စစ်တပ်ကြိးစိုးရေးအတွေးအခေါ် ကျဆုံးရမည်။
ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရားအသတ်ခံရတဲ့အမှု ဆိုတဲ့ ဂရုတခုလုပ်ထားတယ်။ အဲဒီ ဂရုထဲမှာ ကျနော့်ကိုလည်း ထည့်ထားတယ်ဆိုတော့ ကျနော်ကို တခုခုပြောစေချင်လို့လို့ ထင်ပါတယ်။ ဒါ့ကြောင့် ပြောပါမယ်။
“ကျနော်သန်းကြွယ်သူဌေးဖြစ်စဉ်က” ကိုရေးတဲ့ကိုထိန်လင်းကို၊ ကိုထိန်လင်းရဲ့ ခံစားရမှုကို၊ ကိုထိန်လင်းရဲ့ နာကျင်မှုကို နင့်နင့်နဲနဲ ဖြစ်ရတယ်ဆိုတာ ဦးဆုံးပြောချင်ပါတယ်။ ကျနော့်ရဲ့ တဦးချင်းသဘောထားအရလည်း တော်လှန်ရေးကို လုပ်နေကြသူအချင်းချင်း ဒီလို ရက်ရက်စက်စက်လုပ်တာကို လက်မခံနိုင်ပါဘူး။ ဒီလိုပဲ နိုင်ငံရေးအရ အသေသတ်တာ တွေလည်း ရှိတာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီလုပ်ရပ်တွေကိုပါ တပေါင်းတည်း လက်မခံဘူး ဆန့်ကျင်တယ်။ ကိုထိန်လင်းတို့၊ ကိုဌေးနိုင်တို့ ခံခဲ့ရသလိုမျိုး လူသတ်တာတွေကိုရော အဲလိုမဟုတ်ပဲ အုပ်စုဖွဲ့ပြီး နိုင်ငံရေးအရ အနိုင်ကျင့်တာ၊ နိုင်ငံရေးသိက္ခာချတာ၊ နိုင်ငံရေးလုပ်မရတော့အောင် နိုင်ငံရေ့းသတ်တာတွေအားလုံးကို လူသတ်ဝါဒလို့ သတ်မှတ်ပါတယ်။ လူသတ်ဝါဒ ကျဆုံးပါစေ။
ကျနော် ABSDF ကဖြစ်ပေမယ့် မြောက်ပိုင်းကမဟုတ်ပါဘူး။ ကျနော့်မိခင်တပ်ရင်းက ၆၀၁ ပါ။ ၆၀၁၊ ရင်း ၄၊ ရင်း ၈ စသည်အားဖြင့် တာဝန်တွေအရ နေထိုင်ခဲ့တဲ့ တပ်ရင်းတွေရှိပါတယ်။ နံပါတ်တွေမတူသလို နိုင်ငံရေး ရေခံ မြေခံတွေလည်း မတူကြပါဘူး။ လွတ်လပ်တဲ့ ပွင့်လင်းတဲ့နိုင်ငံရေးအခင်းအကျင်းရှိပြီး ညီရင်းအကိုလို နေထိုင်ခွင့်ရတဲ့ တပ်ရင်းရှိတယ်။ ဂိုဏ်းဂဏ အမြင်ရှိကြပြီး တပ်ရင်းကြီးအမြင်နဲ့ ခွဲခြားဆက်ဆံရေးကျင့်သုံးတက်တဲ့ တပ်ရင်းရှိတယ်။ ဂိုဏ်းဂဏအမြင် ပိုမို ပြင်းထန်ပြီး ငါနဲ့မတူငါ့ရန်သူလို့ သတ်မှတ်တဲ့ မတူတဲ့သူကို နိုင်ငံရေးသတ်တာမျိုးတွေလုပ်တက်တဲ့ တပ်ရင်းရှိတယ်။ ဒီလိုမျိုးတွေ ရှိခဲ့ပါတယ်။
ABSDF မြောက်ပိုင်းကိစ္စနဲ့ ပါတ်သတ်ပြီး ကျနော်မသိသလောက်ပါပဲ။ မြောက်ပိုင်းက ကျနော်နဲ့ ရင်းနှီးတဲ့ ရဲဘော်တဦး ရှိပါတယ်။ ကိုပန်ချာလို့ခေါ်ပါတယ်။ ကျနော်တို့က ကျားသိုင်းဆရာကြီးလို့ ခေါ်တဲ့ ရဲဘော်ပါ၊ ဗဟိုဆက်သွယ်ရေးဌာနမှာ တာဝန်ယူပါတယ်။ သူက မြောက်ပိုင်းအဖြစ်အပျက်တွေကို သိပါတယ်။ အခုတော့ သူလည်း ကွယ်လွန်ခဲ့ပါပြီ။ ကျနော် ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးက ထွက်လာတဲ့ ညီနောင်အားသစ်တွေကို သင်တန်းပေးပြီးအပြန်မှာ သူနဲ့ ၂ လ လောက်အတူနေခဲ့ရပါတယ်။ ကျနော်လည်း သူ့ကို မြောက်ပိုင်းကိစ္စတွေ စပ်စုဖြစ်ပါတယ်။ သူလည်း အဲဒီကိစ္စတွေကို ပြန်ပြောချင်ပုံမရပါဘူး။ သူပြောသမျှကို ပြန်မျှရရင်
- ဒီဂရုထဲမှာ အများသူငါ ဆွေးနွေးနေကြသလိုမျိုး မြောက်ပိုင်းကိစ္စကို အမှားအယွင်းတွေရှိခဲ့တယ်လို့ သူလည်း ယုံကြည်ပုံရပါတယ်။ (ဒီမှာ ကျနော်သတိထားမိတာက အခု မြောက်ပိုင်းအဖြစ်အပျက်လို့ “ယဉ်ကျေးမှု တော်လှန်ရေး (တချို့တွေကလည်း ဖြုပ်၊ ထုတ်၊ သတ် ဆိုပြီး ပြောကြပါတယ်) ဆန်ဆန်ဖြစ်ရပ်တွေဟာ ကာလတခုရောက်ရင် ပြန်ပေါ်တက်တာပါပဲ။ ပြီးရင် အဲဒီ ဖြုပ်၊ ထုတ်၊ သတ် လုပ်တဲ့လူတွေဆီကို ပြန်လှည့်လာ လေ့ရှိတယ် ဆိုတာပါပဲ)
- ကိုသံချောင်းက လက်နက်ချတယ်ဆိုတာထက် အရှင်မိသွားတာလို့ ပြောပါတယ်။ သူ (ကိုပန်ချာ) က ကိုသံချောင်းတပ်ဖွဲ့မှာ ကန - ၃ ကိုင်တဲ့သူပါ။ ကိုသားဆွေတို့ ကိုအောင်မိုးဝင်းတို့လို့မျိုးပါပဲ။ ကိုသံချောင်းကို ကမ္ဘာမကြေဆိုတဲ့သူ ရှိပါတယ်။ “တိုက်ပိတ်” ဆိုတဲ့သူပါ။ ကိုသံချောင်းကို မိတော့ နအဖ က ခုံရုံးဖွဲ့ပြီး “တိုက်ပိတ်” တို့က ဆွဲချက်တင်ပါတယ်။ အဲဒီဆွဲချက်တင်တဲ့ပွဲမှာ တိုက်ပိတ်က ကိုသံချောင်းကို ကမ္ဘာကြေသော်လည်း ဘယ်တော့မှ မကြေဘူးဆိုပြီး ပြောခဲ့တာပါ။ မှတ်မိကြမယ်ထင်ပါတယ်။ တိုက်ပိတ်နဲ့ မြခိုင် အပေးအယူရှိရှိ ကိုသံချောင်းကို ဆွဲချက်တင်ခဲ့တာကို။ MRTV ကနေ ထုတ်လွှင့် ပြသခဲ့တာပါ။
- ကိုမျိုးဝင်းကိစ္စပါ။ အခု ABSDF မှာ ဒုဥက္ကဌလုပ်နေတဲ့ ကိုမျိုးဝင်းက အခုပြောမယ့် မြောက်ပိုင်းက ကိုမျိုးဝင်းနဲ့ မဆိုင်ပါဘူး။ မြောက်ပိုင်းကိစ္စဖြစ်နေစဉ်က အခု ဒု ဥက္ကဌလုပ်နေတဲ့ ကိုမျိုးဝင်းက ဗဟိုကော်မတီဝင် မဖြစ်သေးပါဘူး။ တဆက်တည်းပြောရရင် အခု ဥက္ကဌ ကိုသံခဲလည်း ဆေးမှူးဘ၀မှာပဲ ရှိပါသေးတယ်။ မြောက်ပိုင်းကိုမျိုးဝင်းက ဒီမှာပြောသလို နောက်ကျည်မှန်ပြီး ကျတာမဟုတ်ဘူးလို ကိုပန်ချာက ပြောဖူးပါတယ်။ မှတ်မိသလောက် ကိုပန်ချာစကားက “ကိုမျိုးဝင်းလည်း သူလုပ်ခဲ့တာတွေ ကြေလိုကြေငြား အသေခံတိုက်ပွဲဝင်ပြ ခဲ့တယ်ထင်တာပဲဗျာ” ဆိုပြီး ပြောခဲ့တာပါ။ ကိုသားဆွေတို့ ကိုအောင်မိုးဝင်းတို့ မှတ်တမ်းတွေထဲမှာတော့ ဘယ်လိုရှိတယ်ဆိုတာ မသိပါဘူး။
- မြောက်ပိုင်း ကိုမျိုးဝင်းနဲ့ ပါတ်သတ်ပြီး ကိုပန်ချာပြောတဲ့အထဲမှာ ကျနော်မှတ်မိနေတာလေးရှိပါသေးတယ်။ အခု ကိစ္စနဲ့ ဆိုင် မဆိုင်မသိပေမယ့် ကျနော်သိသလောက်ဖေါ်ပြသင့်တယ်ထင်လို့ မိတ်ဆက်ပေးတဲ့သဘောပါ။ မြောက်ပိုင်းကိုမျိုးဝင်းက “သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ” စာအုပ်ကို သိပ်ကြိုက်တယ်။ အမြဲတမ်း ဖတ်တယ်ဆိုတာပါပဲ။
ဒီဂရုကိုလုပ်တဲ့သူတွေက လူသတ်ကောင်တွေနဲ့ အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ ABSDF မဆိုင်ဘူးဆိုတာကို ပြောတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဂရုအမည်ကိုက “ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား အသတ်ခံရတဲ့အမှု” ဆိုတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို လက်ရှိ ABSDF အပေါ်ကို လုံးဝ သက်ရောက်မှု မရှိနိုင်ပါဘူးလို့ ကံသေကံမ ပြောလို့ရတဲ့ ဟာတော့မဟုတ်ပါဘူး။
ဒီဂရုထဲမှာ ၀င်ဆွေးနွေးနေသူတွေထဲမှာ ABSDF ကို စ - လယ် - ဆုံး သံယောဇဉ်ကြီးသူတွေကို တွေ့ရပါတယ်။ ကိုသန်းနိုင် (Than Naing)၊ ကိုအောင်နိုင်၊ မငယ်နိုင်၊ အတာလင်း … စသည်တွေကို တွေ့ရပါတယ်။ ကျနော်သိသလောက်က လူမှာ သိမြင်မှု အကန့်အသတ်ရှိပါတယ်။ ကိုယ်ပါဝင်မှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားကိုတော့ ကျနော်တို့လည်း သိမြင်မယ် မဟုတ်ပါဘူး။ ကိုယ်ပါဝင်ခဲ့ရတဲ့ ABSDF ရဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ရေးပေးကြစေချင်ပါတယ်။ အခု ဖြစ်နေတဲ့ မြောက်ပိုင်းကိစ္စကို ကလောင်အားနဲ့ ၀ိုင်းဖိကြဖို့ပြောနေတာတော့မဟုတ်ပါဘူး။ ABSDF ဟာ ကျယ်ပြန့်တဲ့ ဒေသတွေမှာ ပေါ်ထွန်းခဲ့တာပါ။ ကျနော်ပြောခဲ့သလိုပါပဲ ဒေသမတူသလို နိုင်ငံရေး ရေခံ မြေခံတွေလည်း မတူပါဘူး။ မြောက်ပိုင်းမှာ ဒီလိုတွေဖြစ်ခဲ့တယ်။ ဒါတွေဟာ အကျဉ်းတန်တဲ့ ဘက်တဖက်ဖြစ်တယ် ဆိုတာကို ၀ိုင်းငြင်းကြဖို့ ပြောတာမျိုးမဟုတ်ပါဘူး။ ဒီလိုတွေ ရှိခဲ့ကြပေမယ့် ABSDF ရဲ့ အဓိကဘက်ဟာ အမျိုးသားနိုင်ငံရေးလမ်းစဉ်အောက်မှာ စစ်အာဏာရှင်အောက်က တပြည်လုံးလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စွဲရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ဖက်ဒရယ်နိုင်ငံ မျှော်မှန်းချက် စတဲ့ နိုင်ငံရေးဦးတည်ချက်တွေနဲ့ ချီတက်နေကြတာဖြစ်တယ်ဆိုတာက အဓိက ဘက်ဖြစ်တယ်ဆိုတာကို ၀ိုင်းဝန်းဖော်ဆောင်ရမယ့်အချိန်လို့ မြင်ပါတယ်။ ကျနော်တို့ရဲက အမျိုးသားနိုင်ငံရေး လမ်းစဉ်မှာ ပါရှိတဲ့ ဦးတည်ရန်သူ ဖြစ်တဲ့ ဦးတည်ရန်သူအဖြစ် သတ်မှတ်ထားတဲ့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ကို မမှိတ်မသုံ ဖယ်ရှားရမယ့်အချိန် ဖြစ်တယ်လို့ မြင်ပါတယ်။ အထူးအားဖြင့် အခု မကြာခင်က ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ထားတဲ့ တပြည်လုံးအပစ်ရပ်စဲရေးကို အစိုးရသစ်က ကြေငြာပေးဖို့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစု အားလုံးကို နိုင်ငံရေးအရ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကို တွန်းတင်ရမယ့် အချိန်လို့ မြင်ပါတယ်။
ဒါက ကျနော့်အမြင်ပါ။ ကျနော့်ရပ်တည်ချက်ကိုလည်း တခါတည်း ကြေငြာပါတယ်။ သတ်နေကြရင် ပျက်နေမှာပါပဲ။ လူကိုပဲ သတ်သတ်၊ နိုင်ငံရေးကိုပဲ သတ်သတ်၊ ဂုဏ်သိက္ခာကိုပဲ သတ်သတ် အားလုံးဟာ လူသတ်ဝါဒတွေချည်းပါပဲ။ လူသတ်ဝါဒမှန်သမျှ ဆန့်ကျင်ပါတယ်။ ဘာကိုပဲသတ်သတ်၊ ဘယ်မှာပဲ သတ်သတ်၊ ဘယ်သူကပဲ သတ်သတ် သတ်တဲ့ လူတွေကို ရှုံ့ချပါတယ်။ အသတ်ခံခဲ့ရသူတွေကို စာနာပါတယ်။ အသတ်ခံရတဲ့ လူတွေအတွက် ကျနော်လုပ်ပေးနိုင် တာကတော့ လူသတ်ဝါဒကျဆုံးရေးလှုပ်ရှားမှုမှာ ပါဝင်တာပဲဖြစ်ပါတယ်။ လူသတ်ဝါဒရဲ့ဇစ်မြစ်ကို စစ်ဆေးကြည့်တော့ ကျနော်တို့ အမျိုးသားနိုင်ငံရေးလမ်းစဉ်မှာ ဥိးတည်ရန်သူအဖြစ်သတ်မှတ်ထားတဲ့ စစ်တပ်ကြီးစိုးရေးအတွေးအခေါ် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
လူသတ်ဝါဒ ကျဆုံးရမည်။
စစ်တပ်ကြိးစိုးရေးအတွေးအခေါ် ကျဆုံးရမည်။
ညိုထက် (လမ်းသစ်ဦး)
၂၃ - ၁၂ - ၂၀၁၁
- 5 shares
Ni Lynnကျနော်တို့လိုသာမန် ပြည်သူတယောက်အနေနဲ့ ခင်ဗျားရဲ့ဆောင်းပါးကိုလက်မခံပါဘူး၊ ကိုယ်ချင်းစာပါ ခင်ဗျား အကို ကျနော့အမ ဒိလိုနှိပ်စက်ခံ ပီး ကျဆုံးခဲ့ရင် ကျနော်တို့ စစ်တပ် ကိုနိုင်မှဆက်ရှင်းကြမယ်ဆို တာလက်ခံလား၊ ဇာတ်တူသားစားခဲ့တဲ့ ခင်ညွန့် ထောက်လှန်းရေး ထက် ယုတ်မာခဲ့တဲ့ ဒီလူတွေ တော်လှန်ရေးမှာ ဆက်ပါရင် အဲဒီတော်လှန်ရေးကို အယုံအကြည်မရှိဘူး၊ သံချောင်းနဲ့ မျိုးဝင်း ကို ခင်ဗျား ဖော့တွေးစေချင်ရင် သံချောင်းမီးဖုတ် ပေါင်ထဲထိုးခံရတဲ့ ကိုထွန်းအောင်ကျော် ယုတ်ယုတမာမာ လုပ်ခိုင်း ကိုယ်တုံးလုံးချွတသတ်ခံရတဲ့ရဲမေခင်ချိုဦး တို့ကိုခင်ဗျားမငဲ့ဘူးလား။မျိုးဝင်း သခင်သန်းထွန်း စာအုပ်ကြိုက်လို့ ဒီလိုမလုပ်ဘူးလို့ ခင်ဗျား ကောက်ချက်ဆွဲစေချင်လဲ မဆွဲနိုင်ဘူး၊ တော်လှန်ရေး ရဲ့ အပုတ်အပဲ့တွေကို သန့်စင် ဖို့ဝင်လေးနေရင် ကျောင်းသားတပ်မတော်တင်မကဘူး ကျောင်းသားတွေရဲ့ ဗမာပြည်နိုင်ငံရေးဦးဆောင်ခဲ့တဲ့အစဉ်အလာပါသေးသိမ်စေတယ် ။ ABSDFရဲ့ ဦးတည်ချက် ဘုံရန်သူကိုတိုက်ဖို့ ဒီလိုကိတ်စကြီးကို မေ့မှရမှာလား၊ဒိစစ်တပ်ပြီး နောက်စစ်တပ်လာမှာ သာမန်ပြည်သူတွေလက်မခံဘူး၊ ဒီခေတ်မှာ အရင်လိုဖုံးဖိလို့မရဘူး တော်လှန်ရေးသမား အမှားရှိလဲ ပေါ်မှာဘဲ။ဒိဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းမှု လက်ရှိ ABSDF ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ တာဝန်ခံမှုတွေက ABSDFအပေါ်ကို လုံးဝ သက်ရောက်မှု ရှိတယ်၊ လူသတ်ဝါဒ ကျဆုံးဖို့ ပါးစပ်က ရှုတ်ချရုံ ကြွေးကြော်ရုံနဲ့ မရဘူး၊ လူသတ်ဝါဒ ကျင့်သုံးခဲ့တဲ့ လူတွေ ကိုယ့်ထဲမှာရှိရင် ဖောက်ထုတ်ပစ်ပါ၊
Ni Lynn ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့လူတွေ ကိုယ့်လူဆိုပြီး ဖုံးဖိတဲ့လူတွေ သိရက်နဲ့ မတားခဲ့တဲ့သူတွေ ကတော့ တော်လှန်ရေး အဓွန့်ရှည်ဖို့ ဒီမိုကရေစီ နိုင်ငံမဖြစ်ဖို့ ဆုတောင်းမှာဘဲ
Ko Bathet ကိုညိုထက် ရိုးရိုးလူတယောက်ပါ။ခင်ဗျာ့အယူအဆလက်ခံတယ်။သာမာန်ပြည်သူ တွေဘယ်လိုရပ်တည်မှာလဲ?ကျနော်ဗေဒင်ဆရာလုပ်ပြီးမပြောလိုပါဘူး။ဒါပေမယ့် စိတ်ချပါ၊ဗမာပြည်သူတွေ ဘယ်တော့မှရန်သူရွေးမမှားဘူး ။
Shwe Zaw Naing လူသတ်ဝါဒ ကျဆုံးရမည်။
စစ်တပ်ကြိးစိုးရေးအတွေးအခေါ်ကျဆုံးရမည်။
Saw Min Htike Kyaw absdf က ဒီကိစ္စကို ခုထိကိုင်တွယ်ဖြေရှင်းမှုမရှိတာတော့ အံ့သြဖို့ ကောင်းနေတယ်။
Aye Aye Soe Win it is because the culprits in the absdf leadership are still in denial...
Ko Oo လူကိုပဲ သတ်သတ်၊ နိုင်ငံရေးကိုပဲ သတ်သတ်၊ ဂုဏ်သိက္ခာကိုပဲ သတ်သတ် အားလုံးဟာ လူသတ်ဝါဒတွေချည်းပါပဲ။ လူသတ်ဝါဒမှန်သမျှ ဆန့်ကျင်ပါတယ်။ ဆိုတဲ့ခင်ဗျားအတွေးအခေါ်ကဒီနေ့မှကျနော်စတွေ့ဘူးတာပါ၊တရား)ပဒေကတော့
Ko Oo လူသတ်တာကိုပဲအရေးယူပြီးတော့နိုင်ငံရေးသတ်တာအရေးယူတာတစ် ခါမှမတွေ့ဘူးသေးဘူးဗျာ
Ko Oo ကိုညိုထက်ခင်ဗျားရေးတဲ့စာထဲမှာ
လူကိုပဲ သတ်သတ်၊ နိုင်ငံရေးကိုပဲ သတ်သတ်၊ ဂုဏ်သိက္ခာကိုပဲ သတ်သတ် အားလုံးဟာ လူသတ်ဝါဒတွေချည်းပါပဲ။ လူသတ်ဝါဒမှန်သမျှ ဆန့်ကျင်ပါတယ်။ ဆိုတဲ့ခင်ဗျားအတွေးအခေါ်ကဒီနေ့မှကျနော်စတွေ့ဘူးတာပါ၊တရားဥပဒေကတော့လူသတ်တာကိုပဲအရေး ယူပြီးတော့နိုင်ငံရေးသတ်တာအ ရေးယူတာတစ်ခါမှမတွေ့ဘူးသေးဘူးဗျာ
မိုး စဲ ကိုညိုထက်တို့လို မငယ်တို့လို မကဒတ ရဲဘော်တွေ ရဲ့ အမြင်ကိုလေးစားပါတယ် မကဒတ မြောက်ပိုင်းနဲ့ ဗဟိုက အမှားတွေ ရှိခဲ့တာတွေကို မကဒတ ရဲဘော်တွေကိုယ်တိုင် ဖေါ်ထုတ်တင်ပြ အရေးယူ ပြုပြင် ဆိုတာမျိုးတွေ လုပ်လာခဲ့ရင်..ပိုပြီးတော့ အမှန်တရားအတွက် အားတက်ရမှာပါ..နောက်အဖြစ်ဆိုးမျိုးတွေ မဖြစ်သင့်တာ မဖြစ်ရရေးအတွက် အထောက်အပံ့ အထောက်အကူ ဖြစ်မှာပါ...
Johnny Lynn ကိုညိုထက်လူသတ်တာနဲ့နိုင်ငံရေးသတ်တာအတူတူပဲဆိုရင် ခင်ဗျားအမြင်က တရားခံအားပေးတဲ့အမြင်ပဲ၊ ဒီလိုဆိုရင်ခင်ဗျားကကျနော့် ကိုနိုင်ငံရေး သတ်ဗျာ၊ခင်ဗျားကိုကျနော်သတ် မယ်ဆိုရင်မျှတပါ့မလားခင်ဗျားစဉ်းစားကြည့်ပါ ခံရတဲ့လူတွေဖက်ကလည်းကိုယ့်ချင်းစာစိတ်ထားပါဦင်္းကွ
Aye Aye Soe Win "ခံရတဲ့လူတွေဖက်ကလည်းကိုယ့်ချင်းစာစိတ်ထားပါဦင်္းကွ".. .Exactly...
Aye Aye Soe Win After all, this article above is just lame, lame,lame...It is the best they can respond so far, and it feels that truth already wins....More coverage is coming both in Burmese and English.
Thar Sweကိုညိုထက်ကို ဒီအစုထဲ ဖိတ်ခေါ်ခဲ့တာဟာ ကဗျာစာပေ ရေးသားနေတဲ့ တော်လှန်ရေး ရဲဘော်တယောက် အဖြစ်သိထားတာရယ်။ အေဘီ ရဲဘော်တယောက်ဖြစ်နေတာရယ်ကြောင့် ဖိတ်ခေါ်ခဲ့တာပါ။
အမြင်သဘောထားတွေကို လွပ်လပ်စွာ နဲ့ ရိုးသားစွာ ဆွေးနွေးနိုင်ဖို့ပါ။
ကိုညိုထက်ရေးတဲ့စာမှာ ..... ကိုသားဆွေတို့ ကိုအောင်မိုးဝင်းတို့လို့မျိုးပါပဲ။ ကိုသံချောင်းကို ကမ္ဘာမကြေဆိုတဲ့သူ ရှိပါတယ်။ “တိုက်ပိတ်” ဆိုတဲ့သူပါ။ ကိုသံချောင်းကို မိတော့ နအဖ က ခုံရုံးဖွဲ့ပြီး “တိုက်ပိတ်” တို့က ဆွဲချက်တင်ပါတယ်။ အဲဒီဆွဲချက်တင်တဲ့ပွဲမှာ တိုက်ပိတ်က ကိုသံချောင်းကို ကမ္ဘာကြေသော်လည်း ဘယ်တော့မှ မကြေဘူးဆိုပြီး ပြောခဲ့တာပါ။ မှတ်မိကြမယ်ထင်ပါတယ်။ တိုက်ပိတ်နဲ့ မြခိုင် အပေးအယူရှိရှိ ကိုသံချောင်းကို ဆွဲချက်တင်ခဲ့တာကို။ MRTV ကနေ ထုတ်လွှင့် ပြသခဲ့တာပါ။
….. ဆိုတာ ပါနေပါတယ်။
ကျနော်တခါမှ ကိုသံချောင်းကို ကမ္ဘာမကြေလို့ မပြောခဲ့ဘူးပါ။ တိုက်ပိတ်တို့ လုပ်ရပ်နဲ့ ကျနော် ဖြစ်စေချင်တဲ့ စေတနာ လုံးဝ (လုံးဝ) မတူတဲ့အတွက် ကိုညိုထက် အထင်အမြင် မှားယွင်းနေတယ် ဆိုတာ ထောက်ပြချင်ပါတယ်။
ကိုညိုထက်ရေးတဲ့စာမှာ ..... ဒီဂရုကိုလုပ်တဲ့သူတွေက လူသတ်ကောင်တွေနဲ့ အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ ABSDF မဆိုင်ဘူးဆိုတာကို ပြောတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဂရုအမည်ကိုက “ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ မတရား အသတ်ခံရတဲ့အမှု” ဆိုတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို လက်ရှိ ABSDF အပေါ်ကို လုံးဝ သက်ရောက်မှု မရှိနိုင်ပါဘူးလို့ ကံသေကံမ ပြောလို့ရတဲ့ ဟာတော့မဟုတ်ပါဘူး။ ….. ဆိုတာ ပါနေပါတယ်။
ဒီဂရုကို လုပ်ထားတဲ့ ရည်ရွယ်ချက်ကိုက ABSDF အပေါ် ကျရောက်နေတဲ့ အရိပ်မည်းကြီးကို တစုံတရာ ကာကွယ်ပေးနိုင်တဲ့ အမိုးအကာ ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် တချိန်မှာ ဒီစေတနာ အကျိုးပေးပါလိမ့်မယ်။
(မှတ်ချက်။ ။ ကိုညိုထက်အနေနဲ့ ကိုညိုထက်ရဲ့စာကို ဘယ်နေရာတွေရေးခဲ့ရေးခဲ့ ဖြန့်ခဲ့ဖြန့်ခဲ့ ကျနော် လိုက်ပြီး အကြောင်းပြန်နေမည်မဟုတ်ပါ။ ကျနော့် wall နဲ့ ဒီဂရုမှာပဲ အကြောင်းပြန် မှာဖြစ်ပါတယ်။ အဲဒီ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး ကျနော်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကလည်း အဲဒါ တခုပါပါတယ်။ အပြင်မှာ လျှောက်ရေး လျှောက်ဝေဖန်နေကြမယ့်အစား ဒီဂရုထဲမှာပဲ အားလုံး လုံလုံခြုံခြုံဆွေးနွေးကြမယ် အကောင်းဆုံး နည်းနာတွေကို ရှာဖွေကြဖို့ဖြစ်ပါတယ်)
No comments:
Post a Comment