VOA NEWS/EDITORIAL POLICY AND ABSDF NORTHERN KILLING
VOA NEWS/EDITORIAL POLICY AND ABSDF NORTHERN KILLING
ဖေဖေါ်ဝါရီလ ၁၂ ၇က် ၂၀၁၂ ခုနှစ်
ဦးသန်းလွင်ထွန်း
ဌာနမှူး
VOA Burmese Service
ဝါရှင်တန်မြို.၊ အမေရိကန်နိုင်ငံ
အကြောင်းအရာ။ ။ VOA မြန်မာဌနာ၏ သတင်းဆိုင်ရာ အယ်ဒီတာ၏ မူဝါဒများ စုံစမ်းမေးမြန်းခြင်း။
ဌာနမှူး ဦးသံလွင်ထွန်း(ခ) ကိုအောင်နိုင်(ABSDF-ခေါင်းဆောင်ဟောင်း)နှင့် မြန်မာပိုင်းဌာနမှ သတင်းအယ်ဒီတာများခံဗျား။ VOA Burmese Service ၏ပရိသတ်တဦးအနေဖြင့် ဗွီအိုအေ မြန်မာဌာန၏ သတင်းဆိုင်ရာ အယ်ဒီတာမူဝါဒများကို သိရှိလိုပါသည်။
သတင်းတွေကို ထုတ်လွင့်တဲ့အခါ ဘယ်လိုမျိုး မူဝါဒတွေ ဘယ်လိုပေါ်လစီတွေနဲ. ရွေးချယ် ဆုံးဖြတ်ပြီး ထုတ်လွင့်နေပါသလဲဆိုတာ ပရိသတ်တဦးအနေဖြင့် အထူးသိရှိလိုပါသည်။
ဗွီအိုအေ မြန်မာအသံလွှင့်ဌာနတွေဖြင့် သတင်းတွေကို နေ.စဉ် ထုတ်လွှင့်တဲ့အခါ ဘယ်သ တင်းတွေကို ဘယ်လို ထုတ်မယ်။ ဘယ်သတင်းတွေကို ဘယ်လို ရွေးချယ်မယ်။ ဘယ်လို သ တင်းတွေကို တည်းဖြတ်ပြီး ထုတ်လွင့်ပါလဲ။ နေ.စဉ် အယ်ဒီတာသတင်းအစည်းအဝေးပွဲတွေ ကို ဆုံးဖြတ်ချက်တွေကို ဘယ်လိုလုပ်တယ်။ ဘယ်သူတွေက တာဝန်ခံဆုံးဖြတ်တယ်ဆိုတာ ရှင်းလင်းတင်ပြပေးရန် တောင်းဆိုပါသည်။
အခုလို စာရေးပြီး တရားဝင်း တောင်းဆိုရခြင်းဟာ VOA မြန်မာဌာန၏ သတင်းထုတ်လွှင့်မှု တချို.အပေါ် နားလည်ရန်ခက်ခဲစေသည့် သတင်းရွေးချယ်တာ ထုတ်လွှင့်တာ သတင်းထိန်ချန် တာ သတင်းကာတာမျိုးတွေ တွေ.နေရပါသည်။ ထင်ရှားတဲ့ တခုကတော့ ABSDF(မြောက် ပိုင်း)မှာ ABSDF တပ်ဖွဲ.၀င် ကျောင်းသား၊သူတွေကို သူလျိုတွေဟု စွပ်စွဲပြီး ABSDF ခေါင်း ဆောင်တွေက ဖမ်းဆီးနှိပ်စပ် ငြင်းဖမ်းသတ်ဖြတ်တာ ခေါင်းဖြတ်တာ စတဲ့ လူသတ်မှုတွေ ရာဇ၀တ်မှုတွေအကြောင်း ကာယကံရှင်တွေ၏ ကိုယ့်တွေ. ပြန်ပြောချက်တွေ ပြန်လည် ရေး သားချက်တွေ ဟိုလေးတကျော် လူတွေအကြား သတင်းဌာနတွေ အွန်လိုင်း မီဒီယာတွေ ဆို ရှယ်သတင်းဌာနတွေမှာ ပြောဆိုရေးသား ဝေဖန်နေတာ ထူးခြားတဲ့ အများ စိတ်ဝင်စားတဲ့ သတင်းတွေပါ။ ။ အနှစ် ၂၀ ကျော်ကြာမှ အခုလို အဖြစ်အပျက် အသေးစိတ်တွေကို အတိအကျ သိရတာဖို. လူအများ စိတ်ဝင်စား စိတ်မကောင်းဖြစ်ရတဲ့ ကိစ္စတွေပါ။
ဒီသတင်းတွေကို ပြည်တွင်းက ဂျာနယ်တချို.နဲ. ပြည်ပ ရေဒီယိုတွေဖြစ်တဲ့ DVB, RFA, BBC စတဲ့ အသံလွင့်ဌာနတွေကို သတင်းတွေ ထုတ်လွင့်ခဲ့ပါသည်။ ဒါပေမယ့် ဦးသန်းလွန်ထွန်း( ကိုအောင်နိုင်-ABSDF ခေါင်းဆောင်ဟောင်း) ဌာနမှူးအဖြစ် တာဝန်ယူထားတဲ့ VOA မြန်မာ ပိုင်းအနေဖြင့် ဒီ သတင်းတွေကို လုံးဝ ထုတ်လွှင့်ခြင်း ပြည်သူတွေကို အဖြစ်မှန်တွေ သိအောင် မေးမြန်းခြင်း အသိပေးခြင်းတွေ မလုပ်ပဲ သတင်းတွေကို ဖုံးကွယ်ပြီး လျစ်လျူရှု ထားပါသည်။ ဒီလို သတင်းဖြစ်ရပ်မှန်တွေဟာ လူထုတွေအတွက် သိရှိဖို.အရေးကြီးပြီး နစ်နာ ဆုံးရှုံးသွားသူ အသတ်ခံလိုက်ရသူ ခေါင်းဖြတ်ခံရသူတွေ၏ မိသားစုတွေ၏ ရင်နစ်ဖွယ် ခံစားချက်တွေကို စော်ကားသလို ဥပက္ခာပြုနေသလို ဖြစ်ပါသည်။
ဒါကြောင့် ဘယ်လိုမျိုး သတင်းမူဝါဒတွေ အယ်ဒီတာဆုံးဖြတ်ချက်တွေ သတင်းရေးရာ ရွေး ချယ်မှု တည်ဖြတ်းမှု စံနှုန်းတွေကြောင့် ဒီလောက် လူပေါင်း ၃၅ ဦး အသတ်ခံရပြီး လူပေါင်း ၁၀၀နီးပါး လပေါင်းများစွာ ဖမ်းဆီးနှိပ်စက် ငြင်းပမ်းခံရသည့် အဖြစ်ဆိုးကို သတင်းတွေအဖြစ် မထုတ်လွှင့်ပဲ လူထုကို အသိမပေးပဲ ထိန်ချန်ထားခြင်း ဥပက္ခာပြုထားခြင်း လျစ်လျရှုထားခြင်း အကြောင်းရင်းခံနဲ. အဲဒီလို ဘာကြောင့် သတင်းမလွှင့်ဖို. VOA မြန်မာဌာန၏ အယ်ဒီတာတွေ အကြီးတန်း သတင်းထောက်တွေနဲ. ထိပ်ဆုံး အဓိက တာဝန်ရှိတဲ့ ဦးသန်းလွန်ထွန်းတို.က ဆုံးဖြတ်ခဲ့ရသလဲဆိုတဲ့ အချက်တွေကို အတိအကျ သိရှိခြင်ပါသည်။ ဘာကြောင့် အဲဒီလို စဉ်းစားပြီး သတင်း မလွှင့်ဖို. ဆုံးဖြတ်ရတာလဲ။ ဘယ်သူက အဲဒီ သတင်းတွေကို မလွှင့်ဖို. ဆုံးဖြတ်တာလည်းနဲ. ဘယ်သူမှာ အဓိက တာဝန်ခံ တာဝန်ယူပြီး ဒီသတင်းတွေကို မလွှင့်ဖို. အမိန်.ပေး ညွှန်ကြား ဆုံးဖြတ်ထားသလဲဆိုတဲ့အချက်ကို VOA-Burmese Service ၏ ပရိသတ် တဦးအနေဖြင့် သိရှိလိုပါသဖြင့် တရားဝင် အကြောင်းပြန်ကြားပေးရန် တောင်းဆိုပါ သည်။
ပရိသတ်တွေကို ပိုပြီး စိတ်ထိခိုက်စေ သံသယတွေ ဖြစ်စေ စော်ကားသလိုမျိုး ဖြစ်စေတဲ့ အချက်ကတော့ ABSDF ( မြောက်ပိုင်း)မှာ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက်နဲ. ABSDF ခေါင်းဆောင်တွေက အစုလိုက် အပြုံလိုက်နဲ. ကားစင်တင်ပြီး သတ်ဖြတ်တာ။ ခေါင်းဖြတ်တာတွေ လုပ်ခဲ့သည့် အနှစ် (၂၀)ပြည် အောက်မေ့ဘွယ် အခန်းအနား ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ. VOA မြန်မာဌာနကနေ မြန်မာ့ရေးရာ ဆွေးနွေးပွဲ အစီအစဉ်ကနေ ဒီ လူသတ်မှုတွေမှာ တာဝန်ခံ ဖြေရှင်းရမည့် ABSDF လက်ရှိအဖွဲ. ဒုတိယ ဥက္ကဌ ဦးမျိုးဝင်းနှင့် တွေ.ဆုံမေးမြန်းခန်း လုပ်ပြီး ABSDF နဲ. အစိုးရတို.အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအကြောင်းကို တနင်္ဂေနွေအစီအစဉ်မှာ အကျယ်တ၀န်. မေးမြန်း ထုတ်လွင့်ခဲ့ပါသည်။ ။
ဒါပေမယ့် အစီစဉ်မှူး ဦးစံမိုးဝေဟာ ဒီနေ. တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေတဲ့ မြောက်ပိုင်းက ကျောင်းသား သတ်ဖြတ်မှုတွေနဲ. ပတ်သက်ပြီး ABSDF ခေါင်းဆောင်ကို မေးခွန်းထုတ်တာ မရှိခဲ့သလို VOA မြန်မာပိုင်း၏ သတင်းထုတ်လွှင့်ချက်တွေမှာရော အစီစဉ်မှူး ဦးစံမိုးဝေ ကိုယ်တိုင်ကရော ဒီကစ္စတွေ အတူးသဖြင့် ABSDF ဖွဲ.အကြောင်းကို မေးမြန်းတဲ့အခါ ABSDF အဖွဲ.နဲ. ပတ်သက်ပြီး လောလောဆယ် သတင်းဖြစ်နေတဲ့ လူတွေ အပြောများတဲ့ စိတ်ဝင်စားတဲ့ အဖြစ်အပျက်တွေကို မေးမြန်းခြင်း အစီစဉ်ထဲမှာ ထည့်ပြီး မိတ်ဆက်အနေဖြင့် Intro မှာ နောက်ဆုံး ဖြစ်နေတဲ့အကြောင်းအရာတွေကို စကားခံ ရှင်းပြခြင်း အသိပေးခြင်း လုံးဝ လုံးဝ မလုပ်ပဲ ABSDF အဖွဲ.၏ ငြိမ်းချမ်းရေးကိစ္စတွေကိုသာ တဖက်သတ် စောင်းပေး မီးမောင်းထိုးပြပြီး အစီအစဉ်ကို ဒီလိုမျိုး လူသတ်မှု အနှစ် ၂၀ ပြည့်တဲ့ နေ.မျိုးမှာ တိုက်ဆိုင်တာလား ရည်ရွယ်ချက်နဲ. သက်သက်မဲ့မဲ့ သေခြာ စီစဉ်ပြီး လုပ်သလားဆိုတာ အစီစဉ်မှူး ဦးစံမိုးဝေနဲ. VOA မြန်မာဌာနက တာဝန်ရှိတဲ့သူတွေပဲ အသိဆုံးပါ။
ဒါဟာ သေဆုံးသွားပြီး ဘ၀တွေ ပေးခဲ့ရ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသား ၃၈ ဦး စော်ကားသလို ဖြစ်တဲ့အပြင် ကျန်ရစ်သူ မိသားစုတွေ၏ ခံစားချက်တွေ ပူပင်သောကတွေကို ဥပက္ခာပြုခြင်း လျစ်လျူရှုခြင်းထက် ပိုဆိုးသွားပြီး ရည်ရွယ်ချက်နဲ. အချိန်ကိုက်ပြီး သက်သက်မဲ့ စော်ကားလိုက်သလို ဖြစ်ပါသည်။ ဒီလုပ်ရပ်အတွက် အစီအစဉ်မှူး ဦးစံမိုးဝေနဲ. VOA မြန်မာပိုင်းဟာ ပရိတ်သတ်နဲ. အသက်ဆုံးရှုံးသွားတဲ့ မိသားစုတွေကို ကျေနပ်လောက်အောင် ရှင်းလင်းဖို. လိုပါသည်။ တောင်းပန်ဖို. လိုပါသည်။ ဘာကြောင့် ဒီလို နေ.မျိုးမှာ အခုလိုမျိုး အစီအစဉ်ကို လုပ်ခဲ့တာလည်း။ ဒီလိုမျိုး ဒီအဖွဲ.နဲ. လုပ်ခဲ့တယ်ဆိုရင်လဲ ဘာကြောင့် ဒီနေ. နောက်ဆုံး ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကို ချန်လှပ်ပြီး ကိုယ် တင်ခြင်တာ ကိုယ် ပြောချင်တာ ကိုယ် စင်တင်ချင်တဲ့အရာတွေကို Cherry Picking လုပ်သလိုမျိုး ရွေးချယ်ပြီး လုပ်သွားခြင်း သတင်းထုတ်လွှင့်ခြင်းဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ. ညီပါသလား။ တာဝန်ရှိ တာဝန်ခံတဲ့ သတင်းသမားတဦး၏ လုပ်ရပ် ဖြစ်ပါသလား။ အရည်အချင်းနဲ. ကျွမ်းကျင်မှု ပညာတွေ လေ့ကျင့် သင်ကြားထား တတ်ထားတဲ့ သတင်းသမား Professional Jousnalist တဦး လုပ်ရမည့် အလုပ်လားဆိုတာကို အစီအစဉ်မှူး ဦးစံမိုးဝေရော ဌာနမှူး ဦးသန်းလွန်ထွန်းနဲ. ဖေဖေါ်ဝါရီ ၁၂ ရက်နေ.က သတင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည့် အယ်ဒီတာတွေ၏ ရှင်းလင်းချက် ကို အတိအကျ သိရှိလိုပါသည်။
အခု ရေးသားချက်ကို သတင်း ၅ ပတ်အတွင်း VOA မြန်မာပိုင်းဌာနက ပရိသတ်တွေ၏ စိုးရိမ် ချက်နဲ. သတင်းအယ်ဒီတာဆိုင်ရာ မူဝါဒတွေကို လူသိရှင်ကြား ထုတ်ဖော် ရှင်းလင်းပေးဖို. တောင်းဆိုချက်ကို တရားဝင် ဖြေရှင်းခြင်း တုံ.ပြန်ခြင်း မပြုလုပ်ပဲ လျစ်လျူရှုမယ် ဥပက္ခာပြု မယ် ဂရုစိုက်စရာမလိုဘူး ဒါ ငါတို. သဘောပဲ လို. ခံယူပြီး ကောင်းကောင်းမွန်မွန် ဖြေရှင်းခြင်း မပြုလုပ်ပါ ဒီ စာနယ်ဇင်း ကျင့်ဝတ်နဲ. မညီတဲ့အချက် အပါအ၀င် VOA မြန်မာပိုင်းဌာန၏ သ တင်းထုတ်လွှင့်ချက်တွေကို သက်ဆိုင်ရာ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ. အမေရိကန် နို်င်ငံရေး သမားတွေ အထူးသဖြင့် VOA Board of Director ၏ အကြီးဆုံးဖြစ်သည့် နိုင်ငံခြားရေးဝန် ကြီးနဲ. အတိုက်အခံ နိုင်ငံရေးသမားတွေထိပါ ဒီလူသတ်မှုကိစ္စနဲ. VOA မြန်မာဌာန၏ သတင်း ထုတ်လွှင့်ချက်ကို ထိရောက်စွာ အရေးယူမှုတွေ ဖြစ်လာအောင် တရားဝင် အသိပေး တိုင်း ကြားသွားမည် ဖြစ်ပါသည်။
မြန်မာပြည်ကို အခြေချနိုင်ဖို. ကြိုးစားနေတဲ့ VOA မြန်မာဌာန၏ ကြိုးစားချက် ခြေလှမ်းတွေကို လေ့လာဖော်ထုတ်ပြီး မြန်မာပြည်သူတွေကိ ရှင်းပြကာ လူထုဆန်.ကျင်ရေးလှုပ်ရှားမှုတွေ အ ဖြစ် သေဆုံးသွားတဲ့ မိသားစုဝင်တွေ နစ်နာဆုံးရှုံးသူတွေနဲ. အတူတူ လက်တွဲပြီး VOA မြန်မာဌာနနှင့် ဌာနမှူး ဦးသန်းလွန်ထွန်း၏ စရိုက်အမှန်ကို ဖော်ထုတ် ဖွင့်ချမည် ဖြစ်ကြောင်း ကြိုတင် အသိပေး အပ်ပါသည်။
သတင်းဌာနမှာ ပရိသတ်ဟာ အဲဒီ သတင်းဌာန၏ ပြောရေးဆိုပိုင်ခွင့်ရှိသည့် Stakeholders တွေ ဖြစ်တယ်ဆိုတာ VOA မြန်မာဌာနအနေဖြင့် အလေးအနက်ထား ကိုင်တွယ် ဖြေရှင်းပေးဖို. သတိပေးလိုပါသည်။
မှတ်ချက်။ ။ ဒီနေရာမှာလဲ VOA မြန်မာဌာနက ဦးကျော်ဇံသာ၏ သဘောထား အမြင်လဲ သိလိုပါသည်။ သူဟာ မကြာခဏ ကျနော်တို. သတင်းသမားတွေကတော့ သတင်းလွတ်လပ်ခွင့်ကို တန်ဘိုးထားတယ်။ လေးစားတယ် ဆိုတာ ပြောလေ့ရှိတာမို.။။။ သတင်းသမားတွေအနေနဲ. သတင်းလွတ်လပ်ခွင့် ရှိဖို. အရေးကြီးသလို တာဝန်ယူ တာဝန်ခံဖို.လဲ လိုပါသည်။ ဘက်လိုက်မှုမရှိဖို. လိုပါသည်။ မျှမျှတတဖြစ်ဖို. လိုပါသည်။ ကိုယ် လွင့်ချင်တာကို လွှင့်ပြီး ကိုယ်မလွှင့်ချင်တဲ့သတင်းကျတော့ ဖယ်ထား ချန်ထား လျစ်လျူရူးထားခြင်းဟာ စာနယ်ဇင်းသမားကောင်းတွေ၏ ကျင့်ဝတ်နဲ.လည်း မညီပါ။ တာဝန်မဲ့ရာ ရောက်ပါသည်။
ဒါကြောင့် မြန်မာပြည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိဖို. စာနယ်သတင်းသမားတွေ၏ အခွင့်အရေးနဲ. လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ ရှိဖို. လိုပါသည်။ ဒီအတွက်လဲ အားပေး ထောက်ခံပါသည်။ တချိန်တည်းမှာ စာနယ်ဇင်းသမားတွေကိုယ်တိုင်ကလဲ ကိုယ်ကျင့်တရားရှိဖို. တာဝန်ရှိယူတဲ့ Responsible Journalist ဖြစ်ဖို. လိုပါသည်။ ဖါးတပိုင်း ငါးတပိုင်းနဲ. ခပ့်ညံ့ညံ့ ၀ါဒဖြန်.ချီတဲ့အဆင့် ထက် မြင့်ဖို. လိုပါသည်။
စာနယ်ဇင်းသမားတွေက စာနယ်ဇင်း ကျင့်ဝတ်တွေနဲ. မညီပဲ ဘက်လိုက်မှုတွေ လုပ်မယ် လူထုကို မှန်မှန်ကန်ကန် အသိ မပေးပဲ ရည်ရွယ်ချက်နဲ. ထိန်ချန်ထားမယ်ဆိုရင်တော့ အဲဒီ စာနယ်ဇင်းသမားတွေကိုလဲ Hold Transparency and Accountable ရှိအောင် စာဖတ်သူတွေ ပရိသတ်တွေ သောတရှင်တွေက အနီးကပ်လေ့လာပြီး ထိမ်းမှတ်ဖို. လိုပါသည်။ ဒီမိုကရေစီ ကျင့်စဉ်မှာ ဘယ်သူမှာ အကြွင်းမဲ့ အာဏာမရှိပါ-- အပြန်အလှန် ထိန်းညှိရမှာ ဖြစ်ပါသည်။ သူများ မကောင်းတာတွေတော့ ကိုယ်က စာနယ်ဇင်းသမားအနေဖြင့် ထောက်ပြချင်ပြီး ကိုယ်တိုင်က ကျတော့ မကောင်းတာတွေ လုပ်နေရင်တော့ ဘယ်သူက ထောက်မှာလည်း။။ ။။ ပရိသတ်ကို စော်ကားရင် တချိန်ချိန်မှာ ကျေးသင့်နိုင်ပါသည်။ ။
တည်ကြည်စွာဖြင့်
ဦးXXXXXXX
ဆားလင်းကြီးမြို.
စစ်ကိုင်းတိုင်းဒေသကြီး
- 1 share
- Aye Aye Soe Win Can you send this email to Board of Directors, VOA ? If VOA (BURMESE) DOES NOT RESPOND ANYTHING, at least someone from the Board of VOA would somehow help resolve the issue...
No comments:
Post a Comment