Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၎


by ဘရာဇီး ငှက်ရိုး on Monday, April 9, 2012 at 6:00pm ·
စစ်ဆင်ရေး အတွင်းမှာ သိုလှောင်ထားတဲ့ ဆန်တွေနဲ့ ပတ်သတ်ပြီး သင်္ကာမကင်းခံရသူ "ထွက်ပြေးခဲ့တဲ့ စိုးမင်းအောင် (မန္တလေး)"... ကိုထိန်လင်းကတော့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်မခံနိုင်လို့ ပြန်ပြေးတဲ့သူလို့ ဆိုပါတယ်... ဒေါ်လှိုင်ဘက်ကသာ တိတိကျကျ မည်သူ မည်သူတွေကိုပါ စိုးမင်းအောင်နဲ့ အတူ စောင့်ကြည့်ခံရတယ်... အခြေအနေ ဘယ်လို ဖြစ်နေပြီ ဆိုတာလောက်ကို တိတိကျကျ ရေးပြလိုက်ရင် ရှင်းနေပါတယ်... သူတဦးတည်းကို စောင့်ကြည့်တာမှ မဟုတ်တာ... အခြား စောင့်ကြည့်ခံရသူ တွေကိုပါ အခု စာရင်းမှာ ထည့်ရေးသင့်ပါတယ်... အမြင်ရှင်းသွားအောင်ပါ...ကိုထိန်လင်း ပြောပြချက်တွေက



မူရင်းလင့်ခ် (http://8-8-88.blogspot.com/2012/02/blog-post_16.html)
မူရင်းလင့်ခ် (http://www.dawnmanhon.com/2012/02/blog-post_5005.html) ကိုသန်းထွန်းစိုး(ခ)တိုက်ပိတ် ပေါ်ထွက်လာပါပြီ... ရှင်းကြဖို့ပဲ လိုပါတယ် ဒေါ်လှိုင်ရေ...

အောက်ပါလင့်ခ်မှာ ကြည့်ရှု့ပါ(http://www.facebook.com/photo.php?fbid=202017996576088&set=a.114063138704908.18988.100003036666936&type=1&theater) ထောင်ပုံပြင်တွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ... တိုက်ပိတ်ကိစ္စနဲ့ ခွဲမှုးစောသက်ထွန်းကိစ္စက သေသေချာချာ လေ့လာပြီး ဖော်ထုတ် သင့်ပါတယ်... အမှန်အတိုင်းပဲ ကျူးလွန်ကြရင် ကျူးလွန်သူတိုင်း အပြစ်ခံကြရပါမယ်... "ကိုယ်ခိုင်းခဲ့တဲ့ ရဲဘော်တယောက်ကို ကိုယ်အာဏာ လက်ရှိရှိနေဆဲအချိန်မှာ ကာကွယ်မပေးခဲ့ဘဲ ဘာဖြစ်လို့ သူတို့ကိုယ် တိုင် ရိုက်စစ်တာမခံရသေးဘဲနဲ့ “ဟုတ်တယ်” လို့ အဲဒီအချိန်က ဖြေခဲ့သလဲဆိုတာကို မန္တလေးမှာ လက်ရှိရှိနေတဲ့ ဗန်း မော်ခရိုင်မှူးလုပ်ခဲ့တဲ့ ကိုညီညီကျော်ကို ကျေးဇူးပြုပြီး အချက်အလက်အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။" သူလျို ဖော်ထုတ်ရေးဆိုတဲ့ ကိစ္စကြီးကို အသဲအသန် လုပ်ဆောင်ဖို့ မျိုးဝင်းတို့ စတင် လုပ်ဆောင် ကြကတည်းက ဥက္ကဌဖြစ်သူ ကိုထွန်းအောင်ကျော် ခွင့်မပြုချင် ပြုချင်နဲ့ လုပ်ပိုင်ခွင့်အားလုံး ပေးခဲ့လိုက်ရတယ် ဆိုတာလေး ထည့်ပြော သင့်တာပေါ့... ပြန်ပြီး အစဆွဲထုတ် လိုက်ရအောင် အစကနဦး ဖမ်းခံရသူက ကိုမြတ်ကို ဘာအမှုတွေနဲ့ သေဒဏ်ပေးခဲ့ကြသလဲ... ဦးစီးလွှမ်းမိုးကိုရော ဘာအမှုတွေကြောင့် သေဒဏ်ပေးခဲ့ ရပါသလဲ... (ဘယ်လောက်များ ဆိုးဝါးတဲ့ အပြစ်ကို ကျူးလွန်မိလို့ သေဒဏ်အထိ အပြစ် ပေးပြစ်ရပါသလဲ...)... ဥက္ကဌဖြစ်သူ ကိုထွန်းအောင်ကျော်က မဖြစ်သင့်တာ မဖြစ်ကြရအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ဘယ်သူတွေကို ဘယ်လိုတွေ ပြောခဲ့ပါသလဲ... အကုန် ဖော်ပြောပါဒေါ်လှိုင်... အမှန်တရား မြတ်နိုးသူ ဆိုရင် အကွက်မကျော် သင့်ပါဘူး... "ရိုက်စစ်" လို့ ရေးထားလေတော့ ဒေါ်လှိုင်တို့ ဆီက လူတွေက ကိုယ်တိုင် ရိုက်နှက် စစ်ဆေးမှ ယုံကြည်သူတွေ (လုပ်လဲလုပ်ခဲ့ကြဖူး) ဆိုတာ ရှင်းနေပါပြီ... ရှင်သန်နေသူ ကိုညီညီကျော်ဆိုတာ ဒီပြသနာ ပေါ်မလာခင်ကတည်းက Kyaw Gyi (AB) ညီညီကျော် ဆိုတဲ့ ဖေ့စ်ဘွတ်စ် စာမျက်နှာကြီးမှာ ပြူးတူးပြဲတဲ ရေးထားတဲ့ ပုဂ္ဂိုလ်ပါ... ကျနော်တောင်မှ ဒီလူ့နှယ် နိုင်ငံခြားတိုင်းပြည် ရောက်နေလို့သာ အဲ့သလို ပေါ်တင်ကြီး ရေးတင်ထားတယ် မှတ်နေတာ နောက်မှ မန်းလေးကနေ သုံးနေမှန်း သိသွားပါတယ်... ကဲ... မန်းလေးပွဲ လုပ်ဖို့ စတင် အကောင်အထည် ဖော်သူပါ... "အနှစ်နှစ်ဆယ်ပြည့် ဆွမ်းသွတ် ဓမ္မဒါနပွဲလေး လုပ်မယ်... ငါ့ကိုဆက်သွယ်ကြပါ... ငါ့ဖုန်းနံပါတ် .....)လို့ ရေးပြီး ပွဲဖြစ်မြောက်အောင် ဆက်သွယ်ဆောင်ရွက်ခဲ့သူပါ... ဒါကြောင့်မို့လို့လဲ အောက်ပါ ဓါတ်ပုံလင့်ခ်ကို တင်ပေးလိုက်ပါတယ်... အောင်ဆွေဦးက ပြောပါတယ်တဲ့... ကဲ... ဆင်ခြင်သုံးသပ်နိုင်ပါစေ...

မူရင်းလင့်ခ် - (http://www.facebook.com/photo.php?fbid=366377276739132&set=a.308168309226696.68726.100001005872314&type=1&theater)... "နန်းစောက ထောက်လှမ်းရေးဟုတ်တဲ့အကြောင်း သူ့ထွက်ဆိုချက်တွေ လက်မှတ်ထိုးထားတွေရှိတယ် ဖတ် ကြည့်မလားလို့ မေးတယ်။ ကျမက လူတယောက်ကို ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။ နှစ်ယောက် တည်း ပေးတွေ့ပါလို့ပြောတော့ ကိုသန်းဇော်က “ဟုတ်ရင် မင်းသူ့ကို ပါးရိုက်မလား” လို့ ဖြတ်မေးတယ်။ နှစ်ယောက်ထဲ ပေးတွေ့လို့ သူ့ပါးစပ်က ဟုတ်ပါတယ်လို့ ကျမကိုပြောခဲ့ရင် ကျမကိုယ်တိုင် သတ်ပစ်မယ်လို့ ပြန်ပြောခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ ဘူး။"ဘုရား ဘုရား ဒေါ်လှိုင်ရဲ့ စကားလုံးတွေထဲမှာ သတ်ပစ်မယ် ဆိုတဲ့ တရားစကားတွေ မြင်တွေ့လာရပါလား... ရိုက်နှက် နှိပ်စက်ပြီး စစ်ဆေးခဲ့ကြတယ် ဆိုတဲ့ ကိစ္စတွေ ပါဝင်လာပါပြီ... ကိုထွန်းအောင်ကျော်တို့.. ကိုညီညီကျော်တို့ဟာ မျိုးဝင်းတို့ လုပ်ကိုင်တဲ့ သူလျို ဖော်ထုတ်ရေး လုပ်ငန်းစဉ်က တင်ပြသမျှတွေကိုပဲ ဖတ်ပြီး ဝင်စွက်ဖက်ခွင့် မရတာလေးလဲ ရေးပါဦး ဒေါ်လှိုင်... ရှင်သန်နေသူတွေ ပါဝင်ပတ်သတ်ဖူးသူတွေ မြောက်ပိုင်းသားတွေ ရှင်းလင်းကြရမဲ့ ကိစ္စပါ... “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” ဆိုတော့ ဒေါ်လှိုင်ကော သွားအဖမ်းခံလိုက်သေးလား သိချင်ပါတယ်... " တော လမ်းအတိုင်း(ဒေါ်လှိုင် ပြောတဲ့ လျို့ဝှက်လမ်း) ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။" ဒါ ကတော့ ကျနော်လိုချင်နေတဲ့ အဓိက အဖြေပါပဲ... ဒေါ်လှိုင့်လို သာမာန် ရဲမေလေးလောက်တောင်မှ ကိုယ့်စခန်းထဲ သွားလာခွင့်ကို အကြောင်းကြားရတယ်နော်... ယခု လောလောဆယ် ဖြစ်နေတဲ့ ပြသနာက ဒေါက်တာ နိုင်အောင် ဖေဖော်ဝါရီ လာတယ် မလာဘူး ငြင်းခုန်နေကြတဲ့ ကိစ္စပါ... စခန်းမှာ လူအဝင်အထွက်တွေ မှတ်သားထားတဲ့ မှတ်တမ်းကလဲ အဓိက အရင်းအမြစ် အဖြစ် အရေးကြီးလာပါတယ်... စခန်းမှာ ရှိတဲ့ သာမာန် ရဲဘော်ရဲမေတွေကိုတောင် စစ်ဆေးပြီးမှ သွားလာခွင့်ရှိတာ သိရလို့ ကျေးဇူးပါ... ၁၉၉၂က စာထုတ်ခဲ့ပြီး အခုမှ ကြောင်တောင်တောင် ဖြစ်နေရှာတဲ့ ဒေါက်တာကြီးအတွက် သက်သေပေါ့... ကျေးဇူးပါ ဒေါ်လှိုင်... ကိစ္စ အသေးအဖွဲ လေးတွေက အစ အင်မတန် အရေးကြီးပါတယ်... သုတေသန ဌာနမှာ သိမ်းထားတဲ့ စားရင်းတွေလဲ မပျောက်ပျက်ရအောင် ဂရုစိုက်ပေးပါဦး... “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။ မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မ ဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။ ခင်မောင်ဇော် (မန္တလေး၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန် လွတ်) ဆိုကြည့်စမ်း ငါဘယ်လောက် ယုံကြည်ခဲ့သလဲ စစ်ရုံးကိုကိုင်ခိုင်းထားတာ ဒီကောင်က“ဒလမ” ဖြစ်နေတယ်။ ကြောင် (ကျော်နိုင်ဦး) သာယာဝတီ၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း GS က ယုံကြည် လို့ သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ” ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ”ဆိုတော့ အဲ့ဒီ ဥက္ကဌကို ဖမ်းခဲ့တဲ့ ၉၀% လောက်ပဲ သေချာတဲ့ အထောက်အထားတွေ ကြည့်ကြရအောင်... မဟာမိတ်တွေနဲ့ အယုံအကြည် မပျက်ရအောင် နောက်ပိုင်းမှာ ထိုင်းစစ်သားဆီက သေနတ်လုတဲ့ (၄)ဦးကို ဘယ်လို ရှင်းခဲ့ကြပြီး ယုံကြည်မှု တည်ဆောက်ကြတုန်းလဲ သိချင်ပါသေးတယ်... ခင်မောင်ဇော် မန်းလေးကိစ္စ ကတော့ ကျနော် သေချာမသိသေးပါ... "ကြောင် (ကျော်နိုင်ဦး - အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်)" ကိုကြောင်လို လူမျိုး (ဒေါ်လှိုင် ပြောသလို သူလျိုက) ဘယ်နှစ်နှစ်နေပြီးတော့မှ ပြန်လွတ် ဆိုပြီး ဖြစ်သွားတာလဲ... မိဘတွေ လာခေါ်တုန်းက ပြန်မထည့်လိုက်တဲ့သူလို့ သိကြရပါတယ်... ရော်နယ်အောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ဒေါ်လှိုင်နဲ့ အောင်နိုင်ကရော ဘာကြောင့် အဖမ်းမခံရပဲ... အေးဆေးဖြစ်သွားရတာလဲ... ဒါလောက် မန်းလေးသားတွေ တဖွဲဖွဲ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံနေရတာမှာ တစက်ကလေးမှ တို့ထိ မခံရပဲ အဖမ်းခံ စာရင်းမှာ မပါဝင်တဲ့ နည်းကလေးများ ရှိရင် ဘယ်လိုနည်းလဲ သိချင်ပါတယ်... နောက်ပြီး ဘယ်လောက် နှိပ်စက်သတ်ဖြတ် နေတာ ရော်နယ်အောင်နိုင် မြင်ထားသလဲတော့ မသိဘူး... ငါတော့ အသားအနာမခံဘူး ဟုတ်တယ်လို့ ဖြေမှာပဲ ဆိုတော့ ဒေါ်လှိုင်တို့ ဖမ်းခံမထိတာ ကုသိုလ်ထူးလို့တော့ မဟုတ်လောက်ဘူး... နည်းလမ်းကောင်းတွေများ ရှိနေသလား... "မျက်လုံးချင်းစုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။ တချက်မှ ကျမကို မကြည့်ကြဘူး။" ကိုယ့်ထက်ငယ်တဲ့ ရဲဘော်ရဲမေတွေကတောင် ကိုယ့်ကိုစာနာ ခဲ့ဖူးတာကို အခုစာနဲ့ ကျေးဇူးဆပ်ချင်နေပုံ ရပါတယ်... ကိုထွန်းအောင်ကျော်က အဖမ်းခံနေရတဲ့ ရဲဘော်တွေနဲ့ အတူ နေဆာလှုံရင်း "ကျမကိုကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို မမေ့ပါ ဘူး။" ဒီမြင်ကွင်းကို လုံးဝ မေ့မပစ်ပါနဲ့... ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်လှိုင်, ရော်နယ်အောင်နိုင် အခြားဘယ်သူများ အပြင်မှာ ဘာအစစ်အဆေး အမေးအမြန်းမရှိ မှဲ့တပေါက် မစွန်းပဲ နေနိုင်ဖူးပါသလဲ... "ရဲဘော်အောင်စိုးမြင့်က ကျမကို ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့ တကျပ်တန် ငွေစက္ကူတွေနဲ့ပတ်သက်ပြီး မေးခဲ့တာရှိတယ်။" အခုထိ အခြား အေဘီ အဖွဲ့ဝင်တွေ သံသယနဲ့ မေးမေးနေတဲ့ ငွေစက္ကူက ဒေါ်လှိုင်ဆီ ကလာတာပဲကိုး... ဒေါ်လှိုင့် အယူအဆက တခုခုတော့ လွဲနေသလိုပဲ... ဘာပဲဖြစ်ဖြစ် သတ်ဖြတ်တာကို ထောက်ခံနေသလိုလို ရေးသားနေတဲ့ အယူအဆတွေကို တွေ့ရတော့ စိတ်ပျက်စရာပါ... ဒါ့အပြင် မျိုးဝင်းရဲ့ လူယုံဖြစ်တဲ့ နင်းဂျားတို့လို သားသတ်သမားလို ကောင်တွေကို မြုပ်ပြီး ရေးနေတာလဲ စိတ်ပျက်စရာပါပဲ... စိုးမင်းအောင်ကို သေသည်အထိ ရိုက်နှက် စစ်ဆေး ဖော်ထုတ်ချက်တွေ ကြောင့် လူစာရင်း၅၀ ကျော်ထွက်လာတယ်... ခွဲမှုးစောသက်ထွန်းလို အခြားလူရဲ့ လက်အောက်က တပ်သားလောက်အဆင့်က လူ၅၀ ကျော်စာရင်းကို ဘယ်သူတွေ ဘယ်သူတွေ ဆိုပြီး ပြောနိုင်လောက်အောင် မြောက်ပိုင်း ပါဂျောင်က လူတွေကို အကုန်သိ အကုန်မှတ်မိ ဖြစ်သွားရောလား... လူနဲ့ နာမည်တွေရော မှန်ပါ့မလား... တိုက်ဆိုင်မှု ဆိုရင် လူ၅၀စာရင်း ထွက်တယ်ဆိုတော့ အတင်း စာရင်းမထွက် ထွက်အောင် ဖော်စစ်ကလေး စစ်ပြီးတော့ သေသည်အထိ နှိပ်စက်ခဲ့တာ များလား... စိုးမင်းအောင် သေတော့ ကိစ္စပြတ်သွားပြီ ထင်ပါသလား... စဉ်းစားစရာတွေ အများကြီးပါ ဒေါ်လှိုင်... ဒေါ်လှိုင်က ကိုယ့်ဘက် မြှားဦးလှည့်မှ လှုပ်ရှားတတ်တဲ့သူပါ... ရိုးသားတဲ့ ရဲမေဆို အစကတည်းက အမှန်အတိုင်း မျှမျှတတ ရေးပြီး သွားလောက်ပြီ... အခုတောင် ဒေါ်လှိုင့် အခြေအနေ ပျက်ယွင်းလာမှ ဝင်လာတော့ အချိန်က တော်တော်နောက်ကျနေပြီ... ဒါဟာ ဒီကေ့စ်ကို လေ့လာနေသူတွေရဲ့ မျှတတဲ့ အတွေးပါ... အတော်များများ သိတဲ့ သာမာန်ရဲမေလေးရဲ့ စာက အချိန် နှောင်းနေပြီ... ပြီးတော့ အခုထိ ရေးသားချက်တွေက တော်လှန်ရေးနေ့(တပ်မတော်နေ့)ကနေကို မတက်သေးဘူး... တရက်ထဲ ရေးတဲ့ အပိုင်းများစွာက မြှုပ်ကွက်တွေ များပါတယ်... အကုန်ချမရေးပဲ... ကိုယ်အလွတ်ကလေး ရေးလို့ စာဖတ်သူတွေ မယုံကြည်ကြတာပါ... နေ့သစ်က ကွန်မန့်တွေ ဒေါ်လှိုင် ပြန်ဖတ်မိတဲ့ အခါ စိတ်မကောင်း ဖြစ်သွားမှာပါ... "ခရိုင်မှူး ကိုစိန်အေးကလည်း (မိုးညှင်း၊ ကိုသန်းဇော်နဲ့အတူ စစ်အ စိုးရ အဖမ်းခံ၊ ထောင်ကျ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန် ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာရှိတယ်။ “မင်းက အကုန်လုံးပြောစရာမရှိဘူး။ ကောင်းတယ်။ တခုလေးပဲ မှားနေတယ်” တဲ့၊ “အဲဒီ မှား နေတဲ့တခု က ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။" ဒေါ်လှိုင်က အမှန်တကယ်လဲ အကုန်သိတယ် အကုန်ကောင်းတယ် ရူးလဲမနေဘူး... သို့ပေမဲ့ မှားနေတာက အယူအဆလေးပါ... အဲ့ဒီ အယူအဆလေးကလဲ လူသတ်ဝါဒ အားပေးသလို ဖြစ်နေပါတယ်... "သင်တန်းတက်နေရင်း တညနေမှာ ဖျားနာခြင်း လုံးဝမရှိဘဲ အ ကောင်းကြီးကနေ တကိုယ်လုံး ညောင်းကိုက်ပြီး အန်တာနဲ့ ၀မ်းလျောတာနဲ့ တပြိုင်တည်းဖြစ်ပြီး သတိလစ်သွားတယ်...၊....၊....၊... သံချောင်းက- “ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။"....၊....၊....၊... အခုနေပြန်စဉ်းစားရင် အဲဒီအချိန်က သတိလစ်ပြီးဆေးရုံရောက်သွားတာ အဆိပ်များမိခဲ့သလားလို့တောင် သံသယဖြစ် လာတယ်။ အဲဒီလိုဖြစ်ခဲ့တာဟာ ကျမအတွက်အကောင်းလား အဆိုးလား ကျမ မသိဘူး။" အဲ့ဒီအချိန်မှာတော့ မျိုးဝင်းအပါအဝင် လူသတ်သမားနဲ့ အားပေးအားမြှောက် အားလုံးကလွဲပြီး အားလုံး ထောင်ကျနေပြီ ဆိုတော့... ဒေါ်လှိုင်တို့ ရော်နယ်တို့ မျိုးဝင်း၊ သံချောင်းတို့ အုပ်စုထဲမှာတောင် အဆိပ်ခတ်မဲ့ သူလျိုတွေ ကျန်နေပါသေးလားလို့ မစဉ်းစားမိဘူးလား... ကိုယ့်ရှုးကိုယ်ပတ် နေပါဦးမယ်... "(၁၉၉၂) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊...၊...၊....၊... တန်းစီလျက်ရှိနေတဲ့ အသတ်ခံရမဲ့လူ (၁၅) ယောက်ရဲ့ မျက်နှာတွေကို ကျမကြည့်ခွင့်ရခဲ့တယ်။" ကိုကျော်ဝေလေး ခေါင်းပြတ်သွားတဲ့ ပထမဦးဆုံး မျိုးဝင်းခုတ်ခဲ့တဲ့ ခေါင်းဖြတ်ပွဲ(ပြည်ထောင်စုနေ့မဟုတ်)ကို ဘာလို့ ချန်ရေးသွား ခဲ့ပါသလဲ ဒေါ်လှိုင်... ခေါင်းဖြတ်ပွဲကို ကြည့်ခဲ့သူတွေကို ချန်ခဲ့ပြန်ပါသေးတယ်... ခေါင်းဖြတ်ပွဲကို ကြည့်တဲ့ အဖွဲ့အစည်းများနဲ့ လူစာရင်း နောက်ကို ကျနော် အဓိက ထားလိုက်နေတာ သိစေချင်ပါသေးတယ်... ခွဲမှုးသာဓုကပဲ စကားတွေ ရှည်ရှည် ဝေးဝေး ပြောတယ် အခြားသူတွေက ဟုတ်ပါတယ်ပဲ ဝန်ခံသတဲ့... အားလုံးက ဖြေကော ဖြေနိုင်ကြသေးရဲ့လား... ကိုယ်လက် အင်္ဂါတွေရော စုံလင်ကြသေးလားဗျ... အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲပေါ့... အဲ့သလိုများ ရေးလိုက်တာလား... "အသတ်ခံရတဲ့ အထဲမှာပါတဲ့ မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊ တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့ သူတဦး ဖြစ်သလို...၊....၊....၊... သေချာတာကတော့ မခင်ချိုဦးဟာ လည်မလိုလိုနဲ့ အူတူတူအတတထဲက၊ အသုံးချခံလိုက်ရတာ ဖြစ်ဖို့ များပါတယ်။"ဆိုတော့ အတူလာတိုင်း သူလျို ဖြစ်ရောလား... တိုက်ပိတ်ကို ဘာလို့ ခေါင်းဖြတ် မသတ်ခဲ့လဲ... ဒေါ်စုခြံဝန်းထဲမှာတောင် သင်္ကာမကင်း ဖြစ်လို့ စစ်ရင်းနဲ့ တိုက်ပိတ် ဆိုတဲ့ နာမည်တောင် ဖြစ်လာတယ်မှတ်လား... အတူလာတိုင်း သူလျိုလို့ ရေးဖို့အတွက် ဒေါ်လှိုင်က ကျမတောထဲလာတော့ တယောက်တည်းလို့များ ကြိုရေးခဲ့သလားပဲ... ကိုမြတ်ကို သေဒဏ်ပေးတဲ့ အမှုတွေကို စိတ်ဝင်စားပါတယ်... ဘာဖြစ်လို့လဲ ဆိုတော့ ကိုမြတ်ကိုက တောထဲလာတော့ ဒေါ်လှိုင့်အမျိုးသားနဲ့ အတူတူ လာကြတာကိုး... အမှုတွဲ ဖြစ်သွားနိုင်လို့များ အခုထိ ငြိမ်နေတာလား... နောက်ထပ် ကိုမြတ်ကို သေဒဏ်ပေးခံရလို့ တိတိကျကျ သိချင်လို့ တောထဲကို လိုက်လာတဲ့ ကိုရန်ရှင်း... အိန္ဒိယဘက်ကနေ ဒေါ်လှိုင့် အမျိုးသားကို ဒီဘက်အေဘီမှာ လုပ်ဖို့ သွားခေါ်လာတာ ဖားကန့် မှော်ထဲမှာပဲ ဘယ်လိုသေခဲ့သလဲ... ထုတ်ပြသင့်တဲ့ ကိစ္စပါ... မျက်မြင်သက်သေတွေ မသေကြသေးလို့ ထွက်လာတဲ့ စကားတွေပါ... ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်” ဒီစကားကို နှောင်းလူတွေ သိဖို့ ချန်ထားပေးခဲ့ပါတယ်... ကိုထွန်းအောင်ကျော် မသေခင်ကတည်းက သူ့ကိုတော့ အရှင်မထားဘူး သတ်မှာပဲလို့ ကြိုသိနေပြီးသား ဆိုတော့ အခြားမြှုပ်ထားတဲ့ မြှုပ်ကွက်လေးတွေ ရှိအုန်းမှာပါ... ဒီကိစ္စကို အမှန်အတိုင်း ဖော်ပေးဖို့ တဖွဖွ မှာသွားခဲ့တဲ့ ခင်ဗျား ပြောပြောနေတဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ပေါ့လေ... "၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီထဲက ဘယ်သူတွေ ပါဝင်ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့် အမိန့်ပြဋ္ဌာန်းကိုတော့ အားလုံးကိုယ်စား ကိုမျိုးဝင်းတယောက်ပဲ တာဝန်ခံလက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို ရဲဘော်တွေကြားအောင် ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။" ဗဟို ကော်မတီဝင် ဦးစိန်တို့ ကိုအားစိုက်တို့ သေပြီးခဲ့ပြီ... အဖမ်းခံနေရတဲ့ ကိုရဲလင်း အပြင် ဘယ်သူတွေ ဗဟို ကော်မတီဝင်အဖြစ် ကျန်နေသေးပါသလဲ..."ကျမခေါင်းထဲမှာတော့ မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့ တယ်။ ဒါတွေ စဖြစ်ကတည်းက “ဘာတွေဖြစ်နေတာလဲဆိုပြီး အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမရှေ့ ဆုံးက ပါခဲ့တယ်။" အနှစ်နှစ်ဆယ်တောင် ကြာပြီ... ဒေါ်လှိုင်လို အတော်များများ ခရေစေ့တွင်းကျ သိထားတဲ့သူက အမှန်သိချင်ပါသေးတယ် ဆိုတော့... ကျနော် ဘာပြောရမှန်း မသိဘူးဖြစ်သွားပြီ... ဒီကေ့စ် စဖြစ်ကတည်းက အကြောင်းအရာတွေ အကုန်ထည့်ပြီး စဉ်းစားပါ... နောက်တခု ကျန်နေတာက အေဘီအက်စ်ဒီအက်ဖ် (စစ်ကိုင်း) ဖြစ်မြောက်ရေး ဆိုပြီး လုပ်ခဲ့ကြတဲ့ အပိုင်းလေးတွေလဲ ထည့်စဉ်းစားပါ... ဒေါ်လှိုင်ရဲ့ သိချင်စိတ်က အမှန်တကယ် ပြင်းပြခဲ့ရင် သာမာန်ရဲမေ ဘဝမှာတောင် အေဘီတခုလုံးကို လွယ်လွယ်လေး ဝင်ထွက်ပြီး စုံစမ်းခဲ့လို့ ရသေးတာဘဲ... အခုဆို လျို့ဝှက်လမ်းကနေတောင် သွားစရာ မလိုတော့ပါဘူး... စာရင်းနဲ့ အင်းနဲ့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ ဘာတွေနဲ့ဆို ပိုပြီး အဆင်ပြေသွားမလားလို့ပါ... အမှန်တရား ပေါ်အောင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြပါစေ... အမှန်အတိုင်း ဆောင်ရွက်ပေးမဲ့ လူအားလုံးနဲ့ လက်တွဲချင်ပါတယ်... လူသတ်ဝါဒ ကျဆုံးပါစေ... လူသတ်သမားတွေနဲ့ ထောက်ခံသူ အားပေးအားမြှောက်တွေပါ ကျဆုံးပါစေ...

ဘရာဇီးငှက်ရိုး

(အဲ့ဒီလို လူသတ်ဝါဒ ကျဆုံးပါစေလို့ ရေးလို့ တချို့တွေက စိတ်ဆိုးကြတယ်)
· · · Share · Delete

  • 5 shares
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/photo.php?fbid=202017996576088&set=a.114063138704908.18988.100003036666936&type=1&theater
      မန္တလေး မှာဒီကနေ့ တောင်ပိုင်း မြောက်ပိုင်းနဲ့ မြန်မာပြည်
      တနံတလျား ဒီမိုကရေစီလှုတ်...See More
      April 9 at 6:04pm · ·
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/photo.php?fbid=366377276739132&set=a.308168309226696.68726.100001005872314&type=1&theater
      ပုံပါ ပူးတွဲ တင်ပေးလိုက်ပါတယ်... ကျော်ကြီး အေဘီ(ညီညီကျော်) စာမျက်နှာရှိ ဖေဖော်ဝါ...See More
      April 9 at 6:04pm · ·
    • Than Zaw Oo ကိုထိန်လင်းအင်တာဗျူးက ဆက်လက်ဖော်ပြပါမည်ဆိုပြီး
      ဒုတိယပိုင်းမတွေ့မိတော့ဘူးဗျ...ရှိရင်တင်ပေးပါဦး
    • ဘရာဇီး ငှက်ရိုး အဲ့ဒီဒုတိယပိုင်းလေး ဗျူးထားတာတော့ ရှိနေသေးမယ်ထင်တယ်... ဂျာနယ်ကတော့ အဲ့ဒီပထမပိုင်းပဲ ပြည်တွင်းမှာ ဖော်ပြခွင့်ရပြီး သွေးညှီနံ့နံလို့ ဆိုလားပဲ မဖော်ပြရတော့ဘူးတဲ့ အကိုရေ...
    • Nicky Shein
      ‎(ငါ့ကိုဖမ်းခဲ့ရင်ငါလဲ အသားတော့အနာမခံဘူး ဟုတ်တယ်လို့ဖြေမှာပဲ၊ မင်းလဲမင်းအလှည့်ရောက်လာယင် ဘယ်လိုရင်ဆိုင်မလဲအသင့်ပြင်ထား) အဲ့ဒီစကားကိုသေခြာစဉ်းစားကြည့်ပါ။ အတင်းရိုက်ဝန်ခံခိုင်းလို့ အဖမ်းခံရသူတွေက ဝန်ခံလာတာကို အောင်နိုင်က သဘောတူထားတဲ့အဓိပါယ်
      ပဲ၊ ငါ့အလှည့်ကျရင်အသားတော့အနာမခံဘူး ဝန်ခံမှာပဲ၊ တဲ့ ကဲ... ဒါဆိုရင်အဖမ်းခံထားရသူတွေဟာ နျိပ်စက်ခံရလွန်းလို့ ဝန်ခံလာရတာသိနေသူက ဦးဆောင်ပြီး ခေါင်းဖြတ်သတ်လိုက်ကြတာ ဘာကြောင့်လဲ? သတ်ချင်လို့ကို ဝန်ခံခိုင်းပြီးမှ တမင်တကာသတ်ပြစ်တယ်ဆိုတဲ့ အဓိပါယ်သက်ရောက်နေတာ သိပ်ပေါ်လွင်ထင်ရှားပါတယ်၊ ဘယ်မလဲ? ခင်ရွှေလှိုင် ဘယ်မလဲ ထောက်လှမ်းရေးတွေ၊ ရှည်ရှည်ဝေးဝေး တွေ အပင်ပန်းခံပြီးမင်းရေးပြနေတဲ့ တထောင့်တည ထောက်လှမ်းရေး အရှုပ်တော်ပုံဇာတ်လမ်းရှည်ကြီးဟာ၊ ဒီတချက်ထဲနဲ့တွင် ကျန်တဲ့ မင်းဆိုလိုနေတဲ့ အဆိုတွေအားလုံးကို ချေဖျက်ပြလိုက်ပြိဖြစ်တယ်။ ထပ်ပြီး အပင်ပန်းတွေခံမနေပါနဲ့တော့ အားလုံးရှင်းသွားပါပြီ၊ ကျေးဇူးပါပဲ
    • Maha Tapaung · Friends with Soe Lynn
      the more I read, the more I feel rising anger and sadness for those who did such cruel things and who suffered in the hands of such butchers. I do hope these culprits will never be ever again in Myanmar politics and meet their deserved fate in this life time.
    • Phome Maung အခုခင်ရွှေလှိုင်ကိုဆက်ပြီးမရေးဖို့ချစ်လင်ကြီးကိုသံခဲနဲ့တကွ ကိုနိုင်အောင်အမှုးပြုသော မယ်လ်ဘုန်းကာကွယ်ရေးတပ်က ဖိအားပေးသွားပြီဖြစ်သောကြောင့် သူမဆက်မရေးတော့မဲ့ကတိကို ရရှိသွားပြီဖြစ်တယ်၊ မဲလဘုန်းအုပ်စုဟာ စစ်ရုံးစစ်သူကြီးတယောက်လို ဝေဒနာခံစားနေရကြောင်းပါကြား သိနေရပါသည် သူတို့အချင်းချင်းတဦးကိုတဦးအားပေးနေကြသော်လည်း ကိုနိုင်အောင်သောက်သုံးမကျကြောင်းကိုတော့ အရက်မူးလျှင်ကျွဲခိုးပေါ်တယ် ဆိုသလို အတွင်းလှိုက်ဒေါ်သထွက်နေကြောင်းပါခင်ဗျား
      April 18 at 12:12pm · · 2

No comments:

Post a Comment