Sunday, July 15, 2012

နိုင်အောင်၏ ထွက်ဆိုချက်အား သုံးသတ်လေ့လာခြင်း။... ရွှေထီး(၈၈၈၈)

"၁၉၉၁-၉၂ ခုနှစ်အတွင်း ABSDF မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လူသတ်မူ့များအတွက်

ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်အား သုံးသတ်လေ့လာခြင်း။

Shwe Htee

ရွှေထီး(၈၈၈၈)

ရဲဘော်ဟောင်း(ကျောင်းသားတပ်မတော်)

မူဝါဒဆိုင်ရာ သုံးသတ်လေ့လာရေးနှင့် စီမံခံခွဲရေးဌာန- ၂၀၀၂

ကော်နဲ ယူနီဗာစီတီ, အီသာကာ နူးယောက်

မတ်လ ၂၉ရက် ၂၀၁၂ ခုနှစ်

ပထမဦးစွာပြောကြားလိုသည်မှာ ယ္ခုသုံးသပ်ချက်အားလုံးသည် ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်များအပေါ်မှသာ မည်မျှရိုးသားမူ့ရှိသည်မရှိ မှန်ကန်သောထွက်ဆိုမူ ဖြစ်နိုင်မဖြစ်နိုင် မည်သည့်သို့သော ရည်ရွယ်ချက်ဖြင့် ဘယ်သူတွေကိုပြောလိုသည် တို့ကို သုံးသတ်လေ့လာရမှာ ဖြစ်ပါသည်။

၁) ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်တွင် မတရားငြင်းပမ်း နိုပ်စက်သတ်ဖြတ် ကျူးလွန်ခဲ့သောကိစ္စများတွင် ၎င်းကိုယ်တိုင်ပါဝင်ပါတ်မူ့များအတွက် သူလျှိုများအဖြစ် အစွပ်စွဲခြင်းခံရသော ထိုသူများကို သွယ်ဝှိက်သောနည်းဖြင့် ဝန်ခံ၍ တောင်းပန်းထားခြင်း။

“မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊

ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်

အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွား သူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည် ” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်

သုံးသတ်လေ့လာချက်- ၁) လူတွေဟာ မိမိရဲ့လုပ်ဆောင်မူ့တွေ အထဲက အမှားများ လုပ်ဆောင်မိခဲ့တဲ့ မိမိအမှားကိုလက္ခံဖို့ ခက်ခဲ့တဲ့လူတန်းစားဟာဆိုရင် မည်သူကိုမှ အကျိုးပြုလုပ်ဆောင်တဲ့သူ မဟုတ်ဘူး။ ထိုသူဟာ ကိုယ်ကျိုးသမား သို့မဟုတ် ထိုသို့အမှားကျူးလွန်မူ့အတွက် သေသေခြာခြာ စံနစ်တကျလုပ်ဆောင်ခဲ့သူ သာလျှင်ဖြစ်မည်ဟု လက္ခံရပါမည်။ အမှားပြုလုပ်မူ့သည် ကျွန်ုပ်တို့လူသားတိုင်း နေ့စဉ်နေတိုင်း ဖြစ်ပေါ်ကြုံတွေ့နေကြပါ သာမံဖြစ်လေ့ဖြစ်ထလို့ ပြောလို့ရပါသည်။ ထိုကြောင့် ခဲတံထိပ်တွင် မိမိမှားတာကို ပြင်စဉ်ရန် ခဲဖျက်တပ်ထားရခြင်းပဲ ဖြစ်ပါသည်။

ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်တွင် မိမိအမှားကို ပြန်လည်ပြင်စဉ်ရန် ကျိုးစားရာတွင် ခဲဖျက်မပါပဲ ရေးသားလာသော ထွက်ဆိုချက်ဖြစ်နေခြင်းကို ယ္ခုအချက်ကဖေါ်ပြနေပါသည် “မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊” ဆိုလိုသည်မှာ ABSDF ဥက္ကဌဟောင်း နိုင်အောင်သည် ထိုAB-မြောက်ပိုင်းကိစ္စတွင် ၎င်းအာဏာရရေးအတွက် ကျိုးပမ်းစဉ်က ၎င်းအသုံးပြုခဲ့တဲ့ အပြစ်မဲ့ကျောင်းသား/သူတွေအပေါ် ၎င်းဒီစာရေးနေသည့်တိုင်းပင် သူလျှိုများဖြစ်နိုင်ချေ ၅၀ ရာနှုံးရှိသေသည်ဟု ဆက်လက်ယုံကြည်ထားပုံ ရသည်ဟု ယူဆနိင်ပါသည်။

၎င်းထွက်ဆိုထားသော ၏စာပိုဒ်တွင်ဒုတိယ အချက်အနေဖြင့် တွေရှိရသည်မှာ "အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်" ယ္ခုစာသားသည်၏ ရည်ရွယ်ချက်သည် ဖြစ်ပေါ်ခဲ့သော AB-မြောက်ပိုင်းထိုကိစ္စများအတွက် သူနှင့်မသက်ဆိုင်၍၊ တရားလိုပြသက်သေအဖြစ် သူပါဝင်ပါမည်ဟု ရည်ညွန်းထားသည်ဟု မှတ်ယူရမယ်။

ထိုစာပုဒ်၏ ၎င်း၏ထွက်ဆိုချက်ကို ကျွန်ုပ်သုံးသတ်ရတွင် ABSDF ဥက္ကဌဟောင်း နိုင်အောင်သည် တရားခံဘဝမှနေ တရားလိုပြသက်သေ အဖြစ်ပြောင်းလွဲယူရန် အထိထား၍ ကျိုးစားအားထုပ်မူ့ ဖြစ်သည်ဟုယုံကြည်ပါသည်။

၂) မိမိမှာအပြစ်မရှိကြောင်း တခြားသောသူများဖြစ်သော မိုးသီးဇွန်၊ ရော်နယ်နိုင်အောင်နှင့် AB-မြောက်ပိုင်းကော်မီတီ် သာလျှင်တာဝန်ရှိကြောင်း တာဝန်ရှိကြောင်းနှင့်၎င်းကျူးလွန်ထားသော ပြစ်မူ့များကိုထပ်မံရှောင်လွဲလိုရန် ကျိုးစားအားထုပ်ခြင်း။

“ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၁၊ စာကြောင်း-၂၂-၂၃)

“သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ. (နေ.လည်ပိုင်း) အစည်း အဝေးတွင် တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၇-၁၀)

“သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူသူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟိုကော်မတီဝင် များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည် ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန်ကန်.ကွက် ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူများလည်း ပိုမိုကြီးထွားလာခဲ့ပါသည်” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၁၈-၂၃)

“မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်းအနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည်. မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၂၆-၂၉-စာလုံး-၁၁)

“အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ(၅)ဦး ခန်. သေဆုံးသွားပြီ ဖြစ်ကြောင်း” နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၃၉-၄၄-စာလုံး-၂၂)

သုံးသတ်လေ့လာချက်- ၂) အထက်ပါ ပြန်လည်ဖေါ်ပြထားသော ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်များတွင် ၎င်းအနေဖြင့် လုံးဝတာဝန်မရှိကြောင်း၊ ဥက္ကဌဟောင်း မိုးသီးဇွန်အပါအဝင် ရော်နယ်နိုင်အောင်နှင့် မြောက်ပိုင်းABမှာသာလျှင် ထိုလူသတ်မူ့များအတွက် တာဝန်အပြည့်အဝ ရှိကြောင်း ထွက်ဆိုချက်ပေးထားတာကို တွေ့ရှိရပါသည်။ ထိုသို့၎င်း ထွက်ဆိုမူ့များအတွက် ဥက္ကဌဟောင်း မိုးသီးဇွန်အပါအဝင် ရော်နယ်နိုင်အောင်နှင့် မြောက်ပိုင်းABအနေဖြင့် ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်များကို နောက်မဆုတ်ပဲ လုံးဝဖြေရှင်းရပါမည်။ မဖြေရှင်းပါက ဥက္ကဌဟောင်း မိုးသီးဇွန်အပါအဝင် ရော်နယ်နိုင်အောင်နှင့် မြောက်ပိုင်းABအနေဖြင့် ဖြစ်ပေါ်ခဲ့သော ထိုလူသတ်မူ့များအတွက် အထိက တာဝန်ရှိသူများအဖြစ် မကြာမှီ အနာဂါတ်တွင် ရင်ဆိုင်ရပါတော့မည်ဟု ယုံကြည်ပါသည်။

၃) ပြည်တွင်းသို့ဝင်ရောက်၍ ၎င်းကိုယ်ကျိုးအတွက် စစ်အုပ်စုနှင့်ပူးပေါင်းရန် စစ်အုပ်စုထံသို့ ၎င်းရပ်တည်ချက်ကို စစ်အုပ်စုထံသို့အသိပေးလိုခြင်း။

“မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုမ

ျား ပေါ်ပေါက်ခဲ့ပါသည်”

နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၃၆-၃၉-စာလုံး-၃၃)

“တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများ

လွှမ်းမိုးနေသည်ဟူသော စွပ်စွဲတိုက်ခိုက်မှုဖြင့် ယာယီတော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည်.

စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း

ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်

း ရှိနေပါသည်”

နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၂၊ စာကြောင်း-၃-၄)

“မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်”

နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၅၊ စာကြောင်း-၃၈-၄၁)

သုံးသတ်လေ့လာချက်- ၃) အထက်တွင် ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်များကို လေ့လာသုံးသတ်ရာတွင် ၎င်းအနေဖြင့် ၎င်းပေးပိုလိုသော သတင်းစကားကိုပြောဆိုထားခြင်းကို တွေ့ရှိရပါသည်။ ထိုသတင်းစကားသည် ABSDF ဥက္ကဌဟောင်း နိုင်အောင်အတွက် အမှန်တကယ် အရေးပါသော ယ္ခုအချိန်မှာ ပြည်တွင်းသို့ဝင်ရောက်၍ နိင်ငံရေးအရ၊ ပြည်သူတွေရဲ့ဒုက္ခတွေကို ရောင်းစားနေကြ လုပ်စားနေကြ ၎င်း၏NGO ဆက်လက်လုပ်ဆောင်နိင်ရေးအတွက် အကျင့်ပျက်ချစားနေကျ စစ်ရာဇဝတ်ကောင်တွေထံ ပြည်တော်ပြန်နိုင်ရေးအတွက် အဓိကထား ကျိုးစားအားထုပ်မူ့များ ဖြစ်နေသည်ကို တွေ့မြင်ရပါသည်။

“(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို

ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။

၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား

မှုများတွင် တက်ကြွစွာပါဝင်

နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။) “

နိုင်အောင်-မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်- (စာမျက်နာ-၅၊ စာကြောင်း-၁၉-၂၂)

ဤစာပုဒ်သည် မူလဖြစ်ပေါ်လာခဲ့သော ABSDF-မြောက်ပိုင်း လူသတ်မူကြီးများ ပေါ်လာခဲ့သော ဇာတ်လမ်းအစကို ပြန်လည်ဖေါ်ဆောင် ရည်ညွန်းပြသနေပြီ မိမိတို့အနေနှင့်မတိကျ မရေရာပဲ တက်ကြွစွာလုပ်နေသူတွေ၊ ကိုယ်ထက်တော်တတ်သူများအပေါ် မနာလိုဝန်တိုစိတ်၊ နယ်မြေစွဲနှင့်လူမျိုးရေး မုန်းတီးစိတ်၊ မိမိ၏ပြိုင်ဖက်ကို မတရားနည်းဖြင့်ခြေမှူန်းလိုစိတ်၊ ဒီမိုကရေစီ စံနစ်အား ဆန့်ကျင့်လိုစိတ်၊ လူအခွင့်အရေးအား ဆန့်ကျင့်လိုစိတ်၊ တရားဥပဒေ ဆိုသည်ကို မိမိလုပ်ပိုင်ခွင့် သို့မဟုတ် အာဏာရှိစဉ်အတွင်း မိမိကိုယ်ကျိုးအတွက်သာ ယုံကြည်လိုစိတ် တနည်းအားဖြင့်ဆိုသော အာဏာရှင်စိတ်ရှိသူတို့ သာလျှင်နိုင်ငံရေး စကားလုံးသုံး၍ လွဲကူစွာဖြင့် သူတပါးဘဝ ပြက်စီးဆုံးရှုံးဆိုစေလိုသော လူသတ်မူကျူးလွန်နိုင်သော ဝါဒရှိသူများ၏ လက်သုံးစကား ဖြစ်နေသည်ကို တွေ့ရှိနိုင်သည်။

အကြံပြုချက်- ၁) ယ္ခုကိစ္စများကို ယ္ခုလိုအပြန်အလှန် စာထုပ်ရှင်းတာထက် သူလျှိုအဖြစ် မတရားစွက်စွဲ၍ အဖျက်စီး ခံလိုက်ရသူများ၏ ဘဝအတွက်ရော၊ ထိုလူသတ်မူကြီးကို ကျူးလွန်ထားသူများအားလုံး အားလုံးအတွက် တရားခွင်မှာပြောကြဖို့ဟာ အဓိကလိုအပ်ချက် ဖြစ်တဲ့အတွက် ပြစ်မူ့ဆိုင်ရာတရားရုံးတော် ပေါ်မှာသာလျှင် ဆက်လက်လုပ်ဖို့လိုပါကြောင်း၊

အကြံပြုချက်- ၂) ထိုသို့ဖြစ်ပေါ်လာခဲ့သော ABSDF-မြောက်ပိုင်း လူသတ်မူကြီးနှင့် သက်ဆိုင်သည့် သက်သေခံ အထောက်ထားများကို လူသတ်မူ့ကျူးလွန်ထားသူများဟု ဆိုသူများအနေဖြင့် ဖျက်စီးဖို့ကျိုးစားအားထုပ်မူ့ကို လုံးဝရှောင်ရှားရန်၊ ထိုလူသတ်မူ့ကြီးနှင့် ပါတ်သက်သည့် သက်သေခံ အထောက်ထားများကို ထိုကျူးလွန်သူများအနေဖြင့် ဖြောက်ဖျက်ရန် ကျိုးစားအားထုပ်မူ့ ရှိခဲ့သော် ထိုသို့ဖြောက်ဖျက်ရန် ကျိုးစားအားထုပ်မူ့၏ အကျိုးဆက်ကိုပါ တပေါင်းတည်းကျခံရမည်ဖြစ်ကြောင်း။

အချုပ်အားဖြင့်ဆိုသော ABSDF ဥက္ကဌဟောင်း နိုင်အောင်၏ ထွက်ဆိုချက်သည် ABSDF-မြောက်ပိုင်း လူသတ်မူကြီး၏ အဖြစ်မှန်ကို မိမိကိုယ်ကျိုးအတွက် ကာကွယ် ထွက်ဆိုထားသည်သာဖြစ်ပြီ၊ ရိုးသားမူမရှိသိအပြင် ရည်ရွယ်ချက်ရှိရှိနှင့် ရေးသားထွက်ဆိုမူ့များ ဖြစ်ပေါ်နေသည်ဟု လက္ခံယုံကြည်နိုင်ပါသည်။
· · · Share · Delete

  • BarBu Abnb and 4 others like this.
  • 3 shares
    • BarBu Abnb ထိုသက်သေပစ္စည်းများဘာမှမရှိပါဘူး။တပ်ထဲမှာဘယ်ရဲဘော်မှလဲမမြင်ဘူးပါဘူး။
      အဲဒါကြောင့်ချမပြရဲတာပါ။



      မဟာမိတ်တွေကိုလဲမပြဘူးပါဘူး
      March 29 at 7:14pm · · 2
    • Ko Lin Wai Aung လက်နက်တွေ၊ဆက်သွယ်ရေးကရိယာတွေ...တဲ့...နိုင်အောင်လိမ်သလား.. .အောင်နိုင်လိမ်သလား...စောင့်ကြည့်ကြစို့...ဘာမှမရလို့လက်ပြတ်၊ခြေပြတ် ခေါင်းပြတ်ခဲ့ကြရတာ...အောင်ထူးက၁၅လက်တောင်ဆိုဘဲ....
    • Yamoun Nar · Friends with Kyaw Gyi AB and 144 others
      http://www.naytthit.net/?p=25912
      www.naytthit.net
      မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
      April 4 at 8:20pm · ·

No comments:

Post a Comment