Saturday, July 14, 2012

မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အကျဉ်းချုံး ပြောကြား

မြောက်ပိုင်းဒေသ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားဟောင်းများ၏ ရင်ဖွင့်စကားများ (ရုပ်သံ)

1 comments:

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများအတွက် ရည်စူးပြီး ကျန်ရစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ဆရာတော် အရှင်သူမြတ်တွေကို သင်္ကန်းပရိက္ခရာတွေ ဆပ်ကပ်လှူဒါန်းပြီး ရေစက်ချ တရားတော် နာကြားခဲ့ပါတယ်။ အဲ့ဒီနောက် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံညှိနှိုင်းခြင်းနှင့် မီဒီယာများသို့ အကူအညီတောင်းခံခြင်း အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ တစ်ဦးချင်းမိတ်ဆက်ပြီး မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အကျဉ်းချုံး ပြောကြားခဲ့ကြပါတယ်။

ဘဇံလင်း said...

ကိုအောင်ခင်ဗျ... ကျနော်ကိုအောင့် blog ကို အမြဲဖတ်ဖြစ်နေပါတယ်... ဒါပေမယ့် တခါမှ comment မတင်ဖြစ်ပါ... ဒီတခါ ပထမဦးဆုံးပါ...
ကျဆုံးသွားရတဲ့ အာဇာနည် ကိုထွန်းအောင်ကျော်၊ ကျောင်းသားရဲဘော်၊ ရဲမေများနဲ့ သေကံမရောက် သက်မပျောက်ပဲ လွတ်မြောက်လာခဲ့ကြတဲ့ ရဲဘော်၊ရဲမေများ အားလုံးကို ဒီ comment လေးနဲ့ ဦးညွှတ်ဂါရ၀ ပြုလိုက်ပါတယ်... ကျဆုံးသွားကြသူများ ကောင်းရာသုဂတိလားပါစေ... အသက်ရှင်ကျန်ရစ်သူများ ဘ၀ အမောများပြေနိုင်ကြပါစေ... နောင်သံသရာမှာလည်း ထိုသို့သော အဖြစ်များ ဘယ်သောအခါမှ မကြုံကြရပါစေနဲ့...
ကိုအောင်နှင့်တကွ ရဲဘော်၊ရဲမေများ အားလုံးကို လေးစား၊ ခင်မင်စွာဖြင့် -
ဘဇံလင်း

No comments:

Post a Comment