Sunday, July 15, 2012

အဖွဲ့ဝင်များသတ်ဖြတ်မှု ABSDF က အစီရင်ခံစာပြုစုမည်


by Yangon Press International on Thursday, March 8, 2012 at 6:35am
မတ်လ၊ ၈ရက်၊ ၂၀၁၂ (YPI)

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် အဖွဲ့ဝင်များ သတ်ဖြတ်ခံခဲ့ရသော အဖြစ်အပျက်များအပေါ် ၂၀၁၃ ခုနှစ် မေလတွင် အချက်အလက်စုဆောင်းကာ အစီရင်ခံစာရေးသားခြင်းကို အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ABSDFက ယခုလ (၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။



၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ABSDF( မြောက်ပိုင်း)တပ်ဖွဲ့က အစိုးရသူလျှိုအဖြစ် သံသယရှိမှုကြောင့် အဖွဲ့ဝင် (၁၅) ဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြန်လည်စုံစမ်းသွားရန် ABSDFက အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအလုပ်အဖွဲ့ ဖွဲ့ကာ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။



ABSDF အဖွဲ့၏ လက်နက်ကိုင်တော်လှန်ရေးအတွင်းက အထက်ပါ ဖြစ်ရပ်များကို ဖော်ထုတ်ရာတွင် ပါဝင်ပတ်သတ်သူများ အားလုံးနှင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။



အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအဖွဲ့ဝင် တာဝန်ခံညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက “ ဒီတစ်နှစ်ထဲမှာ အစီရင်ခံစာကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။ နောက်တဆင့်ကျမှ ဘယ်လို ဆက်သွားမယ်ဆိုတာ ဆက်ဆွေးနွေးမယ်။ အဓိကတော့ ဒီကိစ္စမှာ နစ်နာခဲ့ရတဲ့ သူတွေရဲ့ သဘောဆန္ဒကို ဦးစားပေးလုပ်သွားမှာပါ။”ဟုပြောသည်။



ယင်းကိစ္စတွင် ပါဝင်ပတ်သက်သူများမှာ ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ သြစတြေးလျ၊ အမေရိကန် နှင့် မြန်မာနိုင်ငံအတွင်းတွင် အသီသီး ပျံ့နှံ့နေထိုင်လျှက်ရှိသဖြင့် တစ်နှစ်တာအတွင်း ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင်ကြောင်း ၄င်းကပြောသည်။



“ နိုင်ငံရေး အခင်းအကျင်းအောက်မှာ လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီ ဆိုရင်တော့ တစ်နှစ်အတွင်းပြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စမှာ အဓိကပါဝင်ခဲ့သူတစ်ဦးလို့ သတ်မှတ်ခံထားရသူ ကိုသံချောင်းဆိုရင် အခုထောင်ထဲမှာပဲ ရှိနေသေးတယ်လေ။”ဟု ကိုကျော်ကျော်လင်းက ပြောသည်။



၎င်းတို့အနေဖြင့် အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာပါကလည်း မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကိုမူ ဆွေးနွေးဆဲဖြစ်ပြီး နိုင်ငံခြားသား ပညာရှင်များနှင့်လည်း တိုင်ပင်သွားမည်ဖြစ်သည်။



ယင်းဖြစ်ရပ်ဖြစ်ပွားစဉ်က ABSDF မြောက်ပိုင်း ဒေသ တပ်ဖွဲ့၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်နိုင်ကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။



“ တကယ်တော့ ထွက်ဆိုချက်တွေအရ အဲဒီတုန်းက တပ်မတော် ထောက်လှမ်းရေးက တာဝန်ရှိသူတွေလည်း ၀င်ပြောသင့်တာပေါ့။ ABSDF ဘက်ကတော့ အတတ်နိုင်ဆုံး အနီးစပ်ဆုံး အမှန်ကို ဖော်ထုတ်သွားမယ့် သဘောမျိုးလို့ ထင်ပါတယ်။”ဟု ၄င်းကပြောသည်။

ဦးအောင်နိုင်သည် အဖွဲ့ဝင် (၁၅) ဦးအား သေဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့သည့် ABSDF မြောက်ပိုင်းဗဟို ကော်မတီဝင်(၇)ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။



“ အဲဒီအချိန်တုန်းက အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်း အရ ထွက်ဆိုချက်တွေ၊ သူတို့လုပ်ဆောင်ချက်တွေ အပေါ်မှာ ကျွန်တော်တို့ တာဝန်ယူပြီးလုပ်ခဲ့တာပေါ့။ ABSDF အနေနဲ့က သူလျှိုဆိုရင် သေဒဏ်ပေးရတာ ပဲလေ” ဟုဦးအောင်နိုင်က ပြောသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ၁၉၈၈ အရေးအခင်း နောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော လက်နက်ကိုင် ကျောင်းသားအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ။
· · Share

  • You, Nicky Shein, Htun Htun Oo, Vi Ya and 4 others like this.
  • 16 shares
    • Vi Ya အောင်နိုင်တို့ နိုင်အောင်တို့ဆို ခံလိုက်ရတဲ့သူတွေကတော့ မသိဘူး။ ကျွန်တော်တောင် ဘေးကနေ အဲဒီအသံကြားရင် နာမည်တူရင်တောင်မှ သူတို့မဟုတ်ပေမယ့် အဲဒီလူကို အလိုလိုနေရင်း ကြည့်မရဖြစ်နေတယ်။
      March 8 at 3:56pm · · 1
    • ဘရာဇီး ငှက်ရိုး ‎""တပ်မတော် ထောက်လှမ်းရေးက တာဝန်ရှိသူတွေလည်း ၀င်ပြောသင့်တာပေါ့။"" ခင်ညွန့်ပါ ဆွဲထည့်နေပြန်ပြီ... ကျနော့်အမြင်အရတော့ သိပ်မကြာခင် ဒီကောင်တွေ အချင်းချင်းသတ်ကြမှာပဲ... ဖရန့်စစ်ချိုကြီးရဲ့ မသေခင်က ကျိမ်းသွားတဲ့အတိုင်းပေါ့...
      March 8 at 4:59pm · · 2
    • Lay Lay Nwe Please let me share....Thanks Ma KYY.....:o)
      March 8 at 6:35pm · · 1
    • KoKo Oo Not only Northern but Southern ABSDF killing we all wanted to see justice.
    • ဘရာဇီး ငှက်ရိုး မြောက်ပိုင်းနဲ့တောင်ပိုင်း အမှု့တွေက တော်တော်များများ ဆက်စပ်နေလေတော့ အခုလိုမျိုး လက်ချင်းတွဲထားနိုင်ကြပါစေ... ဟိုတုန်းက အဲ့လိုလက်တွဲခဲ့ရင် အာဏာရှင်တောင် ပြုတ်နေလောက်ပြီ... နောက် သိပ်မကြာခင် ခွေးအတို့၏ အရိုးလုပွဲတွေ ဖြစ်လာမှာပါ... အဲ့ဒီကျတော့မှ ခွေးအ အရေခွံ ဆုပ်ပြီး ခြေသုတ်ခုံ လုပ်ပစ်မယ်.....
    • Tainn Maww နားလည်းပါတယ် တော်တွင်းတပ်ဖွဲ ဆို့တော့ ဒီးလောက်တော့လည်းရှိမှာပေါ့ ဒါပေမယ့်လည်း အမှန်တရားပေါရင်လည် ကိုယ်လုပ်တဲ့အလုပ်တွေးအပေါမှာ မြောက်ပိုင်ဗဟို (၇)ဦးအနေနဲ့ကော ABSDF အနေဲ့ကော တာဝန်ယူစေချင်းတယ်
    • Maungmaung Skw ကိုငှက်ရေ ဖရန်စစ်ချိုကြီးမဟုတ်ပါ
      ဖရက်ဒီအောင်သန်း ခေါ် ချိုကြီး ဖြစ်ပါ
      တယ်။ဒီခေါင်းစဉ်အောက်မှာ ရေးစရာတွေ ရှိပါတယ်။လောလောဆယ် ဒန်ပေါက်
      အိုးက မီးဖိုပေါ်မှာ တန်းလန်းဖြစ်နေလို့
      ညနေလောက်မှ ရေးတော့မယ်။
      March 10 at 10:43pm · · 1
    • ဘရာဇီး ငှက်ရိုး ဟုတ်တယ်... ဖရက်ဒီအောင်သန်း၊ ကိုချိုကြီးပါ... ရေးတာလောသွားလို့...
    • Maungmaung Skw
      အဖြစ်အပျက်တွေဖြစ်နေချိန်မှာရော်နယ်အောင်နိုင်ဟာဉက္ကဌပါ။အတွင်းရေးမှုးမ
      ဟုတ်ပါဘူး။သံချောင်းထောင်ထဲရောက်
      နေတာဘဲအကြောင်းပြအချိန်ဆွဲဖို့ကြိုး
      စားနေတယ်။ဟော အခု ခင်ညွန့်ကိုပါ
      ဆွဲစစ်ချင်လာပြန်ပြီ။ရိုးသားမှုမရှိတာက
      ထင်ရှားပါတယ်။အဲ့ဒီလိုအလုပ်တွေလုပ်
      ဖို့ အချိန် တစ်နှစ်လိုလို့လား။နောက်ထပ်
      တပ်ဖွဲ့ဝင်တွေအလိမ်ခံရတော့မယ်။
      သွေးကွဲကြတော့မယ်။
      March 11 at 12:36pm · · 2
    • Nicky Sheinီဒီကောင်တွေဟာ မသေမချင်း အထိ ရိုးသားသွားဖို့ အစီအစဉ်မရှိပါ။
      March 11 at 3:06pm · · 3

1 comment:

  1. http://www.facebook.com/ygnpress တွင်ဖော်ပြခဲ့ပါသည်...။

    ReplyDelete