Sunday, January 13, 2013

ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၆)


by May Thingyan Hein on Thursday, October 25, 2012 at 6:33am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၂၅၊ ရန်ကုန်မြို့။

အပိုင်း(၆)
ABSDF(NB) လည်းဖွဲ့ပြီးကြတယ်။ အဲဒီမှာ အခုအသစ်ဖွဲ့တဲ့ထဲမှာ မပါတဲ့ ကော်မတီဟောင်းတွေ ရှိတယ် ၊ အသစ်ဖွဲ့တဲ့ ထဲမှာပြန်မပါလာတဲ့ သူတို့ကိုလည်း ကိုထွန်းအောင်ကျော်တို့ ကိုအောင်နိုင်တို့က ကိုသံချောင်းတို့က တပ်ကြပ်ကြီး အဆင့်တွေနဲ့ ပြန်တမ်းထုတ်ပြီးတော့ တာဝန်ထမ်းဖို့ပြန်ပေးတာလည်း ရှိတယ်၊ ဒါတွေက သမိုင်းမှန်တွေပဲ။

အဲဒီလို ကော်မတီတွေ ဖွဲ့ပြီးကြတော့ ကျနော်တို့ကဗဟိုမှာက လုပ်စရာအလုပ်က မရှိဘူး။ တကယ်လိုတာက ခရိုင်တွေမှာပေါ့။  ကျနော်တို့ကတော့ ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့ပဲ စဉ်းစားကြတယ်။

ခရိုင်တွေမှာ နိုင်ငံရေးလုပ်မဲ့သူက မရှိဘူးဆိုတော့ ကျနော်တို့ ခရိုင်ဆင်းရတယ်၊ ကိုညီညီကျော်က ဗန်းမော်ခရိုင်၊ ကိုစိန်အေးက မိုးညှင်းခရိုင်၊ ကျနော်က ရွှေကူခရိုင်ကို ခရိုင်မှူးအနေနဲ့ ဆင်းရတယ်။

ရွှေကူခရိုင်က အထိုင်မဟုတ်ဘူး၊ သူက လှုပ်ရှားနေရတာ၊ KIA တပ်ရင်း ၁၂ နယ်မြေပေါ့။ အဲဒီမှာ ခရိုင်မှူး တာဝန်နဲ့ နေနေရတယ်။
အဲလို ကာလတွေမှာ စစ်ဆင်ရေးတွေ အကြီးအကျယ်ထိုးတဲ့အခါကျတော့ မှဗဟိုပြန်တက်ရတယ်။ ကျနော် ရွှေကူခရိုင်မှာ ရှိနေစဉ် ဗဟိုမှာဖြစ်ကြတာတွေကိုတော့ ကျနော်သေချာလည်း မသိနိုင်ဘူး၊ပြောလည်း မပြောနိုင်ဘူးပေါ့။

အချို့ခြေလျင်တွေက တောလမ်းကနေ ပြန်တက်တယ်၊ အချို့ကလည်း တရုတ်ပြည်ပ နေ တက်တယ်။ လမ်းကြောင်းတွေ ရှိတယ်ပေါ့။
အဲလို ဗဟိုပြန်ရောက်တာက ၁၉၉၀ ခုနှစ် ၈ လပိုင်း ဖြစ်နေပြီ။ အဲဒီတုန်းက ဦးစိန်က မြစ်ကြီးနားဘက်ကို ခဏသွားနေတာ ဆိုတော့ ဦးစိန်တို့လည်း ဗဟိုပြန်ရောက်နေပြီ။
ကိုမျိုးဝင်းက သူက အစောပိုင်းကတည်းက AB မှာရောက်ထားတဲ့အတွက် စီနီယာလည်း ဖြစ်တော့ သူက သူလုပ်ချင်တာ လုပ်တဲ့ အပိုင်းတွေ ရှိတယ်။ ကွန်မန်ဒိုဖွဲ့တာတို့ ထောက်လှမ်းရေးဖွဲ့တာတို့ကို သူလုပ်ချင်သလို လုပ်သွားတာ။

အဲလိုဗဟိုမှာ နေပြီးတော့ ၁၀ လပိုင်းလောက်ကြတော့ ကျနော်ကတော့ ရှေ့တန်းကို ပြန်ထွှက်ကြတယ်၊ တော်တော်များများလည်း ထွက်ကြတယ်၊ အဲလိုနဲ့ ၁၉၉၁၊လဆန်းပိုင်းမှာ စစ်ဆင်ရေးတွေ အရမ်းထိုးနေတဲ့ အချိန်ပေါ့နော်။ ကျနော်ခန့်မှန်းတာက ဇန်န၀ါရီ ဖေဖော်ဝါရီလောက်ဖြစ်ပါမယ်။

တပ်ရင်း ၁၁ နဲ့ရ တပ်ရင်း ၅ကို ပြိုင်တူ စစ်ကြောင်းတွေ ထိုးနေတဲ့ အချိန်ပေါ့၊အဲဒီအချိန်တုန်းက ကျနော်က တပ်ရင်း ၁၁ မှာ ၊ တပ်ရင်း ၁၁ အထိုင်ကနေ ခွာပြီး တောထဲ ရောက်နေတဲ့ အချိန်မှာ အဲဒီကို ကိုသန်းထွန်းစိုး က တပ်ရင်း (၅) ကနေ ရောက်လာတယ်။

ဗဟိုကို ကိုမျိုးဝင်းက ပြန်လွှတ်လိုက်တာတဲ့ စာတွေလည်း ရေးပေးလိုက်တယ်တဲ့…။ ကျနော့်ကိုလည်း မင်း ဗဟိုမှာပဲ ပြန်နေပါကွာလို့ မှာလိုက်တယ်တဲ့ စာလည်း ပေးလိုက်တယ်လို့ ပြောတယ်။ (အဲဒီအချိန်မှာ ကိုမျိုးဝင်းကလည်း ရှေ့တန်းမှာ)

ကျနော်တို့ ရောက်နေတဲ့ နေရာက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ့နော် သူ့ကို ဗဟိုရောက်ဖို့အတွက်ဆိုရင် အဆင့်ဆင့်ပို့ရမှာ ဟိုဘက်ကမ်းကိုလည်း ကူးရမယ်။ စစ်ဆင်ရေးတွေလည်း ရှိနေတော့ ကျနော့်အနေနဲ့ သူ့ကို လုံခြုံရေး မပေးနိုင်လို့ KIA ဒု တပ်ရင်းမှူးကို အကူအညီတောင်းပြီးတော့ ကျနော်တို့ လူတွေ ဗဟိုကို ပို့ဖို့ရှိတယ် အရေးကြီးတယ် စာရွက်စာတမ်းတွေလည်း ပါတယ် အကူအညီပေးပါလို့ပြောပြီး အကူအညီတောင်းတယ်။

သူတို့ကလည်း စစ်ဆင်ရေးအချိန်ဖြစ်နေတော့ လုံခြုံရေးတော့ မပေးနိုင်ဘူး၊ KIA ရွာခံရွာခံ တွေရှိတယ်၊ ပြောရရင် UG တွေပေါ့။ UG ကိုလှဦးနဲ့ ထည့်ပေးလိုက်မယ်၊  ကိုလှဦးက ဟိုဘက် ကမ်း ရောက်တဲ့ ထိ သူပို့ပေးလိမ့်မယ်လို့ ပြောတော့ ကျနော်လည်း စိတ်ချလက်ချထည့်လိုက်တာပေါ့။အဲဒီမှာ ကျန်းမာရေးမကောင်းပဲ ဖြစ်နေတဲ့ ရဲဘော်မောင်မောင်ကိုလည်း နောင်ရာပါမှာ ဆေးကုဖို့ ထည့်ပေးလိုက်တယ်။

အဲဒီနေ့က KIA ကလည်း အရပ်ဝတ်တွေနဲ့ ပလိုင်းတွေနဲ့ ရွာသားတွေပုံစံပေါ့ဗျာ သွားကြတယ်။ ရွာစဉ်ရွာစဉ်တွေက သူ့လူနဲ့သူ ယူဂျီတွေရှိတယ်။
နောက်ရက်ကြတော့ ကျနော့်ကို KIA က ခေါ်ပြောတယ် စိတ်မကောင်းဘူးတဲ့ ဆင်ဘိုက ထွက်လာတဲ့အချိန် လယ်ကွင်းထဲမှာ သတင်းရလို့ ဆိုပြီး ၀င်ဖမ်းတယ်တဲ့။ ယူဂျီ လှဦးကတော့ တဲပေါ်ကနေ ကုန်ချပြီး ပြေးလို့ လွတ်သွားတယ်တဲ့…ခါးမှာတော့ သေနတ်မှန်သွားတယ်။ မင်းတို့လူနှစ်ယောက် သန်းထွန်းစိုးနဲ့ ရဲဘော်တို့ကတော့ အဖမ်းခံလိုက်ရတယ်၊ ကြိုးတုတ်ပြီး ခေါ်သွားကြတယ်လို့ ပြောတယ်။

ကျနော်လည်း စိတ်မကောင်းဖြစ်သွားတယ်၊ ဗဟိုကို အကြောင်းကြားမှ ဖြစ်မယ်ဆိုပြီး ဗဟိုကိုလည်း လှမ်းပြီး အကြောင်းကြားတယ်။
အဲဒီမှာ ကိုသန်းထွန်းစိုးနဲ့ကိုမောင်မောင်နဲ့ကို အစိုးရတပ်က အဖမ်းခံရပြီး နောက်ပိုင်း ထောင်ကျသွားတယ်။

အဲလိုဖြစ်တာကိုတောင် သန်းထွန်းစိုးကို တမင်တကာ အဖမ်းခံပြတယ် ထောင်တောင် အကျခံလိုက်သေးတယ်လို့ မတရားသဖြင့် ပြောတဲ့ သူတွေလည်း ရှိတယ်၊ အဲလိုတွေ လုပ်ကြ ပြောကြတာတော့ မကောင်းဘူးပေါ့။ တကယ်ဝင်ဖမ်းလို့ ပါသွားတယ်ဆိုတာ ကျနော်တို့ သိလိုက်ရတာပဲ။
အဲဒီမှာ KIA ယူဂျီလှဦးကလည်း ခါးက သေနပ်ဒဏ်ရာကိုတောင် ကျနော့်ကို ပြတယ်။ သူတို့နဲ့အသွား ကျနော်တို့ လူ ၂ယောက် အစိုးရတပ်အဖမ်းခံလိုက်ရတဲ့ အတွက် ပြတာပါ။
အဲလိုနဲ့ ၁၉၉၁ခုနှစ် သြဂုတ်လဆန်းပိုင်းလောက်မှာ ကျနော်တို့ ဗဟိုပြန်တကိဖို့ စီစဉ်ကြတယ်။

အဲလို ဗဟိုပြန်တက်တော့ နောင်ရာပါ ရောက်တော့ ရေကြီးပြီးတော့ KIA တဲတွေရော ကျောင်းသားတပ်စခန်းတွေရောပါသွားတယ်။ မြင်ရတာ စိတ်မကောင်းဘူး။ နောင်ရာပါ ရေးကြီးတော့ ကျောင်းသား ၁၁ ဦး ရေထဲပါသွားပြီးတော့ kia ကလည်း ရဲဘော် အရောက် ၃၀ လောက်ပါသွားတယ်။
အဲလိုနဲ့ စိတ်မကောင်းစွာနဲ့ပဲ ဗဟိုကို ဆက်တက်ခဲ့ကြတယ်။  ဗဟိုကို  ပြန်ရောက်သွားပြီ။ဦးစိန်တို့လည်း ပြန်ရောက်နေကြပြီ၊လူတော်တော်စုံနေပြီ။ ကျနော်ရောက်တဲ့အချိန်က ၁၉၉၁ ခုနှစ်သြဂုတ်လဆန်းပိုင်းပဲ။

အဲဒီမှာ ၈ လပိုင်း ၈ လေးလုံး နှစ်ပတ်လည်ပွဲ လုပ်ဖို့ ရှိတယ်။  ၃ နှစ်ပြည့်ပွဲ လုပ်မယ်ဆိုပြီး ပြင်ဆင်နေကြပြီ။

ဗဟိုမှာက အဲဒီအချိန်မှာ အသံမျိုးစုံကြားနေရပြီ၊ မျိုးဝင်းဖွဲ့ထားပေးတဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ကိုရော်နယ်အောင်နိုင်တို့ကလည်း ပြောကြတာတွေ ရှိတယ်။ ပွဲနေ့မှာ ဒီပွဲကို ဖျက်လိုဖျက်ဆီးလုပ်မဲ့ သူတွေရှိကြောင်း အသံတွေ ကြားရတယ်။ ထမင်းဟင်းကျွေးတဲ့ နေရာမှာလည်း အဆိပ်ခတ် လိမ့်မယ် ဘာညာဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။
အဲသတင်းကို ဘယ်သူတွေကနေ စပြောလဲဆိုတော့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေဖြစ်တဲ့ သန်းဇော်တို့ဇော်ဇော်မင်းတို့ကနေ စပြောတာ ကြားရတယ်။နောက် ရော်နယ်အောင်နိုင်တို့က ဒီစကားတွေကို ယုံပြီးတော့မှ လုံခြုံရေး ဂရုစိုက်ဖို့ပြောနေတာတွေလည်း ကြားရတယ်။

အဲဒီမှာ သတိထားမိတာက ဗဟိုမှာ ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့ထားတာ မကြာသေးဘူး၊ သန်းဇော်တို့ ဇော်ဇော်မင်းတို့၊ ကျော်ထင်ဦးတို့၊ သက်လင်းတို့ အဲလိုတွေနဲ့ မျိုးဝင်းက ဖွဲ့ထားတယ်။ အဲဒီထောက်လှမ်းရေးအဖွဲ့ မတိုင်ခင် မျိုးဝင်းက ကွန်မန်ဒိုအဖွဲ့ကိုလည်း သူ့လူတွေရွေးချယ်ပြီးတော့ သူ ဖွဲ့လိုက်တာတွေ ရှိတယ်။

နောက် သူ ဒု စစ်ရေးတာဝန်ခံရသွားတဲ့ကိစ္စမှာလည်း ကျနော်က နောက်ပိုင်းမှ သိရတာဆိုတော့ ဗဟိုရောက်တော့ အဲဒီကိစ္စကိုလည်း ကျနော်က မရှင်းလို့ မေးတယ်၊ စစ်ရေးတာဝန်ခံ သံချောင်းလိုမျိုး မျိုးဝင်းက မဟုတ်ဘူး၊ ရှေ့တန်းတွေ ဘာတွေသွားပြီး တိုက်ပွဲတွေ တိုက်ခိုက်ရေးအတွေ့အကြုံလည်းမရှိတော့ စစ်ရေးတာဝန်ခံဖြစ်တယ်ဆိုတာက မေးစရာမေးခွန်းတခုလို့ မြင်တယ်၊
နောက် ကိုသံချောင်း ဒဏ်ရာ ရချိန်မှာ ခံမယ်ဆိုရင်လည်း တခြားတိုက်ရည်ခိုက်ရည်လည်း ကောင်းတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံလည်း ရှိတဲ့ ကိုသာဓုတို့ ဘာတို့ကိုလည်း ရှိတယ်၊ ကိုအောင်ဆွေဦးတို့လည်း ရှိတယ်လေ။

ဒါပေမဲ့ ဒီလိုမျိုးဝင်းလုပ်နေတာတွေကို ကိုထွန်းအောင်ကျော်က အန္တရာယ်လို့ မမြင်ခဲ့တာလား၊ ရိုးရိုးပဲ တွေးခဲ့သလားတော့ ကျနော်မသိဘူး။ ကျနော့်အမြင်မှာတော့ ကိုမျိုးဝင်းက မြင်းဂျိုတပ်သလိုပဲ လုပ်နေတာတွေရှိတယ်။ စိတ်ထဲ တမျိုးလည်း ဖြစ်တယ်။ ရိုးရိုးသားသားပြောရရင် မကြိုက်ဘူး။

ကိုထွန်းအောင်ကျော်ကတော့ မျိုးဝင်းကို ဘယ်လိုမှ သဘောထားပုံရတာ မတွေ့ရဘူး။
နောက်ကိုမျိုးဝင်းက ကွန်မန်ဒိုဖွဲ့တာတို့ရ၊ ထောက်လှမ်းရေးဖွဲ့တာတို့ စစ်ရေးတာဝန်ခံပေးတာတို့က ဗဟိုမှာ ကျန်ခဲကတဲ့ စီအီးစီတွေအနေနဲ့ ဆုံးဖြတ်ြ ပီးမှ ပေးတာလားဆိုတာလည်း ကျနော့်အနေနဲ့တိတိကျကျ မသိခဲ့ရဘူး။

မျိုးဝင်းက သူလုပ်ချင်တာလုပ်ချင်တာလို့ ပြောလို့ရတယ်၊ သူက ကိုထွန်းအောင်ကျော်ကို ကျော်ပြီး လုပ်ချင်တာလုပ်တတ်တဲ့သဘောလည်း ရှိတယ်။
ဒါပေမဲ့ မျိုးဝင်းကို Vcs ခန့်တဲ့ကိစ္စမှာတော့ ကိုထွန်းအောင်ကျော်ကို ကျနော်မေးတော့ ကိုထွန်းအောင်ကျော်က လိုအပ်လို့တာဝန်ပေးခဲ့တာလို့ ဖြေခဲ့တယ်။
သူလုပ်ချင်တာလုပ်ချင်တာလို့ ပြောလို့ရတယ်၊ သူက ကိုထွန်းအောင်ကျော်ကို ကျော်ပြီး လုပ်ချင်တာလုပ်တတ်တဲ့သဘောလည်း ရှိတယ်။

နောက်သူက ကိုထွန်းအောင်ကျော်ထက် အရင် သူက ရောက်ပြီးသား စီနီယာကျတော့ တပ်ထဲမှာ မျိုးဝင်းက သူ့လက်သူ့ခြေလုပ်တာတွေ ရှိတယ်၊ နောက် မျိုးဝင်းက မြတ်ကိုကိုတို့ကိုလည်း ပစ်သတ်ပြထားတာတွေရှိတော့ တော်ရုံဆိုရင် ကြောက်တာ မဟုတ်ပေမဲ့ သိပ်မပြောကြတာတွေလည်း ရှိမယ်။

ကျနော်လည်း ရောက်ခါစ ဆိုတော့ အဲလောက်အခြေအနေပဲ သိရတယ်။အဲဒီအချိန်မှာ ကျနော့် တာဝန်က ဘာလဲဆိုတော့ ကိုထွန်းအောင်ကျော်တို့ ကိုအောင်နိုင်တို့ တာဝန်ပေးတဲ့ လက်နက်နဲ့ အာဏာတည်ဆောက်ရေး လမ်းညွှန်ဆိုတဲ့ စာတမ်းကို ပွဲနေ့မှာ တင်သွင်းဖို့အတွက်  အပိုင်းလောက် ရေးရတယ်။ ဗဟို ကော်မတီဝင်တွေ ရေးကြရတယ်ပေါ့၊ အဲဒီမှာ ကျနော်က ကုန်ဘောင်ခေတ်က အပိုင်းကို ရေးရတယ်။

၈လေးလုံးပွဲ မစခင်တရက်မှာကိုသိုက်ထွန်းဦးနဲ့ အတူနေတဲ့ ရဲဘော်စိုးမင်းအောင်ကို ကိုသိုက်ထွန်းဦးက ကျောက်တုံးတွေ မတုန်းက ကျနော့်ကို အပ်ထားတဲ့ နာရီလေးကို ပေးလိုက်တယ်။

နောက်နေ့ကျနော့် စိုးမင်းအောင်က ထွက်ပြေးသွားတယ်၊ နာရီကိုလည်း ခရိုင်ရွာတရွာမှာဝင်ပြီး ရောင်းသွားတယ်လို့ သတင်းကြားရတယ်၊ ကျနော်ကတော့ ရဲဘော်ပြေးတာ  ပြေးတယ်ပေါ့ အဲလိုပဲ သဘောထားလိုက်မိတယ်။

နောက် အဲဒီပွဲ မတိုင်ခင်မှာကိုထွန်းအောင်ကျော်က KIA ကို ကျနော်တို့ကို တနှစ်စာ ဘတ်ဂျက်ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး ပုံသေပေးပါလို့ တောင်းဆိုခဲ့တယ်။နောက် နှောင်ကြိုးမဲ့ အကူအညီဆိုတာကိုလည်း တောင်းဆိုခဲ့တယ်၊ နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စပေါ့ အဲဒါကိုလည်း ကိုထွန်းအောင်ကျော်က တောင်းဆိုပေးခဲ့တယ်။

အဲဒါတွေကတော့  ကိုထွန်းအောင်ကျော် လုပ်နိုင်ခဲ့တာတွေပေါ့။ နောက် ၈ လေးလုံး အခန်းအနားကိုလည်း မဟာမိတ်အဖွဲ့အစည်းတွေအများကြီး လာတက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ခဲ့တယ် အောင်အောင်မြင်မြင်နဲ့ ပြီးသွားခဲ့တယ်။

အဲဒီမှာ အစိုးရရဲ့ ထောက်လှမ်းရေးတွေ သူလျှိုတွေလို့ စွပ်စွဲပြီး စဖမ်းတာက ဘယ်အချိန်က စခဲ့တာလဲ ဆိုတော့၊ ကျနော်သိရသလောက်မှာတော့ ရန်အောင်တို့ ကိုကျော်ဝေတို့ ကိုကျော်ဋ္ဌေးတို့ကို စဖမ်းခဲ့တာ အချိန်းကလဲ ဆိုတာကို ကျနော် တိတိကျကျ မသိလိုက်ဘူး။ ကျနော်သိရတော့ သြဂုတ်လ ၁၀ ရက်လောက်ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့
စဖမ်းကတည်းက ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ စဖမ်းခဲ့တာ မဟုတ်ဘူး။

ဗန်းမော်မှာလည်း စိုးမင်းအောင်ကို ဖမ်းပြီ ဆိုတာက ကြားရတယ်။ စစ်တယ်ဆေးတယ်လည်း ကြားရတယ်။
 အဲဒီမှာ စိုးမင်းအောင် တပ်က ပြေးရင် ဖမ်းပြီးတော့ ကြိမ်ဒဏ်ပေးမယ်၊ ထင်းပုံ ထင်းတစ်ကား အဲလို အပြစ်ပေးလိမ့်မယ်လို့ပဲ ကျနော် တွေးထားတာ၊

အဲဒီကိစ္စတွေကိုကိုမျိုးဝင်း၊ ကိုလှဆိုင်း၊ ကိုရော်နယ်အောင်နိုင်တို့က လျှို့ဝှက်ဆိုပြီးတော့ လုပ်ခဲ့ကြတာ၊ ဘယ်သူ့ကိုဖ မ်းပြီး သွားပြီ ဘယ်သူ့ကို ဖမ်းပြီးပြီဆိုတာကို ဖမ်းပြီးမှ ကျနော်တို့က သိရတာ။အဲလို အနေအထားကမှ စပြီး ကျနော်က သိခဲ့ရတာ။ ဒါပေမဲ့ ဆက်ဖမ်းလာကြတယ်။  ၅ ဦးလောက်ထိ ဖြစ်လာတယ်။

၁၀ ရက်လောက်ထိဆက်တိုက် စဖမ်းတယ်။ 
 ရဲမေ ဆောင်ကိုဝင်ပြီး ခင်ချိုဦးတို့၊ နန်းအောင်ထွေးကြည်တို့ကိုလည်း ၀င်ဖမ်းတာတွေ့ရတယ်။ အဲဒီတုန်းက ကျနော်က ခရိုင်မှူးလည်း ဟုတ်တယ်၊ ဗဟိုကော်မတီဝင်လည်း ဟုတ်တယ်။ ဒါပေမဲ့ ဘာမှ မသိရဘူး။ ဒီလို ဖမ်းဆီးနေတာတွေကို ဥက္ကဋ္ဌဖြစ်တဲ့ ကိုထွန်းအောင်ကျော် သိမသိ ကျနော် သေချာမသိဘူး။

ခုလိုဖမ်းနေတာလည်း ဥက္ကဋ္ဌ ဆုံးဖြတ်ချက် ပါမပါ ကျနော် သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဖမ်းနေတာတွေကိုတွေ့တော့ သူလည်း ဘာမှ မပြောနိုင်ဘူး၊ အံ့သြသလိုကြည့်နေတာပဲ တွေ့ရတယ်။

အဲလိုကနေ ၇ ဦး ၈ ဦးလောက်ထိ ဆက်ဖြစ်လာတယ်။ စစ်တာ ဆေးတာတွေလည်း ဘယ်သူမှ အနားမကပ်ကြရဘူး။ အဲလိုနဲ့ ၁၀ ဦးလောက်ထိ ဖြစ်လာတော့ ကျနော်တို့ ကိုစိန်အေးတို့ ကိုညီကျော်တို့က အခြေအနေကြည့်ပြီးတော့ ဖမ်းထားတဲ့ လူတွေကို သွားကြည့်တယ်။ ကျနော်တို့ကလည်း အခြေအနေကြည့်ပြီးတော့ ၀င်ကြည့်ရတယ်။

အဲလိုအနေအထားကနေ တရက် ကိုမျိုးဝင်း၊ တဲမှာပေါ့ဗျာ၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်၊ကိုလှဆိုင်း ၊သန်းဇော်၊ ဇော်ဇော်မင်းတို့ က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်စာရွက်တွေ ဆိုပြီး ကျနော့်ကိုလည်း ပြတယ်၊ အဲဒီထဲမှာ စိုးမင်းအောင်က ထောက်လှမ်းရေးပါလို့ နာမည်ထွက်ချက်တွေ ပေးထားတာ ၄၀ လောက်ပါတယ်။ အဲဒီ အယောက် ၄၀ ထဲမှာ ...။

ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share
  • Ramsein Awiqwang အပိုင်း (၇)မျှော်နေပါသည်။
  • Ko Lin Wai Aung တောင်ပိုင်းမှာရောက်နေတဲ့ ကိုလှဋ္ဌေး...ရှမ်းပြည် ရင်း( ၄၀၁ ) က ကိုဝင်းသိန်း တို့ကိုလည်း ဗဟိုကော်မတီဝင်တွေ အဖြစ် လိုအပ်ချက်အရ တာဝန်ပြန်ပေးပါတယ်....
  • May Thingyan Hein အကိုရေ ကျမ ပြင်ပေးပါမယ်၊ ကျေးဇူးတင်ပါတယ်။
  • Ko Lin Wai Aungလက်နက်ဖြင့်အာဏာတည်ဆောက်ရေးလမ်းစဉ်စာတမ်း...
  • ဘရာဇီး ငှက်ရိုး အာအက်ဖ်အေရဲ့ ၂၄ရက်ညပိုင်း အစီအစဉ်မှာတော့ ထူးထူးခြားခြား စစ်ထောက်လှမ်းရေး ဘာညာဆိုပြီးတော့ ကိုတိုက်ပိတ်အကြောင်းကို ၄၄မိနစ်ကနေ ၄၉မိနစ်လောက်ထိ ပြောသွားတယ်ခင်ဗျ... အဆင်ပြေရင် ဖိုင်အဖြစ် တင်ပေးပါ့မယ်ခင်ဗျာ...
  • Ko Lin Wai Aung ကိုအောင်ထူးနောက်တစ်ယောက် လာ ပြန်ပြီ။ရည်ရွယ်ချက်ရှိရှိပြောနေတာ။
  • ဘရာဇီး ငှက်ရိုး အဆင်ပြေသလိုပဲ တင်ပေးလိုက်ရတယ် ကိုရဲရေ...http://www.facebook.com/photo.php?v=464244066952452
  • Nang Aung Htwe Kyi RFA VOA BBC စသဖြင့် ပေါ့လေ ။ မငယ်တို့ ထဲ
    ကတယောက်ယောက်ကို ထလရပြောရင် အထောက်အ
    ထားအပြည့်အစုံနဲ့ တင်ပြောလေ ။ လက်မှတ်ထိုးထားတဲ့
    စစ်ချက်တွေနဲ့ ဗွီဒီယို တွေနဲ့ ချပြပြီး စွပ်စွဲလေ ။
    ဆက်ပြီး ဒါမျိုးတွေ အသံလွှင့်နေမယ် ဆိုရင်တော့

    ရှေ့ နေနဲ့ တိုင်ပင်ရတော့မှာဘဲ ။
    အသေရေဖျက်မှု့ တင် တော့ မှာပေါ့ ။
    သက်ဆိုင်ရာဌာနကို တရားစွဲတာလုပ်ရတော့မှာပေါ့ ။
  • Soe Lynn အားလုံးသေချာနားထောင်ပြီးတခုခုတုန့် ပြန်သင့်ပါတယ်။ကိုငှက်ရိုးဖိုင်ဖွင့်မရပါ။ ဆောင်းပါးရှင်စစ်ရေးလေ့လာသူဌေးအောင်ဟာ(မပ/ဗဟို)ဖြစ်ရပ်တွေကိုသူလို သလိုဆွဲသုံးနေပုံပါ။တခါကလဲ pc(particular cell ) ဆိုပြီး(ကျနော်ထွက်ခဲ့တဲ့ လုပ်ကြံစကားလုံး)သုံးသွားပါသေးတယ်။နားထောင်နေတဲ့ပြည်သူတွေကို အထင်သေးစော်ကားနေသလိုပါပဲ။RFAကိုလည်းတာဝန်ယူမှုရှိမရှိမေးရပါလိမ့် မယ်။ကိုရဲေ၇ ကိုဝင်းသိန်းကိုရှမ်းဒေသတာဝန်ခံ ( CC )ပေးတော့ကျနော်ရှိသေးတယ်။ကိုလှဌေးကဗဟိုရဲ့ အတွင်းရေးမှုး ၂ ဖြစ်ပါတယ်။ မပကော်မတီမှာပါစရာအကြောင်းမရှိပါ။
  • Ko Lin Wai Aung ပြန်ပေးတယ်ကိုစိုးလင်း။
  • Soe Lynn ရယ်စရာကြီးဗျာ။န၀တတွင်း ၂ ကစစ်တိုင်းဒေသအုပ်ချုပ်ရေးကော်မတီမှာဝင်ပါလို့ မရဘူးဗျ။အမေရိကန်ကာ ကွယ်ရေးဝန်ကြီးကအမှတ်(....)ရေတပ်မတော်အုပ်ချုပ်ရေးအဖွဲ့ ထဲဝင်လို့ မသင့်ဘူးဗျ။ကိုလှဌေးမပကော်မတီထဲပါတာကျနော်တကယ်မသိခဲ့ဘူးဗျာ။
  • Nang Aung Htwe Kyiလုပ်ခြင်တိုင်းလုပ်လို့ရလို့ဖြစ်ခြင်တိုင်းဖြစ်ကုန်တာပေါ့ ကိုစိုးလင်း ။
  • Nang Aung Htwe Kyi သန်းထွန်းစိုးနဲ့ ပက်သက်တာသိခြင်ရင် ဆက်သွယ်နိုင်တယ်ပြောတယ် ။။မငယ်ရဲ့မနောမြေ ၆ မှာ comment လာထားသွားတာပါ ။ 



    Maung Myint (ခေါ်)သန်ထွန်စိုးဟာရန်ကုန်ဆင်ခြေဖုန်းမှာနေတယ်။အခုတော့ကျှးကျော်ဆိုပြီးအဖျက်ခံရတဲ့အထဲပါသွားပြီဆိုဘဲ။ရန်းတုတ်မှန်းသိသာတယ်။သန
်းထွန်းစိုးဟာရန်ကုန်မှာနေတာမဟုတ်ဘူး ကျိုက်ထိုမြို.နယ်သိမ်ဇရပ်မှာနေတာ။ပြီးတော့သူဟာတောသားဘဲ။၁၉၈၉မှ၁၀တန်းအောင်တာပါ။UGလုပ်တာဘဲကျနော်နဲ့.အတူတူပါ။ကျနော်ကမာနယ်ပလောကနေတိုက်ရိုက်လုပ်တာ။မဒမ်သံခဲကိုတွေ.တဲ.သူတွေပြောပေးကြပါသန်ထွန်စိုးနဲ.ပါတ်သက်လို.အသေးစိတ်သိချင်ရင်ကျနော့ဆီဖုန်ဆက်ပါလို.။ဖုန်နံပါတ်ကတော့ ၁၈၀၆ ၄၁၆ ၂၇၂၉ skype account maungmyint321ပါ
    7 hours ago · Unlike · 3
  • Ko Lin Wai Aung မြောက်ပိုင်းကော်မတီဖွဲ့ခါစမှာ တောင်ပိုင်းရောက်နေတဲ့ မြောက်ပိုင်းကိုယ်စား လှယ်တွေ အဆင်ပြေအောင် ဗဟိုကော်မတီအဆင့်နဲ့ ကိုလှဌေးကို မြောက် ပိုင်းကိုယ်စားလှယ်အဖြစ် ဆက်လက်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်၊ တောင်ပိုင်း ဗဟိုမှာ ကိုလှဌေး အတွင်းရေးမှူး(၂) ဘယ်အချိန်ဖြစ်တယ်ဆိုတာမသိပါ။ ကို ကျော်ကျော်နဲ့ကိုလှဌေးကို တစ်ချိန်တည်းမှာ ပြန်လည်တာဝန်ပေးခဲ့တယ်လို့ မှတ်မိပါတယ်၊ အချက်အလက်မှားသွားရင်လဲ ပြန်ပြင်ပေးဖို့ အဆင်သင့်ပါဘဲ။ အချက်အလက်အမှန်တစ်ခုဖြစ်သွားဖို့ကိုဘဲ ရည်ရွယ်ပါတယ်။ ရယ်စရာပျက်လုံး တစ်ခုထုတ်ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ အားလုံးကို အချက်အလက်နဲ့ အချိန်တွေ သေချာပြန်လည်တိုက်ဆိုင်ကြည့်ကြမှ အဖြေမှန်ပေါ်ထွက်လာမှာပါ၊ အဲဒီတုန်းကအခြေအနေကို ပြန်မှတ်မိနိုင်တဲ့သူတွေ အများကြီးကျန်ပါသေး တယ်၊ အဖြေမှန်တစ်ခုတော့ ပေါ်လာဦးမှာပါ။ မပသမိုင်းမှာ ဘာမှမပြောကြသေးတဲ့ သူတွေ/ ပြောဖို့ကျန်နေကြသေးတာတွေရှိပါသေးတယ်၊
  • ဘရာဇီး ငှက်ရိုး အဆင်ပြေသလို ထပ်တင်ပေးပါ့မယ်ကိုစိုးလင်း...
  • Soe Lynn မငယ်တင်ပေးလို့ နားထောင်ပြိးသွားပြီကိုငှက်ရိုးရေ ကျေးဇူးပါ။က်ုရဲရေ ကိုလှဌေး ကိုမပမှာမနေစေချင်လို့ ဗဟိုကိုယ်စားလှယ်အဖြစ်ပို့ ထားခဲ့တာမျိုးဝင်းစိတ်ကူး။ မှတ်မိသလောက်တောင်ပိုင်းသွားခါနိးတောင်ကျနော့ကိုမှာလိုက်သေးတယ်။အဲဒီကွန်မြူနစ်ကြိးကိုမင်းသတိထားပါတဲ့။ကျနော်ရယ်ချင်တာကကိုရဲပြောတာကိုမ ဟုတ်ဘူး။မငယ်ပြောသလိုလုပ်ချင်တိုင်းလုပ်၇လို့ ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြတာကိုပါ။ ကိုလှဌေးကပဲကျနော့ကိုပြန်စစ်ကြောေ၇းဝင်တယ်လေ။
  • ဘရာဇီး ငှက်ရိုး ကိုထင်ကျော်ရဲ့ ဗီဒီယိုဖိုင် မကြည့်ရသေးဘူး... ဆရာကိုနေဝင်းအောင် ပြောတဲ့ စုံနဖာစီ နားထောင်ပြီးကတည်းက ရွာထဲမှာ အသံတိတ်ကုန်ကြပြီ...။
  • မိုး စဲ စစ်ရေးအကဲခပ် ဌေးအောင်ဆိုတာ နိုင်အောင် တပည့်ရင်းတယောက်ပါပဲ..
  • Nang Aung Htwe Kyi သူတို့လုပ်နည်း က သန်းထွန်းစိုးကို ထလရ စွပ်စွဲပြီး နွယ်နေသူတွေ ကို ပြန်ချည်ဖို့ ကျားကုတ်ကျုားခဲ ပြန်ကြိုးစားနေတာလေ .. ဥပဒေ မဲ့တဲ့ တောထဲမှာ မဟုတ်တော့ဘူး။ အယောက် ၁၀၀ ရဲ့ ထွက်ချက် တွေနဲ့ ဗွီဒီယို ချပေး ။ မပပြန်တွေအားလုံး ရှင်းဖို့ အသင့် စောင့်နေတယ် ။
  • Aung Naing Thu ပါဂျောင်ကိစ္စတာဝန်ရှိတဲ့လူတွေ မင်းတို့ကိုငါသေတဲ့အထိမမေ့သလိုငါ့ဆွေစဉ်မျိုး ဆက်လဲမမေ့အောင်ငါမှာခဲ့မယ်၊နိုင်ငံရေးတွေဘာအရေးတွေ လာမပြောနဲ့ ၊မင်းတို့လုပ်ခဲ့တာနိုင်ငံရေးမဟုတ်ဘူး ၊ကိုယ်ရေးပဲလုပ်ခဲ့ကြတာ ၊ဒါကြောင့်ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ငါအစ်ကိုကို မတရားလုပ်ခဲ့ ကြတဲ့ အတွက်ရယ် မြန်မာပြည်သားတယောက်ဖြစ်တဲ့ ငါအပါအ၀င်ပြည် သူတွေရဲ့မျော်လင့်ချက်ကိုရိုက်ချိုးဖျက်ဆီး ခဲ့တဲ့အတွက်ရယ် မင်းတို့ကိုငါဘယ်တော့မှမမေ့ သလိုငါ့ဆွေစဉ်မျိုးဆက်လဲဘယ်တော့မှမမေ့စေရဘူး မင်းတို့ဘက်က ဘယ်သူတွေကဘာအတွက်ကြောင့်မင်းတို့ကိုကာဗာပေးနေတယ်ဆိုတာလဲ ငါရိပ်မိတယ် မင်းတို့မပါလဲငါတို့ တိုင်းပြည်ဘာမှဖြစ်မသွားဘူးဆိုတာငါယုံတယ် သူခိုးကဂေါပကဖြစ်မှာကိုငါအပါအ၀င်ဘယ်သူကမှလပြီက်ခံမှာမဟုတ်ဘူးဆိုတာ မင်းတို့သိစေချင်တယ်၊ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့ငမိုးရိပ်ချောင်းဘေး ကျူးကျော်တဲကလေးတန်းမအောင် တဲ့အမူးသမားကိုသွားပြော ယုံလိမ့်မယ် ပါးစပ်ဖျားကစကားတွေ ခေတ်စားနေတဲ့စကားတွေငါ့ကိုလာမပြောနဲ့ ၊တိုင်းပြည် အတွက်လုပ်ချင်ရင် အရည်အချင်းမရှိရင်တောင်နှလုံးသား ကဖြူစင် ပြီး စိတ်ထားမွန်မြတ်ရတယ်ကွ ငါ့ကိုရိုင်းတယ်လို့မထင်နဲ့လူရိုင်းတွေကိုငါကလူရိုင်းစကားနဲ့ပဲပြောတတ်တယ် ဒါမှလူရိုင်းတွေကငါ့ပြောစကားကိုနားလည်မှာမဟုတ်လား၊ငါ့နာမည်ကိုမှတ်ထား သိုးထိန်း (မြန်မာပြည်သား)တဲ့

No comments:

Post a Comment