Sunday, July 15, 2012

တပင်ရွှေထီးရဲ့ မှတ်ချက်


ကျုပ်ချစ်ခင်လေးစားရတဲ့ ABSDF လုပ်ဖေါ်ကိုင်ဖက်များ၊ AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသော ABSDF သူရဲကောင်းတို့၏ ကျန်ရစ်သော မိသားစုဝင်များ၊ အမှန်တရားကို သိရှိလက္ခံကြသော မြန်မာနိုင်ငံသူ/သားများခင်ဗျား-

မြန်မာနိင်ငံသားတိုင်သည် နေစဉ်အိပ်ထတိုင် သတ်ဆိုင်ရာအာဏာရှိသူတွေနဲ့ ပါတ်သတ်လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာများ ကို မည်သည့်သို့သော မြန်မာနိင်ငံသားတိုင်ကမှ မလုပ်ဆောင်လိုကြပါ အဘယ်ကြောင့်ဆိုသော် တရားဥပဒေဆိုးမိုးမူ မရှိတဲ့ ထိုနိင်ငံမှာ နေထိုင်နေရလိုပါပဲ။ အယ်ဒီတော့
ကျုပ်တို့မြန်မာနိင်ငံက လူငယ်တွေဟာ သူတို့ချစ်တဲ့ပြည်သူတွေနဲ့ တရားဥပဒေမရှိတဲ့သူတို့နိင်ငံအတွက် စစ်အာဏာရှင်ကိုတိုက်ဖျက်ဖို့ ကချင်ပြည်နယ်က ပါချောင်ဒေသမှာ လူအခွင့်ရေး၊ တရားဥပဒေဆိုးမိုးရေးနဲ့ ဒီမိုကရေစီရေးရဖို့ ခရီးထွက်နေချိန်မှာ မသမာသူတို့၏ လုပ်ကြံ မူ့ကိုခံရသည့်သူများ၏ကိစ္စကို ပြောဆိုနေတဲ့ဟာတွေက ကျုပ်တို့အားလုံးအတွက် လုံလောက်သွားပြီလို့ပြောလို့ရတယ်။ ပြောနေရင်းနဲတော့ ဘာမှဖြစ်မလာဘူး ထိုသေဆုံးသွားသူတွေအတွက် တစုံတခုပြုလုပ်ရမယ်ဆိုတာကို အားလုံးကလဲ သိရှိနေတယ်လို့လဲ ပြောလို့ရတယ်။

ဒီတော့ AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်းခံရသူတွေ ရှိခဲ့တာကို သိသင့်သလောက် သိထားရက် လူအခွင့်ရေးဘာညာပြောပြီ မမှန်တာကိုဝိုင်းဝန် ကာကွယ်ပေးဖို့ ကျိုးစားခဲ့တဲ့ အောင်မျိုးမင်းတို့ရဲ့ ထုပ်ပြန်ကြေငြာထားသည်ထဲတွင် လူတဦးတယောက်ဟာ ပြစ်မူ့ကျူးလွန်တဲ့အထောက်ထား ခိုင်လုံမူ့မရှိခဲ့ရင် ထိုသူဟာအပြစ်ကင်းစင်သူလို့ သတ်မှတ်ထားရမယ်လို့ဆိုသူတွေရော၊ မိမိကိုင်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့သူတွေရော၊ AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်းခံရသူတွေရော၊ အသက်ရှင်ကျန်ရှိနေတဲ့ မတော်မတရား ငြင်းပမ်းနိုပ်ဆက်ခြင်းခံရသူတွေရော၊ ABSDF သူရဲကောင်းတို့၏ ကျန်ရစ်သော မိသားစုဝင်များရော၊ အမှန်တရားကို သိရှိလက္ခံကြသော မြန်မာနိုင်ငံသူ/သားများရော၊ ပြင်ပမှာပြောဆိုနေတာထက် တရားခွင်မှာ ပြောဆိုရမဲ့အချိန်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း အားလုံးလက္ခံထားစေလိုတယ်။

ထိုသို့တရားဝင် မပြုလုပ်သေးချိန်မှာ ပထမ ဦးစွာကျုပ်တို့ပြုလုပ်သင့်တာက AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်းခံရသူတွေအား ရည်ဇူး၍ သူတို့အတွက်ရံပုံငွေတရပ် ထူထောင်ဖို့ အားလုံးကို အကြံပြုလိုတယ်။ ဒါပေမဲ့ အယ်ဒီ ရံပုံငွေကို ဖြစ်ရင်ပြီရောဆိုပြီး ထူထောင်တာမျိုးတော့ မဖြစ်လိုဘူး၊၊ ဆိုလိုတာက တနေ့မြန်မာနိုင်ငံ ဒီမိုကရေစီအလင်းရောင် အရုဏ်မှာ နံနက်အိပ်ရာထချိန်၊ တနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီမိုးတွေ နိုင်ငံတဝမ်းရွာသွန်းပေးနိုင်ချိန်၊ တနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင်းမှူံတွေ နိုင်ငံတဝမ်းကျရောက်ချိန်၊ နောင်လာနောင်သားတွေ လေ့လာခွင့်ရအောင် အထိကထား၍ ပြုလုပ်သင့်တယ်။ ရံပုံငွေရဲ့ နံမည်ခေါ်ဆိုရန် ပေးမည့်နံမည်ကို လေးနက်စွာ ဝိုင်းဝန်းစဉ်စားပေးကြစေလိုသည်။

၁) ငြိမ်းချမ်းရေးအတွက် ထာဝရ ပန်းကလေးများ ရံပုံငွေ

၂) ထာဝရ ရှင်သန်နေသော ပန်းကလေးများ ရံပုံငွေ

၃) ငြိမ်းချမ်းရေးပန်းများ ရံပုံငွေ

ယ္ခုကျုပ်ပြောပြတဲ့ AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူတွေအား ရည်ဇူး၍ ရံပုံငွေနံမည် ပေးရာမှာ အထက်ကနံမည် (၁)(၂)(၃)တို့ရဲ့ ရည်ရွယ်ထားသည်ရည်ရွယ်ချက် အနည်းငယ်ဆီ ကွာခြားနေသည်ကို အချိန်ယူပြီစဉ်စားပေးဖို့ကိုလဲ အထူးမေတ္တာရပ်ပါသည်။

ဒုတိယအနေဖြင့် အကြံပြုလိုတာက ဆရာတော် ဦးဇာဝဏ္ဏအား ထိုရံပုံငွေထူထောင်ရေးကို အလည်ဗဟိုထားပြီ ပြုလုပ်ဆောင်ရွက်ပေးရန် ဆရာတော်အား တပြည့်တော် ရွှေထီး(၈၈၈၈) ရဲဘော်ဟောင်း(ပထမ ဗဟိုကော်မီတီ ABSDF)မှ ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ထိုနည်းတူစွာ အမှန်တရားပေါ်ဖို့ ဝိုင်းဝန်းပါဝင်ကူညီနေကြသော အမှန်တရားမြတ်နိုးသူများကလဲ ဆရာတော် ဦးဇာဝဏ္ဏအား ဦးဆောင်ပေးရန် သဘောတူကြောင်း ဆရာတော်ကို လျှောက်ထားပေးကြပါ။

တတိယ ကျုပ်အကြံပေးလိုတာက ရရှိလာတဲ့ရံပုံငွေကို စံနစ်တကျ မည်သို့သုံးဆွဲမည် ဆိုတာတွေကို မူဝါဒချမှတ်ဖို့ပဲဖြစ်တယ် အယ်ဒီအတွက် ရံပုံငွေ ထိမ်းသိမ်းဆောင်ရှောက်ရေး ကော်မီတီတရပ်ဖွဲ့ရမည်။ ထိုကော်မီတီ၏ သဘာပတိအနေဖြင့် ဆရာတော် ဦးဇာဝဏ္ဏနှင့်ကျန်ရစ်သောမိသားစုများဖြစ်သင့်သည်။ အသက်ဘေးမှ လွတ်မြောက်လာသော သက်ဆိုင်နေသူများ၊ အမှန်တရားပေါ်ပေါက်ရေးမှာ ရပ်တည်လိုတဲ့ ABSDF အဖွဲ့ဝင်လက်ရှိ/ဟောင်းများ၊ အမှန်တရားပေါ်မှာ ရပ်တည်လိုတဲ့ သာမန်လူများက တာဝန်ယူလုပ်ဆောင်သင့်ပါသည်။ ထိုသို့စံနစ်တကျ ပေါ်ပေါက်လာရေးအတွက် ကျုပ်အနေနဲ့ ကိုယ်စွမ်းဥဏ်စွမ်းအားလုံးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

ရွှေထီး(၈၈၈၈)
ရဲဘော်ဟောင်း(ပထမ ဗဟိုကော်မီတီ ABSDF)
ဆက်သွယ်ရန်-
ABSDF မြောက်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခံရသည့် အမူ့အမှန်ပေါ်ပေါက်ရေး အကျိုးတော်ဆောင်များ
P. O. Box 75353
Washington, DC 20013
571-235-4035

မှတ်ချက်- ကိုမြတ်သူခင်ဗျာ ခင်ဗျာတို့ကျုပ်တို့ AB မြောက်ပိုင်းမှာ မတော်မတရား လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူတွေအား ရည်ဇူး၍ တစုံတခုလုပ်သင့်တယ်လို ယုံကြည်ရင် ယ္ခုကျုပ်အကြံပြုတင်ပြထားရာကနေ စတင်ပူးပေါင်းပါဝင် အကောင်အထည်ဖေါ်လုပ်ဖို့ဖိတ်ခေါ်လိုပါသည်။

သင့်ရဲဘော်
ရွှေထီး(၈၈၈၈)
ရဲဘော်ဟောင်း(ပထမ ဗဟိုကော်မီတီ ABSDF)

No comments:

Post a Comment