Sunday, July 15, 2012

ကိုထိုက်ရဲ့ မှတ်ချက်

မြောက်ပိုင်း ကိစ္စ ကာယကံရှင် (၂) ယောက် .. ထိပ်တိုက် တွေ့ကြပါပြီ ... (ဒေါက်တာနိုင်အောင် ပြန်ရှင်းဖို့ အလှည့်)


by Ko Htike on Monday, March 26, 2012 at 12:50pm ·

မြောက်ပိုင်း ကိစ္စက ဘာနဲ့ တူနေသလဲဆိုတော့ .. ကြမ်းပြင်က ကော်ဇောအောက်မှာ ခဲလုံး ဝင်ပြီး ခု နေသလိုပဲ။ ခဲ ခု နေတဲ့ နေရာလေးကို ပြန့်သွားအောင် ဖြန့်ပြီး ညှိလိုက်ရင် .. ခဲလုံးက နောက်တနေရာမှာ ရှိနေတာပဲ။ မရှင်းဘဲ ထားပြန်ရင်လည်း ခိုးလိုးခုလုနဲ့ ထိုင်မရ၊ ပြုမရ။ ကော်ဇော တစ်ခုလုံး လှန်ပြီး ထုတ်ဖို့ကလည်း တအိမ်လုံး ရှိသမျှ အကုန် ဖယ်ရ၊ ရွေ့ရနဲ့ လုပ်လို့လည်း မဖြစ်။ တော်တော် ဆိုးရွားတဲ့ ခံစားချက်ပဲ နေမှာ။

အဲ .. နှိပ်စက် ညှဉ်းပမ်းပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေစဉ်မှာတော့ အဲဒီလို ဖြစ်မယ်ဆိုတာ စဉ်းစားမိမှာတော့ မဟုတ်ဘူး။ နိုင်တုန်း၊ အသာစီးရတုန်း လုပ်ချင်တိုင်းလုပ်၊ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်း၊ ယုတ်မာချင်တိုင်း ယုတ်မာနေခဲ့ကြတာ။ အခု ဒီကိစ္စနဲ့ ပက်သက်ပြီး .. ကာယကံရှင် ၂ ယောက် ထိပ်တိုက် တွေ့ကြပါပြီ။ သူတို့တွေကတော့ ...

၁။ ဒေါက်တာနိုင်အောင် (အခင်းဖြစ်ပွားစဉ်ကာလများအတွင်း ABSDF ဗဟို ဥက္ကဌ ဖြစ်ခဲ့ပြီး မြေက်ပိုင်း ကိစ္စ ရှင်းလင်းသည့်စာကို မတ်လ ၂၅ ရက် ၂၀၁၂ တွင် ထုတ်ပြန်သူ)

၂။ ကိုစိုးလင်း (မြောက်ပိုင်း ကိုယ်စားလှယ် အဖြစ် ဗဟိုညီလာခံ လာရောက်တတ်ရောက်စဉ် ဒေါက်တာနိုင်အောင့် အမိန့်ဖြင့် ဗဟိုတွင် ဖမ်းဆီးနှိပ်ဆက်ခံရသူ)

ဒေါက်တာနိုင်အောင် ပြောတာကတော့ .... "မြောက်ပိုင်း ကိစ္စနှင့် ပက်သက်၍ ကိုစိုးလင်းမှ တဆင့် ကိုနေဝင်းအောင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၄င်းတို့ ၂ ဦးမှ တပ်ဖွဲ့ဝင် အများအပြား ထပ်မံ အဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များကို အသေအချာ သတိထား စီစစ်ခဲ့ပြီး၊ ၄င်းတို့ ၂ ဦးအပေါ် မှန်ကန် မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးခဲ့ပါသည်။" တဲ့။

ဒေါက်တာနိုင်အောင်တို့ ဖမ်းတာခံရပြီး လက်ရှိ မန္တလေးမှာ နေပြီး မြန်မာ့နိုင်ငံရေးကို ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် အတူ ပူးပေါင်း လုပ်ကိုင်နေသော ကိုစိုးလင်းက .... "မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့က ကျွန်တော့်ကို ဖမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင်ရဲ့ ခွင့်ပြုချက်နဲ့ပဲ လုပ်ခဲ့ကြတာပါ။ ကိုနိုင်အောင့် ရှင်းလင်းချက်မှာ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ (ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲ ရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့လူမဟုတ်တဲ့ အကြောင်း အတန်တန် ငြင်းဆိုခဲ့ပါတယ်။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ။"

ဒီတခါတော့ ... ဒေါက်တာနိုင်အောင် ရှင်းဖို့ အလှည့် ပြန်ရောက်လာပါပြီ။ ဒေါက်တာနိုင်အောင် ရှင်းဖို့ကိုလည်း တောင်းဆိုပါတယ်။

လေးစာစွာဖြင့်

ကိုထိုက်

· · · Share

  • 22 shares
    • Ko Htike တချက်ခြင်းဆီပေါ့ဗျာ။ အခုက သူ့ပြောစကားနဲ့ သူစွပ်စွဲသူတွေက .. လက်ရှိ သက်ရှိထင်ရှား ရှိနေသေးတော့ .. ရှင်းဦးပေါ့။ ကျန်ကိစ္စတွေကို တဖက်သက် ပြောတယ်ဆိုပြီး ငြင်းနိုင်သေးတယ်။ .. ၉၂ တုန်းက ပြောထားတာ ရှိသေးတယ်။ စတိတ်မန့်ထုတ်ပြီးတော့ကို လက်မှတ်ထိုး ထောက်ခံခဲ့တာ။ I have no more dispute about the righteousness to execute 15 spies. တိတိကျကျ ပါပဲ။ ရှင်းစရာတွေပါပဲ။
    • Aye Aye Mon Pee gya thay Bu koe
    • ရည်ရွယ်ချက် ဘားမား ကိုယ့်ချီးထုပ်ကိုယ်ဖြေနေရတာနဲ့ ဒီပဲယင်းကိစ္စအားလုံးမေ့ကုန်ကြပြီး။ ဒီလိုဖြစ်အောင်လဲ လုပ်တဲ့ သူကရှိနေတာကိုး
    • Ko Htike
      ကိစ္စ နှစ်ခုက သက်သက်စီပါ။ ဟိုဟာလုပ်လို့ ဒီဟာမေ့တယ်၊ ဒီဟာ မလုပ်ဘူး ဆိုတာ ယုတ္တိမကျပါဘူး။ မတရားမှုတိုင်းကို ဖြေရှင်းရမှာ လူတိုင်းရဲ့ တာဝန်ပါပဲ။ ကိုယ်ကျွမ်းကျင် နားလည်တဲ့ ဒေတာ အပေါ်မှာ သုံးသပ် ပြောဆိုမှုဟာ .. အခြားအချက်တွေကို မေ့ထားတယ်လို့ ကောက်ချက် ချလို့ မရပါဘူး။

      ကျောင်းသား အရွယ်ကတည်းက အင်္ဂလိပ်စာ သင်လို့ .. မြန်မာစာ မေ့တယ်ဆိုတာ မရှိပါဘူး။ သချာင်္သင်နေရလို့ ပထဝီ မသင်ရဘူးဆိုတာ မရှိပါဘူး။ ဒီတော့ .. မြောက်ပိုင်းကိစ္စ မတရားဘဘူး ပြောနေတာဟာ ၇ ဂျူလိုင် ဗုံးဖောက်ခံရတဲ့ ကိစ္စက စပြီး၊ ရွှေဝါရောင် နာဂစ် ကိစ္စတွေကို မေ့ပစ်ဖို့ လုပ်နေ၊ ပြောနေတာ မဟုတ်ဘူးဆိုတာ သိစေလိုပါတယ်။ အမြင်ကျယ်ကျယ် မြင်ပါဗျာ။
      March 26 at 5:33pm · · 33
    • ရည်ရွယ်ချက် ဘားမား
      ကျွန်တော်အဓိကပြောချင်တာကတော့ အခြေနေနဲ့ အချိန်ခါကို ကြည့်ပြီး လုပ်ရမှာကိုပါ ခုဆို ABSDF ကိုဖျက်သိမ်းဖို့ ကိုပါ မန္တလေးမှာတောင်းဆိုနေကြဖို့ လုပ်နေပါတယ်။ အေဘီက လက်ရှိအစိုးရအဖွဲ့ ဝ်ငတွေနဲ့ ဆွေးနွေးဖို့ လုပ်နေချိန်မှာ အပြေးညီ ထွက်လာ ဖြစ်လာတဲ့ စည်းဝါးကိုက်အသံကို ပြောတာပါ။ ဒီလိုဖြစ်နေတာဟာ စံနစ်တကျ အကွက်ချလုပ်ဆောင်နေမှုလို့ထင်တယ်။ ဒီကိစ္စ ကို နှစ်နှစ်ဆယ်လုံးလုံး အသံတိတ်နေပြီးခုမှ ထွက်လာတာ အဲဒီလို စထွက်အောင်ပထမဦးဆုံး လုပ်ခဲ့သူကလဲ နေရာတကာ ကမောက်ကမ အချိန်ကိုက်လုပ်ခဲ့တဲ့ သူဖြစ်နေတာတွေ ။
    • Aye Aye Soe Win There is no conspiracy regarding the ABSDF north case...Whoever does not want the public to see the truth as it was, it means that the criminasl have accomplices and followers who are working against their conscience. As simple as that!
    • ဘရာဇီး ငှက်ရိုး
      မန်းလေးကလူတွေက ပြည်တွင်းမှာ သမ္မဂသီချင်းကို ရဲရဲရင့်ရင့်ဆိုနေကြတဲ့ သူတွေပါ... အေဘီကို ဖျက်သိမ်းဖို့ ဆိုတာ ဘယ်မန်းလေးကကောင် ပြောတာဒုံးဗျာ... FNG ကသတင်းဆိုရင်တော့ ဟိုးးးးး ဇန်နဝါရီ ၂၇ကတည်းက သတင်းမို့လို့ ဝေးးးးးး သွားပြီ... အခု မြောက်ပိုင်းကိစ္စ စပေါ်လာတာ နဲနဲပွင့်လင်းလာပြီ ထင်လို့ (ကျနော်အနေနဲ့ ကတော့ သွေးတိုး စမ်းလိုက်တာပါ)... မျက်နှာဖုံးစွပ် အာဏာရှင်က ဘယ်လို ဖြစ်စေချင်လဲ သိချင်ယုံပါ... ဒီပဲယင်းတို့ 2007 တို့ကို ဦးဆောင်ပေးကြပါလား... နောက်ကလိုက်ရဲပါတယ်လို့.....
    • Flygon Thapyay မဆီမဆိုင် ..... မန္တလေးသားတွေကို ခလုပ်လာတိုက်နေ ပြန်ပြီ ... မန္တလေးသားတွေ အေဘီကိုချစ်တယ် မတရားမှုကိုဖေါ်ထုတ်တယ် ဒါလေးပါပဲ ...အန်မတန် ရိုးရှင်းပါတယ် ....
    • Ko Lin Wai Aung AB ဖျက်သိမ်းဘို့ကိစ္စမြောက်ပိုင်းပြန်တွေပြောထားတာမရှိပါ...ကြေညာချက်ပြန်ဖတ်ကြည့်ပါ....အချိန်ကိုက်ဖေါက်ခွဲတယ်ဆိုတာမှားပါတယ်...အကွက်ချလုပ်ကြံစီစဉ်တယ်လို့ထင်ရင်အမှန်တရားဖေါ်ထုတ်သူတွေကိုစော်ကားသလိုဖြစ်ပါလိမ့်မယ်...များများလေ့လာပြီးမှပြောစေချင်ပါတယ်...နောင်တမရစေချင်လို့ပါ...စကားတစ်ခွန်းဟာအခုချိန်မှာအလွန်အရေးကြီးတယ်ဆိုတာပြောလိုက်ပါရစေ..စိတ်ဆိုးလို့ပြောခြင်းမဟုတ်သည်ကိုသိစေလိုက်ပါတယ်...
      March 27 at 1:54am · · 4
    • Baydar Lam AB ဖျက်ဖို.ပြောနေတာကိုခင်ဗျားတို.ပြောမှကြားရတာပါ။အဲဒီလိုတောင်းဆိုမှုမျိုး မန္တလေးမှာပြောရက်တဲ့သူတယောက်မှမရှိပါဘူး။အခုပြောနေတဲ့သူက နိုင်အောင်ရဲ.ကလောင်ခွဲများလား၊?
      March 27 at 2:35am · · 5
    • Khin Nyein Thit ခင်ရွှေလှိုင် သံခဲမိန်းမက နေ့သစ်မှာ ရေးထားတယ်။ ခင်ရွှေလှိုင်ကို သတိပေးချင်ပါတယ်။ နိုင်အောင်က ထောက်လှမ်းရေးတစ်ယောက်မဟုတ်ဘူးဆိုတာ ဘယ်သူ အာမခံရဲပါသလဲ
      March 27 at 2:50am · · 5
    • ဘရာဇီး ငှက်ရိုး ဒေါက်တာနိုင်အောင်ကို ပြောလိုက်ကြပါဦး... အပေါ်က ကိုသိန်းထွန်းလိုပဲ ကိုကျော်စွာဝင်းမောင်လဲ ဖေ့စ်ဘွတ်ခ်ကို ယူ့စ်နေပြီဆိုတာလေး...
    • Kyaw Winswe ကိုစိနိသန်းကဘယ်သူလဲသချင်ပါတယ်။
    • Sein Than who are you, you want to know me? i 'm sein than aye, i stay in s'pore since 1995. year 1993 working in malaysia,i never do politice,only interesting in your true story,currently in s'pore for working, you can call me 24 hour my cell phone 93415419,my home town in yangon, north okkalapa, you need to know any more contect me, my fb photo is very clear,ok
ဘာပဲ ပြောပြော ဒေါက်တာနိုင်အောင်က တောင်းပန်စကားကို စာထဲမှာ ထည့်ပြောတာတော့ မြောက်ပိုင်း ကိစ္စနဲ့ ပက်သက်ရင် ပထမဦးဆုံး တာဝန် ရှိသူတွေထဲမှာ တောင်းပန်သူ အဖြစ်တော့ မှတ်တမ်း တင်ပါတယ်။

ဒေါက်တာ နိုင်အောင် ရေးတဲ့စာကို အချက်အလက်တွေ စီစစ်ပြီး အသေးစိပ် ဖတ်ရှုလေ့လာမှု (content anaylsis) တင် မကဘဲ၊ စာသားတစ်ခုလုံးရဲ့ ဘုံရည်ရွယ်ချက်နဲ့ အရေးအသား ဆိုလိုရင်းကို လေ့လာမှု (texual analysis) အရပါ အသေးစိပ် ကြည့်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးပိုင်း အချက် (၃) ချက်ရဲ့ ... ပထမ အချက် "စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွင်းရန် ကြံစည်ခြင်း ရှိ မရှိ" ဆိုတဲ့ အချက်ကို ... အချက်အလက် အဖြစ်အပျက်အတွက်သာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး ... ဖေါ်ထုတ်ဖို့ မလိုအပ်တော့ပါ။ ... အဲဒီ အချက်ကို ဖေါ်ထုတ်ဖို့ ကြိုးစားတယ်ဆိုပြီး နောက်ထပ် အငြင်းပွားမှုတွေ ပေါ်ထွက်လာပြီး .. လူမဆန်စွာ ပြုကျင့်တဲ့ .. "လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု"ကို ကျူးလွန်ခဲ့သူတွေကို ... ပြည်သူလူထုနဲ့ တရားဥပဒေရှေ့မှောက် ရောက်လာအောင် ဖေါ်ထုတ်မှုကို မှေးမှိန်သွားစေနိုင်ပါတယ်။

ဒီကာလဟာ သူလျှို ဖေါ်ထုတ်ရေး ကာလ မဟုတ်တော့ပါဘူး။ သူလျှို ဟုတ်၊ မဟုတ် ဆိုတာ အနှစ် (၂၀) ကျော် ကာလအတွင်းမှာ အဖြူ၊ အမဲ ကွဲခဲ့ပြီးပါပြီ။ သူလျှိုဆိုပြီး ဖမ်းခံ၊ နှိပ်စက် ခံရသူတွေကို သူပုန်တွေ အဖြစ် နအဖ လက်ထက် ထောင်တွေမှာ ဖမ်းဆီး နှိပ်စက်တာ ခံရသလို၊ ဒီနေ့တွေမှာလည်း ပြည်တွင်းက စစ်မှန်တဲ့ တော်လှန်ရေး ခေါင်းဆောင်တွေနဲ့ ယုံယုံကြည်ကြည့် လက်တွဲ ဆောင်ရွက်နေတာကို ဘယ်သူက ငြင်းနိုင်ဦးမှာလဲ။

.. သူလျှို ဖြစ်ခဲ့ရင်တောင် ဒီလို ညှဉ်းပမ်း နှိပ်စက်တယ်ဆိုတာ အင်မတန်ကို ရွံစရာကောင်းတဲ့ အကျင့်ယုတ်မှုသာ ဖြစ်ပါတယ်။ ဒီတော့ လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက် သက်ဖြတ်မှုတွေ ရှိခဲ့ မရှိခဲ့သာ အဓိက စစ်ဆေးရမှာ ဖြစ်ပါတယ်။

.... ကျူးလွန်သူတွေကိုတော့ အုပ်စု (၄) စု ခွဲရမှာ ဖြစ်ပါတယ်။

၁။ အမိန့်ပေး စေခိုင်းသူဖြစ်သလို .. ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ပြုခဲ့သူများ
၂။ သူတပါး အမိန့်ပေး စေခိုင်းခံရသဖြင့် ကိုယ်ထိ လက်ရောက် ကျူးလွန်သူများ
၃။ ထောက်ခံ အားပေးသူများ
၎။ အထက်ပါ အချက် (၃) ချက်တွင် မပါဝင်သော်လည်း ... တိုက်ရိုက်/သွယ်ဝိုက် တာဝန်ရှိပြီး မတားမြစ်ခဲ့သူများ

စသဖြင့် သတ်မှတ်ပြီး အဆင့်ဆင့်အလိုက် ကျူးလွန်မှုများကို ဖေါ်ထုတ်ပြီး ... အနိမ့်ဆုံး အဆင့် ... သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ကျူးလွန်ခံရသူများကို မျက်နှာဆုံညီ အခန်းအနားဖြင့် မိမိတို့ အမှားများကို ဝန်ချ တောင်းပန်မှုကို ပြုလုပ်နိုင်ရမည် ဖြစ်ပါသည်။ တရား ဥပဒေအရ ရင်ဆိုင်မှုများကိုတော့ ... တချိန်မှာ တရားဥပဒေ မြန်မာနိုင်ငံမှာ ပြန်လည် ထွန်းကားလာချိန်မှာ .. ဥပဒေအရ ရင်ဆိုင် ကြရမှာ ဖြစ်ပါတယ်။

ဒါမှ နောင်မျိုးဆက်တွေက ဒီလို အမှားတွေကို ထပ်မမှား ကြမှာ ဖြစ်သလို၊ .. ကျောင်းသား တော်လှန်ရေး သမိုင်းမှာ လူယုတ်မာများ ပါဝင်ခဲ့တာကြောင့် အမဲစက် စွန်းထင်ခဲ့တာသာ ဖြစ်ပြီး .. သူရဲကောင်းတွေက အများအတွက် ဆက်လက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ စတေးသွားခဲ့ရတယ်ဆိုတာကို မှတ်တမ်းတင် နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသား တော်လှန်ရေး သမိုင်းလည်း ရာဇဝင်မှာ သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

လေးစာစွာဖြင့်
ကိုထိုက်
3 · ·
    • Aye Aye Soe Win Yes, they must face justice sooner or later, preferably sooner..sooner..
    • Aye Aye Mon Whatever
      Try to send SB Toutures makers to Courts First by SB's Generations or SB youths
    • Aye Aye Mon I don't want to see Burmese Special Branch's Spys, Burmese Military Hackers and Burmese informers Foreign living Bloggers are mixing together with any Oppositions people especially in Foreign Countries
    • Aye Aye Mon If real Burmese Asylum Seekers, Real Burmese Refugees, Burmese Former Political Prisoners, Burmese Former Freedom Fighters, Burmese Formers Rangers
      Need to export Back any little SBs or little or big Spys or any real Rubbishs to Myanmar
      Eyes cross in all Foreign Countries
    • Aye Aye Mon Real Burmese Current Politicians, real Burmese Current Politics concerns use Useful Dogs to get SB smells, Spys Rubbishs and Foreign living messy makers around all of you
    • Aye Aye Soe Win Well, whosoever did something abominable to the innocent students against their conscience, there will be something going back to them..
    • Thura Aung သူတို့ ဘောလီဘောပုတ်နေသည်။
    • Chan Nyein Moe နှပ်ကြောင်းဆန်ဆန် လုပ်သွားတာ တွေ့ ရတယ် ၊ ကိုနေလင်းအောင်နဲ့ ကိုစိုးလင်း တို့ ဆီက ထွက်လာတဲ့  နာမည်တွေမှာ လက်ရှိပြည်တွင်းမှာ ဆက်လှုပ်ရှားနေတဲ့  သူတွေပါနေတယ် ဆိုတာ သဘောရိုးလို့  မယူဆပါ ။
    • Phome Maung
      ဒေါက်တာနိုင်အောင်အချိန်မှီမသွားလို့အချိန်မှီမဖြေရှင်းနိုင်ခဲ့တာ၊ဒါကြောင့်မသေသင့်ဘဲသေခဲ့ရတယ်၊ဒီလိုအချိန်ဆွဲခဲ့အတွက်မလိုလားအပ်တဲ့သမိုင်းဆိုးကိုဖြစ်စေခဲ့တာဘဲလေ၊အဲဒါကြောင့်ဒေါက်တာနိုင်အောင်ဟာလူသတ်တာကိုကြားနေလျှက်နဲ့အချိန်မှီဖြေရှင်းဘို့မကျိုးစာ...See More

------------------------------------------------------
လူတချို့က .... ကျောင်းသား၊ ယုံကြည်ချက်၊ အောက်ခြေ ရဲဘော်၊ တောတွင်းက ရဲဘော်/ရဲမေ၊ တောထဲမှာ ဆင်းရဲ ဒုက္ခခံ၊ လက်နက်ကိုင်တိုက်ပွဲဝင်၊ သတ်စွန့်ဆံဖျား တိုက်ပွဲဝင်၊ အနစ်နာခံ၊ တောတွင်း ဖြတ်သန်းမှု အတွေ့အကြုံ၊ ရဲဘော်/ရဲဘက်ခြင်း ခံစားနားလည်မှု၊ ဗကသ အဖွဲ့ဝင်၊ အနစ်နာခံမှု ... စတဲ့ စကားလုံးတွေ သုံးပြီး လူဖက်သားကို နှိပ်စက်၊ သတ်ဖြတ်တာဟာ တရားတယ်လို့ ဆုံးဖြတ်ချင်ပုံရတယ်။

အဲဒီ စကားလုံးတွေမှာ အမှန်တရားကို အာမခံတဲ့ အဓိပ္ပါယ် တစ်ခုမှ မပါသလို၊ အဲဒီ စကားလုံးတွေထဲမှာ လူတွေကို နှိပ်စက် သတ်ဖြတ်လို့ ရတယ်လို့ ဖွင့်ဆိုချက် လုံးဝ မပါဘူး။ ဒါကို အဲဒီ စကားလုံးတွေ နောက်မှာ ညှဉ်းပမ်း သတ်ဖြတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်တော့ အထက်က စကားလုံးတွေရဲ့ တန်ဖိုးကို အဲဒီလူတွေကိုယ်တိုင် ဖျက်ဆီးနေတာပဲ။ AB ကို တကယ်တမ်းမှာ ဒီလူတွေက ပြန်ပြီးတော့ လက်တွေ့အရ သိက္ခာ ချနေတာပဲ ဖြစ်တယ်။

စစ်စစ်ပေါက်ပေါက် မေးရရင် ... ဘယ်သူတွေက ခင်ဗျားတို့ အနစ်နာခံပေးပါလို့ တောင်းဆိုနေလို့လဲ။ ဘယ်သူတွေက တောခိုပါ၊ လက်နက်ကိုင်ပါလို့ ပြောဆိုခဲ့လဲ။

ဒါပေမယ့် မွေးကတည်းက မိဘ၊ ဘိုးဘွား၊ ဘာသာတရားက သင်လာတာဟာ သူများအသက် မသတ်ရဘူး၊ သူများကို မညှဉ်းဆဲရဘူး ... ဆိုတာပဲ သင်လာတာ။ ဒီတန်ဖိုး ၂ ခုကို ပြောင်းပြန် လုပ်ပြီး .. ညှဉ်းပမ်း သတ်ဖြတ်တာ တရားတယ် ထင်ရင်တော့ တလောကလုံးကို ပြောင်းပြန်လုပ်ပြီး ရေဆန်ကို လက်ပစ်ကူးဖို့ ကြိုးစားနေတာသာ ဖြစ်တယ်။ ခရီးရောက်လည်း ဘယ်နှစ် မိုင် ရောက်နိုင်မှာ မှတ်လို့။
3 · ·
    • MrMaung KoThet တိုထိုက်... အေဘီတွေ တေနတ်ဂျီးနဲ့ရာ ကျစ်တွားအုံးမယ်။ :))
      April 4 at 3:04am · · 4
    • Ko Htike မတတ်နိုင်ဘူးဗျာ။ ကျွန်တော်တို့ နဝတ၊ နအဖ တွေကို တော်လှန်တာ .. အဲဒီ စိတ်ဓါတ်တွေကို မကြိုက်လို့ တော်လှန်တာဗျ။ အခု AB ထဲက သိုးမဲ တစ်စုက အဲဒီ စိတ်ဓါတ် မွေးနေတော့ .. သူတို့ စိတ်ဓါတ်တွေကိုပါ တော်လှန်ရမှာပဲဗျ။
    • Chan Nyein Zaw ကိုထိုက် ပြောပုံဆိုရင် AB ဆိုတာ အလကားပျင်းလို့ ဖွဲ့ထားတာနဲ့တူတယ်။သမိုင်းရဲ့ တောင်းဆိုချက်မပါဘူး။
      April 4 at 4:13am · · 1
    • Ko Htike သမိုင်းက တောင်းဆိုတယ်ဆိုတာကတော့ ကြီးလွန်းပါတယ်ဗျာ။ AB ကို သမိုင်းက တောင်းဆိုတာပါ။ ဒါပေမယ့် မောင်ဖြူကို AB ဝင်ဖို့ သမိုင်း မတောင်းဆိုဘူး။ တစ်ဦးခြင်းဆီဟာ ကိုယ်ပိုင် ရွေးချယ်မှုဗျ။ ဘယ်သူ့ကိုမှ AB ဝင်ဖို့ မတောင်းဆိုဘူး။ မောင်ဖြူ မဝင်ရင်၊ မောင်ညိုက ဝင်မှာပဲ။
      April 4 at 4:43am · · 5
    • Chan Nyein Zaw သွေဖီရေးတခုနောက်မှာ နောက်ထက်သွေဖီရေးတခုက ဖုံးနေတတ်တယ်ဗျ။ သတိလေးနဲ့ ရေးသားဝေဖန်စေချင်တယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအရ လက်မခံနိုင်ဘူး။ NLD ရွေးကောက်ပွဲဝင်တော့ NLD ကိုဝေဖန်တယ်။ NLD ကိုမကြိုက်လို့မဟုတ်ဘူး။ ဒါပေမယ့် တဖက်အမြင်မှာ NLD ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အခုလည်း AB ရဲ့လူသက်ကောင်တွေကို မုန်းတာနဲ့ပဲ (ဘယ်သူတွေက တောခိုပါ၊ လက်နက်ကိုင်ပါလို့ ပြောဆိုခဲ့လဲ။ ) ဆိုတာက စစ်အစိုးရအကြိုက် ဖြစ်နေတယ်။
      April 4 at 4:50am · · 4
    • Ko Htike မဆိုင်ပါဘူး။ အဖြု မဟုတ်တာနဲ့ အမဲ ဖြစ်မယ်ဆိုတာကတော့ တရားသေ အမြင် သေးသူတွေရဲ့ အမြင်ပါပဲ။
      April 4 at 4:54am · · 5
    • Chan Nyein Zaw ဒါဆိုရင် တရားသေ အမြင် သေးသူတွေ အများကြီးပဲဗျ။ကိုထိုက်တောင် ၈၈တွေလွတ်တော့ ခွပ်ဒေါင်းအလံနဲ့ ဆိုင်ကယ် ဦးထုပ်မဆောင်းတဲ့သူတွေကို ဝေဖန်ပြီး NLD စည်းရုံးရေးမှာ လူအုပ်လိုက် ဆိုင်ကယ်ဦးထုပ်မဆောင်းကြတာကို နှာစေးခဲ့တာပဲ။
      April 4 at 4:59am · · 2
    • Ko Htike မစေးပါဘူး
    • Ko Htike အဲဒီ ကိစ္စကို စပြောတာ ကျွန်တော်ပါ။ ပြောတာလဲ NLD တွေ မဆောင်းခဲ့လို့ ပြောတာပါ။ ကြံခိုင်ရေးတွေ၊ ထောက်လှမ်းရေးတွေ မဆောင်းတာကို ပြောခဲ့တာ မဟုတ်ဘူး။ ဒီနေ့အထိလည်း အဲဒီ ရပ်တည်ချက်အတိုင်းပဲ ရပ်တည်တယ်။ ... ဒါပေမယ့် ဓါတ်ပုံတိုင်းမှာ ဦးထုတ်ဆောင်းပါလို့ လိုက်ပြောရလောက်အောင်တော့ ကျွန်တော်က မပြိန်းသင့်ဘူး ထင်တယ်။
      April 4 at 5:07am · · 3
    • Chan Nyein Zaw မစေးပါဘူး
      April 4 at 5:12am · · 1
    • Kyaw Soe Moe ‎@ Ko Htike, Oh O! somebody is watching you. Watch Out!
      April 4 at 5:23am · · 1
    • Kyaw Soe Moe
      ‎"ဘယ်သူတွေက ခင်ဗျားတို့ အနစ်နာခံပေးပါလို့ တောင်းဆိုနေလို့လဲ။ ဘယ်သူတွေက တောခိုပါ၊ လက်နက်ကိုင်ပါလို့ ပြောဆိုခဲ့လဲ။" This question may be a little overboard. Back in those days, some may only have two choices in their lives: get arrested and tortured Or go underground. They chose to go underground and plan to fight. We cannot certain that they just went to ABSDF to fight junta, some may be from military spy group. But, I don't think not all one hundred of them are spy. But, killing even one spy is wrong.
      April 4 at 5:32am · · 4
    • Ko Htike ကို Kyaw Soe Moe ကျွန်တော်က လက်နက်ကိုင် တိုက်ပွဲဝင်ပြီး ... လူသူမသိ အနစ်နာခံသူတွေကို ဆော်ကားတာ မဟုတ်ပါဘူးဗျာ။ ... ငါတို့မှ အနစ်နာခံတယ်ဆိုတဲ့ ... လူတန်းစား တစ်ရပ်ကို ရည်ရွယ်တာပါ။
      April 4 at 5:34am · · 8
    • Aung Naing Moe ဘာသာတရားက သင်တဲ့အထဲမှာ ညာမပြောရဘူးဆိုတာလည်းပါတယ်။ သေချာတာကတော့ ၂၅ ရာခိုင်နှုန်းကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စု ညာပြောသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုထိုက်နှာစေးနေတယ်။ :-)
      April 4 at 6:31am · · 2
    • Ko Htike အစ်ကို ကျွန်တော် မသိလိုက်ဘူးဗျ။ ... ဘာကိုလဲ မသိဘူး။ ကျွန်တော် ဒေါ်စု ပြောသမျှ အကုန်နားမထောင်ဖြစ်တာတော့ ဝန်ခံတယ်။ ဘာလို့လဲ ဆိုတော့ ... သူပြောသမျှ မျက်လုံးအဝင့်သားနဲ့ နားထောင်ဖို့လည်း မလိုဘူး ထင်လို့ပါ။ ဖြစ်ပျက်သမျှ အရေးပါတဲ့ အပြောင်းအလဲ အရွေ့ (process) ကိုသာ track လိုက်လုပ်နေမိလို့ပါ။
      April 4 at 6:34am · · 2
    • Aung Naing Moe
      ကိုထိုက် မသိဘူးဆိုတာ ဟုတ်ပါ့မလား။ ကိုထိုက်အပျင်းပြောလာဖတ်သွားတယ်ဆိုတဲ့ ကိုဝတုတ်ဆောင်းပါးထဲမှာလည်း အဲဒီအကြောင်း အကျယ်တဝင့်ပါတာပဲ။ စာကို ကျော်လွှားဖတ်တတ်ရင်တော့ မပြောတတ်ဘူး။ ကိုထိုက်သိချင်ရင် မခက်ပါဘူး။ ဆွေဆွေကြည်ပေ့ဂ်ျမှာ မိန့်ခွန်းနှစ်ခုက ကောက်နှုတ်ချက်တွေ တင်ထားတယ်။ ၂၅ ရာခိုင်နှုန်းကိစ္စက ဒီလောက်အရေးကြီးတဲ့ကိစ္စ။ ဒေါ်စုရဲ့ လွှတ်တော်ထဲဝင်ရခြင်း အကြောင်းသုံးရပ်ထဲက နောက်ဆုံးတချက်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ၂၅ ရာခိုင်နှုန်းကို ပယ်ဖျက်ဖို့ကိစ္စ ကိုထိုက်စိတ်ဝင်စားခဲ့မယ်ဆိုရင် တတ်နေမယ့်အစား သမာသမတ်ကျကျ ဝေဖန်မယ့် ကိုထိုက်အမြင်ကို သိလိုပါတယ်။
      April 4 at 6:44am · · 1
    • Aung Naing Moe ပြင်ဆင်ချက်။ ......။ တိတ်နေမယ့်အစား။
    • Ko Htike
      ကျွန်တော် လွှတ်တော် တမတ်သား ကိစ္စကို စိတ်ဝင်စားပါတယ်။ အပျော်ဖတ်စာကိုတော့ အပျော် သဘော ဖတ်သွားခဲ့တာ အသေအချာပါပဲ။ အဆုံးသတ် အဖြေနဲ့ သူ့သဘောကို ပထမ အပိုဒ်မှာကတည်းက သိပြီးသားပဲလေ။ ထားပါ။ ဒါက ..။ ပါလီမာန် တမတ်သား ကိစ္စကို ကျွန်တော် လွန်ခဲ့တဲ့ ၂ လ၊ ၃ လ လောက်ကတည်းက ရေးခဲ့ဖူးတယ် ထင်တယ်။ NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ဒါတွေကို ပြင်ဆင်ဖို့ သင့်တယ်လို့ ... ရေးခဲ့ဖူးပါတယ်။ ... သူတို့ ဆက်ဝင်နေတာကို ကျွန်တော်က တားလို့လည်း မရသလို၊ ... နောက်ပြန်ဆုတ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲဒီကို ဦးတည်ပြီး အဲဒီ လမ်းကပဲ သွားနေတဲ့ အဟုန် ကို ကျွန်တော့်လို လူတစ်ယောက်က ပြောင်းဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ NLD ဟာ ကျွန်တော် တွက်ပြတဲ့ လိုအပ်တာတွေကို လုပ်မယ်လို့ ယူဆ (assume) လုပ်ပြီး သွားတယ်လို့ ထားလိုက်တယ်။ အဲဒီ အရွေ့ကို လိုက်ကြည့်ပါတယ်။ ... သူတို့ ခရီးဟာ မဆုံးသေးပါဘူး။ ဒါ့အပြင် အခြား ကောင်းမွန်တဲ့ alternative way မမြင်မိပါဘူး။ (မမြင်တာ ကျွန်တော် တုံးတာ လည်း ဖြစ်နိုင်ပါတယ်။) ဒီတော့ ... အခု သွားနေကြတဲ့ အဟုန် ကို ဆန့်ကျင်ပြီး သွားဖို့ .. ဘယ်လိုမှ မမြင်တာကြောင့် စောင့်ကြည့်ပြီး အရွေ့ကို လေ့လာသူအနေနဲ့ပဲ ရပ်တည်နေပါတယ်။ (... ကျွန်တော် ပြောတဲ့ NOTE ပြန်ရှာကြည့်လိုက်ပါဦးမယ်။)
      April 4 at 6:52am · · 5
    • Ko Htike http://www.facebook.com/note.php?note_id=10150404012928323 အထက်က လင့်ဟာ NLD ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၂၅ % တင် မကပဲ ... အခြား သတိထား ပြင်ဆင်သင့်တယ်ဆိုတာတွေကို ၂၀၁၁ နိုဝင်ဘာလကတည်းက ဝေဖန် ကျွန်တော် အကြံပြုထားခဲ့တာပါ။ အခု သူတို့ ဝင်တယ် ဆိုတာလည်း ဒီအချက်တွေ (သို့) ဒီထက် ပိုတဲ့ အချက်တွေကို မြင်လို့ .. လုပ်မယ်ဆိုပြီး ဝင်တယ်လို့ ယူဆပြီး ... ဒေါ်စု ပြောတာထက် .. အရွေ့ကိုသာ လိုက်ကြည့်မိတာ ပါပဲ။
      ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာပြည်ရဲ့ ပါလီမာန်ဟာ လက်ရှိအနေအထားမှာ “လူများစုအစိုးရ (သို့) တစ်ပါတီအစိုးရ” (Majoritarian Government)စနစ် နဲ့ “တစ်ပါတီပါလီမာန်စနစ်” (Single-party Parliamentary) ဖြစ်နေပါတယ်။ ဆိုလိုတာက ပါလီမာန်မှာ ကြံဖွတ်တစ်ပါတီတည်းက အားကောင်းပြီး အဲဒီ ကြံဖွတ် တစ်ပါတီက လူအများစုနဲ့ပဲ ...
    • Aung Naing Moe
      ဒေါ်စုဟာ တီဗီကတဆင့် မဲဆွယ်မိန့်ခွန်းပြောစဉ်က လွှတ်တော်ထဲ ဝင်ရခြင်း အကြောင်းသုံးချက်မှာ ဖွဲ့စည်းပုံထဲမှာပါတဲ့ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဖို့ ဖယ်ထုတ်ဖို့ ပြောသွားတယ်။ ဥပမာတခုအနေနဲ့ တမတ်သားကိစ္စကို ဥပမာပေးသွားသလို ဒီကိစ္စတွေနဲ့ ...See More
      April 4 at 7:07am · · 1
    • Ko Htike
      အဲဒါဆိုရင်တော့ ကျွန်တော် သူ့ဘက်က ရှေ့နေ လိုက်လို့ ရတယ်။ ကျွန်တော် ဒီကိစ္စ မှတ်ချက်ပေးခဲ့တယ်ဗျ။ စကားလုံး အတိအကျလည်း ရှီပါတယ်။

      ၂၅ ရာခိုင်နှုန်း ယူထားတာဟာ ဒီမိုကရေစီ နည်းလမ်းမကျပါဘူး ( TV မှ ထုတ်လွှင့်သော မိန့်ခွန်း)

      ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ ကျမ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး ( မတ်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ )

      အဲဒါ ဒေါ်စု ပြောခဲ့တဲ့ စကားလုံး အတိအကျပါပဲ။ ကျွန်တော် ရှေ့နေလိုက်လို့ ရတယ်ဆိုတာ ... ၂၅ % ဟာ ဒီမိုကရေစီ မကျဘူး လို့ ဆိုခဲ့တာပါ။ သူက ဖယ်ထုတ်မယ်လို့ မပြောခဲ့ဘူး။ စကားလုံး အရ အပြည့်အဝ မှန်ပါတယ်။ နည်းလမ်း မကျဘူး ပြောတာနဲ့ ဖယ်ထုတ်မယ် ပြောတာနဲ့ သက်သက်ဆီပါပဲ။ နည်းလမ်းမကျလို့ နည်းလမ်းကျအောင် လုပ်မယ်။ တမတ်သားက သူ့ဘာသာ နည်းလမ်းတကျ ထွက်သွားလိမ့်မယ် ကျွန်တော် နားလည်ပါတယ်။
    • Chan Nyein Zaw ၂၅ ရာခိုင်နှုန်း ယူထားတာဟာ ဒီမိုကရေစီ နည်းလမ်းမကျပါဘူး ( TV မှ ထုတ်လွှင့်သော မိန့်ခွန်း)

      ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ ကျမ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး ( မတ်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ )
    • Kyaw Soe Moe
      ‎@ Aung Naing Moe, Daw Suu said in national TV that NLD would like to amend the 2008 constitution. She didn't say exactly she would like to remove 25% military representatives. Yes, she use that as example of the articles she(NLD) wants to amend. She didn't say what is her expected outcome either. She is veteran politician now compare to Daw Suu of 90's. She would be too stupid to say that she wants to remove that 25% even before even stepping to parliament. She may negotiate down to 10% or 15% or just to handful of them. But that will take time. She knows definitely when to do it. Just remember my words and we all should watch and learn Daw Suu. And amending the constitution is only on the third among her three goals. (1:00 at her national televised speech)
    • Aung Naing Moe
      ‎"ဒေါ်အောင်ဆန်းစုကြည် ရိုးသားမှုကို မေးခွန်းထုတ်စရာ အချက်တွေဟာ ရွေးကောက်ပွဲနားနီးလာချိန်၊ အထူးသဖြင့် ကာချုပ် မင်းအောင်လှိုင် တော်လှန်ရေးနေ့မိန့်ခွန်းပြောပြီးချိန်မှာ ပိုတွေ့လာရတယ်။ ၂၀၀၉ ဧပြီလ ၂၈/၂၉ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ် တိုင်းစည်း ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲတုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်တဲ့ အချက် ဆယ့်နှစ်ချက်ကို ပြောခဲ့ပြီး အဲဒိမှာ နံပါတ် သုံးအချက်က လွှတ်တော်မှာ စစ်တပ် နှစ်ဆယ့်ငါးရာခိုင်နှုန်းပါနေတာကို လက်မခံဘူး ဆိုတာကို ကြေညာချက် ထုတ်ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်မြင်သံကြားက လွှင့်တဲ့ မိန့်ခွန်းမှာလည်း ‘လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်၊ … အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင် သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးပြီးဖြစ်ပါတယ်’ လို့ပြောသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့တုန်းက ၂၅ ရာခိုင်နှုန်းကိစ္စ ဆွေးနွေးချင်ပေမယ့် စစ်တပ်က လက်မခံရုံမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ကျဉ်းတွေကို အဖွဲ့ချုပ်ကနေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်တွေကြောင့် မ၀င်ခဲ့ဘူး။ နောက် ရွေးကောက်ပွဲ ၀င်ဖို့ အကြောင်းပြတဲ့အခါကျတော့ လွှတ်တော်ထဲမှာ ပြင်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၀င်တယ်။ ခုတခါ ကာချုပ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပြီးမှာ ဒေါ်အောင်ဆန်း စုကြည် ကောက်ကာငင်ကာ သတင်းစာ ရှင်းလင်းပွဲခေါ်ပြီး ‘၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး၊ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမ ဘယ်တုန်းကမှ မပြောပါဘူး၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ပြောတာ’ လို့ ပြောလာပြန်တယ်။ လက်ရှိ ဖွဲ့စည်းပုံဟာ စစ်တပ် ၂၅ ရာခိုင်နှုန်းပါလို့ ဒီမိုကရေစီနဲ့မညီဘူးလို့ လက်ခံရင် ဒီမိုကရေစီနဲ့ညီအောင် ပြင်ဖို့ဆိုရင် စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရမယ် ဆိုတာကို လက်ကိုခံရမယ်။ ဖယ်ရမယ်ဆိုတဲ့ စကားလုံးကိုတော့ သုံးချင်မှ သုံးမယ်၊ ဒါပေမယ့် အနှစ်သာရက ဖယ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာကို ဗမာစာဖတ်တတ်သူတိုင်း သိပါတယ်။ စစ်တပ်ကလည်း သိတယ်။ ဒါ့ကြောင့် ကာချုပ် မင်းအောင်လှိုင် မိန့်ခွန်းမှာ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောလာတာဖြစ်တယ်။ နောက်တခါ လွှတ်တော်ထဲ ‘တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင် ဆောင် ရွက်နေခြင်းဟာ အမျိုးသား နိုင်ငံရေး တာဝန် ထမ်းဆောင်နေခြင်းသာ‘ ဖြစ်တယ်လို့ ပြောတာကို ကြည့်ရင် စစ်တပ်ဟာ လွှတ်တော်ထဲမှာ ခပ်ကြာကြာနေမယ့် သဘောရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ သူ မသေခင် ဒီမိုကရေစီ ရမယ့်သဘောပြောထားတဲ့ စကားဟာ မင်းအောင်လှိုင်စကားကြောင့် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ။ ကာချုပ်မိန့်ခွန်းကို လန့်သွားပုံရပြီး ဖာထေးတဲ့ အနေနဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့စကားကို ပြောင်းသုံးလာရပုံရတယ်။"
      April 4 at 8:01am · · 2
    • Aung Naing Moe
      ကိုထိုက်ရှေ့နေလိုက်တာက မရိုးသားဘူးခင်ဗျ။ ဒေါ်စုဟာ ဖွဲ့စည်းပုံပါ ဒီမိုကရေစီစနစ်နဲ့ မညီတဲ့ အချက်တွေကို ပြင်ဆင်ဖို့ ဖယ်ထုတ်ဖို့ ပြောနေရင်းက တမတ်သားကိစ္စကို ဒီမိုကရေစီမကျတဲ့ ဥပမာအနေနဲ့ ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ ဖယ်ထုတ်တယ်လို့ စကားအတိအကျမသုံးသော်လည်း ဒီအဓိပါယ်ပဲ ထွက်ပါတယ်။ ဥပမာပေးရရင်.... ဆိုင်ပိုင်ရှင်တယောက်က စင်ပေါ်မှာ ရှိတဲ့ ရက်လွန်ကာနီး ပစ္စည်းတွေကို ဈေးတဝက်လျှော့မယ်။ အဲဒီထဲမှာ ငါးသေတ္တာဗူးဟာ ရက်လွန်ကာနီး ပစ္စည်းတခု ဖြစ်ပါတယ်... လို့ပြောခဲ့ပြီး ဈေးဝယ်သူက ငါးသေတ္တာဝယ်မယ်လုပ်တော့မှ... ကျမ ငါးသေတ္တာကို ဈေးတဝက်လျှော့မယ် မပြောခဲ့ပါဘူး... လို့ ပြောသလိုဖြစ်နေတယ်။ ကိုထိုက်ကတော့ အဲဒီဆိုင်ရှင်ဖက်က ရှေ့နေလိုက်သူပေါ့။ Ko Htike, please be honest.
      April 4 at 8:12am · · 1
    • Ko Htike
      ဟုတ် အစ်ကို။ ဒီလို သုံးသပ်တာလည်း ရပါတယ်။ ဒါဟာ ကိစ္စ မရှိပါဘူး။ သူ့စကားမှာ တိုက်ရိုက် contrast ဖြစ်တာ မပါဘူးလို့ ဆိုတာကြောင့် ဝိနည်း လွတ်ပါတယ်။ လိမ်တယ်လို့ တိုက်ရိုက် စွပ်စွဲလို့ မရတော့ပါဘူး။ ကျန်တာကတော့ လိုအပ်တာကို လိုအပ်သလို ပြောင်းလဲအောင် လုပ်ဆောင်လို့ရမယ်ဆိုတဲ့ လမ်းကို သွားနေတယ်လို့ ယူဆတာကြောင့် ... အရွေ့တွေမှာ ခြေရာထင်ကျန်ခဲ့ပြီး ... ကောင်းမယ်ဆိုရင် လက်ခံရမှာပါပဲ။

      ဒါပေမယ့် ကျွန်တော်တွေးထားမိတဲ့ အချက်တွေထဲက (အပေါ်မှာ ရေးထားတဲ့ NOTE ထဲပါတဲ့ အချက်တွေထဲက) NLD ဟာ အခြေခံဥပဒေပြင်မယ်ဆိုရင် လိုအပ်ချက်တွေထဲက ပထမအချက်ဖြစ်တဲ့ ရွေးကောက်ပွဲမှာ လိုအပ်တာတွေ ပြင်ဆင်ဖို့ နဲ့ မျှတဖို့ လမ်းကို ရာခိုင်းနှုံး တစ်ခုအထိ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အရွေ့ကို မြင်နိုင်ပါတယ်။

      နောက်ထပ် ခြေလှမ်းကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကျန်တာကတော့ အငြင်းပွားစရာ မရှိပါဘူး။ မတူတဲံ အမြင်တွေပေါ်မှာ ရပ်တည်ပြီး ရလဒ်ကိုတိုးတတ်အောင် လုပ်ဖို့ပါပဲ။
      April 4 at 8:16am · · 1
    • Ko Htike ဒါတောင် တကယ်တန်းမှာ ၂၀ % လောက်ပဲ ရွေးကောက်ပွဲ ကိစ္စ ပြင်နိုင်သေးတာပါ။ တကယ်တန်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြင်ဖို့ ၈၀ % ကျန်နေသေးပါတယ်။ first past thr post ထက် ပိုကောင်းတဲ့ proportional representation စနစ်အထိ သွားနိုင်အောင် လုပ်တာတို့၊ ပါတီ ရန်ပုံငွေ ရှာဖွေရေး စည်းကမ်းတို့၊ ပါတီ ဖွဲ့စည်းပုံ စည်းကမ်းတို့၊ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တို့ ... စတာတွေ အများကြီး ပြင်ရဦးမှာပါ။
      April 4 at 8:28am · · 1
    • Ko Htike
      တကယ်လို့ NLD သာ အခု ရွေးကောက်ပွဲမှာ လိုအပ်တာ မပြင်ဆင်နိုင်ရင် (နိုင်တာ ရှုံးတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဖြစ်စဉ်ကို ကောင်းအောင် မလုပ်နိုင်ခဲ့ရင်).. ကျွန်တော့် ကောက်ချက်အရ NLD နဲ့ ဒေါ်စု လမ်းစဉ်ကို မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။

      ၁။ NLD နဲ့ ဒေါ်စု ဟာ ပြောထားတာကို မလုပ်နိုင်ဘူး
      ၂။ သူတို့ ဘာကြောင်းပြချက် ပေးမလဲ
      ၃။ ကြိုးစားပေမယ့် မအောင်မြင်ဘူး။

      အချက် ၃ အရ ကြိုးစားပေမယ့် မအောင်မြင်ရင် ... မအောင်မြင်နိုင်တဲ့ လမ်းကို သွားတာလား၊ ကြိုးစားမှု နည်းနေတာလား၊ ... အဲဒီလို အဆင့်ဆင့် ဝေဖန်ရမှာ ဖြစ်ပါတယ်။

      အဲဒီ ပေါ်မှာ မူတည်ပြီးမှာ ဒီလမ်းဟာ လုံးဝ အလုပ် မဖြစ်ဘူးဆိုတာကို သက်သေပြ ငြင်းနိုင်မှာ ဖြစ်ပါတယ။ လက်ရှိမှာတော့ အတိုင်းအတာ တစ်ခု အထိ အောင်မြင်နေမှုကို ဆက်လက် စောင့်ကြည့် သုံးသပ်နေပါတယ်။
      April 4 at 9:10am · · 2


  • ကျွန်တော်မြင်တာကတော့ ...

    ၁။ လူသတ်သမားနဲ့ အပေါင်းအပါများ
    ၂။ အသတ်ခံရ၊ အညဉ်းဆဲ ခံရသူများ

    ဒီ ၂ ချက်ပဲ အဓိက ကြည့်တယ်။ သူတို့ ထောက်လှမ်းရေး ဖြစ်ဦးတော့ .. ဒါဟာ သတ်ခွင့် လိုင်စင် ပေးလိုက်တာ မဟုတ်ဘူး။ ညှဉ်းဆဲခွင့် လိုင်စင် ပေးလိုက်တာ မဟုတ်ဘူး။ ဒါကြောင့် ထောက်လှမ်းရေးတွေ ပါလို့ သတ်ရတာပါဆိုတဲ့ အကြောင်းပြချက်ကို စိတ်ဝင်စားစရာ မရှိဘူး။

No comments:

Post a Comment