Monday, July 16, 2012

ဒေါက်တာကြီးကို ပြောပေးပါ


by ဘရာဇီး ငှက်ရိုး on Wednesday, April 4, 2012 at 1:20am ·
ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက်ပါ ခေါင်းစဉ်က "ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်" ဆိုတာကနေ စနေတော့ ဘယ်ကနေ ဘယ်လို ညှိနှိုင်း ဖြေရှင်းရမလဲ မသိနိုင်အောင်ပါပဲ... ဖမ်းဆီးယုံ အရေးယူယုံလောက်ဆို ဘယ်ပြောကြတော့မလဲ ခင်ဗျာ... မြောက်ပိုင်းမှာ ဖြစ်ပျက် သွားတာတွေက ရှင်းလင်းချက် စာသားအဖြစ် ရေးသင့်တာက သူလျိုအဖြစ် အထင်မှားကာ ဖမ်းဆီး"နှိပ်စက်" အရေးယူ"သတ်ဖြတ်" ခဲ့မှု ဆိုရင် ပိုပြီးတော့ စာသားတွေ လှပပြီး မည်သူသည် တရားခံ စစ်စစ် ဖြစ်ကြောင်းကို ဒေါက်တာ့ ရှင်းလင်းချက် ဖတ်သူတွေ မြင်သာသွားစေ နိုင်မလားလို့လဲ ထင်မိပါတယ်... ဒေါက်တာ့ရဲ့ ရှင်းလင်းချက်ထဲမှာ ဒေါက်တာကိုယ်တိုင် မသိလိုက်ရတဲ့ ကိစ္စလို့ ဆိုထားလေတော့ မြောက်ပိုင်းကပဲ ဆုံးဖြတ် မြောက်ပိုင်းကပဲ သတ်ဖြတ်သွားတယ်... ဒေါက်တာကြီး မသိလိုက်ဘူးလို့ ဆိုလိုဟန် တူပါတယ်... "စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း" ဆိုတာရေးလာတော့ "31st May, 1992, Dr Naing Aung, Chairman, Central committee, ABSDF" အဲ့ဒီနေ့က ဆိုင်းထိုးပြီး အကျယ်တဝင့် ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ရဲရဲကြီး ထုတ်ခဲ့တာ ဘာကြောင့်ပါလဲ... ဒေါက်တာကြီးက လူသတ်သမားတွေ ဘက်က ထောက်ခံပြီး ယုံကြည်လေးစားမှု ဖြစ်ပေါ်လာအောင် ထုတ်ပြန်ခဲ့တာလား... ကန်ကွက်သူရော မရှိဘူးလား... ဒေါက်တာနဲ့ အတူ အခြား ဗဟိုကော်မတီဝင်တွေကရော ပျော်ပျော်ကြီး အတူတူ ပါဝင်ပြီး သဘောတူ လက်ခံကြပါသလား... ပါဝင်သူ ကော်မတီဝင်တွေကိုလဲ စာဖတ် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးပါဦး... ကိုယ်မသိဘူးပြောပြီး ဖြစ်ပျက်သွားတဲ့ ပက်ပက်စက်စက် ကိစ္စတွေကို ရဲရဲကြီး အာမခံတယ် ဆိုတဲ့ ဒေါက်တာကြီးရဲ့ ၉၂ခုနှစ် ထုတ်ပြန်ချက်ကို ရဲရဲကြီး ထောက်ခံကြသူတွေက ရမ်းတုပ်တွေ ဖြစ်မသွားနိုင်ဘူးလား... ဥက္ကဌဟောင်းကြီးနဲ့ ကော်မတီဝင်တွေက မမြင်ရ မကြားရကိစ္စတွေကို အာမခံတယ် ဆိုတော့ ငတုံးတွေတော့ မဟုတ်လောက်ဘူး ထင်ပါတယ်... နောင်တချိန် ရှင်းကြရမယ်လို့ သဘောတူထားတဲ့ မြောက်ပိုင်းကေ့စ်မှာ ပါဝင်ပါတ်သတ် သူတွေရဲ့ ထုတ်ပြန်ချက်, ရှင်းလင်းချက်တွေ မြင်ချင်ပါသေးတယ်... သက်ရှိထင်ရှားရော ရှိနေကြပါသေးသလား... သေကုန်ပြီ ဆိုရင်လဲ ကျန်တဲ့သူ အားလုံး ပါဝင် ရှင်းလင်းပေးရပါမယ်... "ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက် နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။" ဆိုတော့ အဲ့ဒီအချိန်က နာမည်ကြီး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကပဲ ကျောင်းသားတပ် အကွဲအပြဲကို ဖော်ဆောင်သွားသလိုလို ဆိုတော့... ချိပ်ချိပ်ချင်းပဲ ချိတ်တတ်ပါတယ် ဒေါက်တာကြီးရေ... ဒေါက်တာကြီးက ဖြောင့်စင်းနေပြီး ကိုမိုးသီးဇွန်က ချိပ်ဖြစ်နေရင် မချိတ်မိပါဘူး... အချင်းချင်း နင်းတက်ချင်တတ်တဲ့ စိတ်အခံလေးတွေ ဒေါက်တာ့ဆီမှာ မကုန်သေးကြောင်း စာဖတ်ပရိသတ်တွေကို မပြသင့်ပါဘူးလေ... "မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသောဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်
ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။" ဆိုတာလေးကတော့ ရှင်းလင်းပေးသူတွေ ရှင်းပြီးကြပြီမို့ ဒေါက်တာကြီးကိုယ်တိုင် ကောလဟာလတွေကို ပြက်လုံး အဖြစ် ထုတ်လိုက်သလို ဖြစ်သွားရပါတယ်... အကွဲအပြဲ ဇာတ်လမ်းတွေတော့ ရေးမနေတော့ပါဘူးခင်ဗျာ... မကဒတ တတိယအကြိမ် ညီလာခံ ဆိုတဲ့ အပိုဒ်မှာ "ကိုနေ၀င်းအောင်(သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း ယင်းညီလာခံသို. တက်ရောက်ခဲ့ကြပါသည်။" ဆိုတာ အပြင် အခြားလူတွေကို မြုပ်ထားတာ အခြေအနေကို သုံးသပ်သူတွေကို ပိုမို ရှုပ်ထွေးမလာစေနိုင်ဘူးလား ခင်ဗျာ... "အသစ်ရွေးချယ်တင်မြောက်ခံရသည့် ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်၊" လို့ ဆိုထားတော့ တတိယအကြိမ် ညီလာခံ မတိုင်ခင်ရော ညီလာခံပြီးမှ ဖြစ်လာတဲ့ ဗဟိုကော်မတီဝင်တွေရော မြောက်ပိုင်းကေ့စ်မှာ ပါဝင်ပတ်သတ်သူများလို့ အားလုံးကို ဆိုလိုချင်တာလား ခင်ဗျ... "ကိုမိုးသီးဇွန်မှ ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ် သည်. ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူ များလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။" လို့ ဆိုထားတော့ ကိုစိုးလင်းတို့က ဖမ်းဆီးခြင်းကို ထောက်ခံသလား မထောက်ခံသလား... ထောက်ခံသူတွေ မထောက်ခံသူတွေကို စာရင်းပြပေးနိုင်ရင် မြောက်ပိုင်းကိစ္စ ဖော်ထုတ်ရေး အထောက်အကူ များစွာ ရရှိမှာ ဖြစ်ပါတယ်... မတော်သူထိပ် တော်သူထိပ် မဖြစ်သင့်ပါဘူးခင်ဗျာ... " မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်းအနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည်. မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။" ဆိုပြီး ဒေါက်တာကြီးက ဝိနည်းလွတ်ကလေး ပြောသွားတော့ ကန့်ကွက်သူအုပ်စုကလား ထောက်ခံခဲ့သူအုပ်စုကလား စဉ်းစားစရာပါ... "ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည် ဟုသာမိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။" ဆိုတော့ ဒေါက်တာကြီးသာ ရိုးသားဖြူစင်စွာဖြင့် မြောက်ပိုင်းကိစ္စကို ကူညီ ဖြေရှင်းလိုသူ စစ်စစ် ဖြစ်ခဲ့လျှင် ကြေးနန်းကိစ္စ သိသူများထံမှ အချက်အလက် တင်ပြပေးနိုင်လျှင် တရားခံ ပေါ်သွားမည် ဖြစ်ပါသည်... တတိယ အကြိမ် ညီလာခံမှာ အကွဲအပြဲ ဖြစ်လာတော့ " မြောက်ပိုင်းကိစ္စကိုအလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။"ဟု ရေးသားထားသဖြင့် ကော်မတီဝင် လူကြီးများ အားလုံးသည်လဲ မြောက်ပိုင်းကိစ္စ ဖြေရှင်းရေး၌ အဓိက အခန်းကဏ္ဍမှ ပါဝင်သူများ ဖြစ်လာပါသည်... ညီလာခံတွင်း၌ အဖွဲ့နှစ်ဖွဲ့ကွဲ ပြီးနောက် ကိုမိုးသီးဇွန်အုပ်စု မပါသော "ဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။" ရေးသားထားသဖြင့် ဖမ်းဆီးမှုတွင် မကွဲသေး သတ်ဖြတ်ချိန်တွင် ကွဲခဲ့ပြီဟု ဝန်ခံထားသလို သက်ရောက်နေပါသည်... "အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။" = "၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌ စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိတို.ဘန်ကောက်ရုံးမှ ပေးပို.သည်.ကြေးနန်း"ဟု ရေးသားထားသဖြင့် ၄လခန့် ကြာမြင့်သည် အထိ ကချင်ကျော်ကျော်အား စေလွှတ်ခြင်းတခုတည်းသာ ရှိခဲ့ပြီး မည်သည့် ကိစ္စမျှ မဆောင်ရွက်နိုင်ခဲ့ လေသလော စဉ်းစားစရာပါ... လမ်းပန်း ဆက်သွယ်ရေး ကောင်းခြင်း မကောင်းခြင်းကိစ္စအား ကိုမိုးသီးဇွန်၏ အုပ်စုအား ဖော်ထုတ် စစ်ဆေးမေးမြန်းလျှင် ဖြစ်နိုင်၏ မဖြစ်နိုင်၏ သိနိုင်ပါသည်... ကိုမိုးသီးဇွန်အုပ်စုသည် မြောက်ပိုင်းနှင့် အလှမ်း ပိုမို ကွာဝေးနေကြောင်းလဲ ထင်ရှားပါသည်... ကိုမိုးသီး အုပ်စုအား မထောက်ခံမှုကို ကြည့်ခြင်းအားဖြင့်လဲ မြောက်ပိုင်းနှင့် ကိုမိုးသီးအုပ်စု၏ လမ်းပန်းဆက်သွယ်ရေး ဝေးကွာနေမှုအား မြင်သာစေပါသည်... မြောက်ပိုင်းမှ သတင်းပေးပို့မှုကြောင့် " မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ မကဒတမြောက်ပိုင်းကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။" ဟု ရေးသားထားသဖြင့် ကိုစိုးလင်းအား ဖမ်းဆီးမှု၌ အဓိက တာဝန်ရှိပါသည်... "ဖမ်းဆီး ခံထားရသူများ လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။" ဆိုသဖြင့် ဒေါက်တာ ကိုယ်တိုင် မည်သူ၏ သြဇာ အောက်၌ ရှိနေပါသလဲ... ဗဟို ကော်မတီများ၏ ဦးဆောင်မှု့ နောက်ကို လိုက်နေပါသလား... ထိုသို့ ဆိုလျှင် အမုန်းခံ အမိုက်ခံ၍ အဘယ့်ကြောင့် သတ်ဖြတ်မှုကို ထောက်ခံ ကြောင်း စာထုတ်ပါသလဲ... "USB မှ ဦးစိုင်းထွန်းက သူ၏တူမ ဖြစ်သူ နန်းအောင်ထွေးကြည် ဖမ်းခံထိကြောင်း အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့် မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။" ဟုရေးသားထားသဖြင့်လဲ ဒေါက်တာကြီးသည် ကုန်ကျစရိတ်ခံပေးခြင်း (ငွေကြေးအကူအညီ) ဖြင့်သာ စွပ်စွဲခံထား ရသူများကို လွှတ်ပေးမည့်သူဟု ထင်ရှားစေပါသည်... ဦးစိုင်းထွန်းမှ ၄င်းသည် ဦးလေးဟု သုံးနှုန်းသလော... အကိုဟု သုံးနှုံးသလော... ဖြေရှင်းရပေမည်... "မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။" ဟု ဆိုသဖြင့် တရားခံ အဖြစ်သို့ မိမိမှ လွဲ၍ မြောက်ပိုင်းရှိသူများသာ တာဝန်ရှိသည်ဟု ရှောင်လွှဲလိုဟန် မြင်တွေ့ရပါသည်... အဘယ့်ကြောင့် 31st May, 1992, Dr Naing Aung, Chairman, Central committee, ABSDF ဆိုင်းထိုးထားသော စာကြီး ထုတ်ခဲ့ပါသနည်း... "မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။" ရှိလျှင်ထုတ်ပြ ပေးစေချင်ပါသည်... "နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့်မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန် မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေး စေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို မြောက်ပိုင်းတာဝန်ခံ ရဲဘော် တချို.ရှေ.မှောက်တွင် မေးမြန်းခွင့်ရရှိခဲ့ပါသည်။"ဆိုတာကြောင့် အခြားလူတွေကရော ဘယ်သူတွေပါလိမ့် စစ်ချက်လေးတွေ ကြည့်ချင်ပါတယ် (မူရင်းများ - ဗီဒီယိုဖိုင်များလဲ ပါသေး)... "မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည် ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊" ဆိုင်းထိုးပြီး ရဲရဲတောက် ထုတ်ပြန်ချက်အဖြစ် ပြတ်ပြတ်သားသား စာထုတ်ပေးခဲ့ကြောင်း ဆိုတာမျိုးလေး ရေးသင့်ပါတယ်... စာထုတ်ခဲ့ ဖူးသောကြောင့် " လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊" ဆိုတာ ယုံရခက်ကြီးပါ ဒေါက်တာခင်ဗျာ... "ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေး" ဆိုတော့ မည်သည့် ငရဲခန်းဆီ ပို့ချင်တာပါလိမ့်ဟု တွေးတော နေမိပါသည်... "သံခြေကျင်းများ မခတ်ရန့်၊" ခြေကျင်းသံ တချွင်ချွင်နဲ့ဆို အသံမြည်မှာ စိုး၍ ဘောင်းဘီထပ်ခြင်း, ပုဆိုးစုပ်များ ထိုးထည့်ပြီး ပြေးကြရတာတွေကို ပါဝါ-၅၄(ထွက်ပြေး၅၅ - လမ်းတွင်သေဆုံး၁ = ၅၄)တွေက သံပြိုင် ပြောနေကြတယ် ဒေါက်တာ(ကသာ,မန်းလေး,ဗန်းမော်,ရန်ကုန်,ထိုင်းနယ်စပ်,အင်္ဂလန်,....) "၁၉၉၂ ခုနှစ် မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။ မိမိပြန်လည်ထွက်ခွာပြီး (၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း ကြားသိရပါသည်။" ဒေါက်တာကြီးမှ တိတ်တဆိတ် လွှတ်ပေးလိုက်တာ များလား (ဒေါက်တာကြီးကော မျိုးဝင်းလို "ဟာ--ငါ့ဘဝတော့ သွားပြီးကွာ" လို့ဖင်ထိုင် မကျသွားဘူးလားခင်ဗျ)... " မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့် ရေလှိုင်းစီမံချက် ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်. တည်ဆဲဥပဒေအရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရတာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်" ဆိုတော့ အပြစ်ရှိကြောင်း ဒေါက်တာ ကြီးကိုယ်တိုင် ဝန်ခံတာခြင်း တမျိုးဖြစ်ပြီး မည်သည့် လူသတ်သမားများကို အရေးယူပေးခဲ့ ပါသလဲ ခင်ဗျာ... " တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊" ဆိုတော့ ကိုနေဝင်းအောင်ကို ဆယ်စုနှစ် တခုနီးပါး ချုပ်နှောင်ထားတာ အမှန်အတိုင်း ဆောင်ရွက်ခြင်းဟု ထင်ပါသည်... " မြောက်ပိုင်းကိစ္စကို အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိ ပညာပေးမူများဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ် ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။" မြောက်ပိုင်းမှာ တပြုံကြီး ခေါင်းပြတ်သွားတာမှ ဒေါက်တာ့ မထောက်ခံရင် မန်းလေး မြဝတီးမင်းကြီး ကျောင်းတိုက်ထဲမှာ ရှိတဲ့ ရင်ပြင်နက်က ဥတ္တရကြယ်တံခွန် အထိမ်းအမှတ် ရုပ်ထုမှာ ဝိညာဉ်တွေ အဖြစ် ခိုဝင်သွားမှာပေါ့ ဒေါက်တာကြီးရယ်... " မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့၂ ဦးမှ တပ်ဖွဲ.၀င်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး ၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့်အရေးများကို ပေးခဲ့ပါသည်၊ နိုင်ငံတကာအဖွဲ.အစည်းများနှင့် လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။" ကိုနေဝင်းအောင် ရေးတဲ့ စာထဲမှာတော့ ကြင်ကြင်နာနာနဲ့ ရဲဘက်ပုံစံ ရက်ရက်စက်စက် နှစ်ရှည်လများ ခိုင်းတာတွေ ဖတ်ဖူးပါတယ်... ဒေါက်တာက ကြင်နာတတ်ကြောင်း ကိုနေဝင်းအောင် မရေးသားထားပါခင်ဗျာ... ကြင်နာချက်ကတော့ စံပြပါပဲ ဒေါက်တာ... " မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊ မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ ဗဟိုကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသောလက်နက်၊ ဆက်သွယ်ရေးကိရိယာများနှင့် ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင် ပေါ်ပေါက်ရခြင်းမှာလည်းမကဒတမြောက်ပိုင်းတပ်မှထွက်ပြေးသောတပ်ပြေးတစ်ယောက်ကိုမြောက်ပိုင်းကော်မတီကပြန်လည်ဖမ်းမိ ရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။ တချို.ရေးသား ပြောဆို နေကြသကဲ့သို. မြောက်ပိုင်းကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ထုတ်၊သတ် လုပ်ခြင်းတော့မဟုတ်ပါ။ ရန်သူ.ထောက်လှမ်းရေးအဖွဲ. အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို အချင်းချင်းချိတ်ဆက်ပေးရမည်. မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် ပြည်တွင်းသို.ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ ဆက်လက်ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တွေ.ရှိခဲ့ရပါသည်။" ကိုသိုက်ထွန်းဦးက အမှန်တရား ရှိရာဘက်ကို ယိုင်လာတဲ့ အခါ ဒေါက်တာ စိတ်ခုနေရှာမှာပေါ့... ကိုသိုက်ထွန်းဦး အပြစ် ရှိရင် ဘာလို့ မဖမ်းပါလိမ့်... ကိုစိုးမင်းအောင်ကို သေသည် အထိ ရိုက်နှက် နှိပ်စက် ထားတဲ့ စစ်ချက်တွေကို ပြကြည့်စေချင်ပါတယ်... ကိုစိုးမင်းအောင်နဲ့ ကိုခင်မောင်စိုး နှစ်ယောက်မှာ တယောက်က နာမည် ၅၀ကျော် ပြောပြီး သေတယ်... တယောက်က ဘာဆို ဘာမှ မပြောပဲ အသေခံသွားသတဲ့...

"(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)" အထက်ပါ မှတ်ချက်ကြီးကို စိတ်အဝင်စားဆုံး ဖြစ်သွားပါတယ်... Who ? Who ? Who ? ဒေါက်တာရေ... တိုင်းပြည်အတွက် အမှိုက်ရှင်းပေးတယ်လို့ သဘောထားပြီး ချပြပေးပါလားဗျာ... အမေစု(ဒေါ်အောင်ဆန်းစုကြည်)တော့ မဟုတ်လောက်ပါဘူးနော်... ဟိုတုန်းကတည်းကသာ ဖွင့်ချလိုက်ရင် ဒေါက်တာ နာမည်ကြီးပြီ... ဒေါက်တာ ကမ္ဘာကျော်ပြီ... တိုင်းပြည်မှာ ပြည်သူ့ထောက်ခံနေတဲ့ လူတွေထဲမှာ ကြွက်ဝင်တာ ဒေါက်တာ ဖော်နိုင်ရင် (ဒေါက်တာ ကမ္ဘာကျော်)၃ကြိမ်... ဒေါက်တာ မီးမမွှေးပါနဲ့... အဲ့ဒီ ကမ္ဘာကျော် စစ်ချက်က တိုင်းပြည်အနာဂတ်ပါ... ဒေါက်တာရဲ့ ဒီရှာဖွေ တွေ့ရှိချက်က ပြည်သူတွေ ပေးမဲ့ နိုဗယ်လ် ငြိမ်းချမ်းရေး ဆုတောင် ရနိုင်ပါသနော်... တိုင်းပြည် အနာဂတ်ကို နစ်မွန်းစေမဲ့ တကယ့် ရဲရဲတောက် ကိစ္စကြီးကို ဒေါက်တာတွေ့သွားပြီပေါ့... မြင်ပါရစေ ဒေါက်တာ မဟုတ်ရင်တော့ ရှက်စရာကြီးပါ..."တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။" ဆိုတော့ ဒေါက်တာရေ... လူတရာကျော်ကို စော်ကား မော်ကား လုပ်ထားတာကို ပျော်ပျော်ကြီး ဆိုင်းထိုးပြီး စာထုတ်တာ ရူးတော့ မနေလောက်ပါဘူးနော်... "ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။" သူများ တပ်ဖွဲ့က လက်နက် ၅လက်တောင် ရတယ်ဟ... ငါတို့ တပ်ဖွဲ့က ၆လက်လောက်တော့ အနဲဆုံး ရအောင် တက်တိုက်ကြစို့ ဆိုတဲ့ မျိုးဝင်းသေတော့ ငိုသေးလားဗျ... ပါသွားတဲ့ ရဲဘော်တွေကို အမှန်တကယ် သနားလိုက်တာ... ဒါနဲ့ မျိုးဝင်းတို့ကို ဂုဏ်ပြုထားတဲ့ မှတ်တမ်းလေးများ မရှိဘူးလား... တကယ်... ဖတ်ချင်လို့ပါ... " မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။" စပြောတဲ့ ကိုသိန်းထွန်းနဲ့ ကျော်စွာဝင်းမောင်ကို ဒေါက်တာ ဘယ်နှယ့်လုပ်ခဲ့ပါသတုန်း... ဖြေရဲပါဦးမလားဒေါက်တာ... "မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။" အခုမှ ၁၉၉၂က စာထုတ်မိတာ မှားလေခြင်း ဖြစ်နေသလား... မိသားစုဝင်တွေကို နှုတ်ဆက်ထားပါ... "မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။" အပေါ်မှာ ပြောခဲ့သလို မြောက်ပိုင်းက တွေ့ရှိချက်တွေ ပြတော့ ယုံတယ်ဆိုခဲ့ ပါတယ်... "ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤ ကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့် မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။" ဒါကိုပဲ တောင်းဆိုနေတာ ကြာပေါ့ ဒေါက်တာ... သူငယ်ချင်းတွေလဲ ခေါ်ပါဦး... ဟားဟား... "မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။" ဟိုတုန်းကတည်းက တယောက်မကျန် အကုန် မသတ်ခဲ့ ရလေခြင်းလို့ များ နောင်တ ရသွားလားဒေါက်တာ... " မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။" အခုထိ ဒေါက်တာက မနုသီဟ ဖင်နှစ်ခွ လုပ်ချင်တုန်း... ဒါဆိုလဲ ဖော်ပါဗျာ... သူ့လူ ကိုယ်ဘက်သား ကောင်တွေကို ဘယ်လို ဝိုင်းသမလဲ ပြပေးချင်လို့... ဟဲဟဲ ခေါင်းတော့ မဖြတ်ပါဘူးလေ... လူလိမ္မာသား ယဉ်ပါးတဲ့ လူမိုက်သားတွေက ဟိုတုန်းက ရမ်းကားဖူးတယ်လို့ ပြောလိုက်ချင်တဲ့ ကျနော့် သဘောထားလေးပေါ့ ဒေါက်တာရယ်... "ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။" ကိုသိန်းထွန်းကို ဒေါက်တာ ရိုက်လိုက်တာ နားကောင်းကောင်း မကြားတော့ဘူးတဲ့... ပုံပြင်တွေ ထင်ပါရဲ့ ဒေါက်တာရေ... "ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့် ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။" အေဘီကို ဘယ်သူမှ မတိုက်ခိုက်ဘူး... သူခိုး ဖမ်းဖို့ ရပ်ကွက်ထဲ ဝင်လာတဲ့ "ရဲ"ကို ခွေးဟောင်တာပါ... ဒေါက်တာ နားကြားလွဲသွားပြီ...
"(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေး သင့်ပါသည်။"
ဒေါက်တာ့ရဲ့ သူလျိုရောဂါဗိုင်းရပ်စ်က ဦးနှောက်ထဲ ဝင်သွားပြီ... စစ်ဆေးပါ... ဖော်ထုတ်ပါ... အမှန်တရားတောင်းနေသူတွေက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တော့လဲ သေပါစေပေါ့ ဒေါက်တာ.. သေပါစေပေါ့... နားရင်းလေး ဘာလေး အုပ်ပြီး စစ်ပါဦး...
"(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊ သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေး သင့်ပါသည်။" ခေါင်းဖြတ်ခဲ့တာမှာ ခေါင်းမပါပဲ ထလာလို့ ပေါက်ပြား နောက်ဖင်နဲ့ ရိုက်ချလိုက်ရပါရောလား... ခေါင်းမပါပဲ ထလာတဲ့ ကိုယ်ခန္ဓာနဲ့ ဒေါက်တာ ပေးမဲ့ လူ့အခွင့်အရေးပေါ့လေ... အိုး မိုင် ဘုရားသခင်(ဘာသာလေးမျိုးလုံးနဲ့ ဘုရား တလိုက်မိတယ်)...
"(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။" လုပ်သင့်တာ ကြာပေါ့ ဒေါက်တာ... အခုတောင် အနှစ်နှစ်ဆယ်ပြည့် လွမ်းဆွတ်ပွဲလေး လုပ်တာ ၃,၄လ စွန်းသွားပြီ... " မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။" ဒေါက်တာ တောင်းပန်မှ စာဖတ်သူတွေ, လေ့လာနေသူတွေ ဗြောင်းဆန်ကုန်ပြီ... ဒေါက်တာက အခုထိ ဒလျိုပါတယ် ဒလျိုပါတယ် အော်ပြီး ဈေးခေါ်နေတုန်းကိုးဗျ... "အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။" ဒါဆို ဒေါက်တာ့တပည့်တွေကို ပြဖူးတဲ့ ၁၉၉၂က ရိုက်ခဲ့တဲ့ သူလျိုဖော်ထုတ်ရေး ဇာတ်ကားကို ရုံတင်ပြလိုက်ပါလား... ဒေါက်တာ သူဌေးဖြစ်ပြီ... "မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့်လေးနက်စွာ တောင်းပန်အပ်ပါသည်။" ခေါင်းဖြတ်သူ - မှန်/ သူလျိုလာလုပ်တာ - မှား... ဒါ ဒေါက်တာ့ သဘောထားလားဗျာ... "မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။" ဒေါက်တာရေ... သူလျိုတွေဆီက မိထားတာတွေ, ဗီဒီယို ရိုက်ထားတာတွေ(၁၉၉၂က ဗီဒီယို ရိုက်ဖို့ ဆိုတာ အင်မတန် ငွေကုန်ကြေးကျ များပြီး... အခွေတွေ အများကြီး ဖြန့်နိုင်ခဲ့တာ အင်မတန် ခက်ခက်ခဲခဲ လုပ်ရတာပါ), စစ်ထားတဲ့ စာရွက်စာတမ်းတွေ ကြည့်ခွင့်ရရင် ဒေါက်တာ့ကို ကျေးဇူးအများကြီး တင်နေမှာပါ... ဒေါက်တာ ထင်သလိုပေါ့လေ... သူလျိုတွေ ပါနေရင်လဲ အရေးယူပါ ဒေါက်တာ...



ဘရာဇီးငှက်ရိုး
· · · Share · Delete

  • 7 shares
    • ဘရာဇီး ငှက်ရိုး ကိုအိုးဝေနဲ့ ကိုထိုက်တို့ကို တက်ဂ် လုပ်ပေးထားပါတယ်... ကျနော့် တဦးတည်း အမြင်လေးနဲ့ ရေးတာပါ...
    • ဒေါက်တာ(dr.naing aung ) ကြီးကို ပြောခိုင်းတဲ့ ဘရာဇီးနိုင်ငံက ရိုးသားတဲ့ ဒေါင်းငှက်ကို အမေရိကက အတောင်ကျိုးနေတဲ့ မောင်အိုးဆိုတဲ့ ဒေါင်းငှက်က အကြောင်းအချက်တချို့နဲ့ စာပြန်ပို့လိုက်ပါတယ်။ ခင်ဗျားပြောခိုင်းတဲ့ ဒေါက်တာနိုင်အောင်နဲ့ကျနော် တခါမှလည်
း စကားမပြောဖူးပါ။အပြင်မှာလည်း မပြောဖူးပါ။အွန်လိုင်းမှာလည်း မပြောဖူးပါ။ ဖုန်းနဲ့လည်းမပြောဖူးပါ။ (ရှေးရေစက် လုံးဝ မရှိလို့ ဖြစ်မှာပါ။) အဲဒီတော့ တခါမှ မပြောဖူးတဲ့သူကို ပြောခိုင်းတော့ မောတာပဲ ရှိမှာပေါ့။ တခုတော့ ကူညီလို့ရတယ်။အဲဒီပြောခိုင်းတဲ့စာကို သူ့ကို ရှယ်ပေးလို့တော့ရပါတယ်။ရှယ်လို့ရရင် ရှယ်ပေးလိုက်ပါမယ် ။လေးစားစွာဖြင့်- (အတောင်ကျိုးနေတဲ့ အမေရိကက မောင်ငှက်အိုး။)
      April 4 at 3:19pm · · 1
    • ဘရာဇီး ငှက်ရိုး
      အာ... ဒီသဘော မဟုတ်ပါဘူး အကိုရာ... အကိုတို့ နှစ်ယောက်ကိုပဲ တက်ဂ်ထားတာက ကိုအိုးဝေ ဆိုဒ်မှာ တင်စေချင်လို့ပါ... ကိုထိုက်ကတော့ စောနက လိုင်းပေါ်မှာ ရှိနေလေတော့ တက်ဂ်လိုက်တာ... ဒေါက်တာကြီးတပည့်တွေ သွားတက်ဂ်လိုက်ရင် ကျနော့် ကွိုင်ပူမှာ စိုးလို့... တ
      က်ဂ်လေးတခါ လုပ်မိတာ ကွန်မန့်များသွားတဲ့ အဖြစ်မျိုးအကိုရေ... ဖေဖော်ဝါရီ မဟုတ်ပါ... သင်္ကြန်တွင်းမှာ သွားတာပါ... လာလုပ်နေရင် မခက်ဘူးလား... လူသတ်သမားကို ထောက်ခံစာ ရေးတဲ့ ဆရာကိုတော့ မပြောဘူးဗျာ... ဘေးလူတွေဆိုရင် သိတယ်မှတ်လား ကိုအိုးဝေရေ....
      April 4 at 3:38pm · · 1
    • ဘရာဇီး ငှက်ရိုး ဒေါက်တာကြီး၏ ဝန်ခံချက်(မျဉ်းစောင်းဖြင့် ဖော်ပြထား)များကို အောက်ပါလင့် "၁၉၉၂ ခုနှစ်က ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ဖေဖေါ်ဝါရီမှာ မဟုတ်ပါ" လင့်ခ်မှ ကူးယူပါသည်...
      http://www.facebook.com/note.php?note_id=379690695384520
      ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေ
းယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက် လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူ မှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသာ...
      April 4 at 10:27pm · ·
    • Nicky Shein ခေါင်းစဉ်ပြောင်းရမယ်၊ ဥက္ကဌ ဟောင်း နိုင်အောင်၏ မရှင်းလင်းသော အရှုပ်တော်ပုံများ
      April 4 at 10:55pm · · 3
    • Ko Myo Min · Friends with Aung Moe Win and 20 others
      အေဘီကို ဘယ်သူမှ မတိုက်ခိုက်ဘူး... သူခိုး ဖမ်းဖို့ ရပ်ကွက်ထဲ ဝင်လာတဲ့ "ရဲ"ကို ခွေးဟောင်တာပါ... ဒေါက်တာ နားကြားလွဲသွားပြီ..

No comments:

Post a Comment