Tuesday, January 15, 2013

ABSDF -ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၃)


by May Thingyan Hein on Thursday, November 8, 2012 at 9:55pm ·

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၉၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၃)

ဧပြီလ ၁၀ရက်နေ့၊ ၁၉၈၉ ခုနှစ်မှာ တောခိုဖို့ ရန်ကုန်မှစထွက်ခဲ့တယ်။

ကျမ မခင်ချိုဦး၊ သန်းထွန်းစိုး၊ အောင်ကျော်ဦး၊ ဋ္ဌေးမြင့်ဝင်းတို့၇န်ကုန်မှအတူတူထွက်လာခဲ့တယ်။ မန္တလေးကို ရောက်တော့ ဂေါ်စဒါက ညီညီကျော်တို့ နဲ့ ချိတ်ဆက်ပြီးသွားတယ် ။ ပထမ မန္တလေးက ဘုန်းကြီးကျောင်းဝင်းမှာနေကြတယ်။ နောက်မှ မခင်ချိုဦး နဲ့ ကျမက မအမာနီ တို့အိမ်မှာ သွားပုန်းကြတယ်။

အဲဒီမှာ ABSDF မြောက်ပိုင်းကို သွားနိုင်တဲ့ လမ်း ၂ လမ်းရှိတဲ့အကြောင်း သိရတယ်၊ လမ်းကြောင်းတခုကတော့ တရုတ်ပြည်ဘက်ကနေ သွားရတဲ့လမ်းကြောင်း ပိုအဆင်ပြေတယ်၊ ပိုက်ဆံတော့ပိုကုန်တယ်၊ နောက်တလမ်းကတော့ မိုးညင်းဘက်ကနေ သွားတဲ့လမ်း သူကတော့ ငွေကြေးအကုန်အကျနည်းတယ် နည်နည်းကြမ်းတယ်။

အိမ်ကနေပိုက်ဆံလည်း ပါလာတော့ ပိုအဆင်ပြေတဲ့ လမ်းကိုပဲ ရွေးလိုက်ကြတယ်။အဲ့ဒီကနေ မူဆယ်လမ်းကနေ တရုတ်ပြည် ရွှေလီကို ၀င်ခဲ့ကြတာ။ ညီညီကျော် ( FB Name Kyaw Gyi AB ) တို့စီစဉ်တဲ့ ရွှေလီဘက်က တည်းခိုခန်းမှာ တည်းကြတယ်။ အဲ့ဒီမှာ ကျောင်းသားတပ်ရဲ့ အချိတ်အဆက်တွေရှိတယ်။

နောက်နေ့ ညထင်တယ် ။မိုးချုပ်နေပြီ ။ သန်းထွန်းစိုးကပြောတာ ကျောင်းသားတပ်ကလူတွေရောက်နေပြီပေါ့။ သံချောင်းကိုယ်တိုင်လာတာ လို့ သိရတယ်။ မှတ်မိသလောက် ပြောရရင်တော့ နောက် ရာကေး ခေါ် ကျော်မြင့် ။ကျော်ထင်ဦးတို့ပေါ့နော် သူတို့လည်း ပါတယ်။

အဲဒီကနေ ယင်ကျန်းသွားခဲ့ကြတယ်။ နောက်စီမားကို ရောက်တယ်။ စီးမားမှာ ကားရပ်ပြီး ဘာကြောင့်မှန်းမသိဘူး စီမားကနေ ပါဂျောင်စခန်းထိ လမ်းလျှောက်ပြီး တက်ခဲ့ရကြတယ်။
၁ ရက် မေလ ၁၉၈၉ မှာ ပါဂျောင်ဒေသ လိုင်စင်စခန်း ရှိ မကဒသကျောင်းသားတပ်မတော် ကချင်ပြည်နယ် ABSDF-KS ကိုရောက်တာ။


အဲဒီတုန်းက  ABSDF-KSမှာက  ဦးစီးလွှမ်းမိုး၊ ဦးစီးနေဒွန်းနဲ့ ဦးစီး လှဋ္ဌေး။ နောက် မျိုးဝင်းက KS ရဲ့ အတွင်းရေးမှူး၊ သံချောင်းက စစ်ရေးတာဝန်ခံ။ ဥက္ကဌ ကျော်ကျော် ဆိုပြီးဖွဲ့ဆည်းထားတယ် ။ ဒါပေမဲ့အဲ့ဒီအချိန်မှာမျိုးဝင်းနဲ့ သံချောင်းဘဲရှိတယ် ။ ဥက္ကဌကျော်ကျော်နဲ့ ဦးစီးလှဌေးက ABSDF တောင်ပိုင်းဗဟို ကိုထွက်ခွာတဲ့ အချိန်။
ဦးစီး လွှမ်းမိုးနဲ့ ဦးသီးနေဒွန်းလည်း ရှေတန်းရောက်နေတဲ့အချိန်။

မေလ ၃ ရက်နေ့ ၁၉၈၉ မှာ အမှတ်စဉ် ၃ စစ်သင်တန်းတက်တယ် ။ မခင်ချိုဦး၊ ဋ္ဌေးမြင့်ဝင်း၊အောင်ကျော်ဦး နဲ့ကျမတို့သင်တန်းအတူ တက်ကြတယ်။ သန်းထွန်းစိုးမပါဘူး။သူက ရန်ကုန်ပြန်ဆင်းသွားရတယ်။ ဘာကြောင့် ဆိုတာတော့ မသိဘူး၊ အတိအကျမသိရဘူး။


အမှတ်စဉ် ၃ မှာ မှတ်မိသလောက် ရန်ကုန်က ကျမ နန်းအောင်ထွေးကြည်(နောက်ပိုင်းမှာ ထောက်လှမ်းရေးလို့စွပ်စွဲပြီ်းအဖမ်းခံရတယ်) နောက် ခင်ချိုဦး(ထောက်လှမ်းရေးလို့စွပ်စွဲပြီး အသတ်ခံရ)။ ဌေးမြင့်ဝင်း (ထောက်လှမ်းရေးလို့စွပ်စွဲပြီ်း အသတ်ခံရ)။ ဝင်းနောင်(အသတ်ခံရ)။ အောင်ကျော်ဦး(ထောက်လှမ်းရေးလို့စွပ်စွဲပြီး အဖမ်းခံရ)။ .မိုးဇော်ထွန်း ( မိုးကြီး - အဖမ်းခံရ)တို့အတူ တက်ခဲ့ကြတယ်။ ရန်ကုန်ကလာတဲ့ ကိုသက်နိုင် (အသတ်ခံရ)က အမှတ်စဉ် ၂ လား ၃ လား.. မမှတ်မိတော့ဘူး။ သင်တန်းမှာ ရန်ကုန်ဆိုလို့ ဒါဘဲရှိတယ် ။ အဲ့ဒီအချိန်က ရန်ကုန်၊မန္တလေးကလာတာ သိပ်မရှိကြသေးဘူး။


အမှတ်စဉ် ၃ သင်တန်းအတွင်းမှာ သန်းထွန်းစိုး နဲ့ ကျမတို့ကို သံချောင်းနဲ့ မျိုးဝင်းတို့က ဘာကြောင့်မှန်းတော့ မသိဘူး  ဓါတ်ပုံတွေ ရိုက်ခိုင်းတယ် ။ သူတို့က ရိုက်ဆိုတော့လည်း ရိုက်ပေးလိုက်ရတာပေါ့ ဘာရယ်ညာရယ်တော့ မဟုတ်ဘူး။ဘာကြောင့်ဆိုတာ တကယ်ကို မသိရဘူး ။  နောက်သန်းထွန်းစိုး မြို့ထဲပြန်ဝင်သွားရတယ်။ ဘာကြောင့်မှန်းလည်း မသိရဘူး။

ကျမတို့ ၄ ယောက် သင်တန်းဆက်တက်တယ်။ သင်တန်းကာလမှာ ဝါးခုတ် နှီုးဖျာတွေ လုပ်ရတော့ သိတဲ့အတိုင်းပဲ ကျမတို့လို မြို့ပေါ်ကလာတဲ့ ကျောင်းသားတွေအတွက်က တော်တော်ဒုက္ခ ရောက်ရော။ အဲဒီမှာ သူတို့ကလည်း... အားမောင်ရေ ..မင်းတို့ မြို့သားတွေ ဒါလေးတောင် မလုပ်တတ်ဘူးကောညယ် ... ဆိုတာကနေစတာတော့ပဲ။

သိတယ်မလား အဲ့လိုပြောတော့လည်း မခံချင်ဘူး ။ စိတ်ထဲမှာလည်း မခံချင်၊ဟုတ်နေတော့လဲ ခံရပြန်တယ် ။ ရအောင်လုပ်တယ် . ဓါးကိုင် သိပ်မကျွမ်းကျင်တော့ နှီးဖြာရင် ပါးစပ်နဲ့ ကိုက်ခွာပြီး ရအောင်ဖြာတယ်။ ရန်ကုန်သူပဲ ရအောင်ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ လုပ်တယ်။ ပါးစပ်နဲ့ နှီးဖြာတော့ နှီးတော့ရပါတယ်၊ ပါးစပ်တွေ နှုတ်ခမ်းတွေ လျှာတွေ ဝါးလျှပြီး ကြိမ်းစပ်နေတာပဲ။

သင်တန်းဆင်းတော့ ရဲမေ ကိုယ်ပိုင်နံပတ်က မ/ ၀၀၁၇။


အဲဒါပြီးတာနဲ့ ကျမကို မျိုးဝင်းက ခေါ်ပြီးတော့ စောမြအောင်ရယ်၊ ကိုစိန်သန်းရယ်ပေါင်းပြီး ၀ါဒဖြန့်ချီရေး အဖွဲ့ဖွဲ့တယ်။ ၁၉၈၉ ခုနှစ်ဇူလိုင်လမှာပဲ ၀ါဒဖြန့်ချီရေးအဖွဲ့ ဖွဲ့ဖြစ်ခဲ့တယ်။
အဲဒီအချိန်တုန်းက တပ်ထဲမှာ ရဲဘော်တော်တော်များများနဲ့ ရဲမေတော်တော်များများကရှေ့တန်းမှာရှေ့တန်းရောက်နေကြတဲ့အချိန်ဖြစ်တယ်။


အဲဒီအချိန်မှာ အမှတ်စဉ် ၁ သင်တန်းဆင်းရဲမေခင်မာအေးရဲ့အမ မမူက မြို့ ထဲသွားနေတယ်။ မြို့ထဲဆင်းတာကနေ အပြန် မြတ်ကိုကို ပါလာတယ်။ အဲဒါလောက်ပဲ သိလိုက်ရတယ်။ နောက် သိပ်မကြာဘူး၁၉၈၉ ခုနှစ် ဇူလိုင်လလောက်မှာ မြတ်ကိုကို ကိုသူတို့ သတ်ပစ်လိုက်ကြတယ်။


ပထမဆုံးအကြိမ် လူသတ်တာကို ကျမ ကြားလိုက်ရတာပဲ။ သိပ်အံ့သြသွားတယ်။
လူတယောက်ကို သတ်လိုက်တယ်ဆိုတာပဲ ကြားလိုက်ရတာ။ ဘာဖြစ်လို့ သတ်တာလဲ။ ဘာကြောင့် မြတ်ကိုကို ကို သတ်တာလဲ ဆိုတာ မသိရဘူး။ ဘယ်သူမှလည်း မသိကြဘူး။
ဘာကြောင့်မှန်းမသိဘဲနဲ့ လူတယောက်ကို ဒီလို လွယ်လွယ် သတ်တာလဲပေါ့၊ အဲလို စဉ်းစားတယ်။ဒီလိုလုပ်တာ ကျမ မကြိုက်ဘူး။ စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်တယ်။


ဒါကျောင်းသားတပ်မတော်ဖြစ်တယ်။ကျောင်းသားဆိုတာလူမသတ်ရဘူး။ ဒါဘဲကျမနားလည်တယ်။ ဒီလိုဘဲ ခံယူချက်ထား ထားတယ် ။ ရှေ့တန်းတိုက်ပွဲတွေမှာက တမျိုးပေါ့။ သွေးအေးအေးနဲ့သတ်တာမျိုးတော့လက်မခံဘူးပေါ့။ ကျမတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်
ဦးတည်ပြီးဒီကျောင်းသားတပ်မတော်ကို ဖွဲ့ထားကြတာမဟုတ်လား။ အဲဒါကြောင့် ကျောင်းသားတပ်မတော်က လူသတ်တယ်ဆိုတာကို မကျေနပ်ဘူုး မကြိုက်ဘူး။


နောက်ဆုံး အဲဒါနဲ့ မျိုးဝင်းကို သွားမေးတယ်။ ပေါ်တင်ပဲ မေးလိုက်တယ်။
ဘာကြောင့် မြတ်ကိုကိုကို သတ်တာလဲလို့ မျိုးဝင်းကို မေးလိုက်တယ်။ အဲဒီတော့ မျိုးဝင်းက ကျမကို တချက်ကြည့်တယ်။ မေးတာ မဖြေဘူး။ သူကပဲကျမကိုပြန် မေးတယ်။

`နင်နဲ့…မြတ်ကိုကိုနဲ့…သိသလား၊ နင်နဲ့ မြတ်ကိုကိုနဲ့ ဆက်နွယ်မှု ရှိသလား` အဲလိုပြန်မေးတယ်။
လူတယောက်ကို သတ်လိုက်ကြတယ်ဆိုတာ ကြားရတယ်။ ဟုတ်သလား၊ မဟုတ်ဘူးလား သိချင်လို့ လာမေးတာလို့ ပြောတယ်။

မြတ်ကိုကိုနဲ့ ကျမနဲ့လည်း သိလည်း မသိဘူး ဆက်နွယ်မှုလည်း မရှိဘူး။ သိချင်လို့ လာမေးတာ လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော် မကျေမနပ်ဖြစ်သွားတယ်။
ကျမအနေနဲ့မျိုးဝင်းရဲ့သံသယမေးခွန်းတွေနဲ့သာရင်ဆိုင်ပြီးပြန်လာခဲ့ရတယ်။ ခုထိ ဘာကြောင့်ဆိုတာ ရေရေရာရာမသိဘူး။

နောက် တချက်စဉ်းစား မိသွားတာက်ခုလို သတ်လိုက်တာကလည်း ဥက္ကဋ္ဌ နဲ့ ဦးစီးမှူး လှဋ္ဌေးတို့ တောင်ပိုင်းသွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီတုန်းက ABSDF(KS) ရဲ့ ဥက္ကဋ္ဌက ကျော်ကျော်(ကချင်)ပါ။ သူနဲ့ ဦးစီးလှဋ္ဌေးတို့က အဲဒီအချိန်တုန်းကတောင်ပိုင်း ရောက်နေကြတယ်။ ABSDF(KS) တပ်ထဲမှာ သံချောင်းနဲ့ မျိုးဝင်းပဲ ရှိတဲ့ အချိန်မှာ မြတ်ကိုကို ကိုသူတို့သတ်ပစ်လိုက်တာ။


တကယ်တော့မြတ်ကိုကိုကလည်း ကျောင်းသားပဲ၊ ရေဆင်း တက္ကသိုလ်ကျောင်းသားပဲ။
အဲဒီအချိန်ကတည်းက သူတို့ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက် လုပ်နေတာ၊ ဘယ်သူမှလည်း မသိခဲ့ဘူး။ ဘာမှလည်း မပြောရဲခဲ့ကြဘူး။

အဲဒါနဲ့ စစ်သင်တန်း အပတ်စဉ် (၄) ကနောင်ရာပါစခန်းမှာ လုပ်တယ်။  ၁၉၈၉ အောက်တိုဘာမှာ စစ်သင်တန်းအပတ်စဉ်(၅)စတယ်။
အဲဒီ အပတ်စဉ်(၅) သင်တန်းမှာ ညီညီကျော်၊ကိုရဲလင်း၊ ဦးစိန်၊ ဘိုဘို၊မောင်မောင်ကြွယ်တို့၊ သင်းသင်းညီ၊ ကိုအောင်ကျော် ၊ကိုမြင့်ကျော်။ကျော်ခိုင်ဝင်း ။စည်သူအောင်။မောင်မောင်ကြွယ် ။သန်းထွန်းစိုး။ညီညီအောင် စသည်ဖြင့် ပါတယ်။အဲဒီအချိန်မှာ ရန်ကုန် မန္တလေးက ကျောင်းသားတွေ များလာတယ်။

သင်တန်းမှာလည်း သိတဲ့အတိုင်းပဲ မကျေနပ်တာတွေလည်း ရှိလာကြတယ်။

အဲဒီအချိန်မှာ ဦးစီးလွှမ်းမိုးကလည်း တပ်ကိုပြန်ရောက်နေတဲ့အချိန်၊ ဦးစီးလွှမ်းမိုးနဲ့ မျိုးဝင်းနဲ့ကြားမှာလည်း မတည့်တာတွေရှိတယ်။ ကျမက ဦးစီးလွှမ်းမိုးရုံးမှာ အလုပ်လုပ်နေတယ်။

အပတ်စဉ် ၅ သင်တန်းသားတွေက တပ်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ပြီး ဖွဲ့စည်းချင်တယ်။ အဲလို အခြေအနေတွေကနေ စနေကြတာ။အဲလိုနဲ့ အပတ်စဉ် ၅ သင်တန်းမှာပဲ ဆန္ဒပြတာတွေ ဘာတွေဖြစ်လာတယ်။ သူတို့တွေ ဒါဘာမှ ရှင်းကြလင်းကြတာတွေလည်း ရှိခဲ့တယ် ။မျိုးဝင်းကို အများစုက မကျေနပ်ကြဘူး။
နောက်သင်တန်းဆရာကို ဖမ်းထားတဲ့ ပြသနာတွေလည်း ရှိတော့ မျိုးဝင်းကို မကျေနပ်မှု့တွေ ရှိနေကြတယ်။


အဲ့ဒီလိုမျိုးအချိန်မှာ သံချောင်းက ရှေ့တန်းမှာ။ မျိုးဝင်းက တပ်ကိုတော်တော်လေးမထိမ်းနိုင်ဘူးဖြစ်သွားတယ်။ KIA က ဗိုလ်မှုးကြီး ပန်းအောင်ကိုယ်တိုင်လာပြီး ဒီ ရှင်းလင်းပွဲကို တက်တယ်။ ဌေးမြင့်ဝင်းနဲ့ မောင်မောင်ကြွယ်ဆို မေးခွန်းတွေအပြင်းအထန်မေးတာ။ မျိုးဝင်းဘာမှမဖြေရှင်းနိုင်ခဲ့ဘူး။ သူ တော်တော်အရှက်ကွဲခဲ့ရတဲ့ အနေအထားမျိုးဖြစ်ခဲ့တယ်။
ABSDF -KS ကို ABSDF ၇ဝ၁ တပ်ရင်းပြောင်းလဲထားပြီးပြီ။

အဲဒီအချိန်မှာ ဦးစီးလွှမ်းမိုးက ထွန်းနွယ်အောင်ကို ဖမ်းချုပ်လိုက်တယ်။ တကယ်လည်း ထွန်းနွယ်အောင်က တရုပ် ပြည်မှာ မိန်းကလေး တယောက်နဲ့ ငြိစွန်းနေတာရှိတယ်။ အဲဒီတုန်းက ABSDF ကျောင်းသား တပ်ရဲ့စည်းကမ်းနဲ့ ငြိစွန်းတဲ့ အတွက်  ဦးစီးလွှမ်းမိုးက ဖမ်းချုပ်လိုက်တာ.
ထွန်းနွယ်အောင် အကြောင်း ပြောရရင်တော့ သူကလည်း မိုးညှင်းသား ဖြစ်တယ်။ နောက်တချက်က မျိုးဝင်းရဲ့ ညာလက်ရုံးလို ဖြစ်နေတာ။


အဲလိုတွေဖြစ်နေချိန်မှာ ထွန်းနွယ်အောင်ကလည်း သူ့ကို ချုပ်တဲ့အတွက်  မကျေနပ်ဘူး။ ရှက်တာလည်းပါမှာပေါ့။ သူက တပ်ခွဲမှူးလေ။ မိုးညှင်းသားတွေအားလုံးကသူ့ကိုလေးစားကြတယ်။ ဒီထွန်းနွယ်အောင်ကို ဖမ်းချုပ်ထားတဲ့အချိန်တွေမှာဘဲ ABSDF ၁ဝ၇ ကို ဖွဲ့စည်းပုံပြောင်းလည်း
ဖို့လုပ်နေကြတဲ့အချိန်ဖြစ်တယ်။အဲလို အချိန်တွေ ဆိုတော့ အချုပ်ထောင်ဖောက်ပြေးမယ်ဆိုပြီး လုပ်တယ်။

အဲဒီတုန်းက နောက်တန်းမှူး ကိုတူးတူးက(မြစ်ကြီးနား)က အချုပ်ထောင်ဖောက်ပြေးရင် ပစ်မယ်ဆိုပြီး ပစ်မိန့်ပေးထားတာ။ အဲဒီမှာ ထွန်းနွယ်အောင်က အချုပ်ထောင်ဖောက်ပြေးတာနဲ့ အချုပ်စောင့်တဲ့ရဲဘော်လေးကတခါတည်း ပစ်ထည့်လိုက်တာ။ထွန်းနွယ်အောင် ဆီးအိတ်ကို ထိသွားတယ်။ သူ သေသွားတယ်။အဲဒါမျိုးတွေ ရှိနေတော့ ဒါကို မျိုးဝင်းကလည်း သိပ်မကျေနပ်ဘူး။ အငြိုးအတေးထားထားပုံရတယ်။

သူက ညစ်ချင်တယ်။ မျိုးဝင်းက မိုးညှင်းမြို့နယ် နမ်းမား နန့်ဆော်လောဆိုတဲ့ရွာကလာတာ။RIT ကျောင်းသား ။သူက ဒေသစွဲရှိတယ်။ လူမွေးတယ်။ ဘာလို့ကျမက မျိုးဝင်းကို အငြိုးကြီးတယ်ပြောလည်းဆိုတော့ နောက်ပိုင်းမှာ ဒီလူတွေအားလုံး မတရားအစွတ်စွဲခံရပြီး သတ်ဖြတ်တာတွေခံလိုက်ကြရလို့ဘဲ ..အဲ့လောက်ထိ အငြိုးတကြီးနဲ့ ရက်စက်တယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
အနောက်ဆုံးက သန်းထွန်းစိုး အလည်တန်းက ဌေးမြင့်ဝင်း ။ခင်ချိုဦး။နန်းအောင်ထွေးကြည်။ အောင်ကျော်ဦး။ ( ရန်ကုန် ၅ ဦး အဖွဲ့ )
63Unlike ·  · 
  • You, Ko Lin Wai AungSoe LynnMaungmaung Skw and 56 others like this.
  • Phyo Mg Mg Win ရှေ့ဆက်ဖော်ပြပါမည်ဆိုတော့
    စောင့်ဖတ်ပါမည်ပေါ့ဗျာ
  • Kyaw Soe Win ဒီလို ဖြစ်ရပ်ဆိုးကြီးအကြောင်းကို LIKE မလုပ်ချင်တော့ဘူးဗျာ။
    ဖြစ်ရပ်မှန် ဖော်ထုတ်မှုကိုတော့ လေးစားပါတယ်။
  • Shwelatyar Daw ကိုမြတ်ကို ..ကိုသတ်တာက ..ဂျာကင်အကျီင်္မှာ ၀ှက်စာပါတယ်ဆိုပြီး..တကယ်တော့မြေအောက်ဆိုဒ်တွေမှာ အဖွဲ့တော်တော်များများအကူညီတောင်းရင်.. သယ်ပေးရတာပါပဲ...။india ဘက်ဆိုဒ်ကစာလည်းဖြစ်နိုင်တယ်။။ အမှန်တော့ဒါလူသတ်မှုပါ။
  • Ko Lin Wai Aung ကြိုမတ်ကိုအကြောင်း မြေပေါ်ကနေ အသေးစိတ်သိနေသူတွေရှီိတယ်...ဘာကြောင့်မပြောကြတာလဲ.....?
  • Chit Nyimalay ကြောက်စရာကြီး။နောက်လူတွေသင်ခန်းစာယူရမယ်။
  • Nang Aung Htwe Kyi ရောက်ပြီး မကြာဘူး ဆွဲ သတ်ပလိုက်တာ ။ သတ်ပြီးမှာ သိတာ ။
  • မိုး စဲ လုပ်လို့ရလို့ လုပ်ခွင့်ရှိလို့ လုပ်တာပါ ဘာဥပဒေနဲ့မှ မဟုတ်သလို လုပ်တဲ့သူတွေ တာဝန်ရှိခဲ့တဲ့သူတွေဟာလဲ ခုထိ မပမှာ ဦးဆောင်နေတုန်းပါပဲ..အသတ်ခံရတဲ့သူတွေအတွက်လဲ ၀မ်းနည်းကျေကွဲပါတယ် ကိုယ်ချင်းစာနာပါတယ် ဆိုပြီး စကားလုံးတွေ သုံးနေပေမဲ့ ကျဆုံး စာရင်း သွင်းပေးတာ မဟုတ်ပါဘူး ခုချိန်ထိ လူသတ်တာက သတ်တာ တော်လှန်ရေးလုပ်တာက လုပ်တာ အမှားကို အမှန်နဲ့ ဖုံး ချင်ကြတုန်းပါပဲ လုပ်ခဲ့သူတွေကတော့ ခပ်တည်တည်ပါပဲ အမှန်တရားဖေါ်ထုတ်ရေး အဖွဲ့ကကော ဘယ်လို ဖေါ်ထုတ်မလဲ စောင့်ကြည့်နေပါတယ်..
  • Nang Aung Htwe Kyi ပြုလုပ်ခဲ့သူတွေနဲ့ အပြုလုပ်ခံခဲ့ရသူတွေ တရားဥပဒေအတွင်းမှာ မျက်နှာဆုံ နိုင်ခွင့် မရရင် .. ထင်ကြပါသလား .. အမှန်တရားပေါ်မယ်လို့ ။ ဆိုတော့ သူတို့အပေါ် မတည်ပါ ။ ပြည်သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ် ။
  • KO MG MG အပိုင်း ၄ ကိုစောင့်နေလျက်ပါဗျာ။
  • Shwelatyar Daw သတ်ပြီးမှသိကြတာ.။ ရေဆင်းကနောင်တော်တွေအကုန်သိတယ်။ ကိုမြတ်ကိုဟာထောက်လှမ်းရေးမဟုတ်ကြောင်း။ မြေပေါ်ကလူတွေဆိုတာကတော့ဗျာ...။ အားလုံးနားလည်ကြပါတယ်နော...။ ကျွန်တော်လည်းသိပ်မရှင်းပြတတ်ဘူး...။ သေချာတာကတော့ သည်ကေ့စ်ဟာ criminal case ဖြစ်တယ်။
  • Tharrawaddy Townshipဆက်ရေးပါအမလူတွေအားလုံးပတ်ဝန်းကျင်ဆိုတာရှိသလိုပတ်ဝန်းကျင်ကအားလုံးမသိတောင်၉၀%သိတယ်တရားခံတွေအိမ်မပြန်နိုင်တော့ပါဘူး
  • Ko Kyaw Tun မြောက်ပိုင်းမှာအသတ်ခံရသူအားလုံး ထောက်လှမ်းရေး တစ်ယောက်မှ မဟုတ်ဘူး ။
  • Shwelatyar Daw i agree the above comment. မြောက်ပိုင်းမှာအသတ်ခံရသူအားလုံး ထောက်လှမ်းရေးမဟုတ်ဘူး။
  • Shwelatyar Daw ထွက်ပြေးလွတ်မြောက်သူအားလုံးလည်း ထောက်လှမ်းရေးမဟုတ်ပါ။
  • Moe Thet Win လူအယောက်၅၀၀ရှိတဲ့အထဲမှာထောက်လှမ်းရေးက၁၀၀ရာကျော်ဆိုတာဘယ်လိုမှမဖြစ်နိုင်မှန်းအသိဥာဏ်ရှိတဲ့သူဆိုရင်သိမှာပါ..
  • Khin Khin ဒီလို ဖြစ်ရပ်ဆိုးကြီးအကြောင်းကို LIKE မလုပ်ချင်တော့ဘူး.
  • Shin Daewe စိတ်မကောင်း တကျော့ ပြန်ဖြစ်ရပေမယ့် ခါးသီးတဲ့ အမှန်တရား ကိုရင်ဆိုင်ရင်း နောင် အနာဂတ်အတွက် သင်ခန်းစာယူစရာပါ။
  • Sobig Cycloneအမှန်တကယ်တမ်းပြောရမယ်ဆိုရင်ခံယူချက်နဲ့ယုံကြည်ချက်တွေတူညီကြလို့..အနေအစားဆင်းရဲတဲ့နေရာမှာအားလုံးဆင်းရဲဒုက္ခတွေခံပြီးလာနေကြတာပါ...အဲဒါကိုရဲဘော်ရဲဘက်စိတ်မထားပဲကိုယ်နဲ့အမြင်မတူကိုယ့်ရန်သူဆိုပြီးလုပ်ရက်ကြတာတော်တော်အံ့သြမိသလိုစိတ်လဲပျက်မိပါတယ်.......ခေါင်းဆောင်လုပ်နေပြီးခေါင်းဆောင်မပီသတဲ့လုပ်ရပ်တွေကြောင့်အဖွဲ့အစည်းနာမည်ပျက်ရသလိုခေါင်းဆောင်ကောင်းပီသတဲ့ကိုထွန်းအောင်ကျော်လိုလူမျိုးကျတော့လည်းဒီလိုလူယုတ်မာတွေကြောင့်အသက်မရှည်ခဲ့ဘူး.....တကယ်ရင်နာစရာကောင်းပါတယ်ဗျာ.........ဒီလူယုတ်မာတွေအတွက်သူတို့အပြစ်ကိုပြန်ပြီးပေးဆပ်ရမယ့်တစ်နေ့ရောက်လာဦးမှာပါ.........စောင့်ကြည့်ရသေးတာပေါ့
  • Kyawzin Htun ကျောင်းသားတွေလွတ်မြောက်ထွက်ပေးပုံကိုအသေးစိတ်သိချင်လိုက်တာ သိသူများလင့်ပေးပါ့လားဗျာ
  • Saya Pann hope so much to read more details about all incidents as well as the characters / natures of all focal personnels.. As the one who experienced the said unpleasant murder cases in the camp since day one, this interview could be a firm an undeniable evidence in future..
  • Koku Indaw အဲဒီမှာ သူတို့ကလည်း... အားမောင်ရေ ..မင်းတို့ မြို့သားတွေ ဒါလေးတောင် မလုပ်တတ်ဘူးကောညယ် ... ဆိုတာကနေစတာတော့ပဲ။
  • Aung Myint Han မြတ်ကိုအကြောင်းသိရလို့ ကျေးဇူးပါ

    လက်
  • Khin Maung Lay "အားမောင်ရေ ..မင်းတို့  မြို့သားတွေ ဒါလေးတောင် မလုပ်တတ်ဘူးကောညယ်" မိုးညှင်း မိုးကောင်းလေသံ၊ အထက်ပိုင်းက လေသံလေး မုကားရတာုကာလှပေါ့။

No comments:

Post a Comment