သွေးမှာတမ်း
အာဏာရှင်ကို တော်လှန်ဖို့
တိုက်ပွဲခေါ်သံတို့ စုစည်း
ရည်ရွယ်ရာ ဒီခရီးအတွက်
အပြုံးတချက် မပျက်ပဲ
စာသင်ခန်းထဲကထွက်
ငါ့တို့ဆုံးဖြတ်ချက် အင်အားနဲ့
အမှန်တရားကို ကယ်တင်ဖို့အတွက်။ ။
နို့နံ့မစင်သေးတဲ့အရွယ် ဆိုပေမယ့်
အမေ့မျက်ကွယ်ကို ရွေး
တိုင်းပြည်ကယ်တင်ရေး အတွက်
ယုံကြည်ရာခရီးကို ဆက်ရင်း
မျှော်လင့်ခြင်း မနက်ဖြန်များနဲ့
ဘဝရဲ့အားမာန်များအဖြစ်
ငါတို့ မျက်နှာသစ်ခဲ့တယ်။ ။
တော်လှန်ရေး ဆိုတဲ့ခရီးက
အစာမဝ ရေမဝပေမယ့်
အနေကျလာတော့လဲ
ငါ့တို့ နှလုံးသားထဲမှာ
အပြုံးများစွာ ဖန်ဆင်းရင်း
ပေးဆပ်ခြင်း ဆိုတာကို
ချိုမြိန်စရာလို မှီဝဲတတ်လာတယ်။ ။
ရည်၇ွယ်ချက် ဘယ်လောက်ကြီးကြီး
ဒီတော်လှန်ရေး ခရီးမှာ
ငါတို့ဟာ ကံမကောင်းရှာဘူး
အာဏာရူး ဆိုသူတွေကိုမှ
ပက်ပင်းတိုးရတဲ့ ဘဝ
ဒို့သွေးတွေ မြေခလို့
တော်လှန်ပန်းတွေ ကြွေကျသွားတယ်။ ။
ဒီမယ်…သူငယ်ချင်း
အမှန်တရားကို ကယ်တင်တဲ့ပွဲမှာ
မပါဝင်လာနိုင်တော့တဲ့ ငါံတို့အတွက်နဲ့
အမှန်တရားတွေကို ကာကွယ်ဖို့
တာဝန်ကို ပုခုံးပြောင်းယူတတ်ဖို့ဆိုတာ
အားလုံးမှာ တာဝန်ရှိတယ်
အချင်းချင်း သစ္စာရှိဖို့သာလိုတယ်။ ။
ထူးသျှား

လက်ကလေးမြင်နေရတာ အမ မခင်ချိုဦးပါ...

- 22 shares
Kyaw Nyi Nyi စာကဗျာတွေက နေရာတိုင်းမှာ ချစ်ဖို့ကောင်းပါတယ်...အကြောင်းအရာတွေကတော့ နေရာတိုင်းမှာ တခါတရံ ထပ်တူမကျပါဘူး...မြန်မာပြည် မြောက်ပိုင်းမှာ ကျောင်းသားတွေ အသတ်ခံရသလို ကျနော်တို့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာလည်း ကျောင်းသားတွေ အသတ်ခံရတာပါပဲ...အဓိကပြောချ င်တာကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဘယ်မြန်မာအဖွဲ့အစည်းနဲ့မှ မတန်ပါဘူး...ဘာလို့လဲဆိုတော့  ကိုယ့်လူကိုယ်ပြန်သတ်လို့ပဲ ...။(သင့်ရဲဘော်---သခင်ကျော်)
Thet Kl Lwin ကျဆုံးခဲ့ရတဲ့ ရဲဘော်၊ရဲမေ အားလုံးရဲ့ အသက်တွေ၊၀ိညဉ်တွေကနေ တချိန်မှာတော့ သွေးကြွေးတောင်းသံကို ပြန်ကြားရမှာ အမှန်ပါ...
KoKo Maung Maung Koaungthinn တော်လှန်ပန်းတွေကို ခြွေခဲ့တဲ့ အဲဒိမိစ္ဆာကောင်တွေကို သွေးကြွေးပြန်ဆပ်ဘို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။
Aung Khaing Myint Please let me share your great poem in blog..Thanks..http://8888newgenerations.blogspot .com/2011/12/ blog-post_8830.html#links
May Shein We always honor the democracy revolution for Burma and the people who sacrifice their lives for our country they will always be remembered.






No comments:
Post a Comment