Sunday, July 15, 2012

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ

by Nay Zaw on Monday, February 20, 2012 at 4:14am ·

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ

ကြားကြရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ

ဒီကနေ့  …..

ငါ့အသားကိုငါ ဆွဲဆိတ်ကြည့်လိုက်တယ်

ဒါဟာ အိပ်မက်မဟုတ်ဘူး ….။

...ထိခိုက်ပွန်းရှလွယ်လွန်းလှတဲ့(ခိုင်မာတဲ့)

ငါ့နှလုံးသားရဲ့  မျက်ရည်တာရိုး

လွတ်မြောက်ခြင်းတေးသံက

ရိုက်ချိုးသွားခဲ့ပြီ ။

ငါတို့ ခေတ်ရဲ့  အနာဂတ်များ

လှောင်ချိုင့်များအတွင်းမှ လွတ်မြောက်

သွေးခင်းသောလမ်းများထက်က

ဝိညာဉ်များရှေ့ မှောက်ကို

တကျော့ပြန်ရောက်ခဲ့ပြီ

ပြည်သူလူထုကြီးလည်း

သပြေခင်းလေးကိုပျိုး ယုံကြည်ချက်တွေတိုးခဲ့ပြီ ။

မဆုံးသေးသောတိုက်ပွဲ

မျက်ရည်လည်ရွှဲ သေကွဲ ရှင်ကွဲ

ဒါတွေကို အဆုံးသတ်ရမယ့်ပွဲ

ငြိမ်းချမ်းစွာအဖြေရှာနွှဲ

ဒါဟာလည်း တိုက်ပွဲတခု့ ပါပဲ ။

မည်သို့ ပင်ဖြစ်စေ

လွတ်မြောက်လာတဲ့  ခွပ်ဒေါင်းတို့ ရဲ့ 

တောင်ပံရိုက်ခတ်သံမှာ

ငါ …. ကြားတယ်

ပြည်သူလူထုကြီးလည်း ကြားရလိမ့်မယ်

ငါ ... ယုံတယ်

များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။

ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊

ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။

အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့

ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊

(ရွှေစည်းခုံဘုရားကျောက်စာမှ)

ရဲရင့်သက်ဇွဲ

၁၃၀၁၂၀၁၂မနက်၅း၄၅

ဖင်လန်နိုင်ငံတောင်ပိုင်း

Posted by minyekyawswar8888 at 11:09 AM

Labels: Burmese poems Gallery


· · Share

  • You, Thet Zaw, Good-Clean Nyo Gyi and 2 others like this.
  • 6 shares
    • Shwe Zaw Naing
      မဆုံးသေးသောတိုက်ပွဲ

      မျက်ရည်လည်ရွှဲ သေကွဲ ရှင်ကွဲ

      ဒါတွေကို အဆုံးသတ်ရမယ့်ပွဲ

      ငြိမ်းချမ်းစွာအဖြေရှာနွှဲ

      ဒါဟာလည်း တိုက်ပွဲတခု့ ပါပဲ ။
    • Good-Clean Nyo Gyi ကြားမိရဲ့ လား …. ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သ
    • Shae Shae Century မကြားဘူး........ခွှပ်ဒေါင်းဆီုတာရိုက်ခတ်သံမပာူတ်တာ..က
      February 21 at 11:37pm ·

No comments:

Post a Comment