Sunday, July 15, 2012

အောင်မင်း(ခ)ထိန်လင်း - ကိုညီညီ(ဆမား)

by Baydar Lam on Thursday, December 29, 2011 at 11:46pm
ABSDF(မြောက်ပိုင်းဒေသ)တွင်သတ်ဖြတ်ခြင်းခံခဲရသော(အောင်မင်း)မန္တလေးရဲ.အဖြစ်အပျက်

"နောက်တရက်ခြားမှာထောင်ထဲလူရှင်းနေတယ်။ထုံးစံအတိုင်းကျနော်ကအလုပ်မလိုက်ရပဲထောင်ထဲမှာကျန်နေတယ်။နေမကောင်းတဲ့အတွက်ပါ။ထိပ်တုံးထဲမှာမန္တလေးသားအောင်မင်းလဲရှိနေပါတယ်။ကျနော်ကထိပ်တုံးရဲ.ဒီဘက်ထိပ်၊အောင်

မင်းကဟိုဘက်ထိပ်၊အောင်မင်းပြီးရင်အကျဉ်းသား ၂ ဦးနေတဲ့နေရာလွတ်၊ ပြီးတာနဲ.အစောင့်နေရာ။

အဲဒီမှာထောင်မှုးလှမျိုးအောင်ကထုံးစံအတိုင်းလာပြီးမေးခွန်းတွေထုတ်နေလေရဲ.။ကျနော်တို.လဲပြန်ဖြေနေရတာပေါ.။

ဖြေနေရင်းကသူမေးတဲ့မေးခွန်းတခုအပေါ်မှာကျနော့်ရဲ.အဖြေကိုသူကငြင်းပြီး ဆန်.ကျင်ဘက်အဖြေမဟုတ်နိုင်ဘူးလားလို.

သူကမေးပါတယ်။ကျနော်ကအကျိုးနဲ.အကြောင်းနဲ.ပြန်ရှင်းပြလိုက်ပါတယ်။အဲဒီမှာအောင်မင်းက ပြုံးလိုက်ပါတယ်။ပြုံးတာ

ရိုးရိုးပါ။သရော်တဲ့သဘောမပါ ပါဘူး။အဲဒါကိုလှမျိုးအောင်ကဒေါသထွက်သွားပြီး မင်းသေနတ်ကိုဘာကြည့်တာလဲ ? ငါ

ယောက်ထဲရှိတယ်ဆိုပြီးသေနတ်ကိုလုပြီးမင်းက

ထွက်ပြေးမလို.ကြံတာလားဆိုမေးပြီး တုတ်နဲ.ရိုက်ပါတယ်။

မဟုတ်ပါဘူးဗျာလို.ပြောလေ ရိုက်လေ။ပြောလေရိုက်လေပဲ။ပြီးတော့ နေဦး ငါရိုက်စရာသွားယူလိုက်ဦးမယ်ဆိုပြီးထွက်

သွားပါတယ်။ပြန်လာတော့ ကျနော်တို.ထိပ်တုံးထဲမှာဗျာ ဘယ်လိုလုပ်သေနတ်ကို လုရမှာလဲ ? ဘယ်လိုလုပ်ပြေးရမှာလဲ

အော် အေးအေး မင်းကထိပ်တုံးမဟုတ်ရင်လုပ်မှာပေါ.ဟုတ်လား? မဟုတ်ပါဘူးဗျာ မဟုတ်ပါဘူး ။။။

ဘာကွ မင်းစကားကို အမျိုးမျိုးမပြောနဲ.။သူ.ပခုံးပေါ်မှာ နံချပ်ကူ ကိုတွေ.လိုက်ရတော့ကျနော်မျက်စေ့

စည်းလျက်က အသံမထွက်ပဲ ခေါင်းငုံနေလိုက်တယ်။ လှမျိုးအောင်က ထိပ်တုံးဟိုဘက်ထိပ် နဲ.ဒီဘက်ထိပ် ကို

လမ်းလျှောက်နေတယ်။လမ်းလျှောက်ရင်းကျနော်တို. ၂ ယောက်ကို စကားတွေပြောနေပြီး အောင်မင်းရှေ.ရောက်ရင်

သူ.ဒုတ်နဲ.တချက်ရိုက်လိုက်၊နာလို.အော်ရင် နာလားကွ အသာလေးရိုက်တာပါ။မနာပါဘူး မင်းညာပြောနေတာမဟုတ်

လား? လို.ပြောလိုက် ရိုက်လိုက်နဲ. ကျန်တဲ့အကျဉ်းသားတွေ ဝါးထမ်းပြန်လာတဲ့အသံတွေကြားတော့ရိုက်တာကိုရပ်ပြီး

တုတ်ကိုသီမ်းလိုက်ပါတယ်။ စုစုပေါင်း ၃၂ ချက်ပါ။

အကျဉ်းသားတွေပြန်သွင်းတော့ အောင်မင်းကို ထွက်ပြေးဖို.ကြံတဲ့ကောင် ဟိုဘက်အစွန်သွားဆိုပြီးတော့ခိုင်းပါတယ်။

ကျနော်ကိုဒီဘက်နဲနဲတိုးဆိုပြီးတော့နေရာရွေ.ပါတယ်။အဲဒီအထဲမှာ ကျနော်တို.ကိုထမင်းမစားခင် ထိုင်ခိုင်းထားပါတယ်။

ထမင်းစားချိန်ရောက်တော့ထိပ်တုံးထဲကလူတွေကို ကပ်လျှက် ၂ ယောက်တဝိုင်းကျွေးပါတယ်။အောင်မင်းက ကျနော်

မစားတော့ဘူးဆရာလို. လှမျိုးအောင်ကိုလှမ်းပြောလိုက်တော့ ကျနော့်ကို နောက်တယာက်နဲ.အတူကျွေးပါတယ်။

ကျနော်က အောင်မင်း ထမင်းစားလိုက်၊တလုတ် ဝင်ဝင် နှစ်လုတ်ဝင်ဝင် ဆေးအဖြစ်သဘောထားပြီးစားလိုက်။ငါတို.

အသက်ရှင်ရမယ်။ဒီကောင်တွေလက်က လွတ်ဖို.အသက်ရှင်မှရမှာ မင်း နဲနဲစား......

မရဘူးအကို ကျနော်တကယ်မရတာ ...အေးလေ ပြီးရောပေါ.၊

ကျနော်တို.ထမင်းစားပြီးတော့ ဖက်တွေကိုအမျိုးသမီးတွေလာသိမ်းသွားပါတယ်။အဲဒီအချိန်မှာပဲ အောင်မင်းက

ပျို.လာပြီး အန်ချလိုက်ခါ ခေါင်းလဲငိုက်ကျသွားပြီးပြန်မထတော့ပါဘူး ။သွေးမဲတွေ အန်ချတာပါ။ လာကြပါအုံး

လို.ဆိုပြီးဆေးဆရာမ သွားခေါ်ပါတယ်။သူ.ကိုထိပ်တုံးထဲက ဖြုတ်လိုက်ပြီး လူလျှောက်လမ်း ထဲချထားပါတယ်။ဆေး

ဆရာမရောက်လာပြီးသူ.မှာဘာရောဂါရှိသလဲ? အမဲတွေအန်တာဌက်ဖျားရောဂါအခြေအနေဆိုးသွားလို.နေမှာ

သေပြီလို.ပြောပါတယ်။ အေးအေး သေရင် အပြင်ထုတ်ထားလိုက်။မနက်မှမြှုပ်တာပေါ့။ဟေ့ကောင်တွေ

ကောင်းကောင်းနေကြနော်။မင်းတို.တယောက်သေရင်ငါတို.က အရက် ၂ ပုလင်း ဆေးလိပ်တစည်း ယွမ် ၁၀ မြှပ်ခအဖြစ်

ရတယ်။ဒီကောင်ကတော့ငါတို.ဆေးလိပ်ပြတ်တဲ့အချိန်သေတာကျေးဇူးတင်ရမှာ။မကြာသေးခင်က အမျိုးသမီး

ဆောင်ကမွေးထားတဲ့ခွေးသေတော့ထောင်သားတွေကကျဉ်းတူးချပေးပြီးကျောက်ဂူလုပ်ပေးခဲ့ရသေးတယ်။

ဝမ်းနည်းစရာဗျာ။အောင်မင်းကကျနော်တို.မန္တလေး GOSDA ရုံးမှာကတဲကရင်းနှီးနေတာ။တကဲ့လူကောင်းပါ။

သူလို လူ ထောက်လှမ်းရေးဆိုရင်မန္တလေးမှာကတည်းက ရှိတဲ့လူအကုန်ပါပီပေါ.။အောင်နိုင်ရောလွတ်မတဲ့လား?

ဒါပေမဲ့ဗျာ ကျနော်တို.အောင်မင်းကိုဆက်ပြီးသတိရမနေနိုင်ပါဘူး။ကျန်တဲ့လူတွေအသက်ရှင်ဖို.

ဆက်ကြရအုံးမယ်။...
· · Share

1 comment:

  1. ကိုအောင်မင်းကို ရိုက်သတ်ခဲ့သူ ထောင်မှုးလှမျိုးအောင်ပုံ http://www.facebook.com/photo.php?fbid=191607350950486&set=a.142927165818505.27159.100003036666936&type=1&theater

    ReplyDelete