Sunday, July 15, 2012

အဘဦးညွန့်ရွှေပေးတဲ့ မှတ်ချက်

I have bitterly cried once about four or five months ago when I heard about how 15 of Myanmar students who joined rebel forces at the Chinese border were accused as government spies and tortured inhumane and unbelievable ways for months and then beheaded by swords by their own comrades more than 20 years ago. More than other 40 victims fortunately escaped in the end after months of tortures. I can here say only briefly the cruelty of that episode was much more than either Nazi or Japanese Kenpeitai of WW2 or Hutu of Rwanda or any other groups including America's KKK gang.

Now, previous victims, friends and families of the fallen students are gathering evidences to put those responsible executioners on trial. I hope this case should find its way to International Criminal Court of Justice in Hague, the Netherlands.


အေဘီမြောက်ပိုင်းမှာ ခွေးရူးတွေ ဝိုင်းအကိုက်ခံရလို့ မချိမဆံ့ကျဆုံးသွားကြရတဲ့ ရဲဖော် ရဲဖော်မတွေဟာ ကျနော့်ရဲ့ တူ တူမအရွယ်တွေပါ။ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ပဲ ရဲရဲဝံ့ဝံ့ အသက်ပေးထမ်းဆောင်ရင်း လူယုတ်မာတွေလက်ချက်နဲ့ အကြွေစောတဲ့အတွက် နှမျောမိတာအမှန်ပါ။ သူတို့တတွေရဲ့အဖြစ်ကို ကြားနာရရင် လူစိတ်ရှိတဲ့ ဘယ်သူမဆို နာကျည်းဒေါသထွက်ကြမှာ အမှန်ပါပဲ။ ဒါနဲ့အမျှ အမှုမှန်ပေါ်ပေါက်ပြီး တာဝန်ရှိတဲ့ လူယုတ်မာတွေကို တရားခွင်ရောက်အောင် ပို့ချင်ကြ၊ မြင်ချင်ကြမှာ မလွဲပါဘူး။ ဒီနည်းနဲ့သာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျဆုံးသွားရတဲ့ လူငယ် လုံမငယ်တွေရဲ့ ဂုဏ်သိက္ခာကို ဆယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယုတ်ယုတ်မာမာ အညှင်းဆဲခံရပေမဲ့ အသက်မသေပဲ လွတ်မြောက်ခဲ့သူတွေ၊ မိတ်ဆွေတွေ၊ မိဖညီအစ်ကို မောင်နှစ်မတွေနဲ့ အမှန်တရားကို မြင်ချင်သူတွေက ဝိုင်းဝန်းကြိုးပမ်းပြီး ဖော်ထုတ်ကြမယ်ဆိုတာ ကြားရလို့ ဝမ်းမြောက် သာဓုခေါ်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဖော် ရဲမေ တူ တူမများ ကောင်းရာမွန်ရာဘုံဘဝမှာ စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်ဗျား။

No comments:

Post a Comment