Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၆


by ဘရာဇီး ငှက်ရိုး on Friday, April 13, 2012 at 11:40am ·
"ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။" ဆိုတော့ သူလျို ဖော်ထုတ်ရေးအတွက် မျိုးဝင်းတို့၊ သံချောင်းတို့ အုပ်စုကို လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်... ဒါကြောင့်မို့လို့လဲ ဥက္ကဌကိုယ်တိုင် အဖမ်းခံရ အသတ်ခံရတဲ့ အထိ ဖြစ်ပျက်သွားခဲ့ပုံရပါတယ်... "မြို့ပြကလာခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ကွဲပြီး ဖိုက်ကြဖို့ပဲရှိတယ်။" အဲ့ဒီလို နှစ်ဖွဲ့ကွဲတဲ့ ဂိုဏ်းဆန်ဆန် ဖြစ်ရပ် ဖြစ်မသွားဘူးလား... (အေဘီအက်စ်ဒီအက်ဖ်-စစ်ကိုင်း)ဖြစ်မြောက်ရေးမှာ ပါဝင်သူ အားလုံး အသတ်ခံရ အဖမ်းခံရတာကို ချန်ရေးထားပါတယ်... "(သူ့အနေအထားက ၀န်ခံလိုက်တာနဲ့ သေဒဏ်ဆိုတာ သူနားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို၊ သူလို ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက်နားထောင် စောင့်ကြည့်နေတာမျိုးတွေ သူ့ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ ရှိကိုရှိရပါလိမ့်မယ်။" ခေါင်းမဖြတ်လဲ ဒဏ်ရာတွေနဲ့ ဗလပွနဲ့ သေတော့မှာပဲ မဟုတ်လား... ရဲဘော်တွေနဲ့ နေဆာလှုံနေတာ ဒေါ်လှိုင့် မြင်တုန်းက အကောင်းအတိုင်းပဲလား... တော်တော် နှိပ်စက်ခံထားရပြီးပလား... မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေကရော အလိုတူ အလိုပါ မဖြစ်နိုင်ဘူးလား... "ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ အဖမ်းခံရတဲ့ထဲက လူတွေနဲ့ ဒီစစ်ဆေးချက်တွေကို အချောပြန်ရေးပြီး ကိုမျိုးဝင်းကို အစီစဉ်ခံခဲ့တဲ့ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။" အမြင်ကပ်ကပ်နဲ့ ဥက္ကဌလိုမျိုး သူတို့ရဲ့ အထက်က လူတွေရဲ့ နာမည်တွေ ဖော်ပြောပစ်လိုက်တာ ဖြစ်နိုင်သလို သန်းဇော်(စစ်တဲ့သူတွေ)က လမ်းကြောင်းပေး မေးသွားတာရော မဖြစ်နိုင်ဘူးလား... "အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်းစစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ ပါခဲ့သေးတာ။ အစီစဉ်ရှိရှိလုပ်ခဲ့ကြတာ မဟုတ် ဘူးဆိုရင် ကိုအောင်နိုင် (မန္တလေး၊ အဲဒီအချိန်က အတွင်းရေးမှူး၊ နောက်ပိုင်းဥက္ကဋ္ဌ၊ လက်ရှိချင်းမိုင်) ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။ ကိုအောင်နိုင် နာမည်တပ်ပြီး ဘာကြောင့် “ဟုတ်တယ်” လို့ မဖြေမချင်း ရိုက်စစ်မမေးခဲ့ကြတာလဲ။ ဘာ ကြောင့် ဘယ်သူမှ ဆွဲထည့်ဖြေမသွားခဲ့ကြတာလဲ။" ဒေါ်လှိုင့်နာမည် ပါတာကတော့ ဖြစ်နိုင်ပါတယ်... ကိုရန်အောင်၊ မနန်းစော၊ မသင်းသင်း တို့ကို စစ်ဆေးတာ ပြဖို့ သန်းဇော် လာခေါ်လို့ လိုက်သွားဖူးတယ်... စစ်ဆေးတာ ကြည့်ဖူးတယ်လို့ ရေးထားသားပဲ..."ကိုယ်တိုင်သတ်ပစ်မယ်"လို့တောင် ပြောမိသေးလားလို့... ထားပါလေ... စိုးမင်းအောင် ဖော်ပြောတဲ့ နာမည် ငါးဆယ်ကျော် စစ်ချက်ကို အင်မတန် စိတ်ဝင်စားပါတယ်... ဒီပြသနာရဲ့ အစဖြစ်တဲ့ ရင်းမှုးသိုက်ထွန်းဦး တပ်က စိုးမင်းအောင်က တပ်ထဲက လူအားလုံးကို ဖော်ပြောသတဲ့လား... ကိုသိုက်ထွန်းဦးကို ဒေါ်လှိုင် ဘာကြောင့် မြှုပ်ထားတာလဲ... သူရော တာဝန်မရှိဘူးလား... ကိုထိန်လင်းနဲ့ စကားပြောခဲ့ကြတဲ့ အသံဖိုင်ကို လူတိုင်းလိုလို နားထောင်ဖူးပါတယ်... သူလဲ ဝန်ခံတယ်... စစ်ဆေးတဲ့ အပိုင်းတွေမှာ သူလျို ဖော်ထုတ်ရေး အဖွဲ့ထဲမှာ ရှိနေပြီး ကိုယ်တိုင် ဝင်ပြီး ရိုက်နှက်ဖူးပါတယ်တဲ့... ကဲ ဒါဆို အောင်နိုင်ကရော... ဘာလို့ အောင်နိုင်ကို ကာကွယ်ပြီး တချို့လူတွေကို မြှုပ်ပြီး ရေးပါသလဲ... ဒေါ်လှိုင်ကရော အနှစ်နှစ်ဆယ်အတွင်းမှာ သတ်သူတွေ သေသူတွေ လွတ်မြောက်သူတွေ အတွက် ဘာတာဝန်ကျေခဲ့ ပါသလဲ... မေးကိုသင့်တဲ့ မေးခွန်းပါ... အထက်က အချက်အလက်တွေ ကနေတဆင့် ဖြစ်နိုင်ချေ ရှိ/မရှိ သုံးသပ်နိုင်ပါလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်... " မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အ မျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒက ကျမကို ကယ်သွားတာပဲ။" ဒါဆို မခင်ချိုဦးကရော... မဟာဝါဒရဲ့ အကွယ်ရောက်နေလို့လား... "ကိုညီညီကျော်နဲ့ အတွဲဖြစ်ခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါစတာ) ကိုတော့ မန္တလေးသားတွေ တိုက်ခိုက်ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။" ဒီလို အရေးအသားက ပြသနာ စဖြစ်ကတည်းက ဖြစ်ပေါ်နေတဲ့ ရေးသားတင်ပြချက်တွေကို အချိန်ယူ လေ့လာစောင့်ကြည့်ပြီး ကိုယ်ပဲ အလွတ်ကလေး ရိုးရိုးသားသားလေး တခြားလူတွေ အားလုံး သူလျိုတွေ ကြံစည်သူတွေလို့ စွပ်စွဲ ဖော်ထုတ်ချင်တဲ့ အရေးအသားလေးပါ... သန်းဇော်နဲ့ ဇော်ဇော်မင်းက အောင်နိုင်နဲ့ သံချောင်းနောက်က သေဒဏ်နဲ့ ထောင်တသက် တခုခုပဲ ဆိုတာတော့ ယုံထားပါ... သူလျို ဖော်ထုတ်ရေး တာဝန်ခံတွေကိုး... ရော်နယ်အောင်နိုင်က ထူးထူးခြားခြား ရေးပြစရာ မလိုတဲ့ သေဒဏ်ထိုက်တဲ့သူ... နမူနာ အဖြစ် သံချောင်းကို ကြည့်ထားကြပေါ့... အောင်နိုင်ပြောတဲ့ "“သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက် ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။ စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့" စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ် ဆိုတာ အောင်နိုင်က သူ့နာမည်ကို ဖယ်ထားရသလား... စိတ်ဝင်စားစရာပါ... မန်းလေးက မြို့ပေါ်မှာ ထောက်လှမ်းရေးတွေ များပြားလှပါလား... သနားစရာ မန်းလေးပါလား... အောင်နိုင်က အင်မတန် သနားစရာ ကောင်းတဲ့ ဘုမသိ ဘမသိ လေးပေါ့... ရေးလဲ ရေးတတ်ပါ့ ဒေါ်လှိုင်ရေ... အဝေးကနေ စပိုင်ဖြစ်ကြောင်း ဝန်ခံနေတဲ့ ဒါရိုက်တာ ဖိုးစန်းရဲ့ စာလေးကို တင်ပြ လိုက်ပါဦးမယ်... ကိုဖိုးစန်း စာလေး ဖတ်ပြီးတော့ ရော်နယ်ကြီးကို စိတ်ဆိုးအောင် လုပ်မိတဲ့ အထဲ ကိုယ်များ ပါနေသလားလို့ စမ်းကြည့်ရသေးတယ်...



ကိုဖိုးစန်းရေးတဲ့ ဥပဒေနဲ့ အညီ တွေးမိတွေးရာပို့စ် - http://www.facebook.com/photo.php?fbid=257461554342701&set=a.110157345739790.24725.100002365754291&type=3&theater “ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ဟုတ်ပါတယ်... သူလျိုဆိုတာ ချို(ဂျို)မှ မပါတာ... အခုထိလဲ သူလျို သံသယက မပျောက်သေးဘူးကိုး... ကဲ စစ်ဆေး မေးမြန်းကြပါဦးလေ... ခေါင်းတော့ မဖြတ်ကြနဲ့တော့ ပေါ့... "ထိုးကျွေးတာခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး။ ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ။" ဦးစိန် နာမည် ပါတာနဲ့ ဗကပ ဖြစ်ရောလား... သေပြီးသူတွေကို ထပ်ပြီး နာမည် ဖျက်ချင်နေတဲ့ ဒေါ်လှိုင့် သဘောထား မတင်ပြပါနဲ့... "ကိုမျိုးဝင်းကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကိုခေါင်းစဉ်တပ်ပြီး ဟုတ်တယ်လို့ မဖြေ မချင်း ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ အစီစဉ်ရှိရှိ ဆွဲထည့်ဖြေသွားကြတာ မဟုတ်ဘူးဆိုရင်" ဒေါ်လှိုင့်ရဲ့ သူရဲကောင်း ကိုမျိုးဝင်းက မရိုက်ပါဘူး... ကိုချိုကြီးလက်ကို ဓားနဲ့ ခုတ်ဖြတ်ပြီး ညီဖြစ်တဲ့ ကိုထွန်းအောင်ကျော်ကို လက်ပြတ် ကိုက်ခိုင်းတာ... ကိုကျော်ဝေလေးကို ခေါင်းဖြတ် ပစ်တာ... နောက်ပိုင်း ပြည်ထောင်စုနေ့မှာတော့ ကျင့်သားရပြီး လက်တွေ့သွားတဲ့ မျိုးဝင်း ခေါင်းချည့်ဖြတ်တော့တာလဲ ထည့်ပြောဦးမှပေါ့... ပထမ ထောက်လှမ်းရေး တာဝန်ခံ လုပ်သွားတဲ့ တိုက်ပွဲကျ ကိုပီတာ ကိုချန်ထားကြပါသေးတယ်... သူတိုက်ပွဲ ကျတော့ သန်းဇော် ဖြစ်လာတာလေးလဲ ထည့်ရေးကြဦးမှပေါ့... အစီအစဉ် ရှိရှိ ဆွဲထည့် ဖြေတာ လေးကတော့ဗျာ ပထမ ငါးယောက် ဖော်ရတယ်တဲ့... ကိုအားစိုက်တို့လို သေပြီးသူတွေ အဖမ်းခံထားရသူတွေကို ထည့်ဖြေကြသတဲ့... သန်းဇော်တို့က ဒီလို ဖြေနေတာလဲ သိသွားရော... ထောင်ကျသူ သေသူတွေ နာမည် မပါပဲနဲ့ အသစ်ငါးယောက် ဖော်ရမယ် ဆိုတာကနေ လူတစ်ရာကျော် အဖမ်းခံရတဲ့ အထိ ဖြစ်သွားရတာ မဟုတ်လား... "ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်းဓါတ်ပုံ တပုံလေးတောင်မရှိပေမဲ့ အသက်လုပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တ ယောက်တည်းရိုက်ထားတဲ့ ကိုယ်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ။" ဒါကတော့ ဒေါ်လှိုင် ပြောသလို စိတ်ဝင်စားစရာပါ... ကိုညီညီကျော်ဟာ စစ်အစိုးရ သူလျိုလဲ ဖြစ်နိုင်သလို... တနေ့နေ့မှာ သတ်ဖြတ်မှု လုပ်ခဲ့သူတွေကို ပြန်ဆော်ဖို့ ရည်ရွယ်သူ မဖြစ်နိုင်ဘူးလား... မန်းလေးသူ မန်းလေးသားချင်း ရှင်းရမဲ့ ကိစ္စတွေ ထည့်မရေးတော့ပါဘူး... သို့သော် "ဂေါစတာရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြား ခဲ့ဖူးဘူး။ အဲဒီရုံးကို ဘယ်သူပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ ဘာတွေ မခံခဲ့ရတာလား"

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကန်တော့ခြင်း ။

မန္တလေးမြို့တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် အထက်ဗမာပြည် ကိုယ်စားပြုသော လှုပ်ရှားမှုများ အများဆုံး အခြေစိုက်ခဲ့သည့် နေရာအတွက် (GOSDA) ၃၂လမ်း၊၈၅/၈၆လမ်းကြား နှင့် ၇၉လမ်း၊ ၂၆/၂၇လမ်းကြား နေရာများကို မိမိကိုယ်ကျိုးအတွက် ဘာတစ်ခုမှ ရယူခြင်းမရှိပဲ အသုံးပြုခွင့် ပေးခဲ့သော ပုဂ္ဂိုလ်ကို တစ်ချိန်က (ယခုတွင် သူ့အရွယ်ကို ရောက်လာပြီဖြစ်တဲ့) ကျောင်းသားဟောင်းတစ်စုရဲ့ လေးစား ကြည်ညိုစိတ်နှင့် ကျေးဇူးသိတတ်စွာ ဂုဏ်ပြု ကန်တော့ ခဲ့ကြသည်
မူရင်းလင်ခ် - http://brasilhnetyoe.blogspot.com/2012/07/gosda.html

ဒီမေးခွန်းက သိရဲ့သားနဲ့ မေးတဲ့ မေးခွန်းပါ... မန်းလေးသားထဲကပဲ ဖြေမဲ့လူ ပေါ်လာပါလိမ့်မယ်... "အခုလည်း ရိုးသားတဲ့လူမှန် ရဲဘော်ရဲမေတွေကို ရှေ့ထုတ်ကာဗာယူပြီး နောက်ကွယ်ကနေ ကျောင်း သားတပ်ကို မိဘပြည်သူတွေထောက်ခံမှုမဲ့တဲ့ ရေမဲ့ငါးလိုဖြစ်အောင် ဆက်လက်တွန်းပို့ အကောင်အထည် ဖော်နေ" အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ဒီပြသနာ မဖြစ်ခဲ့ဘူးလား... တပ်ဖွဲ့ဝင်တွေ မသိဘူးလား... ပြသနာကို တာဝန်ခံ ဖြေရှင်းမဲ့(ဖြေရှင်းရဲသူ)မရှိဘူးလား... ရိုးသားတဲ့ ကျောင်းသား ရဲဘော်စစ်စစ်တွေကို အနှစ်နှစ်ဆယ်ကျော် ဘယ်လို နည်းနဲ့ ဒီပြသနာကို မသိရအောင် ဖုံးကွယ်ထားသလဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကို ဘယ်သူတဦး တယောက်က စွပ်စွဲနေသေးလို့လဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကရော ဟိုတုန်းက ဖြစ်ခဲ့တဲ့ ပြသနာ ပါဝင်ပတ်သတ်သူတွေ ကိုယ်ဟာကိုယ် ရှင်းကြပါ... ကျောင်းသားတပ်ကို ထိခိုက်လာနိုင် ပါတယ်လို့ မတွေးမိရအောင် တုံးနေကြပါသလား... ငြိမ်ပြီး နှုတ်ဆိပ်နေတဲ့ အတွက် တနေ့နေ့ လက်ရှိ အေဘီဘက် မြှားဦး လှည့်လာတော့မှာ မသိဘူးလား... စုံစမ်းရေး ကော်မတီ ဖွဲ့ပြီးပြီ... ကဲ... ၄လအတွင်း ဆောင်ရွက်ခဲ့ သမျှလေး တင်ပြပါလား... သက်ဆိုင်သူတွေ ရှင်းကြလို့ စာထုတ်ဖို့တောင် လက်တွန့်နေတဲ့ အတွက် တနှစ် အတွင်း ဖြစ်နိုင်ပါ့မလား... အာမခံ ရဲရဲကြီး ပေးထားလေသလားလို့ ထင်မိတယ်... ဘယ်သူ့ အရိပ်အောက် ခိုဝင်နေလို့ ကျန့်ကြာနေရပါသလဲ... ဒီပြသနာလို ပြသနာတွေ မရှင်းနိုင်သေး သရွှေ့ ပြည်သူ့ဆီက ဘာကို တောင်းခံမှာတုန်း... အာဏာရှင်နဲ့ ထူးမခြားနား လူသတ်သမားလို လူတွေကို ကာကွယ်နေတဲ့ အတွက် သိပ်မကြာခင် နစ်နာ ဆုံးရှုံးသွားတော့မှာ မသိလောက်အောင် လမ်းကြောင်း မရှိသွားနေပါသလား... ဥက္ကဌကတော်ရဲ့ မေးခွန်း မေးတဲ့ အလှည့် အပြီးမှာ ပြန်ဖြေရမဲ့ အလှည့်ကိုလဲ ထည့်သွင်း စဉ်းစားထားပါဦး... အပိုင်း(၆)ကတော့ ဒီလောက်ပါပဲ... အဖြစ်မှန် သိချင်သူတွေကို မေးခွန်းတွေ ပြန်မေးနေတဲ့ အတွက် နားလည် ရခက်ပါတယ်...


ဘရာဇီး ငှက်ရိုး
မတ်လ(၂၇)ရက်
ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ
· · · Share · Delete

  • 5 shares
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/photo.php?fbid=257461554342701&set=a.110157345739790.24725.100002365754291&type=3&theater
      ABကျောင်းသားဟောင်း ဖိုးစန်းက ၀န်ခံပါတယ်..သူဟာ စပိုင်ပါတဲ့၊သူတင်မကပါဘူးတဲ့.၊ကသာကသ...See More
      April 13 at 11:41am · · 1 ·
    • Kyaw Than · Friends with Kyaw Gyi AB and 55 others
      အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ဒီပြသနာ မဖြစ်ခဲ့ဘူးလား... တပ်ဖွဲ့ဝင်တွေ မသိဘူးလား... ပြသနာကို တာဝန်ခံ ဖြေရှင်းမဲ့(ဖြေရှင်းရဲသူ)မရှိဘူးလား... ရိုးသားတဲ့ ကျောင်းသား ရဲဘော်စစ်စစ်တွေကို အနှစ်နှစ်ဆယ်ကျော် ဘယ်လို နည်းနဲ့ ဒီပြသနာကို မသိရအောင် ဖုံ
းကွယ်ထားသလဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကို ဘယ်သူတဦး တယောက်က စွပ်စွဲနေသေးလို့လဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကရော ဟိုတုန်းက ဖြစ်ခဲ့တဲ့ ပြသနာ ပါဝင်ပတ်သတ်သူတွေ ကိုယ်ဟာကိုယ် ရှင်းကြပါ... ကျောင်းသားတပ်ကို ထိခိုက်လာနိုင် ပါတယ်လို့ မတွေးမိရအောင် တုံးနေကြပါသလား... ငြိမ်ပြီး နှုတ်ဆိပ်နေတဲ့ အတွက် တနေ့နေ့ လက်ရှိ အေဘီဘက် မြှားဦး လှည့်လာတော့မှာ မသိဘူးလား... စုံစမ်းရေး ကော်မတီ ဖွဲ့ပြီးပြီ... ကဲ... ၄လအတွင်း ဆောင်ရွက်ခဲ့ သမျှလေး တင်ပြပါလား... သက်ဆိုင်သူတွေ ရှင်းကြလို့ စာထုတ်ဖို့တောင် လက်တွန့်နေတဲ့ အတွက် တနှစ် အတွင်း ဖြစ်နိုင်ပါ့မလား... အာမခံ ရဲရဲကြီး ပေးထားလေသလားလို့ ထင်မိတယ်... ဘယ်သူ့ အရိပ်အောက် ခိုဝင်နေလို့ ကျန့်ကြာနေရပါသလဲ... ဒီပြသနာလို ပြသနာတွေ မရှင်းနိုင်သေး သရွှေ့ ပြည်သူ့ဆီက ဘာကို တောင်းခံမှာတုန်း... အာဏာရှင်နဲ့ ထူးမခြားနား လူသတ်သမားလို လူတွေကို ကာကွယ်နေတဲ့ အတွက် သိပ်မကြာခင် နစ်နာ ဆုံးရှုံးသွားတော့မှာ မသိလောက်အောင် လမ်းကြောင်း မရှိသွားနေပါသလား...

1 comment:

  1. http://brasilhnetyoe.blogspot.com/2012/07/blog-post_1729.html
    ဥပဒေနဲ့အညီတွေးမိတွေးရာပို့စ်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါကြောင်း...။

    ReplyDelete