Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၂


by ဘရာဇီး ငှက်ရိုး on Sunday, April 8, 2012 at 1:10am ·
မြောက်ပိုင်းရဲ့ နိဒါန်းအစ လို့ အစချီပြီး ဒေါ်လှိုင်ပြောသွားတဲ့ အပိုင်းမှာ နယ်မြေ အသီးသီးက အုပ်စုလိုက်တွေ ရောက်လာတာမို့လို့

" အုပ်စုတစုစီအတွင်းမှာရော အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့ကြတယ်။"

အာဏာလုပွဲ နေရာလုပွဲလေးတွေလဲ ဖြစ်ခဲ့ဖူးသေးကြောင်း ထင်ရှားပါတယ်...

" ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄) အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့... နန်းအောင်ထွေးကြည်နဲ့ အတူတူလာခဲ့တဲ့ တိုက်ပိတ်....၊....၊......၊.... သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။"

သင်တန်း အပတ်စဉ် (၅)နောက်ပိုင်း ကတည်းက အခြေအနေက ရှုပ်ထွေးလာပုံ ရပါတယ်... ပါးစပ်ကို တိတ်နဲ့ကပ်ပြီး မျိုးဝင်းကို ဆန္ဒပြခဲ့လို့ ခေါင်းဖြတ်သတ်ချိန်မှာ အရင်တုန်းက ငါ့ကို လုပ်ခဲ့သလို လုပ်နိုင်သေးလားကွ ဆိုပြီး မေးခဲ့တယ် ဆိုတာလေး ဖတ်ဖူးတော့ ကျောင်းတော်က ရန်စလဲ ပါမှာပါပဲ...

တိုက်ပိတ်ရဲ့ "နာမည်အ ရင်းက သန်းထွန်းစိုး (မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့ ပထမဆုံးစွပ်စွဲခံခဲ့ရသလို" ဆိုတော့ အထင်လေးနဲ့ ရေးထားတဲ့ အပိုင်းတွေ ပါလာပါတယ်... ပထမဆုံး ထောင်ကျအောင် လုပ်ခဲ့တဲ့ သူတွေလဲ ရှိမှာပါပဲ... လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်...

အောက်ကလင့်ခ်က မူရင်းလင့်ခ်ပါ...
http://www.mizzima.com/edop/interview/2244-fdb-denies-having-contact-with-yettaw.html ဖြစ်နိုင်ခြေ ရှိမရှိကို စာဖတ်သူတို့ သုံးသပ်ဖို့ပါ...

" မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက် ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ)" မြက်ခင်းသစ်က ပုံကိစ္စတော့ ရှာမတွေ့ သေးလို့ တင်မပေး နိုင်သေးပါ (အောက်ဘက်ကွန်မန့်တွင် မြက်ခင်းသစ်မဂဇင်းကို တင်ပြပေးထားပါတယ်)... သတင်းစာတွေ မဂ္ဂဇင်းတွေ ထဲမှာ ဟိုးလေးတကျော် ပါလာပေမဲ့ စစ်အစိုးရက ဝါဒဖြန့်တယ်လို့ ယုံကြည်နေတာကြောင့် ပြည်သူတွေ ကြည့်ကိုမကြည့်တဲ့ထဲမှာ ဒီမဂ္ဂဇင်းလဲ ပါနေပါတယ်... အခြေအနေကို သုံးသပ်လို့ ရအောင် ရှာဖတ်ကြည့်စေချင်ပါတယ်... သံချောင်းအမှုတွဲ တက်လာတော့ ၁၉၉၂က ထွက်ပြေးလာသူတွေကို ခေါ်ယူ အမှုတွဲ တင်လို့ သေဒဏ်(၅)ကြိမ် ကျသွားတာလို့ ကျနော်ကတော့ ထင်ပါတယ်... သို့သော် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ် အတွက် တော်လှန်ရေး လုပ်နေခြင်း မဟုတ်တော့ပဲ ရှမ်းတောင်ပိုင်းတပ် အနေနဲ့ အလင်းဝင်ရင်း ပြုခဲ့တဲ့ ကုသိုလ်လေးတွေကြောင့် ခုလိုမျိုး နှစ်ရှည်ထောင်ဒဏ် သေဒဏ် စတာတွေနဲ့ သံချောင်း ထောင်ကျနေတာလဲ ဒေါ်လှိုင့်ကို ထည့်ရေး စေချင်ပါသေးတယ်...

အခြားအပိုင်းတွေကတော့ ရန်ကုန် မန်းလေး ကျောင်းသားတွေနဲ့ ဒေါ်လှိုင့်အဆိုအရ ဒေသခံတွေရဲ့ ကွာခြားပုံလေးတွေပါ... ဖြစ်တတ်တဲ့ သဘာဝပါ... မွေးဖွားရာ ဒေသနဲ့ အံဝင်ခွင်ကျ ဖြစ်တတ်တဲ့ အခြေအနေပါ... အထူးအထွေ သုံးသပ်စရာ မရှိပါ...

"စနေ၊ တနင်္ဂနွေကလွဲရင် မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊ ၀ါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ) တွေနဲ့ပါ။" ဒီအရေးအသားကတော့ နောက်ပိုင်းမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူ ဒေါ်လှိုင့်စီနီယာ ရဲဘော် ရဲမေတွေ နေ့စဉ် လုပ်ကိုင်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေပါ... ညဘက် ရောက်တိုင်း ကက်ဆက် ဖြစ်သွားရတာလေးတွေ စာရှု့သူတွေ ဖတ်ဖူးပြီးလောက်ပြီလို့လဲ ယူဆပါတယ်... ကိုရဲလင်းမိခင်ကြီး ရေးတဲ့စာမှာ ပါဂျောင် အကျဉ်းစံတွေက The Nation သတင်းစာပါ ကိုရဲလင်း၊ မငယ်၊ ကိုကျော်နိုင်ဦး၊ ကိုညီညီ တို့ရဲ့ မိဘ ဖြစ်တဲ့ သူတွေ အေးရင် မီးလှုံဖို့တောင် ထင်းစည်းတွေ သယ်လာပေးပါသတဲ့... ဒေါ်လှိုင်က ကြုံတွေ့ရသမျှ ရေးတာမှာ အထင်တွေများပြီး ကိုရဲမိခင် ကျောင်းအုပ်ဆရာမကြီး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ရေးခဲ့တဲ့ ဗလာစာအုပ်က စာတွေက မျိုးဝင်း အောင်နိုင် သံချောင်းတို့ကိုတောင် မိဘတွေ ပြန်ခါနီး ကလေးတွေကို မိဘတွေနဲ့ ပြန်မထည့်နိုင်သေးတဲ့ အတွက် တောင်းပန်ကြောင်း ထိုင်ပြီး ကန်တော့ကြတယ်လို့ ရိုးရိုးလေး ရေးထားပါတယ်... သူတို့ ကလေးတွေကို ထားခဲ့ပြီး ပြန်ရတော့ မျက်ရည်ကျမိကြောင်းလဲ ရေးထားပါသေးတယ်... "ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့ သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။" တိုက်ပွဲတွေမှာ သံချောင်းထိခိုက်စဉ်က ကျောင်းသားတပ်အတွက် တိုက်ခိုက်ရင်း ထိခိုက်သွားတာမို့ ကိုသံချောင်းရဲ့ ရဲရဲတောက် ကျောင်းသားစိတ်ကို ဒီနေရာကနေ ဂုဏ်ပြုလိုက်ပါတယ်... လက်ရှိမှာလဲ တိုက်ပွဲဝင်ရင်းဆိုတာတော့ ဒေါ်လှိုင် ဖောတာ နဲနဲများသွားပြီ... အထက်က ပြောခဲ့သလိုပါပဲ... SSAတပ် အနေနဲ့ ဖမ်းခံထိတာပါ... အရှင်ဖမ်းမိတဲ့ ရန်သူ့စစ်သားကတော့ အိမ်ပြန်ဖို့ လမ်းစရိတ်တွေ ဘာတွေ ရပြီးပြန်သွားရတယ်... ဒေါ်လှိုင်တို့ရဲ့ ရဲဖော် ရဲဖက် ဖြစ်သူတွေကတော့ တချို့သတ်တာခံရ တချို့ နှိပ်စက်ခံရတာတွေကို ထည့်မပြောတာ စိတ်ပျက်စရာပါ... "(၁၉၉၀ – ၁၉၉၁) ကျောင်းသားတပ်မ တော် (မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီ ဖွဲ့စည်းပုံအရလည်း ပြဿနာမရှိခဲ့ပါဘူး။ဒီအနေအထားအထိတော့ ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သေးတဲ့ ကျောင်းသားတပ်မတော်ပါပဲ။" အထက်မှာတုန်းကတော့ ဒေသမတူ အုပ်စုမတူတာချင်းတွေက ပြသနာတွေရှိနေသလို ပြောလာပြီး ခုတော့ လည်ပင်းဖက်ပေါင်းနေသလို ရေးနေတာလဲ အံ့သြမိတယ်... " ခေါင်း ဆောင်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ လူတစုက တစုံတခုသောရည်ရွယ်ချက်အတွက် ABSDF(မြန်မာပြည်မြောက်ပိုင်း) ကို ABSDF (အထက်ဗမာပြည်) အဖြစ် ပြောင်းလဲနိုင်ဖို့ မြောက်ပိုင်းဗဟိုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြမယ် ဆိုရင်တော့ အဲဒီအရာသာလျှင် ပြဿနာရဲ့အရင်းခံ ဖြစ်လာမှာတော့ မုချမလွဲပါပဲ" ဝေ့လည်ကြောင်ပတ် ရေးသွားသလို ဖြစ်နေလို့ နားမရှင်းပါ... ABSDF(စစ်ကိုင်း)တို့ ဘာတို့ပဲ ဖတ်ခဲ့မိသလိုပါပဲ... မေးစရာ အင်မတန် ကောင်းတဲ့ အချက်ပါ... သိလဲ သိသင့်ပါတယ်... ပြသနာရဲ့ အရင်းအမြစ်ဟာ ကိစ္စ အတော်များများကြောင့် ဖြစ်လာတာကို စာဖတ်သူတွေ နားလည်နေပေမဲ့ "ABSDF(မြန်မာပြည်မြောက်ပိုင်း), ABSDF (အထက်ဗမာပြည်)" ဆိုတာကတော့ ရှင်းမပြရင် အပြင်လူတွေ သဘောမပေါက်နိုင်တဲ့ အရေးအသားပါ... "ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။" ဒေါ်လှိုင်အနေနဲ့ ဒီလိုရေးလိုက်တာက ဒေါ်လှိုင်က ယူဂျီလမ်းကြောင်းကို စီးထားနိုင်တဲ့ သူလျိုတစုဆိုတော့ ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ဒေါ်လှိုင် သိနေပြီးသားလို့ ယူဆရပါတယ်... "မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊" ဒေါ်လှိုင်ရေးတာ အကြည်တော်ရဲ့ ဇာတ်ကောင် ဘီလူးက ဧရာဝတီ အတိုင်း စုန်ဆင်းသွားပြီး အင်္ဂလန်က ဘုရင်မကြီး သွားသတ်လိုက်ရင်တော့ ဒို့တွေ လွတ်လပ်ရေး ရပြီ ဆိုပြီး လှေကလေးနဲ့ မြစ်ကြောင်း အတိုင်း စုန်ဆင်းသွားပါရောလား... အဲ့ဒီကတည်းက ဘီလူးသတင်း မကြားရတော့တာ အခုထိပါပဲလို့ ဆိုတာမျိုး ဖြစ်နေပြီ... နောက်ဆုံး အသိပေးချက်ကလေးကတော့ ကျနော် ကိုယ်တိုင်လဲ အဲ့အတိုင်းခံယူထားပြီး မှားယွင်းရေးသားမိရင် တောင်းပန်ရမှာ လူ့ဝတ္တရားနဲ့ လူ့တန်ဖိုးပါ... မြောက်ပိုင်းကေ့စ်မှာ အမှုမှန် ပေါ်ဖို့ ဘယ်နည်းကို သုံးသုံး တရားတယ်လို့လဲ ခံယူထားပါတယ်... အမှန်တရား ပေါ်အောင် ဆောင်ရွက်ပေးချင်သူတွေ အားလုံးနဲ့ လက်တွဲ နိုင်ပါတယ်... ကြိုဆိုလျှက်ပါ...

ဘရာဇီးငှက်ရိုး
လူသတ်ဝါဒ ကျဆုံးပါစေ...
· · · Share · Delete

1 comment:

  1. http://www.mizzima.com/edop/interview/2244-fdb-denies-having-contact-with-yettaw.html

    ReplyDelete