Monday, July 16, 2012

ဒေါက်တာနိုင်အောင်ရဲ့ ခပ်ရိရိစကားလုံးကို မျဉ်းနီတားပေးထားပါတယ်


Dr Naing Aung's Testimony
ABSDF မြောက်ပိုင်း၌ ၁၉၉၁ခုနှစ်နှင့်၁၉၉၂ခုနှစ်များ၌ ဖြစ်ပွားခဲ့ သောဖမ်းဆီး အရေးယူမှုများနှင့ပတ်သက် ၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်


· ·

ABSDF မြောက်ပိုင်းနှင့်ပတ်သက် ၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်


by Yeyint Nge on Sunday, March 25, 2012 at 7:26am ·

ABSDF မြောက်ပိုင်း၌ ၁၉၉၁ခုနှစ်နှင့်၁၉၉၂ခုနှစ်များ၌ ဖြစ်ပွားခဲ့ သောဖမ်းဆီး အရေးယူမှုများနှင့ပတ်သက် ၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်

ABSDF မြောက်ပိုင်း၌ ၁၉၉၁ခုနှစ်နှင့်၁၉၉၂ခုနှစ်များ၌ ဖြစ်ပွားခဲ့ သောဖမ်းဆီး အရေးယူမှုများနှင့ပတ်သက် ၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ရှင်းလင်းချက်


· · Share

  • 17 shares
    • Aungmyo Tun အာဏာရှင်စစ်အစိုးရလက်ထက် သတ်ဖြတ်နှိပိစက်မှုတွေကိုလည်း ဖော်ထုတ်ရေးသားပေးကြပါဦး...။
    • ကိုကို သစ္စာ ကိုမိုးသီးကတော့ နေရာတကာမင်းသားကြီးပဲ ဒါပေမဲ့ လူကြမ်းမင်းသား ထိကွဲဆိုတာကြီးပဲ။
    • အိုးဝေအောင် အိုးဘားမား
      ဒေါက်တာနိုင်အောင်၏ ၂၀၁၂ မတ်လ ၂၅ရက် နေ့စွဲဖြင့် ရှင်းလင်းချက်ထဲမှာ ကျနော် မရှင်းလို့ ပြန်မေးချင်တာတွေ ရှိနေပါတယ်။အဲဒီအထဲက တခုက သူ့ရဲ့မှတ်ချက်ပါ။သူ့မှတ်ချက်က ဘာလဲ ဆိုတော့ ။ ။(( မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)) ဆိုတဲ့ နေရာမှာ..
      ကိုနေ၀င်းအောင်နဲ့ကိုစိုးလင်း တို့ဟာ အခုထိ သက်ရှိထင်ရှား ရှိနေတယ်လို့ သိရပါတယ်။
      သူတို့ကို ထောက်လှမ်းရေးလို့ အတင်းဝန်ခံခိုင်းလာသည်အထိ မျိုးစုံနှိပ်စက်စစ်ဆေးခဲ့တယ်လို့ အခု သူတို့ကိုယ်တိုင်
      အင်တာနက်မှာ ဖွင့်ချနေတဲ့ ဆောင်းပါးတွေက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအတွင်း ပြန့်နှံ့နေပါပြီ။
      မတရားညှင်းပန်းနှိပ်စက်စစ်ဆေးရင် သူတို့မှ မဟုတ်ဘူး။အခု ရှင်းလင်းချက် ထုတ်နေတဲ့ ဆရာဝန်နိုင်အောင်ကိုလည်း ထောက်လှမ်းရေးပါလို့ ၀န်ခံလာအောင် ၊စပိုင် သူလျှို ဖြစ်လာအောင်၊ဗိုလ်ခင်ညွန့်လူ =မ ဖြစ်.. ဖြစ်လာအောင် မျိုးစုံနှိပ်စက် စစ်ဆေးလိုက်ရင် အလွယ်လေး ရနိုင်တာပဲ။
      အဲသလို နှိပ်စက်စစ်ဆေးခံရလို့ ထွက်ဆိုစေချင်တဲ့ နည်းလမ်း အဖြေတွေအတိုင်း တောတွင်းနှိပ်စက်မှုတွေကြောင့် သူတို့ကိုယ်တိုင် စပိုင်လို့ဝန်ခံထွက်ဆိုခဲ့ရသလို-နောက်ဆက်တွဲ မေးမြန်းသူတို့ရဲ့ နှပ်ကြောင်းတွေအရ ဖော်ထုတ်စေလိုသူတို့ရဲ့နာမည်တွေကို မဖြစ်မနေ (မဟုတ်မှန်းသိရဲ့)ဖော်ထုတ်ပေးခဲ့ရတာတွေကို ခင်ဗျားတို့က အခုအထိ အဲဒါတွေကို အတည်ပြု မှတ်တမ်းအဖြစ် ယူခဲ့ကြတာ-သိမ်းဆည်းခဲ့တာဆိုရင်လည်း အခု ဖွင့်ချလိုက်ပါ။ပြည်တွင်းပြည်ပ မီဒီယာ ပရိသတ်က ဝေဖန်ပိုင်းခြားပေးပါလိမ့်မယ်။
      ((နှိပ်စက်စစ်ဆေးခံရလို့ဖော်ထုတ်ပြောဆိုလိုက်တဲ့နာမည်တွေဟာ ယခုတိုင် လှုပ်ရှားနေသူများဖြစ်သောကြောင့် မသင့်တော်ဟု ဘာကြောင့် ယူဆနေရသလဲ။မေးခွန်းထုတ်လိုက်ပါတယ်။))
      နှိပ်စက်စစ်ဆေးလို့ မခံနိုင်လို့ အဆင့်ဆင့်ထုတ်ဖော်ပြောခံရသူတွေဟာ ထောက်လှမ်းရေး မဟုတ်မှန်း၊တွေးတောတတ်သူတိုင်း သိပေမယ့် ၊ ထိုသူတွေက နှိပ်စက်လွန်းလို့ ရန်သူ့သူလျှိုပါလို့သူတို့ကိုယ်သူတို့ လိမ်လည်ပြောဆိုခဲ့သလို -ထပ်မံလိမ်လည် ဖော်ထုတ်ခံခဲ့ရသူတွေဟာလည်း သူလျှို မဟုတ်ဘဲ အခုထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေသူတွေမှန်း သိပါလျှက်နဲ့ ခင်ဗျားတို့က အခုထိ သူတို့ကို စပိုင်လို့ ဘာလို့ သံသယရှိနေရတာလဲ။
      ((ဆရာဝန်နိုင်အောင်ရဲ့ ရှေ့နောက်မညီတဲ့ မှတ်ချက်တွေများစွာထဲက
      အခု ကျနော်မေးလိုက်တဲ့ မေးခွန်းတချို့ကို အများ လက်ခံ နားလည်လာအောင် ဖြေရှင်းပေးပါ။))
      ”သူလျှို မဟုတ်ဘဲ စွပ်စွဲခံနေရလို့ အခုထိ ပြည်တွင်းပြည်ပက ထင်ယောင်ထင်မှား ဖြစ်ခံနေရသူတွေ
      အမှန်မြင် လက်ခံလာအောင် မီဒီယာသို့ထပ်မံဖြေရှင်းပေးသင့်တယ် ” လို့
      ဝေဖန်အကြံပေး မှတ်ချက်ရေးသားလိုက်ပါတယ်။
      (အိုးဝေအောင်
      -ခေတ္တ အမေရိက)
      မတ်လ ၂၆ရက် ၊၂၀၁၂ခု။
    • Ko Baloi ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက်ထုတ်တာကို ကြိုဆိုပါတယ်။ အဲဒီအပေါ်မှာ ထောက်ပြဝေဖန်တာတွေကိုလည်း ကြိုဆိုပါတယ်။ သူ့အမြင်- ကိုယ့်အထင်တွေကို အပြုသဘောဘောင်အတွင်းကနေ ဝေဖန်ထောက်ပြသွား ကြရင်...အမှန်တရားနဲ့ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် အနီးစပ်ဆုံး အဖြေ တခုတော့ ထွက်လာမှာပဲ။
    • Tun Naing Ko Baloi, you are a gentleman.
    • Moe Thwin Tun အမှန်တရား ဆိုတာ ဖုံးကွယ်လို့ မရပါ။ တရားခံ ဘယ်သူဆိုတာ အားလုံး သိပါတယ်။ ဦးစော နမူနာ ယူစေချင်ပါသည်။

ကိုရဲရင့်ကျော် တင်ပေးသော နိုင်အောင့်ရှင်းတမ်းမှ ကွန်မန့်များ
  • You, Ko Baloi, Htun Htun Oo and 6 others like this.
  • 2 shares
    • Maungmaung Skw ဖတ်ထားပါတယ်ဗျာ သုံးခေါက် လေး
      ခေါက်လောက်ကိုဖတ်တာပါ။စကားတွေ
      က ရှေ့နောက်မညီမညွတ်နဲ့ ဉီးကျော်ဆန်း သတင်းစာရှင်းလင်းပွဲလုပ်
      သလိုပါဘဲဗျာ။
      March 26 at 9:47am · · 10
    • ကိုဝိုင် ဝိုင်ကေ ကိုမောင်က တော့ တင်ရတဲ့ ရည်ရွယ်ချက်ကို တန်းသိနေတာပါလား...။
    • ဘရာဇီး ငှက်ရိုး တိတ်တခိုးလေး ဆိုက္ကားဝန်ကြီး အောင်မင်းနဲ့ သွားတွေ့မှတော့ အတတ်ကောင်းတွေ တတ်လာပြီပေါ့..... ကြည့်ရတာ ကျနော့် အကိုတွေအမတွေ ရေးတင်တာကို ဖတ်ပြီး သူလွတ်အောင် ရှောင်ပြီး စာထုတ်လိုက်ပုံ ရပါတယ်... ရေဘဝဲလေး"ပေါ"လိုပဲ... လက်တံတွေနဲ့ အကုန်လုံးကို ပတ်ချည်ထားလိုက်တာ သူပဲလွတ်တယ် ကျန်သူ အားလုံးတရားခံပေါ့... မှတ်သားလောက်တဲ့ ရှင်းလင်းချက်ကြီးပါ....
    • Maungmaung Skw
      စာကသူကိုယ်တိုင်တောင်ရေးတယ်လို့
      မထင်ရဘူး။အလွဲတွေက ထင်ထင်ရှား
      ရှားကြီဖြစ်နေတော့ သူလိမ်ပြောသမျှ
      အဟုတ်မှတ်ထင်နေတဲ့ သူ့ကိုကိုးကွယ်
      တဲ့သူ တယောက်ယောက်ကဘဲ ရေးပေး
      ...See More
    • Nicky Shein နိုင်အောင်ကို အဟက်ဟက်လို့ပဲ အဟက်ဟက်လိုက်တော့မယ်နော်
    • Nicky Shein မဟုတ်ပါဘူး ကိုမောင်မောင်ရယ် သူကိုယ်တိုင်က တလျောက်လုံးလွဲလာတဲ့ဥစ္စာ
    • ဘရာဇီး ငှက်ရိုး
      ကိုမောင်တို့ ကိုညီကျော်တို့ ကိုညီတို့ ကိုရဲတို့ အားလုံးရေးတင်ကြတာတွေကို ရှောင်ပြီး အလွတ်လေး ထုတ်လိုက်တာ အလွဲတွေနဲနဲ များသွားတာပါ... ဘာဖြစ်လဲ နောက်တစောင် ထပ်ထုတ်လိုက်ဦးမယ်ဆိုရင် နောက်တမျိုး ဖတ်နေရပါဦးမယ်... အခုတောင် သူရှင်းကာမှ လူက မူးနောက်နောက် ဖြစ်သွားတယ်... မငယ်ကို အာရကေရလို့ ကယ်တယ် ဆိုလားပဲ..... နောက်ပြီးတော့ လက်ရှိနိုင်ငံရေးမှာ လုပ်ကိုင်နေဆဲဆိုတာ ကိုကိုကြီး(ကေကျူ့)ကို ညွှန်းချင်တယ် ထင်ပါရဲ့... အဲ့ တုန်းက ကေကျူ့ကြီး ကအောက်ဗကသက ဥက္ကဌလေ... အထက်ဥက္ကဌကော အောက်ဥက္ကဌကော မသတ်လိုက်နိုင်လို့ စိတ်မကောင်းဖြစ်နေတယ် ထင်ပါတယ်... တော်တော် အကြံပက်စက်တဲ့ လူတွေ...
    • Yamoun Nar http://www.naytthit.net/?p=25841
      www.naytthit.net
      မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ...See More
    • Freedom Sensor Khayey ဘုန်းကြီးခေါင်းခေါက်ပီးမှ။ နာချင်လို့။
    • Naing Oo
      ဒီစာမှာအချက်အလက်အမှားတွေအများကြီးပါဝင်သလို၊ စကားမညီတာတွေလည်း အများကြီးပါပါတယ်. တချက်မှာ စာရေးသူက ရန်သူတွေဒီလောက်အများကြီးဖမ်းမိတာ လော့ဂျစ်မကျဘူးလို့ရေးထားပါတယ်. ဒီရေးသားချက်ဟာ ကလေးဆန်ပါတယ်. ဖြေရှင်းချက်မှာထည့်မရေးသင့်ပါဘူး.စစ်မြေပြင်မှာ ရန်သူစပိုင်ကိုခြေရာခံဖို့ လော့ဂျစ်ထက် သက်သေခိုင်လုံမှုက ပိုအရေးကြီးပါတယ်. ဒီလိုပြောပြိး အောက်နားကြတော့ ရန်သူတွေစိမ့်ဝင်နိုင်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်လို့ပြောထားပြန်ပါတယ်.ဆိုလိုချင်တာက ရန်သူစပိုင်ရှိနိုင်သလို မရှိနိုင်ဘူး ဆိုတဲ့ အဓိပါယ်ကိုရပါတယ်.ဒါဆိုရင် ဘာလို့ အဖမ်းအဆီးတွေရပ်ဖို့ သူတို့ ညွှန်ကြားခဲ့တယ်လို့အောက်မှာထပ်ပြောရပြန်တာလဲ..ရန်သူစပိုင်ရှိနိုင်တဲ့ အတွက် သက်သေခိုင်လုံရင် အဖမ်းအဆီးကတော့ ဆက်ရှိနေမှာပဲ..ဒါကို ဆက်မဖမ်းဖို့ ဘာလို့တားမြစ်ခဲ့တာလဲ..ရှေ့နောက်မညီပါ..စာရေးသူစကား ငှား ပြောရရင် လော့ဂျစ်မကျပါ..ဒီနေရာမှာတော့ ကျွန်တော့်အမြင်ကို ဒီလောက် လေးသာ ပြောထားခဲ့ပါသည်..ဒေါက်တာနိုင်အောင် သတ္တိရှိနိုင်ပါစေ..

No comments:

Post a Comment