  ၈၈ နောက်ပိုင်းမှာ ကြီးပြင်းရတဲ့ သူတွေအဖို့ တော့ အဲဒီ အကြောင်းတွေကို သိပ်မသိဘူး။ ဒါပေမယ့် ဟိုတလောက မိတ်ဆွေတစ်ယောက် က မျှပေးလို့  "ကျွန်တော်လူ့ ကတ်ဆက်" ဆိုတဲ့ အကြောင်းအရာကို ဖတ်လိုက်ရတယ်။ ဖတ်နေရင်းနဲ့  သူတို့ တွေရဲ့ဘဝ ကိုတွေးမိပြီး ဝမ်းနည်းမျက် ရည်ကျမိတယ်။ အဲဒီထဲကအတိုင်း အမှန်သာ ဆိုရင် တကယ့်ကို စက်ဆုပ်ရွံရှာ စရာကောင်းပြီး လူမဆန်တဲ့ ဝမ်းနည်းစရာ သမိုင်း တစ်ပုဒ်ပဲ။ ကာယကံရှင်တွေကိုယ်တိုင် မျက်နှာစုံညီ ရှင်းလင်းတာကို နားထောင်ရရင်တော့ ဖြင့် ကျွန်တော်တို့  လူငယ်တွေ အနေနဲ့  ကျေးဇူးတင်မိမှာပါ။ သင်ခန်းစာယူရတာပေါ့ဗျာ။ အဲဒီထဲက အတိုင်းအမှန်သာ ဆိုရင်တာ့ သူတစ်ပါးကို ချောက်တွန်းခဲ့တဲ့ သူတွေအတွက် ရင်လေးစရာပဲ။ ကျွန်တော် က ကံ၊ကံ၏ အကျိုးကိုယုံကြည်တယ်။ သူတို့ တစ်တွေ ရဲ့ အကုသိုလ်ကံ ကတော့ မတွေးရဲစရာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ပေးခဲ့၊ ဒုက္ခ ခံခဲ့ရတဲ့သူ တွေအတွက် စိတ်မကောင်းဘူးဗျာ။ နောင်တော်တို့  ရဲ့ ကိုယ်ကျိုးစွန့်  အနစ်အနာ ခံမှု ကို ကျွန်တော် တို့ လူငယ်တွေ အမြဲ သတိရနေပါ့မယ်။ မနန်းအောင်ထွေးကြည် ကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။
  • Thaung Oo မိုက်တယ်
  • Nang Aung Htwe Kyi အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်ရှင်
  • 정희 အမသတင်းတွေ့တော့ တိုက်တိုက်ဆိုင်ဆိုင် အခု သီတင်းကျွတ်ပိတ်ရက်မှာ ဖတ်မိတဲ့စာအုပ်က မောင်မောင်(ရွေကရ၀ိတ်)ရေးထားတဲ့ " ကျွန်တော်သိသော ခေတ်သစ်ဟင်းသာကိုးသောင်းပုံပြင် " စာအုပ် ဖြစ်နေခဲ့ပါတယ်. အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်. .နိုင်ငံရေးစာအုပ်ဖတ်ဖို့ ပျင်းလှတဲ့ သူတောင် အစ အဆုံး ကျော်မဖတ်ပဲ အကုန်လုံး ဖတ်ဖြစ်ခဲ့ပါတယ်.အဲဒီထဲမှာ အမရဲ့နံမည်ကိုလည်း တွေ့ပါတယ်. .အဲဒီစာအုပ်ဖတ်ပြီး အမတို့ရဲ့ ABSDF အကြောင်းကိုလည်း သိခဲ့ရတယ်..အဲဒီထဲက အဖြစ်အပျက်တွေက တကယ်ပဲ ရက်ရက်စက်စက် ရှိခဲ့ပါသလား ဒါမှမဟုတ် စာရေးသူကပဲ ဖန်တီးရေးထားတာလား ဆိုတာ သိချင်ပါတယ်..
  • Nang Aung Htwe Kyi ဖြစ်ရပ်မှန်တွေနဲ့အမကျော်ဖြတ်ခဲ့ရတဲ့ အကြောင်းကို စာအုပ်ထုတ်မှာဖြစ်ပါတယ်။ တိကျမှု့ရှိအောင် မပပြန်တချို့နဲ့တိုင်ပင်ရေးသွားမှာဖြစ်ပါတယ်။ABSDF နဲ့ ABSDF-NB တခုလုံးရဲ့ သမိုင်းကြောင်းမဟုတ်ပါဘူး။ အမရဲ့ဖြတ်သန်းခဲ့တာကိုဘဲရေးသွားမှာပါ ။ ကျေးဇူးတင်ပါတယ်။
  • တာ တာ မခင်ချိုဦးအကြောင်းလဲ သိချင်ပါတယ် အစ်မ .. ကြားခဲ့ရတာ ဖတ်ခဲ့ရတာတွေ ဟုတ်မဟုတ် သေချာ သိချင်ပါတယ် .. စောင့်မျှော်နေလျှက်ပါ
  • Myo Win လှမ်းလာခဲ့ပါ ပြည်မြန်မာ
  • အိုးဝေအောင် အိုးဘားမား သြစီ စီတီဇင် ဖြစ်နေတဲ့  အမငယ်ကို ဗီဇာ ဘယ်လောက်ပေးတုန်း ။
  • Phyoko Naing အစ်မဘ၀ရဲ့ ဖြတ်သန်းမှုအကြောင်းတွေကိုနားထောင်ချင်တယ်။ခွပ်ဒေါင်းပျိုကိုလေဆိပ်မှာလာကြိုမယ်။

No comments:

Post a Comment