နန်းအောင်ထွေးကြည်နှင့်ပက်သက်သည့်သဘောထား (ဆမား) ညီညီ (၂၉-ရ-၂၀၁၂) ပထမတော့ဘာမှမပြောပဲနေမလို.ပဲ။ဒါပေမဲ့ဒီထက်ပိုကြီးကျယ်လာပြီးအတွင်းထဲမှာလှိုက်လောင်နေတာမျိုးဖြစ်မသွားအောင်ဖွင့်ချလိုက်ပါမယ်။နန်းအောင်ထွေးကြည်နဲ. ခင်ချိုဦးကို ထောက်လှမ်းရေးလို.ဆိုပြီး သံချောင်းနဲ.မျိုးဝင်းက ၁၉၈၉ ကတည်းကစွတ်စွဲပြီး ကျွန်တော်တို.မန္တလေး UG အဖွဲ.ကိုစုံစမ်းပေးဖို.နဲ.ဟုတ်ရင်အရေးယူမှာဖြစ်တယ်လို. စာပို.ဖူးပါတယ်။ကျွန်တော်တို.သိထားတာတွေအရ သူတို. ၂ ဦးစလုံးထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းစာပြန်ခဲ့ပါတယ်။စာပြန်တဲ့အထဲမှာ ကျွန်တော်တို. ABSDF မြောက်ပိုင်းရဲ. စည်းရုံးရေးနဲ.ဝါဒဖြန်.ချီရေးကော်မတီဝင် ၄ ဦးဖြစ်သော သံဃသမဂ္ဂီ ဥက္ကဌ ဆရာတော် ဦးရေဝတ၊ကိုချိုကြီး၊ကိုမောင်ခိုင်၊ကျနော်ညီညီ၊(ကျန်ကော်မတီဝင်တဦးဖြစ်သောကိုခင်မောင်ညွန်.နှင့်အဆက်အသွယ်မရ)၊တို.က နန်းအောင်ထွေးကြည်နဲ.ခင်ချိုဦး တို.ဟာထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းစာပြန်ခဲ့ပါတယ်။
နန်းအောင်ထွေးကြည်ကိုကယ်ဖို.အတွက် KIA ကစစ်မေးရာမှာလည်း သူ.ရဲ.ကေ့စ် တခုလုံးကိုအိတ်သွန်ဖာမှောက် စစ်ဆေးဖို.အတွက် တာဝန်ခံအဖြစ် ဗိုလ်ကြီးသိန်းဆွေကို တာဝန်ခံအဖြစ်စစ်ဆေးစေခဲ့ပါတယ်။အဲဒီတာဝန်ခံရဲ.အထက်မှာ ဗိုလ်မှုး ဆမ်လီ၊ဗိုလ်မှုးကြီး ပန်းအောင်တို. ရှိကြပါသေးတယ်။အဲဒီအဖွဲ.က နန်းအောင်ထွေးကြည်ကို ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။သူဟာစစ်တပ်က ဗိုလ်တဦးဆိုရင် Australia မှာအနှစ် ၂၀ ကျော် ဘာလုပ်နေတာတုန်းလို.မေးရမှာပါ။ကျွန်တော်ဥာဏ်မမှီပါ။နန်းအောင်ထွေးကြည်ကို သံသယ ရှိသလိုမျိုးစကားလုံးတွေ Online မှာလုပ်နေတာနဲနဲကြာသွားပါပြီ။ကျွန်တော်တို.အဖမ်းခံရတဲ့ထဲက ပြန်လွတ်လာတဲ့လူတဦးက ရူးကြောင်ကြောင်နဲ.ဝင်ရှုတ်နေတာ နောက်ပိုင်းသူ.ဘာသာသူပေါ်လာပါလီမ်.မယ်။အထက်ကပြောသလို နန်းအောင်ထွေးကြည် သာ တကယ်မရိုးသားခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို.တကယ်ညံ့ခဲ့ပါတယ်။နောင်မြန်မာပြည်အနာဂတ် နိုင်ငံရေးမှာဆက်မပါသင့်လောက်အောင်ကို ညံ့ခဲ့ပါတယ်။ဒါပေမဲ့ နန်းအောင်ထွေးကြည် ဟာ ထောက်လှမ်းရေးမဟုတ်ခဲ့ဖူး ဆိုရင်တော့ ဝိုင်းစွတ်စွဲ တဲ့သူတွေကို အမှုမှန်ပေါ်ခါနီးမှာဝင်မွှေနေတဲ့ နိုင်အောင်နဲ. အောင်နိုင်တို.ရဲ.လူအဖြစ် သတ်မှတ်ရပါလီမ့်မယ်။ ကျွန်တော် လူညံ့တယောက်မဖြစ်အောင်ဆုတောင်းနေပါတယ်။
မှတ်ချက်။ ။နန်းအောင်ထွေးကြည်နှင့်ပက်သက်၍မေးမြန်းလာသူများကိုဖြေကြားခဲ့ခြင်းဖြစ်ပါသည်။မေးမြန်းသူများအနေဖြင့်ဘာကြောင့်မေးမြန်းရသည်ကိုပြန်ရေးပေးလီမ့်မည်ဟုယုံကြည်ပါသည်။အဖျဉ်းဆုံးကျွန်တော်ညံ့သွားလျှင်လည်း ဘယ်နားညံ့နေကြောင်းသိနိုင်ရန်ဖြစ်ပါသည်။
နန်းအောင်ထွေးကြည်ကိုကယ်ဖို
မှတ်ချက်။ ။နန်းအောင်ထွေးကြည်နှင့်ပက်
— with Ko Ko Gyi, Htun Aung Gyaw, Zar Ni and 20 others.

Ko Lin Wai Aungစွပ်စွဲပြောဆိုမှုတွေ တွေ့နေရတာ ကြာပါပြီ...အားလုံးက ပြန်လည်တုံ့ပြန်ပြောဆိုဘို့စောင့်ကြည့်နေခဲ့ကြပါတယ်... ဘယ်သူတွေပြော တယ်..ဘယ်သူတွေ like လုပ်ပြီး ထောက်ခံတယ်... အားလုံးမှတ်တမ်းရှိပါတယ်... . အခုအချိန်မှ ထလရလိုလို.. နှစ်ဘက်ခွသူလျှိုလိုလို.... အမှု ကိုဖျောက် ချင်သူလိုလို ..ပြောနေတာဟာ... ရိုးသားစွာ ပြောနေတာလား...ဂျောက်ချနေတာ လားဆိုတာ သံသယဖြစ်မိပါတယ်...မနန်းအော င်ထွေးကြည်နဲ့ သေဆုံးခဲ့ကြသူ၃၈ဦး အပါအ၀င် အဖမ်းဆိးခံခဲ့ကြရတဲ့ ကျောင်းသားလူငယ် ၁၀၀ကျော် ဟာစစ် ထောက်လှမ်းရေးတွေမဟုတ်ကြောင်း မြောက်ပိုင်းဗဟိုကော်မတိဝင် ဟောင်း တစ်ယောက်အနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ ဒီနေရာကနေ ပြောလိုက်ပါတယ်....
Aung Myat Thuပြောစရာ မေးစရာတွေကတော့ အများကြီးပေါ့။ ခင်ဗျားတို.မြောက်ပိုင်းကိစ္စနဲ.ပတ်သက်ပြီး မျိုးဝင်း သံချောင်း အောင်နိုင်နဲ.တကွ တောင်ပိုင်းက ဒေါက်တာနိုင်အောင်အပါအ၀င် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူတွေကို ခင်ဗျားတို. ဆန်.ကျင်တာထက်မလျော့အောင် ဆန်.ကျင်တယ်။ ရှုံ.ချတယ်။ ဒါပေမယ် ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်မှာ ကြောက်သလို လုပ်နေကြတဲ့ လုပ်ရပ်တွေ မြင်နေရတယ်။ ကြားနေရတယ်။ မေးကြည့်မယ်ဗျာ ၁၅ ယေါက်သတ်မယ့်နေ.က သတ်မယ့်သူစာရင်းက အစောကြီးထဲက လုပ်ထားပြီးသား နာမည်မှားခေါ်စရာလဲ မရှိဘူး နန်းအောင်ထွေးကြည်ကို အရင်ခေါ်ပြီး ခင်ချိုဦးကို တကယ်သတ်ဖို.ထုတ်သွားတာ အဲဒါဟာ ဘယ်လိုလှည့်ကွက်မျိုးလဲ။ သတ်မယ့်စာရင်းထဲမှာ ခင်ချိုဦးဆိုရင် နန်းအောင်ထွေးကြည်ကို ဘာလို.ခေါ်၇တာလဲ။ စာရင်းထဲမှာ နန်းအောင်ထွေးကြည်ဆိုရင် ဘာဖြစ်လို. သူမသေပဲ ခင်ချိုဦးကို သတ်၇တာလဲ၊ ဘယ်သူကနန်းအောင်ထွေးကြည်ကို ကယ်ထုတ်သွားတာလဲ၊ စဉ်းစားစရာ ဟုတ်မဟုတ်၊ ဖြေပေးပါ။ နန်းအောင်ထွေးကြည် အဖမ်းခံစဉ်တလျောက်လုံး မျိုးဝင်းနဲ. သံချောင်း သူ.ကို လက်ဖျားနဲ.တောင် မထိခဲ့ဘူး အဲဒါတွေကရော ဘာကြောင့်လဲ၊ သင်းသင်းညီကို ခင်ဗျားတို.ကို စုံစမ်းဖို. ဟန်ပြဖမ်းခဲ့တယ် သင်းသင်းညီလိုမျိုး ဘယ်နှစ်ယေါက်လောက် ခင်ဗျားတို.ထဲမှာ မျိုးဝင်းနဲ. သံချောင်း ထည့်ထားနိုင်လဲ စဉ်းစားမိတာလေး မေးတာနော်။ လူဆိုတာ အခက်အခဲ ဒုက္ခနဲ.ကြုံလာရင် မိဘအိမ်ကို လွမ်းမိတာပဲ ပြန်ချင်ကြတာပဲ။ နန်းအောင်ထွေးကြည် KIA ကနေ သူ.အကိုလာခေါ်တော့ တရုတ်မှာ သူ.အမေနဲ.တပတ်ကျော်တွေ.တယ်။ ပြိးတော့ တောလမ်းခရီးကြမ်းကိုဖြတ်ပြီး ထိုင်းနိုင်ငံကို အရောက်လာခဲ့တယ်။ အဲဒါက ဘာကြောင့်လဲ ဘာအတွက်လဲ။ ပြန်ရင် အဖမ်းခံရစရာအကြောင်းလဲမရှိဘူး။ မိဘအသိုင်းအ၀ိုင်းကလဲ တောင့်တောင့်တင်းတင်း။ Australia လောက်ကိုလဲ သူတို.အနေနဲ. ကြိုက်တဲ့အချိန်သွားလို. ၇နိုင်တဲ့အနေအထား။ ဒီလောက်အသက်ဘေးအန္တရယ်တွေနဲ. တွေ.ကြုံခဲ့ပြီးတာတောင်မှ အိမ်မပြန်ပဲ တောလမ်းခရီးကြမ်းကို မိန်းမပျိုလေးတစ်ယေါက်ထဲ စွန်.စွန်.စားစား ဖြတ်ပြီး ထိုင်းနိုင်ငံအရောက်လာခဲ့တာ Australia သွားချင်လို.အတွက် သက်သက်ရယ်တော့ မဟုတ်ဘူးလို. ကျနော်ထင်ပါတယ်။ သိတဲ့သူများ ဖြေပေးကြပါ။ ကျနော်လဲ စာရေးအုံးမှာပါ 21 hours ago · · 2
Baydar Lam ကိုအောင်မြတ်သူ ခင်ဗျာတို.လိုမွှေတဲ့သူတွေအတွက်ဆမားညီညီတို. ၊လင်းဝေအောင်တို.ကဖြေရှင်းထားတာဖြစ်ပါတယ်။ 20 hours ago · · 2
UZa Wana ပြေးလမ်းမှာပန်းတိုင်မရောက်စေချင်သူတွေက ပြေးနေသူကိုအဓိကထားခြေထိုးခံလိမ့်မယ် ခြေခေါက်လဲရင် မပြေးနှိုင်တော့ဘူးလို့ တွေးနေပုံရတယ် အဓီက ကတော့ လူမဆန်စွာ လူသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကတော့ ထင်ထင်ရှားရှားပါပဲ လူသားစိတ်မရှိသူတွေရဲ့ စကားက ပြေးလမ်းမှာ ရှိနေသူကို ဘယ်လိုမှ မထိရောက်ဘူးဆိုတာ အချိန်ကအဖြေပေးပါလိမ့်မယ် 19 hours ago · · 3
Ko Lin Wai Aungမြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အမှန်တရား တခုအတွက်ဝိုင်းဝန်းရှုံ့ချ လက်တွဲခဲ့သူတွေအားလုံး ကိုလေးစားပါတယ်..ညီအစ်ကို မောင်နှမတွေ အဖြစ် လက်တွဲအားကိုး ခဲ့ကြပါတယ်.. အခုကိစ္စက အဝေးကကြည့်လို့ေ၀၀ါးခဲ့တယ်လို့မြင်ပါတယ်လိုအပ်ရင် အနီးကပ်ချည်းကပ်ပြီး မေးမြန်းလို့ ရတဲ့ အနေအထားမှာ fb စာမျက်နှာမှာ တက်ပြီး လူတယောက်ရဲ့သိက္ခာကို သက်သေအထောက်အထား အချက်အလက် မရှိဘဲ ကိုယ့်ရဲ့ ထင်မြင်တွေးဆမှုတွေ ကို အမှန်ထင်ပြီး ရေးကြတာဟာ ပြသနာရဲ့အစပါ.. ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်လာရင် ပိုပြီး သတိထားရပါမယ် ...လွတ်လပ်တဲ့မီဒီယာဆိုပြီး ရေးချင်တိုင်းရေးလို့ မသင့်ပါဘူး...ကိုယ့်သိက္ခာနဲ့ ရင်းပြီး တာဝန်ခံပေး ရပါမယ်.... အချို့သောနိုင်ငံတွေမှာ fb internet စာမျက်နှာကနေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ကို တရားစွဲလို့ရတဲ့ဥပဒေတွေ ထားလာကြပါပြီ...
Maungmaung Skw ကိုအောင်မြတ်သူ
ဆက်ရေးပါ-အချိန်ကုန်သက်သာအောင်
ပြောချင်တာကို တဲ့တဲ့ ပြောပြစမ်းပါ။ ခင်ဗျားရေးထားတာကို ဖတ်လိုက်တော့ သံသယရှိ အထင်အမြင်လွဲတဲ့အဆင့်မကတော့ဘူး-စစွတ်စွဲတဲ့အဆင့်ရောက်ေ နပြီ။နှစ်တွေလဲကြာ
လှပြီဗျာ-တရားခံနဲ့ တရားခံဘက်ကပေးစာကမ်းစာ စားနေတဲ့လူတွေကလွဲရင် အမှုကိစ္စပြီးပြတ်စေချင်လှပြီ။ပွင့်ပွင့်လင်းလင်း မပြောဘဲ ပြသနာရှုတ်ထွေးပြီး အချိန်ဆွဲဖို့တော့မလုပ်စေချ င်ဘူး။ 19 hours ago · · 7
UZa Wana
ABSDF မြောက်ပိုင်းမှာ ရဟန်းသံဃာတွေထောက်ကိုတောင် လှမ်းရေးလို.စွပ်စွဲခံရတဲ့အကြောင်း ရဲမေ စိုးစိုးလွင် ရဲ. မိဘတွေက သူတို.သမီးကို ABSDF ကနေထွက်ခွင့်ရဖို.နဲ.အီမ်ပြန်ခေါ်ဖို.အတွက်ကျောင်းသားတပ်ကိုသွား ခေါ်ရာမှာ သူ.မိဘတွေနဲ.အတူ သူတို.ဇာတိမိုးကောင်းက ဘုန်းကြီးတပါးကိုပါခေါ်သွားခဲ့ပါ တယ်။အဲဒီမှာတင်... By: Baydar Lam18 hours ago · · 2
Aung Myat Thuကိုမောင်မောင်၊ ကိုညီညီ။ ကိုညီညီကျော်နဲ. ဘာဘူတို.ကို ကျနော် မြောက်ပိုင်းကိစ္စစလေ့လာထဲက လေးစားပြီးသားပါ။ အခုရေးရတာကလဲ ကိုညီညီက ဘာကြောင့်မေးမြန်းရတယ်ဆိုတာကို မေးတဲ့သူတွေဖက်က ပြန်ရေးသားပါဆိုပြီး တောင်းဆိုလာလို.ပါ။ မစွပ်စွဲသေးပါဘူး။ စိတ်ထဲမှာ မေးခွန်းပေါ်လာတာလေးတွေပဲ မေးလိုက်တာပါ။ ဒီအမှုကိုပေါ်စေချင်တဲ့လူတွေ ထဲမှာ ကျနော်လဲပါတာပေါ့ဗျာ။ ကျနော်ဘယ်တုန်းကမှ လူမမဆန်တဲ့ လူသတ်သမား မျိုးဝင်း သံချောင်း ရော်နယ်အောင်နိင် ဒေါက်တာနိုင်အောင်တို.နဲ. ပတ်သက်ခဲ့တဲ့သူမဟုတ်သလို ပတ်သတ်ချင်စိတ်လဲ မရှိပါဘူး။ 16 hours ago · · 4
Maungmaung Skwလေးစားပါတယ် ကိုအောင်မြတ်သူ
ကျွန်တော်က အပြင်လူအနေနဲ့ မငယ်ကို သိကျွမ်းခဲ့သူပါ။ညီညီတို့ကတော့ ကျွန်တော့ထက်ပိုရင်းမှပါ။ ကျွန်တော်သိသလောက်တော့ မငယ်ဟာ အတော်အသည်းမာလို့သာ အသက်ရှင်ကျန်ရစ်တာပါ။ လူမဆန်တဲ့ နှိပ်စက်နည်းမျိုးစုံကိုခံခဲ့ရသူပါ။ အလင်းဝင်လို့ရပါရက်နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ ဘဝကိုမြှုတ်နှံထားတာဟာ သူ့ရဲ့ ပုဂ္ဂလိကခံစားချက်နဲ့ရွေးချယ်ပိုင်ခွင့်ပါ။ မြို့ပေါ်ပြန်ရောက်နေတဲ့ မြောက်ပိုင်းပြန်များရဲ့ ကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာတွေနဲ့ ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့သဘောထား ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သူတို့အပေါ်ထားတဲ့သဘောထားတွေ ကိုခခင်ဗျား မလေ့လာမိဘူးထင်တယ်။ 14 hours ago · · 10
Soe Moe Naiအချက်အလက်တွေ အဖြည်းဖြည်းပေါ်လာ ရင်း လူအချို. မင်းသားဖြစ်ခဲ.တယ်။ လူအချို. က ဗီလိန်ဖြစ်ခဲ.တယ်။ ဒီဇတ်လမ်း မှာ--မင်းသားဖြစ်သင်.သူမင်းသားဖြစ်တာ အရေးမကြီးသလို ဗီလိန် စစ်စစ် က ဗီ လိန်ဖြစ်တာလည်း မဆန်းဘူး။ သို.သော်--ဗီလိန်တွေ ကတော. မင်းသားမဖြစ်သင်.တာအမှန်ပဲ။ အမှုကို စေတနာနဲ. အဖျောင်. ဖေါ်ထုတ်သလိုလိုနဲ.---အတွင်း က မဖျာင်.ပဲ ဆက် ဟန်ဆောင် နေကြသူ တဦး ၂ဦး ကို သွားတွေ.တယ်။ ဒီ လူတွေ သတ္တိမရှိဘူး။ ဖေ.စ်ဘွတ်ခ် တမ်းချင်း လောက်နဲ. တော.၊ (ဒီ လောက်လေးနဲ.တော.၊) အမှန်တရားလိုလားတဲ. သူ များစွာ အတွက် --မလုံလောက်ဖူး။ စိတ်အလိုမပြည်.ဘူး။ သေချာတာကတော.--ဗိလိန်တွေ အလိုကျ နေခဲ.၊အလိုတူခဲ.။ လိုက်လျှောခဲ. သူတွေ ရှိခဲ.ပါတယ်။ ဒီလူတွေ က ညောင်မြစ်တူး ပုတ်သင်ဥပေါ်လာမှာ တော်တော် စိုးရိမ်နေကြပုံ ရောက်ပါတယ်။ သွေးလည်းပျက်စပြုနေပုံရပါတယ်။ ဒီအမှု ဟာ ငွေ နှစ်ပဲ တပြားသုံးပြီး ဘယ်သူမှ မောင်ပိုင်စီး ဖျောက်ဖျက်ပစ်လို. မရပါ၊ ရနိုင်တယ်လို. ထင်ကြ ရင် လည်း--ဒါက သူတို.တွက်ချက်မှု ချို. ယွင်းအားနည်းနေတာသာ ဖြစ်ပါတယ်။ လှည်.စားမယ်ဆိုရင်လည်း ခု အခိုက်အတန်.သာ ရ မယ်။ အချက်အလက်တွေ ပေါင်းစုံ မဲ. နေ.တနေ.မှာ--မရိုးသားသူတွေ ရဲ. ၀တ်စုံတွေ ကို တလွှာခြင်း ချွတ်ပစ်မဲ. သူတွေ၊ ခု စိတ်ရှည်စွာ ထိုင်စောင်.နေကြပါတယ်။ (ရည်ရွယ်ချက်ဆိုး မရှိနိုင်သည်.တိုင်) မိမိ တို. ရဲ. သူရဲဘော် ကြောင်မှု ကြောင်.၊ နေရာ ရွေးပြီး မပိုင်ပဲ ထောက်ခံ တဲ. အလုပ်တွေကိုတော.--ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်တဲ.သူတွေ က လိုက်ပူပန်နေမှာ မဟုတ်ပါ။ ဒီ လောက်ပဲ ပြောပါရစေ။ မရိုးသားတဲ.သူတွေ ရဲ. လက်နက်က လိမ်ညာခြင်းပဲ။ လိမ်ညာလှည်.ဖျားမှု ကို နိုင်တဲ. လက်နက်က လည်း မရှားပါဘူး။ အချိန်သင်.တဲ. တနေ.မှာ ဆိုခဲ.ပြောခဲ.သော စကားတွေ လုပ်ရပ်တွေ အတိုင်းသာ ၊တချက်စီ အမှန်တရား အတိုင်း ရှင်းဖို.ပါပဲ။ လူလိမ်တွေထက် မှတ်ဥာဏ်ကောင်းတဲ.သူတွေ အများကြီး ရှိတယ်။ သူတို. ထိုင်စောင်.နေကြပါတယ်။ ဧဧဆေးဆေးပေါ.။ 12 hours ago · · 4
Aung Myat Thu အချိန်ရောက်လာရင်တော့ ဘယ်သူတွေ ဘယ်သူ.ကို ဘယ်လိုတွေပြောခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို တိတိကျကျ သိရမှာပါ။ ကိုစိုးမိုးနိုင်ပြောသလိုပေါ့ အေးအေးဆေးဆေးပါ။ အဲဒီအခါကျရင်တော့ မရိုးသားသူတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့။ 12 hours ago · · 4
Soe Moe Nai ဦးဇာဝန ဆ၇ာတော်--လေးစားပါတယ်။အသုံုးံးအနှုံး ကို ကြိုက်ပါတယ်။ပြေးလမ်းပေါ်က အပြေးသမား ဆိုလား။ ဒါပြေက ဘယ်သူပြေးလမ်းလဲ။ ပန်းတိုင် အတိအကျမရှိတဲ.ပြေးလမ်း ဆို၇င်--ပြေနေတာသက်သက်ကို ဘေး က လက်ခုပ် ထိုင်တီးအားပေနေတာမျိုးကတော .--ကျနော်ကတော. မေးခွန်းထုတ်မိမယ်။ မလို အပ်ပဲပတ်ပြေးနေတာ အား မကုန်ဘူးလား။ ပန်းတိုင်က ဝေးအောင် ပတ်ပြေးနေတာကိုတော.--အားမပေးနိင်ြပါ. ဒါပါပဲ။ (း- 12 hours ago · · 4
Aye Aye Soe Win like လုပ်တာကို ကိုလင်းဝေအောင် က မှတ်တမ်းတင် တယ်ဆိုတော. ပြုံးမိတယ်။ ခု ကျမ ရဲ. like record တွေ ကို မှတ် တမ်းတင်လိုက်စမ်းပါ။ လူတိုင်း က ကြောက်တတ်တာ မဟုတ်ဘူး။ ဟဲဟဲ--ဒီတော. မမှန်တဲ.သူတွေသာ ကြောက်ရမှာ။ ရှေ.နောက် မညီညွတ်တဲ. စကားတွေ ကို လူတိုင်း တာဝန်ယူရတော.မယ်။



No comments:
Post a Comment