Sunday, July 15, 2012

မြောက်ပိုင်း ABSDFလူသတ်ပွဲ အကြောင်း တစေ့တစောင်း - ၂

by Baydar Lam on Wednesday, February 22, 2012 at 1:56am
ထောင်ထဲမှာအခြေအနေကသိသိသာသာကြီးကိုပဲပြောင်းနေပါတယ်။မလိုအပ်ရင်ဘယ်သူမှစကားမပြောကြဘူး။အထဲမှာအသံအကျယ်ဆုံးကမျိုးဇော်နဲ.ဝင်းမြင့်တို.နှစ်ယောက်သာဖြစ်တယ်။ "မအေလိုးတွေ တွေ့လား၊လက်ဖြတ်လာတာ၊မင်းတို့လည်းသေ

မယ်၊သတိထားကြ "ပြီးတော့မျိုးဇော်ကချိုကြီးရဲ့ခေါင်းကိုပုတ်ပြီး "မင်းရိုးရိုးသားသားဖြေ ကြားးလားမင်းတို.လိုကောင်တွေ ကြောင့်ငါတို့ဒုက္ခရောက်နေတာ၊။ ဝင်းမြင့်ကလည်း ထွန်းအောင်ကျော်ကိုကြီမ်နဲ့ဝင်ရိုက်တယ်။မင်းလက်လည်းဖြတ်ပြစ်မယ်။

နားလည်လား လို့ကြီမ်းပြီး ထွန်းအောင်ကျော်ဘေးက တယောက် နှစ်ယောက်ကိုလည်းဝင်ရိုက်တယ်။ အားလုံးငြီမ်နေကြတယ်။

နောက်တနေ့ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၁ ရက် ပုံမှန်အလုပ်ဆင်းတဲ့သူတွေအလုပ်သွားလုပ်ကြတော့ ကျနော်နဲ.အတူတူနေမ ကောင်းတဲ့သူတွေကျန်ရစ်တယ်။အဲဒီအချိန်မှာ ကျနော်တို.ကို တောင်ကုန်းပေါ်မှာအပြင်ထုတ်ပြီးထင်းခွဲခိုင်းတယ်။ထင်းခွဲနေ တုန်းမှာ ဗိုလ်ဂွန်မော်(ယခု ဒုစစ်ဦးစီးချုပ် K I A )ရောက်လာပြီး ကိုညီညီ ခင်ဗျားခေါင်းမာတယ်နော်၊အခြောင်သေလီမ့်မယ်။

ဘယ်လိုလဲကျနော်ပြောတာစဉ်းစားမလားတဲ့၊ကျနော်ရီပြလိုက်ပါတယ်။အဲဒီအချိန်မှာကျော်နိုင်ဦးနဲ့အတူအခြားအဖွဲ့က နှီးဖြာ နေတယ်။ကျနော်တို.ကထင်းခွဲနေရတယ်။ကျော်နိုင်ဦးကခြေထောက်ယောင်နေတာနဲ့တူတယ်။ကျနော်ထင်းကိုကြိုးစားခွဲပါတယ်

ဒါပေမဲ့ကျနော်ထင်းခွဲတာလုပ်နေကြလူတွေလိုမကျွမ်းကျင်တာတော့အမှန်ပါပဲ။အဲဒီအချိန်မှာ ကွန်မန်ဒို အဖွဲ့က လက်သီးက

ဟေ့ကောင်ညီညီ မင်းဘဝအတွက်ငါ သနားတယ်။မင်းထင်းလဲဖြောင့်ဖြောင့်မခွဲတက်၊နှီးလဲ မဖြာတက်၊မင်းထဝကို မင်းဘယ်လို

ရင်ဆိုင်မလဲ၊ ကျနော်က ဟုတ်ကဲ့ ကျနော်ကြိုးစားပါမယ်။ဒီနေ့ထူးထူးခြားခြား တောခေါင်းတွေသဘောကောင်းနေတယ်။

ကျနော်တို့ကိုစုပြီးဆေးလိပ်သောက်ခွင့်ပေးထားတယ်။စကားတောင်နဲနဲလွတ်လွတ်လပ်လပ်ပြောလို့ရတယ်။နောက်ရေနွေး

သောက်ခွင့်ရတယ်။ဒါပေမဲ့သတိတော့ထားနေရတယ်။ဒီအခြေအနေမျိုးကအချိန်မရွေးပြောင်းသွားနိုင်တယ်။ညနေထောင်ထဲမှာ

ထမင်းကျွေးအပြီး မအိပ်ခင်သီချင်းဆိုခိုင်းတယ်။တောခေါင်းတွေရဲ့စကားအသုံးအနှုန်းကိုကြည့်ရတာ အခြေနေက လုံးလုံး မ

ကောင်းတော့ဘူး။ ချိုကြီးအမှတ်တရသီချင်းဆိုကွာ၊ထွန်းအောင်ကျော်အမှတ်တရသီချင်းဆိုကွာ..ဆိုတဲ့စကားတွေကြောင့်ပါ။

ဒီနေ့ ထွန်းအောာင်ကျော်က ထူးထူးခြားခြားတည်ငြီမ်နေတယ်။ကိုချိုကြီးကတော့စိတ်လျှော့လိုက်တဲ့ပုံမျိုးရှိတယ်။သူသီချင်းဆို

တော့မောနေတယ်။နောက်တနေ့ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ ရက် နံနက်ခင်းတပိုင်းလုံး ပုံမှန်လိုပြီးသွားပြီး ၃ နာရီလောက်ရောက်

တော့ထမင်းမြန်မြန်ကျွေဖို့လုပ်တယ်။ထမင်းကို ၄ ယောက်တဝိုင်း ပလတ်စတစ် ပြားနဲ. ပုံပြီးကျွေးတယ်။အဲဒီတော့မျက်နှာချင်း

ဆိုင်အတန်းက လူ ၁ ယောက် ၂ ယောက် ပိုနေရင် ဆန့်ကျင်ဘက်မှာသွားပေါင်းရတဲ့စနစ်ရှိတယ်။ထွန်းအောင်ကျော်ကဝေ့နေ

ပြီးကျနော်ထမင်းစားမဲ့ဝိုင်းဘက်ကိုကူးလာတယ်။ကျနော်တို့ငုံပြိးထမင်းစားနေချိန်မှာ ကိုညီ ကျနော်တော့ အသတ်ခံရတော့မယ်

မဖြစ်နိုင်ပါဘူး မင်းက Figure ရှိတဲ့သူတယောက်ပဲ ကိုချိုကို သတ်မှာတော့ဖြစ်နိုင်တယ်။မင်းတော့မဖြစ်လောက်ပါဘူး။ ကိုညီ

ကျနော်စိတ်ချမ်းသာအောင်ရှောက်ပြောမနေပါတော့၊ကျနော်ပြောတာနားထောင်ပါ။ဒီနေ့ပြည်ထောင်စုနေ့ ကျနော်တို့ကိုဒီနေ့သတ်လီမ့်မယ်။စကားပြောသံကြားရတာ ခင်ဗျားကတော့လွတ်လီမ့်မယ်၊ကျနော်နဲ့ကျနော်တို့အားလုံးရဲ့

အဖြစ်မှန်ကို ဖေါ်ပေးပါ။ကျနော် နံမည်ဆိုးနဲ့သေရတာမဟုတ်ကြောင်းရှင်းပေးပါ။ခင်ဗျား လွတ်တဲ့အခါမှာဒီကောင်တွေကိုလက်

စားချေပေးပါ။တော်လှန်ရေးအောင်မြင်ချိန်မှာ ABSDF ဟာမြန်မာ့တပ်မတော်ထက်ဆိုးလီမ့်မယ်။အဲဒီလိုမဖြစ်အောင် ခင်ဗျား

တားဆီးပေးပါ။ထမင်းဝိုင်းမှာ ဝဏ္ဏဇော် ပါတယ်။တခြားတယောက်ကိုတော့မမှတ်မိတော့ဘူး။ကျနော်က ပြန်ပြောမယ် လုပ်တော့

အချိန်မရတော့လို့ပါ။ကျနော်ပြောတာပဲနားထောင်ပေးပါဆိုပြီးမှာစရာရှိတာတွေမှာတယ်။ကျနော်ပြောစကားကို နားမထောင်

နိုင်တဲ့အတွက်တောင်းပန်တယ်။နောက်ထမင်းဝိုင်းသီမ်းလိုက်တယ်။



ဆက်လက်ဖော်ပြပါမည်။

ညီညီ (မန္တလေး) ABSDF မြောက်ပိုင်း

· · Share

  • 2 shares
    • Aye Aye Soe Win ဘယ်နှစ်ကြိမ်ဖတ်ဖတ် စိတ်ကလက်ခံလို့မရဘူး။.သူတို့ကိုဘာလုပ်ကြမှာလဲ?? ကမ္ဘာပေါ်မှာ အယုတ်မာဆုံး အဆင့်နိမ့်ဆုံးလူ သတ် မှု. တို့ကျောင်းးသားတွေမှဖြစ်ရရှာတယ်။။.
      March 15 at 3:54pm · · 2

No comments:

Post a Comment