Sunday, January 13, 2013

ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၇)


by May Thingyan Hein on Friday, October 26, 2012 at 7:12am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၂၆၊ ရန်ကုန်မြို့။

အပိုင်း(၇)

ကျနော် စစ်ပေးမယ်လို့ ပြောလိုက်တော့ စစ်ရမဲ့ သူက ၀င်းမြင့်တဲ့ ။ သူက  နအဖရဲ့ ထောက်လှမ်းရေးပါလို့ ပထမဆုံး ၀န်ခံတဲ့ ကောင်လေးလို့ ပြောတယ်။ စဖမ်းကတည်းက ၈ ယောက်မြောက်လောက်မှာ ဒီဝင်းမြင့်ကို ဖမ်းတာ၊ ဖမ်းပြီးတော့ သူက သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပထမဆုံး ၀န်ခံတာလို့လည်း ပြောတယ်။
ပြီးတော့ သူ့ရဲ့ ထွက်ချက်စာရွက် ပြတယ်။ ထွက်ချက်က A4 စာရွက်တရွက်စာလောက်ပဲ ရှိတယ်။

ဖတ်ကြည့်လိုက်တော့ သူက ထန်းတပင် ဇီးကုန်းက၊  သူ့ကို ရဲတပ်ကြပ်ကြီး တယောက်က ထောက်လှမ်းရေး လုပ်ခိုင်းလို့လာရပါတယ်ပေါ့။ အဲလို လုပ်ပေးတဲ့အတွက် အိမ်မှာ မီတာတလုံးတပ်ပေးတယ်ဆိုတာမျိုး ထွက်ချက်ရေးထားတာ။ အဲဒါကို ကျနော် ကောင်းကောင်းမှတ်မိနေသေးတယ်။

ကျနော့်ကို အောင်နိုင်က KIA တွေလာရင် သူ့ကို စစ်မေးပေးဖို့ ပြောတယ်။ ဟုတ်ကဲ့ပေါ့၊ ကျနော်ကတော့ ဒါကို သိချင်တယ် မေးချင်တယ်။ မေးမယ်ပေါ့၊ ဒါပေမဲ့ ကျနော်တို့ မေးတာကို KIA က ၀င်မေးတာမျနိုး ၀င်ရောက်စွတ်ဖက်တာမျိုးကိုလည်း မကြိုက်ဘူး၊ နောက်ဆုံး လက်နဲ့တို့တာကစ ကျနော် မကြိုက်ဘူး၊ ကျနောပဲ မေးမယ်ပေါ့၊ အဲလို စိတ်ထားပြီး မေးတာ။

ကျနော်တို့ကလည်း သစ်တုံးလေးတွေပေါ်မှာ ထိုင်၊ သူ့ကိုလည်း ထိုင်ခိုင်းပြီးတော့ မေးတယ်။
ကျနော်ကလည်း စစ်ကြောရေး အတွေ့အကြုံတွေဘာတွေ မရှိတော့ နာမည်ဘယ်လိုခေါ်လဲကစ မေးတော့ သူကလည်း အဲဒီထွက်ချက်ထဲက အတိုင်းပဲ ဖြေတယ်။ ၀င်းမြင့်ပါ၊ ထန်းတပင်က ရဲတပ်ကြပ်ကြီးက ခိုင်းလို့လုပ်ရတာပါပေါ့၊ မြို့ပေါ်မှာ ဘာလုပ်ခဲ့လဲ ဆိုတာမျိုးတွေလည်း မပါဘူးဗျ၊

 နောက် ကျနော်တို့ ခရိုင်မှူးတွေ နိုင်ငံရေးမှူးတွေက စစ်တာမေးမြန်းတာမှာလဲ တပ်နဲ့ မတူဘူး ယဉ်ယဉ်ကျေးကျေးပဲ မေးခဲ့ကြတာ၊ ဆူဆဲ ရိုက်နှက်တာမျိုးလည်း မလုပ်ခဲ့ဘူးပေါ့။ ကျနော့်စိတ်ထဲမှာလည်း ဝေေ၀ ၀ါးဝါးပဲ သူ ထောက်လှမ်းရေး ဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့ကောက်ချက်လည်း မပေးနိုင်ခဲ့ဘူး။
KIA ကလည်း ဒီလိုပဲ နားထောင်ပြီးတော့ မေးလည်း မမေးဘူး၊ ဘာမှလည်း ၀င်မပြောဘူး၊ ဒီအတိုင်းကြည့်ပြီး ပြန်သွားခဲ့ကြတယ်။  ၀င်းမြင့်ကလည်း သူ့ထွက်ချက်ထဲက အတိုင်းပဲ  ဖြေသွားတယ်၊ အဲလို ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကြာတယ် ပြီးသွားတယ်။

ကျနော်ကလည်း သူ့အပေါ်မှာ ဆုံးဖြတ်ချက်မပေးနိုင်ဘူး၊ သူကလည်း ကျနော့်ဆီမရောက်ခင် ကတည်းက ထောက်လှမ်းရေးပါလို့ ၀န်ခံပြီး ထွက်ချက်ပေးခဲ့တဲ့သူ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ သူက ထောက်လှမ်းရေးပဲလို့ မထင်ခဲ့ဘူး။ စိတ်ထဲမှာတော့ သူ့ကို သနားတယ်။

ဇော်ဇော်မင်းတို့သန်းဇော်တို့က ဒီကိစ္စတွေကို လုံခြုံရေးလို့ ပြောပြီးသီးခြား တဲတခုမှာ စစ်ဆေးတာတွေ လုပ်တော့ သူတို့ ဘယ်လိုတွေ စစ်ဆေးပြီး ၀န်ခံခိုင်းတာလဲ ဆိုတာတော့ အပြင်လူတွေ တော်တော်များများလည်း မသိနိုင်ဘူး ၊ ကျနော်လည်း သေချာ မသိဘူး။

အဲဒီမှာ ကိုမျိုးဝင်း၊ ကိုလှဆိုင်းတို့ ဦးဆောင်ပြီးတော့ ဖမ်းဆီးတာတွေ စစ်ဆေးတာတွေကို တောက်လျှောက်လုပ်ခဲ့တာ။ အဲလိုနဲ့ တပ်ထဲမှာတာ့ ဆက်ဖမ်းလာကြတယ်၊  ဖမ်းတဲ့သူက ၁၅ ဦးကျော် ၂၀ ၀န်းကျင်လောက်ဖြစ်လာတယ်။ စိုးမင်းအောင်ကို ဖမ်းတာကနေ ၂ယောက် ၃ယောက်လောကို ဆက်ဖမ်းရင်းနဲ့ ပွားသွားတာ ၂၀ လောက်ဖြစ်လာတယ်။ ၁၅ဦးလောက်ရှိကတည်းက ကျနော့် စိတ်ထဲမှ သိပ်မဟုတ်တော့ဘူး။ ဒွိဟတွေဖြစ်နေတယ်။

အဲဒီအချိန်တုန်းက ကိုထွန်းအောင်ကျော်က ထင်နေတာ မေးစရာရှိတာမေးပြီးရင် ပြန်လွှတ်လိမ့်မယ်လို့ ထင်နေခဲ့တာ။
ကျနော်သေသေချာချာကို မှတ်မိခဲ့တယ် ကိုထွန်းအောင်ကျော်က ဒီလူတွေကို ဖမ်းပြီးပြီဆိုတော့ သူပြောခဲ့တာက စစ်စရာရှိတာ စစ်၊ မေးစရာရှိတာမေး ပြီးရင် ထောက်လှမ်းရေး ဟုတ်ခဲ့တယ်ဆိုရင်တောင် ပြန်လွှတ်လိုက်ပေါ့။ထောက်လှမ်းရေးဆိုတာ သေချာရင်လည်း ပြန်လွှတ်လိုက်၊ အကုန်ပြန်လွှတ်လိုက်လို့ သူပြောခဲ့တာ။

ဒါပေမဲ့လှဆိုင်းတို့ကတော့ စစ်ဆေးတဲ့ နေရာမှာလည်း ရက်ရက်စက်စက်တွေ လုပ်ခဲ့ကြတဲ့ အနေအထားကို ဥက္ကဋ္ဌ တယောက်အနေနဲ့ ထဲထဲဝင်ဝင် မသိခဲ့တာတွေလည်း ရှိတယ်။ သူ ဥက္ကဋ္ဌ တယောက်အနေနဲ့ ထိန်းဖို့ ကြိုးစားခဲ့သေးတယ်။

အဲဒီအချိန်မှာ ကိုချိုကြီးတို့ စမားညီညီတို့လည်း ဗဟိုကိုရောက်လာကြတယ်။ သူတို့ကလည်း ကိုထွန်းအောင်ကျော်နဲ့ မြို့ပေါ်မှာ တွဲလုပ်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုထွန်းအောင်ကျော်ကိုသတိပေးလာ တာတွေ ရှိတယ်။

သြဂုတ်လ ၂၀ ရက်နေ့လောက်မှာ ထင်တယ် ကျနော်ရယ်၊ ကိုညီညီကျော်ရယ်၊ ကိုစိန်အေးရယ် တပ်ထဲမှာ ဖမ်းဆီးတာတွေနဲ့ စိတ်ရှုပ်ထွေးလို့ ပါရျောင်ချောင်းဘက်ကို လမ်းလျှောက်ထွက်ပြီး ပြန်လာကြတော့ ဥက္ကဋ္ဌ တွေ့ချင်တယ်လို့ ပြောတော့ ဥက္ကဋ္ဌ တဲကို ကျနော်တို့ တက်သွားကြတယ်။
အဲဒီမှာ ကိုထွန်းအောင်ကျော်က ကျနော်တို့ကို မောင်ရင်တို့ စိတ်ထဲမှာ သံသယတွေ ဖြစ်မှာစိုးလို့ ခေါ်ပြောတာလို့ ပြောတယ်။

ငါ့ကိုကွာတဲ့လှဆိုင်းတို့က လာတင်ပြတယ်တဲ့။ ။ ဦးစိန်နဲ့ ကိုတင်မောင်အေးကို ဖမ်းစစ်ရမယ်လို့ ပြောတယ်ကွာ ။ ထွက်ချက်တွေအရပေါ့ကွာတဲ့။ အဲဒါငါ့ကို ခွင့်ပြုပေးဖို့ လာပြောကြတယ်တဲ့။ ငါလည်း ခွင့်ပြုပေးလိုက်ရတယ်ကွာတဲ့…။

သူ့ကို လာပြီး လှဆိုင်းတို့က လာတင်ပြတယ်ဆိုတာကလည်း သူ့ကိုလာပြီး အသိပေးတဲ့ သဘောလောက်ပဲ ရှိတာလို့ ကျနော်ကတော့ နားလည်လိုက်တယ်။
နောက် ဦးစိန်တို့ကို ဖမ်းပြီး စစ်ရုံးထဲမှာ ချုပ်ထားတယ်။ ကိုကျော်နိုင်ဦးတို့ ဘာတို့နဲ့ အဲဒါကိုတောင် ကျနော်တို့ သွားကြည့်လိုက်သေးတယ်။ ၀င်ကြည့်တယ်၊ စကား တခွန်း နှစ်ခွန်း သွားပြောတယ်။

ဦးစိန်ကို ဖမ်းပြီး လေးငါးရက်လောက်အကြာမှာ ဥက္ကဋ္ဌရဲ့ လက်ထောက် ကိုစိုးကြီးခေါ် ကိုခင်မေင်စိုးကို စဖမ်းတယ်လို့ ကြားလိုက်တယ်။
နေ့ခင်းလောက်ကျတော့ ကျနော် ကိုထွန်းအောင်ကျော်ဆီကို တက်သွားတယ်၊ကိုထွန်းအောင်ကျော် ထိုင်နေတယ် ကိုစိုးလေးနဲ့ အတူတူပေါ့။ ကိုစိုးလေးက ကိုစိုးကြီးနဲ့ သူငယ်ချင်းတွေ အတူတူပဲ အပတ်စဉ် ၆ သင်တန်း တက်ခဲ့ကြတဲ့သူတွေ။

အဲဒီမှာကိုစိုးလေးကလည်း ကိုစိုးကြီးကို ဖမ်းလို့ကိုထွန်းအောင်ကျော်ကို လာပြောတာ၊ ကိုထွန်းအောင်ကျော်က ပြောတယ်။ စိုးကြီးကို ဖမ်းရမယ်လို့ ငါ့ကို လာပြောတယ်၊ ငါခွင့်ပြုပေးလိုက်တယ်တဲ့။

ကိုစိုးကြီးက ကိုထွန်းအောင်ကျော်ရဲ့ လက်ထောက် ၊ သေနပ်ကိုင်ခွင့်ရတယ်၊ ဖမ်းမယ်ဆိုတော့ သေနပ်ပါ သိမ်းခဲ့ကြတယ်ပေါ့။ အဲဒါက တကယ့်အမှန်ပါပဲ။ ကျနော် ဘယ်သူ့ဘက်ကမှ ကာမပြောဘူး၊ ကြားထဲကနေ မြင်တာ ကြားတာကိုပဲ ပြောမယ်။

ကိုထွန်းအောင်ကျော်ကို ကျနော်လေးစားတယ်။ အထူးသဖြင့် သူ့စိတ်ဓါတ်ကို ပိုလေးစားတယ်။
အဲဒီမှာကိုထွန်းအောင်ကျော်က ဆက်ပြောတယ်။ သူတို့ စစ်စရာရှိတာစစ် မေးစရာရှိတာ မေးတာ ပြီးသွားမှာပါတဲ့။ အဲဒီအချိန်တုန်းက သူက ထိန်းထိန်းသိမ်းသိမ်း လုပ်လို့ရလိမ့်မယ်လို့ ထင်နေပုံရတယ်။

ဒါပေမဲ့ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်းနဲ့ အောင်နိုင်တို့ကတော့ ဒီကိစ္စကို ဇွတ်တွန်းပြီး လုပ်နေတာ။ ဖိဖိစီးစီးနဲ့ တဘက်စောင်းနင်းကြီး လုပ်လာကြတယ်။ အဲဒီအချိန်မှာတော့ ဥက္ကဋ္ဌ ထွန်းအောင်ကျော်ဘက် အားနည်းတယ်လို့ ထင်တဲ့ သူတွေလည်း ရှိခဲ့တယ်။

ကျနော့်အမြင်ကတော့ ဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်က ထိန်းဖို့ ကြိုးစားတယ်၊ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်းကလည်း အနုပညာသမား၊ ဒါမျိုးတွေလုပ်တာကိုလည်း မကြိုက်ဘူး။
အဲဒီအချိန်တုန်းက ကျနော်တို့ကိုညီညီကျော်တို့က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဗဟိုကော်မတီအစည်းဝေးခေါ်ပေးဖို့ ပြောခဲ့ကြတယ်၊ဒါပေမဲ့ လှဆိုင်းတို့ မျိုးဝင်းတို့က မလိုဘူး ဒီကိစ္စတွေ မလိုဘူးလို့ ပြောတယ်။

သူတို့ကလည်း ဖမ်းလိုက် စစ်မေးလိုက် ဖမ်းသမျှ  စစ်မေးသမျှကလည်း ၀န်ခံကြတော့ သူတို့လည်း တော်တော်တက်ကြွလာတယ်။ သူတို့လုပ်တာ အောင်မြင်တယ်ဆိုတဲ့ အားရ၀မ်းသာတွေ ဖြစ်နေကြတယ်။

အဲဒီအချိန်မျာ ဗဟိုကော်မတီအစည်းဝေး ခေါ်ဖို့ မလိုဘူးဆိုတာ ဥက္ကဋ္ဌ ပြောတာ မဟုတ်ဘူးနော်၊ မျိုးဝင်းတို့ အောင်နိုင်တို့ လှဆိုင်း တို့က ပြောခဲ့တာ။ အဲလို အနေအထားကိုလည်း ကျနော်တို့က မကြိုက်ဘူး မကြိုက်တော့ ကိုညီညီကျော်က ဗန်းမော်ခရိုင်ပြန်တော့မယ် ဆိုတော့ ပြန်ခွင့်မပေးတာတွေ ရှိလာတယ်။
အဲဒီအချိန်မှာ ကိုမျိုးဝင်းတို့က ကျနော်တို့ ခရိုင်မှူးတွေကိုလည်း မေးခွန်းတွေ မေးပေးဖို့ ပြောလာတယ်။ ခရိုင်မူးတွကိုလည်း ပေးစစ်ခိုင်းပါလို့ မျိုးဝင်းက ပြောတယ်။ပြီးတော့  ကျနော်တို့ကို အပေါ်တဲမှာ လာနေဆိုပြီးတော့ ခေါ်ထားလိုက်တဲ့အချိန်ပေါ့။

ကျနော် အနေနဲ့ကလည်း မေးချင်တယ်၊ စစ်ချင်တယ်၊ ဗဟိုကော်မတီဝင် လည်း ဖြစ်တယ်လေ၊မေးသင့်တယ်လို့လည်း ထင်တယ်လေ။ အဲဒါနဲ့ အဲဒီမှာ စစ်ရတာမှာ မှတ်မိနေတာက နန်းစော။

မနန်းစောကို ကျနော် စစ်ရတယ်။ အဲဒီတုန်းက ကျနော်နဲ့အတူ စစ်ရတာက တင်ထွန်းဦး၊ ဇော်ဇော်မင်း ပါတယ်။
ကျနော် သူ့ရဲ့ အရင်ဝန်ခံထားတဲ့ ထွက်ချက်တွေကို ဖတ်လည်း ဖတ်မကြည့်တော့ဘူး။ သူ့ကို အရင်စမေးတာက ထောက်လှမ်းရေးတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့သလား ဆိုတာကို
စမေးတယ်။  ကျနော်စဉ်းစားတာက ထောက်လှမ်းရေးတွေနဲ့ နီးစပ်ရင်းနှီးလို့ပဲ ဒီက လူတွေက ထောက်လှမ်းရေးလို့သံသယတွေ ဘာတွေဖြစ်ပြီး ဖမ်းသလားလို့စဉ်းစားမိတာ။ဘာကြောင့် သူတို့ကို ဖမ်းတယ်ဆိုတာလည်း ကျနော်က အတိအကျ မသိဘူးလေ။

နန်းစောကလည်း စစ်ယူနီဖောင်းလေးနဲ့ပါပဲ၊ သူမှာ  ဖြေစရာမရှိတဲ့ မျက်လုံး တွေနဲ့ကြည့်တယ်။ သူ့မှာ ခေါင်းညိမ့်ရမလို ခေါင်းခါရမယ်လို ဖြစ်နေတယ်၊ သူ့မှာ အံ့သြတယ် တုန်လှုပ်တယ်၊ သူ ဘာမှ မသိတဲ့ နားမလည်နိုင်တဲ့ မျက်နှာမျိုးဖြစ်နေပြီ။ သူမှာ ပြောစရာလည်း မရှိဘူး၊ ဖြေစရာ အဖြေလည်း မရှိတဲ့ အခါကျတော့ ကြောင်နေတယ်။
အဲလို ကျနော် မေးနေတုန်း နန်းစောကို အတင်း ၀င်ပြီး ကျွဲရိုက် နွားရိုက် -၀င်ရိုက်ကြတာမျိုး တွေ လုပ်လာတယ်။ ၀ါးလုံးတွေနဲ့ ၀င်ရိုက်ကြတယ်။ အဲလိုတွေ လုပ်ကြတယ်။ တော်တော် ဆိုးဆိုး ၀ါးဝါးကို ၀င်ရိုက်ကြတာ။ တင်စိုးဦးတို့ ဇော်ဇော်မင်းတို့ပေါ့။

ကျနော်ကတော့ လူတယောက်ကို အဲလို ရက်ရက်စက်စက်လုပ်တာမျိုးကို လက်မခံချင်ဘူး။ အတွင်းစိတ်ကလည်း လက်မခံနိုင်ဘူး ဒါနဲ့ ၀င်တားတယ်။
အဲလို တားရင်းနဲ့ တော်ပြီရပ်မယ် စစ်ဆေးချက်ကို ရပ်လိုက်တယ်။ ကျနော့်အနေနဲ့ ဆက်ပြီးတော့လည်း မစစ်နိုင်တော့ဘူး။
ကျနော့်အနေနဲ့က ဘယ်သူ့ကိုမှလည်း ညင်းပန်းနှိပ်စက်တာမျိုးလည်း မလုပ်ခဲ့ဘူး၊ လုပ်လည်း မလုပ်ချင်ဘူးလေ။

နောက်တယောက် စံမျိုးအောင်ကို မေးတဲ့အခါမှာလည်း ကျနော်တို့ကတော့ စကားပြောကြည့်မယ်၊ ရှေ့မှာ သူ့ထွက်ချက်ကတော့ ၀န်ခံထားတာရှိပေမဲ့ ကျနော့်အနေနဲ့ အဲဒီပေါ်မှာ မှတ်ချက်မပေးချင်ဘူး။  ကျနော့်အနေနဲ့ မေးကြည့်မယ် စကားပြော ကြည့်မယ်။

စံမျိုးအောင်ကို မေးပေးပါဆိုလို့ အဲဒီနေ့က ဆေးခန်းထဲမှာပဲ ကျနော်ရယ်၊ ဇော်ဇော်မင်းရယ် မေးကြတယ်။ အဲလို မေးတဲ့အခြေအနေတွေမှ နာမည်တော့ မပြောချင်တော့ဘူး ဗဟိုကော်မတီဝင်ထဲကပဲ မူးပြီးတော့ ၀င်လာပြီးတော့ ရိုက်ကြတယ်၊ ဗဟိုကော်မတီဝင်တယောက်နဲ့ ရဲဘော်တယောက်ပေါ့ ၀င်ရိုက်ကြတာ။ အဲလို အနေအထားတွေ ဖြစ်လာတော့ ကျနော့်အနေနဲ့ အလုပ် ဆက်လုပ်လို့မရဘူး။

နောက်ရက်ကျတော့လည်း ၀င်းနိုင်စိုးခေါ် ကုလား ဆိုတဲ့ ကလေးကို စစ်ပေးရတယ်။ ဒီကောင်လေးတွေကလည်း အရင် အရှေ့က လူတွေ စစ်ပြီးသားတွေပါပဲ၊ သူတို့ရဲ့ စစ်ချက် ထွက်ချက်တွေရှိတယ်။ ကျနော်နဲ့ ကိုအောင်ရဲစိုးနဲ့အတူ စစ်ကြတယ်။ စခန်းမှူးတဲမှာ စစ်ကြတယ်။

စစ်တဲ့အခါကျတော့ သူက ရှေ့က ထွက်ချက်မှာက သူ့ကို အဆိပ်ပေးထားတယ် ဆိုတာ ဟုတ်ပါတယ်လို့ ၀န်ခံထားတယ်၊ အဲဒီအဆိပ်က ဘယ်မှာလဲ့ လို့ မေးတော့ သူ့မှာလည်း ပေးစရာမရှိဘူးထင်တယ်၊ မပေးထားဘူးလို့ ဖြေထားတာ ရေးထားတာ တွေ့တယ်။

ကျနော်က သူ့ကို မေးတော့ မပေးထားပါဘူးလို့ဖြေတယ်။ အဲဒီမှာ ကျနော်က ခြောက်လှန့်ပြီးတော့ မေးတော့ သူက ပေးခဲ့ပါတယ် လို့ ပြန်ဖြေပြန်ရော။ အဲလိုသူ့ အဖြေက အမျိုါ်မျိုးဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့ရဲ့ မျက်လုံးတွေမှာ သူတို့ပါးစပ်တွေမှာလည်း ဆက်ဖြေ စရာမရှိတော့ဘူး။
အဲဒီမှာ ဘေးကနေ ၀ိုင်းတီးတာတွေလည်း ရှိတယ်။

ကိုအောင်ရဲစိုးကို ကျနော်ပြောတယ်၊ကိုအောင်ရဲစိုး ဆက်မမေးနဲ့တော့ ထားလိုက်တော့ ဒီလိုဆက်လုပ်နေရင် သူ့အတွက် အခြေအနေမကောင်းဘူး သေသွားလိမ့်မယ်။ တခုခုဖြစ်သွားလိမ့်မယ် ရပ်လိုက်ရအောင် ဆိုပြီးတော့ ရပ်လိုက်တယ်။

အဲဒီမှာ ကျနော်က ၀င်းနိုင်စိုးခေါ် ကုလား ဟာ ထောက်လှမ်းရေး တယောက်မဖြစ်နိုင်ပါဘူး…၊ ရဲလင်း ခရိုင်မှူး ဆိုပြီးတော့ မှတ်ချက်ပေးခဲ့တယ်။
ကျနော် မေးခဲ့တဲ့ သူတွေထဲမှာ သူ့တယောက်ကိုပဲ ကျနော် မှတ်ချက်ပေးခဲ့ဖူးတယ်။

အဲဒီမှာ နောက်ရက်စပြီးတော့ မျိုးဝင်းက မင်းတို့ ခရိုင်မှူးတွေ မေးတာက ပျော့တယ်၊ မလုပ်တတ်ဘူး ဆိုပြီးတော့ ကျနော့်ကို ဘယ်သူ့ကိုမှ မစစ်ခိုင်းတော့ဘူး။
အဲလို မစစ်ခိုင်းတော့ဘဲနဲ့ နှစ်ရက်လောက် အကြာမှာတော့ စက်တင်ဘာလ ၁၀ရက်နေ့ကျတော့ ကျနော်ကိုယ်တိုင် အဖမ်းခံရပြီး အစစ်ခံရတဲ့ဘ၀ကို ရောက်တော့တာပါပဲ။

ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share
  • ဘရာဇီး ငှက်ရိုး အလယ်လူ(အစိမ်းရောင်အကျီလက်တို၊ ပျောက်ကျား ဘောင်းဘီနှင့် )လှဆိုင်း http://www.facebook.com/photo.php?fbid=104581726362875&set=fp.100000197881048.100004331436934&type=1&theater
  • Ko Lin Wai Aung Not ko maung gyi.Thay are u sein and ko tin maung aye.
  • Zaw Lin >> ကျေးဇူးတင်တယ်..။ ပြီးမှ တစုတဝေးတည်းဖတ်ပါမယ်..။ ပြည်ပရောက် အေဘီ တွေ ( ဥပမာ..ကိုဌေးတင့်..တို့..ပေါ့ ။ သူ့ FB မှာ ဓါတ်ပုံတွေပါ..တွေ့မိတယ် ) ဆီက..သတင်းတွေလဲ..စုဆောင်းပါ။ အဓိက..က စာအုပ် ဖြစ်အောင်..လုပ်စေချင်ပါတယ်...။ ဒေါ်မေ..မှာလည်း..ဒီလို စဉ်းစားထားမယ်လို့ထင်ပါတယ်...။စာအုပ်ဖြစ်တယ်အထိ..လုပ်ပါဗျာ..။ ကျန်းမာ..ချမ်းသာ..ပါစေ.....
  • Nang Aung Htwe Kyi ကိုရဲ ကျေးဇူး ။
  • Kyaw Soe Win စံမျိုးအောင်ကို မေးပေးပါဆိုလို့ အဲဒီနေ့က ဆေးခန်းထဲမှာပဲ ကျနော်ရယ်၊ ဇော်ဇော်မင်းရယ် မေးကြတယ်။ အဲလို မေးတဲ့အခြေအနေတွေမှ နာမည်တော့ မပြောချင်တော့ဘူး ဗဟိုကော်မတီဝင်ထဲကပဲ မူးပြီးတော့ ၀င်လာပြီးတော့ ရိုက်ကြတယ်၊ ဗဟိုကော်မတီဝင်တယောက်နဲ့ ရဲဘော်တယောက်ပေါ့ ၀င်ရိုက်ကြတာ..>> Please tell us all participants Ko Ye Lin. There should not be ANY EXCEPTION FOR NORTHERN MASSACRE.
  • Nang Aung Htwe Kyi အဲ့ဒီအချိန်ခါတုန်းက အခြေအနေတွေက တအားရှုပ်ရှက်ခပ်နေတာ .. အဖမ်းခံလိုက်ရတာနဲ့ အဖမ်းခံရသူတွေကို မခံရသေးသူတွေက ထလရ တွေလို့ တထစ်ချယုံပြီး ဝင်လက်စွမ်းပြနေကြတာ။ကျမ အတွေ့အကြုံအရဆိုရင် ကျမကို ဖမ်းပြီးတာနဲ့ သန်းဇော် တို့ က ပြောကြတာက သူ့အကြောင်း ငါတို့ကအတိအကျရပြီးသား ။သေချာလို့ဖမ်းတာ ။ ဆိုတာတွေကို တခြားရဲဘော် တွေကို ရှင်းပြနေတာ ။ ကျမကို စစ်ကြောရေးတောင်မဝင်သေးဘူး ။ သူတို့ က ဒီလိုအပြောမျိုးတွေ အရင် တခြားရဲဘော်တွေကို နားရိုက်သွင်းထားတာ ။
  • Shwelatyar Daw ကိုထွန်းအောင်ကျော်....သူ့ရဲ့ပင်ကိုစိတ်ရင်းကလည်း အနုပညာသမား...။
  • Kotoe NBစစ်ကြောရေးဝင်ပြီဆိုတာနဲ့မင်းအကြောင်းငါတို့သိပြီးသားမင်းမှန်မှန်ဖြေဆိုပြီး
    အရင်စတော့တယ်...
    မဟုတ်လို့မဟုတ်ပါဘူးပြောတော့
    လူမဆန်စွာရက်စက်ကြပြီပေါ့
  • Kyawnaing Oo ကျန် သွား တယ် ထင် လို့ ပါ ကို ခင် မောင် စိုး ကို ဖမ်း တော့ ကျွန် တော့် ပါ ဖမ်း တယ် PSO တွေ ကိုဖမ်း ပြီး ပထမဆုံး ခါး ဖြတ် လိုက် တဲ့ သဘော ထင် ပါ တယ် အား နည်း တဲ့ ဗဟို ကော် မတီ ၂ ယောက် စ ဖမ်းပြီး သွေး တိုး စမ်း တယ်( အား နည်း တယ် ဆို တာ 88 နဲ့ အတူ ကျောင်း သား မဟုတ် ခြင်း ကို ဆို လို ပါ တယ်)နောက် PSO တွေ ဖြတ် တယ် ဒီ မှာ ကျွန် တော် နား လည် လိုက် ပါ ပြီ အကိုင်းချိုင် ပြီး အပင် လှဲ တော့ မယ် ဦး လေး စိန် နဲ့ တိုင် ပင် ပြီး ကို ထွန်း အောင်နဲ့ ညှိ တော့မှန် မှန် ကန် ကန် ၀န် ခံ ပြီး ဆွဲ ထည့် တဲ့ သူ တွေ ကော ဟုတ် တာ ရော မဟုတ် တာ ရော ၀န် ခံ ပြီး ရင်တာ ၀န် ထမ်း ဆောင် ချင် တဲ့ သူ ပြန် တာဝန် ပေး မယ် တာ ၀န် မထမ်း ဆောင် ချင် တော့ ရင် အိမ် ပြန် လွတ် မယ် လို့ သ ဘော တူ ညီ ချက် နဲ့ ဒေါင်း မိ ခင် ခန်း မမှာ တပ် မှုး တွေ လို့ စွံတ် စွဲ ခံ ရ တဲ့ဦး စိန် နဲ့ ကျွန် တော် တို့ ဖမ်း ဆီးခံ တွေ ပေါ် စကား ပြော တယ် ဒီ နေ ရာ ဟာ ကျောင်းသား တပ် မတော် ရဲ့ နောက် တန်း နေ ရဖြစ် ပေမဲ့ ထောက် လှမ်း ရေးတွေ ရဲ့ ရှေ့ တန်းစစ် မျက် နှာ ဖြစ် တယ် ဘယ် က လါ သည် ဖြစ် ငါ တို့ က တပ် မှုး တွေ ဖြစ် တယ် ငါတို့ အမိန့် ကို နာခံ ရ မယ် သုံ့ ပမ်း ပေါ် လဆီက တိုက် ပွဲ မှာ ဘဲ ကျင့် သုံး တယ် ထောက် လှမ်း ရေး အတွက် သုံ့ ပမ်း ပေါ် လဆီ မ ရှိ ဘူး ဒါ ကြောင့် ကျောင်း သား တပ် မ တော် သ ဘော ထား က ကျေး ဇူး တင် လေး စား ဖို့ ကောင်း တယ် ဒါ ကြောင့် မှန် မှန် ကန်ကန် ၀န် ခံ ကြ ပါ လို့ ဆို ပြီး ပြော တော့ အဖမ်း ခံ ရ သူ အား လုံး က နှီပ် စက် လွန်း လို့ မ ခံ နိုင် လို့ ၀န် ခံ ရ ပါ တယ် ဘယ် သူ့ တွေ တော့ အသား နာ လို့ ဆွဲ ထည့်မိ ပါ တယ် ၀န် ခံ ကြ တယ် အဲ ဒါ နဲ့ ဘဲ ထောက် လှမ်း ရေး လို့ ၀န် ခံ သူက ဦး စိန် နဲ့ ကျွန် တော် ဘဲ ကျန် တော့ တယ်ည ကျ တော့ အမှန် အတိုင်း ပြော ပါ တယ် ဆို တဲ့ ကျောင်း သား တွေ မဖြူ စင် ဘူး ဆို ပြီး ရိုက် လိုက် ကြ တာ မကဒတ (မပ) ရဲ့ ကမ္ဘာ ပျက် တဲ့ ည ပေါ့ ခင် ရွှေ လှိုင် ပြော သလို မငြင်း ဘူး ဆို လို့ ငြင်း ပယ် သူ တွေ ဘယ် လို ခံ စား လိုက် ရ တယ် ဆို ဒါ အား လုံး သိ မှာ ပါ
  • Nang Aung Htwe Kyi ထလရ .. မဟုတ်လို့ မဟုတ်ကြောင်း အမှန်အတိုင်းပြောတော့ မင်းကဖြူစင် မှု့မရှိဘူးဆိုပြီး အသကုန်နှိပ်စက်တာကိုး ။လက်လွန်ခြေလွန် နှိပ်စက်တဲ့ဒဏ် တွေနဲ့ သေတာ ၁ဝ ကျော် ..။ငါ့ကိုအပြင်းအထန် နှိပ်စက်တဲ့ည ဆို မိုးလင်း ခါနီးအထိ ခံရတာ မြော့နေပြိ .. မျိုးဝင်းရော သံချောင်းပါ ရောက်လာပြီး မင်း ဒီလိုတင်းမခံပါနဲ့လေး .. သေသွားလိမ့်မယ်လေး.. နဲ့ သံချောင်း ပြောတာ ..။ စဉ်းစားကြည့် ..ဆက်ပြီးမသိဘူး ပြောနေ ရင် နောက်ထပ် ၁၅ မိနစ် ဆို ငါသေ ပြီ .. electric shock ပေးတာ တညလုံး ..ငါမခံနိုင်တော့ဘူး.. လက်တွေတောင်တုန်နေပြိ ။ ခံစားရတယ်။ ရင်နာတယ်။ ချရေးထားပေးတဲ့ နာမည်တွေ ဆိုင်းထိုးတာတောင် ဘောပင်တောင်မကိုင်နိုင်တော့တာကို .. မျိုးဝင်း ကငါ့လက်ကို ထိမ်းပြီး ဆိုင်းထိုးလိုက်ရတာ ..။
  • Kotoe NB မီးစက်နဲ့shockပေးလိုက်တာမီးစက်ရပ်
    သွားတာရှိတယ်..ကြွပ်ကြွပ်အိတ်နဲ့
    ခေါငးကိုစွပ်တယ်ဓါးနဲ့ထိုးပြီမွှေတယ်
    နောက်...ရက်စက်သောစစ်ဆေးနည်း
    ပေါင်းများစွာ

    တကယ်တော့..ကျနော့ကိုစစ်ခဲ့သော
    ကိုသန်းဇော်က..ကျနော်နဲ့အတူ
    ဘွန်ရွန်းမှာစကားပြောစက်အတူကိုင်ခဲ့
    တာနှစ်ပေါက်ရောဘဲ
    နှိပ်စက်တဲ့အခါ...ရက်စက်စွာဖြင့််
  • Uthartun Ag ko ye lin 
    ko mpabu lot won chan yei lar. ..i intrest that
  • Nyunt Shwe ခင်ဗျားတို့အားလုံးဟာ အရေးကြီးတဲ့သမိုင်းစာအုပ်တစ်အုပ်ကို ရေးနေကြတာပါ။ ဒါပေမဲ့ ဖတ်ရတာတွေက စိတ်မကောင်းစရာ ရင်နာစရာတွေနဲ့ မယုံနိုင်စရာတွေပဲဗျာ။ ဒီကောင်တွေဟာ နာဇီတွေ ကင်ပေတိုင်တွေတောင် ထိုင်ငိုရလောက်တဲ့ ခေတ်သစ် ဇီတိုင်တွေပဲ၊ ကျနော်တော့ သူတို့အားလုံးကို စက်တိုင်နဲ့သံတိုင်တွေ အုတ်နံရံတွေရဲ့နောက်မှာပဲ မြင်ချင်တယ်ဗျာ၊ ကြိုးစားကြပါ။
  • Aungmyint Ko ငရဲခန်းပြတိုက်တခုဖြစ်အောင်အထိ ကြိုးစားရမယ်။
  • Ko Lin Wai Aung ဦးသာထွန်းအောင် ဆိုတာဘယ်သူလဲဆိုတာ မသိပေမယ့် မေးခွန်းကို ဖြေပါတယ်...ကျနော့်အနေနဲ့ ခရိုင်မှူးတာဝန်ရော ကော်မတီတာဝန်ရော ရှိနေပါတယ်...ကျနော်ဘယ်သူ့ကိုမှ ဖမ်းဘို့ အမိန့်ပေးခဲ့တာ...တိုင်ပင်ခဲ့တာ မရှိသလို ကိုယ်တိုင်လဲဖမ်းဆီးတာ မရှိခဲ့ပါ...ကျနော်စစ်ဆေးလို့ သေဆုံးခဲ့တာ ဒဏ်ရာအနာတရဖြစ်ခဲ့တာလဲ မရှိပါဘူး...ကျနော်ရေးတာ/ပြောတာတွေကို အစအဆုံးလဲစောင့်ဖတ်ပေးစေချင်ပါတယ်...ကိုယ်ကြုံတွေ့ခဲ့တာရယ်...အဲဒီ တုံးက ရှိခဲ့တဲ့ စိတ်အခံရယ်...ကော်မတီရဲ့အခြေအနေရယ်..တွေကိုထင်သာမြင် သာအောင်ရေးပါတယ်....တာဝန်ရှိခြင်းမရှိခြင်း/အပြစ်ရှိခြင်းမရှိခြင်းဆိုတာတွေကို ကျနော်မဆုံးဖြတ်ပါ...အဖြစ်အပျက်အမှန်တခုပေါ်လွင်အောင် ကိုယ်သိတာ မြင်တာ လုပ်ခဲ့တာ ကိုဘဲရေးပါတယ်...ပြောပါတယ်...အပြစ်ရှိခြင်းမရှိခြင်းကို လူ့အဖွဲ့အစည်းကဘဲ ဆုံးဖြတ်ပါလိမ့်မယ်...ကျနော်ရေးထားတဲ့ ABSDF-NB ကျောင်းသားရဲဘော်ဟောင်းများနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကြိုး ပမ်းနေကြသူများသို့...ဆိုတဲ့ဆောင်းပါးကိုလည်းဖတ်စေချင်ပါတယ်...
  • Aung Naing Thu ပါဂျောင်ကိစ္စတာဝန်ရှိတဲ့လူတွေ မင်းတို့ကိုငါသေတဲ့အထိမမေ့သလိုငါ့ဆွေစဉ်မျိုး ဆက်လဲမမေ့အောင်ငါမှာခဲ့မယ်၊နိုင်ငံရေးတွေဘာအရေးတွေ လာမပြောနဲ့ ၊မင်းတို့လုပ်ခဲ့တာနိုင်ငံရေးမဟုတ်ဘူး ၊ကိုယ်ရေးပဲလုပ်ခဲ့ကြတာ ၊ဒါကြောင့်ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ငါအစ်ကိုကို မတရားလုပ်ခဲ့ ကြတဲ့ အတွက်ရယ် မြန်မာပြည်သားတယောက်ဖြစ်တဲ့ ငါအပါအ၀င်ပြည် သူတွေရဲ့မျော်လင့်ချက်ကိုရိုက်ချိုးဖျက်ဆီး ခဲ့တဲ့အတွက်ရယ် မင်းတို့ကိုငါဘယ်တော့မှမမေ့ သလိုငါ့ဆွေစဉ်မျိုးဆက်လဲဘယ်တော့မှမမေ့စေရဘူး မင်းတို့ဘက်က ဘယ်သူတွေကဘာအတွက်ကြောင့်မင်းတို့ကိုကာဗာပေးနေတယ်ဆိုတာလဲ ငါရိပ်မိတယ် မင်းတို့မပါလဲငါတို့ တိုင်းပြည်ဘာမှဖြစ်မသွားဘူးဆိုတာငါယုံတယ် သူခိုးကဂေါပကဖြစ်မှာကိုငါအပါအ၀င်ဘယ်သူကမှလပြီက်ခံမှာမဟုတ်ဘူးဆိုတာ မင်းတို့သိစေချင်တယ်၊ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့ငမိုးရိပ်ချောင်းဘေး ကျူးကျော်တဲကလေးတန်းမအောင် တဲ့အမူးသမားကိုသွားပြော ယုံလိမ့်မယ် ပါးစပ်ဖျားကစကားတွေ ခေတ်စားနေတဲ့စကားတွေငါ့ကိုလာမပြောနဲ့ ၊တိုင်းပြည် အတွက်လုပ်ချင်ရင် အရည်အချင်းမရှိရင်တောင်နှလုံးသား ကဖြူစင် ပြီး စိတ်ထားမွန်မြတ်ရတယ်ကွ ငါ့ကိုရိုင်းတယ်လို့မထင်နဲ့လူရိုင်းတွေကိုငါကလူရိုင်းစကားနဲ့ပဲပြောတတ်တယ် ဒါမှလူရိုင်းတွေကငါ့ပြောစကားကိုနားလည်မှာမဟုတ်လား၊ငါ့နာမည်ကိုမှတ်ထား သိုးထိန်း (မြန်မာပြည်သား)တဲ့
  • Nyunt Shwe Aungmyint Ko ခင်ဗျာ့းစိတ်ကူး အင်မတန်ကောင်းတယ်၊ ကျနော် ရာနှုန်းပြည့်ထောက်ခံတယ်။ ဖြစ်အောင် လုပ်ရမယ်။ ဟီရိုးရှီးမား ငြိမ်းချမ်းရေးပန်းခြံထဲက ပြတိုက်ထဲမှာ အနုမြူဗုံးချတုန်းက ဘယ်လိုခံခဲ့ကြရတယ်ဆိုတာ လူရုပ်တုတွေနဲ့ ပြထားတာ အတော် တုန်လှုပ်စရာကောင်းတယ်။ ဒါ တစ်နေ့ဖြစ်ကို ဖြစ်သင့်တယ်။
  • Aungmyint Ko ကမ္ဘောဒီးယားက Tuol Sleng Genocide Museum ရောက်ဖူးတယ်။ နှိပ်စက်ခံရတဲ့လူဦးရေများတယ်၊ မပ လောက်ထိပယ်ပယ်နယ်နယ် ရက်စက်ထားတာမတွေ့ရပါဘူး။ Tourist attraction တခုဖြစ်လာခဲ့ရင် တရားခံတွေကို ခုံရုံးမြန်မြန်တင်နှိုင်လိမ့်မယ်။

No comments:

Post a Comment