Saturday, July 14, 2012

ဒါရိုက်တာကိုချိုတူးဇော်ရဲ့ မှတ်ချက်


Cho Tu Zal
· 4,653 subscribers
February 14 at 1:52pm ·
I DON'T WANNA TALK ABOUT IT . . .

မြောက်ပိုင်းကျောင်းသားကိစ္စ ၀င်မရေးလို့ ဆိုပြီး မိတ်ဆွေတယောက်က လာပြောတယ်...

ဘာရေးရမှာလဲ ဗျာ။ ကျနော်ထောင်ထဲရောက်နေတုန်း ရုံးထုတ်တဲ့အချိန် အချုပ်ခန်းဘေးကိုလာ
နှုတ်ဆက်သွားတဲ့ကိုရဲလင်း၊ ကျနော်တို့မရှိတုန်း ရုံးခန်းကို အပိုင်စီးတာကွ ဆိုပြီးတက်နေခဲ့တဲ့
စမ်းချောင်းအခသက ဘိုဘိုလေး၊ နောက် ညီနောင်ပါတီဖြစ်တဲ့ မန္တလေးအနကလ က ကိုစိုးလင်း၊
နောက် အောင်နိုင်...။ ဒီလူတွေအတူထွက်သွားကြတယ်။ တယောက်က ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ
ကျန်တဲ့လူတွေကို ထောက်လှန်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မကြားဝံ့မနာသာတွေ ကျူး
လွန်ခဲ့တယ်။
ကျနော်က ကျန်ခဲ့ရတဲ့ လူဆိုတော့ဘာမှ မပြောနိုင်ဘူး။ ဒါပေမယ့်ဒီကိစ္စတွေ ကို ဖေါ်ထုတ်ဖို့လို
တယ်ဆိုတာ တဖွဖွ ပြောခဲ့တယ်။ ပြည်တွင်းမှာလည်းကိုစိုးလင်းတို့ ဘိုဘိုတို့ဟာ ရင်းရင်းနှီးနှီး
ဆိုတော့ အကုန်သိထားတယ်။ နောက်ဆုံး လွမ်းစိမ့် ကိုအတူကြည့်ရင်း ဘိုဘိုလေးက အသစ်
တွေအဟောင်းပြန်ဖြစ်ပြီး ကိုထွန်းအောင်ကျော်အသတ်ခံရတဲ့အကြောင်းကို ပြန်ပြောပြီးလဘက်
ရည်ဆိုင်မှာ ချုံးပွဲ ချ ငိုခဲ့တယ်။ တောထဲကပြန်ရောက်ကတည်းက ကိုရဲလင်း နဲ့ ကျနော် ၂ ခါ
လောက်ပဲဆုံတယ်။
“တွေ့စရာလည်း မရှိတာဗျာ...မတွေ့တာပဲ ကောင်းပါတယ် ” လို့ ကျနော်တို့ အချင်းချင်း မတွေ့ကြဘူး။ ဘာမှ တယောက်ကိုတယောက်နာကြည်းစရာမရှိပဲ မတွေ့ချင်ကြဘူး။
ဝင်မပါချင်လို့မပါတာ လို့ ပြောတာ တကယ်ပြောတာဗျာ။ ကိုအောင်မိုးဝင်းနဲ့တွေ့တဲ့ အချိန်မှာ
သူပြင်ဆင်ထားတာတွေ နားထောင်ပြီး ၀မ်းသာအားရ တိုက်တွန်းခဲ့တယ်။ သူက စမတ် ဖြစ်တယ်၊ အချက်ကျကျ လုပ်သွားတာပါပဲ။ တိုက်တွန်းခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်
တော့ ဘယ်က ဘယ်လိုစရမှန်း မသိအောင် ပဲ။ ကာယကံရှင်လား ဆိုတော့မဟုတ်၊ ကိုယ်တိုင်
ဂဃဏန လည်းမသိဘူး။ နောက် ကျနော် နားမထောင်နိုင်၊ မဖတ်နိုင်ဘူး။ ပျော့ညံ့တယ် ပဲ ဆိုဆို
စိတ်နှလုံးဆင်းရဲလွန်းလို့ဗျာ။ ရွှေဝါရောင် တော်လှန်ရေးကာလမှာ မနီလာသိန်းက သူ့သမီးလေး
အကြောင်းပြောရင်း အင်တာဗျူးမှာငိုတော့ မန်းလေးက ကိုတင်သစ်တို့၊ ခု ကဗျာဆရာဒုဥက္ကဋ္ဌ
ကိုစစ်တို့ရှေ့ မျက်ရည်မထိန်းနိုင်ကျခဲ့ရတယ်။ ကျနော့်ကို ညံ့တယ်ပဲဆိုဆို၊ ဒီလိုကိစ္စမျိုးတွေ
ဝင် ကိုမပါချင်ဘူး။ နောက် ဒီကိစ္စတွေကြားတိုင်း၊ ဘေးနားက ကျည်တွေတရွှီရွှီအဖြတ်သွား ခံရတာမျိုး အသည်းတယားယား၊ ကျောတအေးအေး ပါ။
တကယ်ဆို အဲဒီတုန်းက ကျနော့်လည်းကံဖယ်လို့။ တကယ်လို့များပါသွားခဲ့ရင် သေရောပေါ့။ ဒီလိုပါးစပ်၊ ဒီလိုပြောတတ်၊ ရေးတတ်ပုံမျိုးနဲ့။
ကိုရဲလင်း က ကံကိုပါတာဗျ။ မြိတ်သပိတ်စခန်းထဲမှာတုန်းကလည်း နှစ်ယောက်ထဲ ရန်ကုန်သား
သပိတ်စခန်းထဲ က လူမိုက်ခေါင်းဆောင်တယောက်နဲ့ငြိပြီး အဲဒီ လူမိုက်ခေါင်းဆောင်က အစည်းအဝေးပွဲမှာသူလည်း ရှုံးရော၊ အောက်ဆင်း သူ့တပည့်လုံခြုံရေးတွေကို ခေါ်ပါးရိုက်၊ ပြီးတော့ မင်းတို့အသုံးမကျဘူး ကျောင်းပေါ်မှာ ထောက်လှန်းရေးတွေ ရောက်နေပြီ လို့ ပြောခဲ့တယ်။
သပိတ်စခန်းတခုလုံးဗျာ..ခေါင်းစည်းအနီတွေနဲ့၊ လှံတွေ၊ မှိန်းတွေနဲ့၊ မြိတ်မှာဆိုတော့ သေနတ်
တွေ လက်ပစ်ဗုံးတွေ တောင်ရှိတယ် ဆိုပဲ။ အဲဒီတုန်းကလည်း မနည်းရှင်းခဲ့ရတယ်။ ကံကောင်း
လို့ ခေါင်းဖြတ်မခံရတယ်။ ကျနော်တို့ ၈၈၈၈ မတိုင်မီ ပင်လယ်ထဲက ရွာတွေလျှောက်သွားခဲ့
စည်းရုံးရေးဆင်းခဲ့တုန်းက ရွာကလူတွေ သပိတ်စခန်းထဲရှိနေ၊ ၀ိုင်းအာမခံပေးပေလို့သာပေါ့။
အဲဒီလူမိုက်ခေါင်းဆောင်ဟာ ညစ်ပတ်တဲ့စိတ်နဲ့ အဲဒီလိုလုပ်ခဲ့သလိုပဲ၊ ၈၈ ထဲမှာ ဒီလို၊ အဲဒီလို
ညစ်ပတ်တဲ့စိတ်ရှိတဲ့ ကျောင်းသားခေါင်းဆောင်တချို့ပါလာတယ်။
ဒီလိုလူတွေကြောင့် ဒီလို မကြားဝံ့မနာသာ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ရတယ် လို့ကျနော်တော့ယူဆ
ပါတယ်။ အဲဒီကတည်းက ကိုရဲလင်းကို ကျနော် အကြိမ်ကြိမ်သတိတွေ ပေးခဲ့ဖူးတယ်။ ကိုရဲ
ကို မေးကြည့်ပါ။
ပါတီနိုင်ငံရေးကာလတလျှောက်မှာလည်း ရွေးကောက်ပွဲလုံးဝမ၀င်ပါဘူး လို့ ကြွေးကြော်လုပ်နေ
သည့်တိုင် အမျိုးမျိုးညစ်ညစ်ပတ်ပတ် လုပ်တာကိုင်တာတွေ၊ တိုက်တာတွေရှိခဲ့တယ်။
တိုင်းရင်းသားကျောင်းသားလူငယ်ပါတီတွေနဲ့ ညီညွတ်ရေးတွေပျက်ခဲ့ရဘူးတယ်။ ဘယ်သူဘယ်
ဝါလို့တော့ နာမည်တပ်မပြောချင်တော့ဘူး။ ပြောရရင် ခုချိန်မှာလည်း ဒီလူတွေ ပြည်တွင်းနိုင်ငံရေးလောက ကို ပြန်ဝင်ဖို့ပြင်ဆင်နေတယ်၊ ကြိုးစားနေတယ် လို့ ကျနော်မြင်မိတယ်။ အာဏာရှင်အုပ်စုက သူတို့ကိုပြန်အသုံးချနိုင်တယ်။ လက်ဝါးချင်းရိုက်
လက်သပ်မွေးနိုင်တယ်။ ဒီတော့ သတိထားဖို့ပဲ ပြောချင်ပါတယ်။
အာဏာရှင်က ဒါကို ၀င်ပြီး အသုံးချမှာပဲ စိုးရိမ်တယ်။
ကိုယ့်ဘက်ကအမြတ်ထွက်မယ့် နိုင်ငံရေး အတိုး တခုခုယူနိုင်ရင် ကောင်းမလား စဉ်းစားမိတယ်။
အဲဒီ ရဲဘော်တွေဟာ နစ်နာခဲ့သလို၊ နိုင်ငံရေးစင်ပေါ်ကနေ ကန်ထုတ်ခံခဲ့ရသလိုပဲ။
ခုချိန်မှာ သူတို့ဦးဆောင်လှုပ်ရှားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုခုပေါ်လာနိုင်မလား စဉ်းစား
မိပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေါ့။ အဲဒီ နစ်နာခဲ့တဲ့ ရဲဘော်တွေ နစ်နာထားတာနဲ့အမျှ တန်တဲ့
သမိုင်းအမြတ်တခု ထွက်စေချင်တယ်။
ကိုရဲလင်းတို့ကိုသူတို့အမေပြန်သွားခေါ်တော့ အောင်နိုင်က မထိတထိနဲ့ “အောင်ဇော်မင်း ကိုလည်းပြောလိုက်စမ်းပါ၊ သိပ်သတိရတယ် လို့” လို့ပြောလိုက်သတဲ့။ သဘောကတော့ ကျနော့်ပါ စွပ်စွဲချင်တာပေါ့လေ။
ကျနော် သူ မိတ်ဆွေဖွဲ့တာ လက်မခံခဲ့ဘူး။
သူ ဒီစာဖတ်ဖြစ်ရင်သိဖို့ပြောမယ်။ ဇော်ရဲဝင်း ထောင်ထဲက သယ်လာလို့ ၀ဲတွေကူးကြတဲ့ကြားက ဆောင်းတွင်း ကြမ်းပြင်မှာ စောင်လုခြုံပြီးအတူအိပ်ခဲ့ကြ၊ စားစရာမရှိလို့
ဆန်ပြုတ်သောက်ကြ၊ ဆေးပေါ့လိပ်တိုဖင်စီခံကိုလုသောက်ကြကတည်းက သူငယ်ချင်း ရဲဘော်
ဆိုတာ ဖွဲ့ခဲ့ကြပြီးပြီ။

“တယောက်ကိုတယောက် အသက်ပေးပေါင်းတယ် ဆိုတာ တယောက်အသက်ကို တယောက် ကာကွယ်ဖို့ တယောက်ကို တယောက် သတ်ပစ်ဖို့မဟုတ်ဘူး။ ”

ခင်ဗျားနဲ့ကျနော် ဒီတသက် ဘယ်တော့မှ မိတ်ဆွေ ပြန်ဖြစ်နိုင်စရာအကြောင်းမရှိတော့ဘူး
ဆိုတာပါဘဲ။

နာတယ်ဗျာ၊ ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး

ချိုတူးဇော်
  • Lily Htut Read and then Sad.
  • Sein Soe
    နိုင်ငံရေးလောကမှာ နောင်ဒါမျိုးတွေအများကြီးကြုံနိုင်တယ်ဆိုတာ ကျတော်တို့တွေ သင်ခန်းစာတွေအများကြီးယူကြရအုန်းမယ်။ ကျတော်တို့သိထားတာက၊ ဟိုးတုံးက၉လောင်းပြိုင်တို့ ၆လောင်းပြိုင်တို့လောက်ပဲ သိထား၊သင်ခန်းစာယူထားကြတာ အခုယူစရာသင်ခန်းစာတွေအများကြီးပဲ
    တော်တော်သတိထားရမဲ့ကိစ္စတွေ။ နယ်စပ်မှာလည်း လူမသိကြလို့၊ ပါတီတွေအဖွဲ့အစည်းတွေကြားမှာ ကျိတ်ကွဲ၊ လက်သိပ်ထိုး နိုင်ငံရေးကစားကွက်တွေက အများကြီးပဲ၊ မဆလခေတ်ကလိုပဲ တချို့လည်း သိသိနဲ့မတတ်သာလို့ တပည့်ခံနေကြ၇သူတွေလည်းမနဲဘူး။ တပည့်မခံသူတွေကတော့ ကန်ုထုတ်ခံကြရပေါ့ဗျာ။ သက်သေပြပါဆိုတော့ ပြလို့မရအောင်လုပ်ထားကြတာ၊ ပညာတတ်နိုင်ငံရေးသမား ဆိုသူတွေ၊ မလွယ်ဘူးဗျ။ ရင်လေးတယ်၊အဲဒါကြောင့် နိုင်ငံရေးကိုလည်းစိတ်ကုန်ချင်လာတယ်။
  • Phyo Aung Kyaw ကိုချိုတူးဇော် ရေ ဒီစာနဲ့တင် ပိုလေးစားမိပြန်ပြီ
  • Helen Ayekyaw မျက်လုံးထဲကွင်းကွင်းကွက်ကွက်ပေါ်လာအောင်ရေးတတ်ပါ့.... ကိုချိုတူးဇော်ရေ....ဖတ်မိ ဟတ်ထိခဲ့ရပါပြီ.. :(
  • Ko Hmine ဒီလိုပါပဲ-ညီလေးရာ--ဂဃနဏ မသိတာတွေ မရေးချင်သလို သိတာတွေကလည်း ပြန်မပြောချင်လောက်အောင် နာကျင်စရာတွေ များလို့  ဒီလိုမျိုး နိုင်ငံရေးမှာပါဝင်ပတ်သက်ခဲ့ တာ့ တွေမှာ လက်ရှောင်နေခဲ့ တာတွေများလှပေါ့  -----
  • Ko Thar Ngel ခေတ်ကို ဖြတ်သန်းတဲ့အခါ နာကျဉ်စရာတွေ များလာတော့ ဆွံ့အ လာရတယ်၊ ကိုချိုတူးရေ ...
  • Thet Winn Tint Hi! Ko Aung Zaw Min,
  • Thet Winn Tint Can I have your contact number?
  • Cho Tu Zal I am still in US, Ko Thet.
  • Thet Winn Tint Yes, I knew it . no problem
  • Cho Tu Zal OK, I will send you soon. Wait for a few days, please. I am trying to change the new number. Any way, I am glad to meet you Ko Thet.
    Where are you, in Singapore?
  • Sayar Gyi Jit ကောင်းတယ်ဗျာ..ဖတ်ရတာ..
  • Thet Winn Tint Same to u. Anyway u can drop ur new contact at my email. I am at S'pore.
  • Cho Tu ZalွGood. See you Ko Thet.
  • KyawLwin San ၀င်မပြောပဲ စောင့်ဖတ်နေသူ တွေ အများကြီးပါ.. အတိတ်ဆိုတာ မတူးသေးတဲ့ အချိန်လေးမှာ တိမ်မြုတ်နေတယ် ထင်ရပေမဲ့ တူးတဲ့နေ့ မှာ....ပေါ်လာမှာပါ...တစ်ခုရှိသေးတာက... အချိန်ကြာတိုင်းလည်း ပျောက်ကွယ် မသွားတဲ့ ဖြစ်ရပ်တွေ ရှိနေဦးမယ်...ပိုကြာလာလေ.... သမိုင်း တန်ဘိုး ပိုပြီး မြင့်တက်လာမဲ့... ဒီလို...ဖြစ်ရပ်မျိုးတွေ..........................ဟူးးးးးးးးးးးး.
  • Myo Chit Thu ဘ၀ တွေ ကြမ်းကြတယ် ဆိုတါ သိပေမဲ့ ဒီလောက်ကြမ်းခဲ့မှန်း မသိဘူး..အရမ်းလေးစား ပါတယ် အကို ။
  • Yoke Ga Zoe ကိုချိုရေ ဒီလိုလူတွေက ပြည်တွင်းနိုင်ငံရေးလောကထဲ ပြန်ဝင်ကြ၊ ခြေရှုတ်ကြဦးမယ်ဆိုရင်တော့ အန္တရာယ်ရှိလာပါပြီ။ ကိုချိုတို့လို သိမှီသူတွေက ၀ိုင်းဝန်းကာကွယ်မှဖြစ်မှာပါ။ ကျွန်တော်တို့လိုနောက်ပေါက်တွေက ဘယ်သူက ဘယ်အဆင်ဆိုတာ သေချာသိကြတာမဟုတ်ဘူး။ ဒါပေမယ့် အချိန်တန်ရင်တော့ ဇာတိပြလာကြမှာ မလွဲပါဘူး။ အဲသလို ဖောက်ပြန်လာမယ် ဆိုရင်တော့ ပြည်သူလူထုရဲ့ ၀ိုင်းပယ်ခြင်း ဒဏ်ခတ်ခြင်းကို ခံရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုလူတွေကို သတိထားကြဖို့တော့ လိုပါမယ်။
  • Sayar Gyi Jit တခုကောင်းတာက ကိုပေါ်တို့ ကိုကိုကြီးတို့ ကိုပြုံးချိုတို့ ကိုမင်းဇေယျ တို့က ၈၈ ပြည်တွင်း တွေဆိုတော့ နိုင်ငံရေး ၁၀ပါးသီလ လုံနေတာပေါ့.. နရသိမ် ကိုတောင် ကျေးဇူးတင်ရမလို.. ဖြစ်နေပြီ.. မောင်မင်းကြီးသားတွေ ကျမ္မာကြပါစေ...ကိုပေါ်တို့အုပ်စုပြောပါတယ်...
  • ဘသောင်း ဟိန်း ရှယ်လိုက်ပြီ ကိုချိုတူးဇော်
    အစစအရာရာ အဆင်ပြေပါစေဗျာ။
  • Wunna Htun အစိုးရသတင်းစာရှင်းလင်းပွဲတုန်းက ယုံတ၀က်၊ မယုံတ၀က်နဲ့ပါ။ ခု ပြန်သိရခါမှ ၁၉၈၉ မန္တလေးကအပြန် မြစ်ကြီးနားမှာ သွားဖို့စီစဉ်တုံး ဆွဲစိတဲ့ ကျော်ဘကိုကျေးဇူးတင်ရမလိုလို၊ ပုန်း၇ှိုးကွယ်ရှိုးနေနေတုန်း လာတွေ့ပါဦးပြောတဲ့ အေးလွင်ကိုကျေးဇူးတင်ရမလိုပဲ ဖြစ်နေပါပေါ့။ ဒါပေမယ့် စိုးလင်းလွတ်လာတယ်ဆိုတာသိရတော့ဝမ်းသာတယ်ဗျာ။
  • Soe San တယောက်ကိုတယောက် အသက်ပေးပေါင်းတယ် ဆိုတာ တယောက်အသက်ကို တယောက် ကာကွယ်ဖို့ တယောက်ကို တယောက် သတ်ပစ်ဖို့မဟုတ်ဘူး။ ”
  • Utoe Toemaung ၀င်မပြောပဲ စောင့်ဖတ်နေသူ တွေ အများကြီးပါ..
  • Sabai Phyu တယောက်ကိုတယောက် အသက်ပေးပေါင်းတယ် ဆိုတာ တယောက်အသက်ကို တယောက် ကာကွယ်ဖို့ တယောက်ကို တယောက် သတ်ပစ်ဖို့မဟုတ်ဘူး။ ”
  • Than Aung Naing ယောက်ျားတန်မဲ့ မျက်ရည်ကျရတဲ့ ဖြစ်ရပ်တွေမှာ အရေးအခင်းတုန်းက စစ်တပ်က သေနတ်နဲ့ပစ်လို့ လူတွေသေကြတာကတမျိုး၊ အခုမြောက်ပိုင်းက လူသတ်မှုတွေကို ဖတ်ရသိရတဲ့အခါမှာ စိတ်ထိခိုက်ရတာကတမျိုး အသားထဲက လောက်ထွက်တာက ပိုဆိုးတယ် ထင်တယ်။

No comments:

Post a Comment