Monday, July 30, 2012

၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင် လာသွားတယ် ။


by အိုးဝေအောင် အိုးဘားမား on Tuesday, February 28, 2012 at 1:43am ·


”၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် ။”




(ဦးဌေးဝင်း(ခ)နိုင်လင်း)

ဦးဌေးဝင်း(ခ)နိုင်လင်းက ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် လို့ ၂၀၀၆ နအဖ သတင်းစာ ရှင်းလင်းပွဲမှာ ထွက်ဆိုထားပါတယ်။

((၁၉၉၂ ဖေဖော်ဝါရီလထဲမှာ ဒေါက်တာနိုင်အောင်ရောက်လာပါတယ်။

(မြောက်ပိုင်း အေဘီထပ်ဖွဲ့ချိန် အသက်ရှင်ဆဲ မိန့်ခွန်းပြောနေတဲ့ ကချင် ကျော်ကျော်)

ဒေါက်တာနိုင်အောင်နဲ့ ကိုကျော်ကျော် ဆိုတဲ့သူနှစ်ယောက်ဟာ ကျနော်တို့ အဖမ်းခံနေရတဲ့ အဖွဲ့ ၁၀၀ကျော်ကို လာရောက်တွေ့ ဆုံတာဖြစ်ပါ တယ်။ တယောက်ချင်းခေါ်ယူတွေ့ ဆုံတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ရယ်၊ ကိုကျော်ကျော်ဆိုတဲ့သူရယ်၊

(ဒုက္ခိတ သံချောင်း)

ကိုသံချောင်းရယ်၊

(အသေဆိုး မျိုးဝင်း)

ကိုမျိုးဝင်းရယ် ။

(သိုက်ထွန်းဦး (ခ) သီဟကျော်)

အမှတ် (၅၀၁) တပ်ရင်းမှူးဖြစ်တဲ့ ကိုသိုက် ထွန်းဦး ရယ်။

နောက်ထပ်တယောက်နှစ်ယောက်ရှိပါသေးတယ်။ ကျနော်နံမည်တော့မမှတ်မိတော့ဘူး။

သူတို့ အားလုံးကျနော့်ကို ခေါ်ပြီးတွေ့ ပါတယ်။

တွေ့ ပြီးကာမှ နောက်တရက်..နှစ်ရက်အကြာမှာ-

၁၉၉၂ ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့ မှာ လူပေါင်း ၁၅ ယောက် အသတ်ခံလိုက်ရပါတယ်))

http://8-8-88.blogspot.com/2011/12/blog-post_4480.html

လင်္ကာ: ကိုကျော်မျိုး၊ဦးတိုက်ပိတ်၊ဦးဌေးဝင်း၊ကိုမြင့်သိန်း၊ကိုဇော်ဇော်မင်း

‎8-8-88.blogspot.com


· · · Share

  • 58 shares
    • Ye Yint Aung • ရန်သူလို့ ယူဆရင်တောင် အဲဒီရန်သူကို ခေါင်းဖြတ်သတ်ပြလိုက်မှ တော်လှန်ရေးမှာ သူရဲကောင်း ဖြစ်တယ်လို့များ ထင်နေကြသလားဗျာ။ အဲဒီလို သူရဲကောင်းလို့ အထင်ရှိသူတွေကို ရွံတယ်၊ သိပ်ရွံတယ်။

      • မိတ်ဆွေကို ရန်သူအဖြစ် အထင်လွဲပြီး ဒီလိုလုပ်ရပ်မျိုး ကျုးလွန်မိရင်လည်း အော့နှလုံးနာလှတယ်ဗျာ။ သိပ်ကို ရက်စက်လွန်းလို့ပါ။ ''တော်လှန်ရေးကွ'' ဆိုတာ အဲဒါမှ မဟုတ်ဘဲ။

      • ဒါ့ထက်မက ဆက်ဆိုရရင်တော့ မိတ်ဆွေဖြစ်သူကို ဝါးရုံကြားက အာဏာလေးအတွက် ရန်သူအဖြစ် လုပ်ဇာတ်ခင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ဝံ့တယ်ဆိုရင်တော့ .......

      မုန်းတယ် ... သိပ်မုန်းတယ်။
    • Htay Tint ကျွန်တော် တရားသူကြီးလုပ်နေတာ မဟုတ်ကြဖူး ။လူတွေကို လိမ်ခဲ့တဲ့ သမိုင်းမှန် ဖြစ်စဉ်တခုကို မျိုးဆက်သစ်အတွက် နမူနာ သင်ခန်းစာ အတွက် ရှာဖွေနေကြတာ ။
    • Nge Naing ကျွန်မတော့ စစ်တပ်အသိုင်းအ၀ိုင်းက လူတွေပြောတဲ့စကားဆိုရင် နအဖမှ မဟုတ်ဘူး ကိုယ့်မိသားစုထဲက လူတွေပြောတာကိုတောင် ယုံတတ်သူမဟုတ်ဘူး။
    • Nang Aung Htwe Kyi ညီမ ယုံတာ မယုံတာ ညီမသဘောနော် ။သတင်းစာရှင်းလင်းပွဲ ကအချက်တွေက အမှန်တွေ ။ ဇော်ဇော်မင်း မိုးညှင်း က ကောင် ကဒို့တွေကို သူလှိုဆိုပြီး ဖမ်းဆီး နှိပ်စက် တဲ့ အထဲမှာ ထိပ်ဆုံးက ပါတယ် ။ ဒို့ကို သေလုမြောပါး နှိပ်စက်ခဲ့တဲ့သူ ။ ဒီကောင် လက်ချက်နဲ့ စစ်မှန်သူတွေ သေခဲ့တာ။ ရင်နာတယ် ။
    • Nang Aung Htwe Kyi ကိုအိုးဝေ ... ကျေးဇူး နော်
    • အိုးဝေအောင် အိုးဘားမား ၁၉၉၂ခုနှစ် မြောက်ပိုင်းက အာဏာလုပွဲမှာ အသက်မသေဘဲ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခံနေရတဲ့ကြားထဲကနေ ထွက်ပြေးလွတ်မြောက်သွားသူတချို့ ပြည်တွင်းပြန်ဝင်သွားကြတယ်။တချို့က သတင်းစာရှင်းလင်းပွဲ လုပ်ခံရတယ်။တချို့က အလုပ်မခံရဘူး။တချို့က နိုင်ငံရေးပြန်လုပ်လို့ ထောင်ပြန်ကျကြတယ်။တချို့ဆို ထောင်ထဲမှာ ထပ်နှိပ်စက်ခံရလို့ သေဆုံးရပြန်တယ်။အဲဒီ ပြည်တွင်းပြန်ဝင်သူ အားလုံးထဲကို သိမ်းကြုံးပြီးတော့ နအဖ လူတွေလို့ သတ်မှတ်တာမျိုး၊နအဖ သတင်းစာရှင်းလင်းပွဲက လူတွေပြောစကား မယုံဘူးလို့ သတ်မှတ်တာမျိုးက တဘက်သတ်ဆန်လွန်းအားကြီးနေတယ်။((ဥပမာ..သတင်းစာရှုင်းလင်းပွဲထဲမှာ ပါတဲ့ မြောက်ပိုင်းညှင်းဆဲရေး တရားခံ ဇော်ဇော်မင်း လို လူမျိုးကို ခြွင်းချက်အဖြစ် နအဖ လူ-စစ်တပ် စစ်ထောက်လှမ်းရေး အသိုင်းအ၀ိုင်းက လူလို့ သတ်မှတ်တာ၊သူ့ပြောစကားကို မယုံတာက သဘာဝကျပါသေးတယ်။)) မငယ်နိုင်။
    • Nang Aung Htwe Kyi ဟုတ်တယ် ။ဒါကြောင့် ရင်နာရတယ် ။သုတို့ကဘဲ ဒို့တွေကိုမတရားသတ်ဖြတ်ပြီး
    • Nang Aung Htwe Kyi share တယ် ကွာ
    • Nge Naing ကျွန်မအနေနဲ့ မနန်းအောင်ထွေးကြည်ကို ဘာမှ ပြန်ပြီး အငြင်းမပွားလိုပါဘူး။ ခံခဲ့ရတဲ့သူတွေရဲ့ ရင်ထဲက ဝေဒနာတွေ ခံစားချက်တွေကို လုံးဝနားလည်ပေးလို့ရပါတယ်။ ABSDF ကို ရည်ရွယ်ချက် ယုံကြည်ချက် တူညီစွာနဲ့ ရောက်လာကြတဲ့သူချင်း တူပေမဲ့ ကိုယ့်လောက်ကုသိုလ်ကံ မကောင်းလို့ ဒီလို တရားမဲ့တဲ့ အုပ်ချုပ်သူတွေနဲ့ ကြုံပြီးဒီလိုခံခဲ့ရတယ်လို့ပဲ ကျွန်မ သဘောထားပါတယ်။ အစ်မ နန်းအောင်ထွေးကြည်ကိုယ်တိုင်က ကျွန်မ မေးခဲ့တုန်းက သိပ်မသေချာဘူး ဇဝေဇ၀ါ ဖြစ်နေခဲ့တယ်ဆိုတာ ပြောခဲ့တာကို ကျွန်မအနေနဲ့ ဒါဟာ လုံးဝသဘောပေါက်ပါတယ်။ ဒါကိုပြောခဲ့တဲ့ ကိုသိုက်ထွန်းကလည်း သူမသေချာဘူးဆိုတာ နောက်ထပ် ပြောပြန်ပြောထားတာ ရှိပါတယ်။ ယုံကြည်သူတယောက်ဆိုတာ သေချာနေတာတောင် ဘုရားဟောဟုတ်မဟုတ်ဆိုတာကို သေသေချာချာ လေ့လာပြီးမှ အကျိုးအကြောင်း ခိုင်လုံမှု ရှိမှ ဟုတ်တယ်ဆိုတာ သိမှ လက်ခံတတ်သလို တခြားကိစ္စတွေမှာဆို ဆိုဖွယ်ရာ မရှိပါဘူး။ ဒီကိစ္စမှာလည်း ဒီလို ကျွန်မဟာ ဧပြီလမှာ သွားခဲ့ပါတယ်လို့ ပြောတဲ့ သွားခဲ့တဲ့ ABSDF ဥက္ကဌဟောင်း ကိုယ်တိုင် တိတိကျကျ ပြောတဲ့စကားရယ် ABSDF ဆက်သွယ်ရေး မှတ်တမ်းကိုထဲမှာ ရှိတဲ့အတိုင်းကိုပဲ ကျွန်မ အတည်ယူတာဟာ သဘာဝကျတယ်လို့ ထင်တယ်။
    • အိုးဝေအောင် အိုးဘားမား ၁၉၉၂ မြောက်ပိုင်း အာဏာလုပွဲမှာ ကိုယ့်ကျောင်းသားရဲဘော်အချင်းချင်းကို စစ်ထောက်လှမ်းရေးလို့ မတရားစွပ်စွဲ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းရက်စက်ခဲ့သူ ဇော်ဇော်မင်းဟာ - ပြည်တွင်းပြန် အလင်းဝင်ပြီးချိန်မှစလို့ -ယခုအထိ နအဖ စစ်ထောက်လှမ်းတွေရဲ့အကာအကွယ်နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်နှောင့်ယှက်စော်ကားအနိုင်ကျင့်နေဆဲ လို့ သတင်းများကြားနေရပါတယ်။((အော် ဖြစ်မှဖြစ်ရလေ..မင်းတို့ပဲ န၀တက စေလွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေရှိနေတယ်လို့ အကြောက်အလန့်ကြီးပြီး- ကျောင်းသားကျောင်းသူတွေကို သံသယစိတ်တွေနဲ့ စစ်ထောက်လှမ်းရေးသူလျှိုတွေလို့ မတရား စွပ်စွဲသတ်ဖြတ်ခဲ့ကြတယ်။အခုတော့ မင်းတို့သံသယဖြစ်ခဲ့တဲ့ နအဖ စစ်ထောက်လှမ်းရေးထံမှာပဲ ပြန်အလုပ်လုပ်နေကြတယ်။အံ့သြစရာ သူရဲဘောကြောင်လွန်းတဲ့ လူမဆန်တဲ့ ကျက်သရေတုံးတဲ့ တိရစ္ဆာန်စိတ်နဲ့ကောင်တွေ လို့ မှတ်ချက်ချချင်တယ်ဟေ့။))
    • Nge Naing ကျွန်မ ထပ်ခါတလဲလဲ ဆွေးနွေးဖူးတာကို သိပြီးသာ ဖြစ်လျှက်နဲ့ ဒီမှာ ထပ်ပြီးလာပြောနေတဲ့ ကိုအိုးဝေကိုတော့ ကျွန်မ မြောက်ပိုင်းန့ ပတ်သက်တဲ့ Group မှာ ပေးခဲ့ဖူးတဲ့မှတ်ချက် အဖျက်ခံလိုက်ရတဲ့မှတ်ချက်ကို ဒီမှာ မလိုတာဖြုတ်ပြီး ကိုအိုးဝေအတွက် ဒီမှာ ပြန်ထည့်ပေးလိုက်ပါတယ်။ (((( ခံရတဲ့သူတွေ ကိုယ်တိုင်က ဒီလိုပြောထားပါတယ် ဒါကြောင့် ဒါကို့ပဲ အတည်ယူရမယ်လို့ ပြောလာတဲ့ မကဒက ပထမအကြိမ်ညီလာခံသက်တမ်းက ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်အပါအ၀င် ဒါကိုလက်ခံသူ အားလုံးကို သုံးသပ်စေချင်တာက ခံရတဲ့သူတွေ ပြောတာ ဘယ်လောက် Reliable ရှိမယ်ဆိုတာကို Critically ((Not with personal feeling) လေ့လာသုံးသပ်စေချင်ပါတယ် ။ ဒါကို ကျွန်မ အလုပ်လုပ်နေတဲ့ အခြေအနေနဲ့ ဆက်စပ်နေလို့ ဥပမာပေးချင်တယ်။ ကျွန်မဟာ အခုတလောတပတ်မှာ ခုနှစ်ရက်လုံးလုံး အလုပ်လုပ်ပြီး တချို့နေ့တွေဆို ပုံမှန်အလုပ်နာရီ ၈ နာရီ Shift မကဘဲ Double shift (or) 7AM-7PM long shift လုပ်တာရှိပြီး ဒီအလုပ်မှာ လူနာတယောက်စီရဲ့ အခြေအနေတွေကို နေ့တိုင်း နေ့စွဲနဲ့ မှတ်တမ်းရေးချိန်ကို တိတိကျကျ ဖေါ်ပြပြီး Report ရေးနေရသူတောင်မှ တခါတလေ နေ့စွဲ ရုတ်တရက်မမှတ်မိလို့ ဒီနေ့ဘာနေ့လဲလို့ ဘေးကလူတွေကို လှမ်းမေးရတာမျိုးရှိပါတယ်။ တခါတလေ လကူးသွားတာ သတိမထားမိလိုက်ဘဲ ရက်စွဲကို အမှားမှားအယွင်းယွင်း ရေးလိုက်မိလို့ ပြန်ပြင်ရတာတွေ ရှိပါတယ်။ ဒီလို ရက်စွဲနဲ့ အချိန်ကို အသုံးပြုပြီး နေ့စဉ်အဆက်မပြတ် အလုပ်လုပ်နေရတဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသူတယောက်တောင်မှ ဒီလိုမှားနိုင်သေးရင် မြောက်ပိုင်းမှာ အစာအဟာဟာရလည်း ကောင်းကောင်းမစားရ၊ ညှင်းဆဲခံထားရလို့ အနာဒဏ်ရာတွေလည်းဗလပွ ဖြစ်နေ၊ မျက်စိကိုလည်း အသေပိတ်ပြီး နေ့ ညမပြတ် ခေါ်ခေါ်စစ်ခံနေရလို့ ကိုယ်စိတ်နှစ်ပါးစလုံးကို အနှိဌာရုံ လုပ်ထားခြင်း ခံနေရတဲ့ သူတွေအနေနဲ့ ဘယ်လိုမှ အချိန်ရာသီတို့ နေ့စွဲတို့ ဆိုတာကို တိတိကျကျ မှတ်မိနိုင်မှာ မဟုတ်ဘူးဆိုတာ လုံးဝ တွက်လို့ရပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မနာလိုသ၀န်တိုမှုတွေကို ဘေးဖယ်ပြီး ဖြစ်စဉ်ကိုပဲ ကြည့်ပြီး ဆန်းစစ်ရင် ABSDF မှတ်တမ်းနဲ့ သူတို့ပြောတာနဲ့ ဘယ်ဟာက Reliable ဖြစ်တယ်ဆိုတာ မြေပြင်မှာ ဆင်သွားသလို ပေါ်နေပါတယ်။ ABSDF ဟာ စနစ်တကျ အလုပ်လုပ်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဖွဲ့အစည်းတခုရဲ့ မှတ်တမ်းဆိုတာ အဲဒီအဖွဲ့အစည်းရဲ့ Legal Document ဖြစ်ပါတယ်။ လက်ရှိ ABSDF ဟာ ဒီမှတ်တမ်းအတိုင်းပဲ ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ သိမ်းထားမှာ ဖြစ်တယ်။ မှတ်တမ်းတခုကို ခဲတံကိုင်ခါစ ပထမတန်းကျောင်းသားတဦးလို ရေးလိုက်ဖျက်လိုက်လုပ်ပြီး မှတ်ချင်သလို မှတ်လို့မရပါဘူး။ ပြီးတော့ ဆက်သွယ်ရေးဆိုတာ အဖွဲ့အစည်းတခုရဲ့ အသက်ဖြစ်တယ်။ ဆက်သွယ်ရေးမှတ်တမ်းကိုလည်း လုပ်ကြံဖန်တီးပြီး Documentation လုပ်လို့မရပါဘူး။ ဒါကို နားလည်သူတိုင်း လက်ခံရမှာဖြစ်တယ်။ နားမလည်လို့ လက်မခံသူတွေကို ကျွန်မ နားလည်လို့ရပါတယ်။ )))))))
    • Thiha Kyaw Yes,I accompanied with him,Dr naing Aung,I don't know other men accompanied or not.This post was posted by Naing Lin or Oway Aung or whoever he is,I 've already told you and I am ready to face the truth.
    • Ko Baloi အိုးဝေအောင်ကို ဒီအတွက်ကျေးဇူးပါလို့ ပထမပြောချင်ပါတယ်။ မရောက်ဘူးလို့ ဇွတ်အတင်း ပင်တိုင်ငြင်းပေးနေသူတွေ....ကဲ....အခုဘယ်လို လုပ်မလဲ???????????? ပြော။ မြောက်ပိုင်းကိစ္စမှာ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နာမ်မည်ကြီး အဓိကဇတ်ကောင် လူကြမ်းမင်းသားတွေကို.....ကဲ.....အခု ဘယ်လိုလုပ်မလဲ။
    • Ko Baloi ပေါ်ကုန်ပြီး လူသတ်တရားခံတွေ...။
    • Naing Oo ကိုသီဟကျော်ခင်ဗျာ... အသတ်ခံရတဲ့သူတွေဟာ ကျောင်းသားတွေလား စစ်ထောက်လှမ်းရေးအစစ်တွေပါလားခင်ဗျာ...
    • Maung Than Swe ရော်နယ်အောင်နိုင် တောင်ပိုင်းဗဟို ရောက်တော့ သုတေသနဋ္ဌာနမှာတာဝန်ယူလုပ်ဘူးတယ်လို့ဖတ်မိတယ်။ အဲဒါဟုတ်မဟုတ်သိတဲ့လူများရှိသလားဗျာ။
    • Ko Myo Min ကိုနိုင်အောင်မြောက်ပိုင်းမကလို့ ငရဲပြည်ပဲရောက်ရောက် မရောက် အဓိကမဟုတ်ဘူး။ အဲဒီအချိန်က မြောက်ပိုင်းလူသတ်မှုကို တရားဝင်ရပ်တည်ပြီးထောက်ခံခဲ့တဲ့ ကို နိုင်အောင်အမည်နဲ့ ထုတ်တဲ့ စတိန်မန့်ရှိတယ်။ အဲဒီလို့ စတိန့်မန့်ထုတ်တာဟာ အေဘီကိုယ့်စား သူနာမည်ခံပြီး ထုတ်ပါတယ်လို့ အဖွဲ့အစည်းကို ဓါးစားခံလုပ်ပြီး ဆင်ခြေပေးလို့လဲမရဘူး။ အဓိက အချက်က မြောက်ပိုင်းလူသတ်မှုမှာ ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊အမိန့်ဖြစ်သော်လည်းကောင်း၊စိတ်အားဖြင့်သော်လည်း ကူညီပါဝင်ပတ်သက်ခဲ့သူတွေဟာ လူသတ်ကောင်တွေ ဖြစ်တယ်။
    • ဘရာဇီး ငှက်ရိုး စာရွက်စာတမ်းနဲ့ ရှိရင် ချပြကြပါ အေဘီမှတ်တမ်းမှာတင်မဟုတ်ဘူး ကေအိုင်အေမှာလဲ စာရင်းရှိမှာပါ ရေးသားနေသူက တယောက်မဟုတ်ဘူး အများရေးနေကြတာ လူသက်သေတွေလဲ ရှိနေပါသေးတယ်... မငယ်နိုင်ဆိုရင် အရိုးတွန်သံ အပိုင်း၁ ကတည်းက စုံစမ်းနေမယ် ထင်ပါတယ်.. သိလာရသလောက်လေး ချက်ကျလက်ကျ ရေးရင် ပိုကောင်းမယ်ထင်တယ်၊ ဥပမာ - ဒီမှာ အေဘီမှတ်တမ်း၊ပူးတွဲပါတာ ဓါတ်ပုံ ဘယ်နေ့ဘယ်နေ့ဟေ့... ရှင်းပြီပေါ့... အခုအပိုင်း၁၁ တောင် ရောက်လာပြီ။ ကွန်မန့်ထဲမှာ မှတ်တမ်းရှိတယ် မှတ်တမ်းရှိတယ် ဆိုရုံနဲ့ ဘယ်နှယ့် ပြီးပါ့မလဲ.. မခင်စန်းနွယ် အေဘီဖြစ်တည်စက အချိန်ကိုရေးလာတာ 1991 အောက်တိုဘာ နိုဝင်ဘာ ကျတော့ ဆက်မရေးတော့ဘူး။ ရမ်ဘိုကြီးရေးတယ် 1992သြဂုတ်လ 8888 နောက်ပိုင်းလေးကနေ မျိုးဝင်းကောင်းကြောင်းတွေနဲ့ လှလှပပလေးစာစီတယ်၊ ရှေ့ပိုင်းက ဘာဖြစ်ခဲ့တယ် မသိ။ ဘာလို့ ဒီအကွက်ကို ကျော်သွားကြတုန်းလဲ ကျနော်တို့ စဉ်စားနေတယ်။ မငယ်နိုင်လဲ အပိုင်း၁ ကတည်းက စုံစမ်းလာတာ အပိုင်း၁၁တောင် ရောက်ပေါ့။ ပင်ပန်းတယ် အမ။ နားနားနေနေလုပ်။
    • အိုးဝေအောင် အိုးဘားမား ကိုသိုက်ထွန်းဦး(ခ)Thiha Kyaw က အင်္ဂလိပ်လို ရေးလိုက်တာ အားလုံး သဘောပေါက်လောက်ပါပြီ။= Yes,I accompanied with him,Dr naing Aung,I don't know other men accompanied or not.This post was posted by Naing Lin or Oway Aung or whoever he is,I 've already told you and I am ready to face the truth.=((ဟုတ်ကဲ့၊ကျနော်သူ(ဒေါက်တာနိုင်အောင်နဲ့ )အတူ သွားခဲ့ပါတယ်။တခြားသူတွေ ပါတာ မပါတာ ကျနော်မသိဘူး။ဒီပို့စ်ကို နိုင်လင်း တင်တာလား၊အိုးဝေအောင်တင်တာလား၊ဘယ်သူတင်တင်၊ကျနော်အမှန်တရားဘက်မှာ အသင့်ရှိတယ်လို့ကျနော်ပြောခဲ့ပြီးပြီပဲ))..တဲ့။ ကိုသိုက်(ခ)သီဟကျော်ရေ...ဒေါက်တာနိုင်အောင်နဲ့အတူသွားခဲ့တဲ့ ခုနှစ်နဲ့လ ရက်လေး မှတ်မိရင် ဒီမှာ ပြန်ရေးပေးပါလား။အားလုံး မှတ်တမ်းဖြစ်သွားအောင်ပါ။လေးစားစွာ လေးစားလျှက်-(အိုးဝေအောင်)
    • Aye Aye Soe Win It is totally up to justice and those who really went through or witnessed the murders and torture..It is NOT UP TO a person in denial, often bringing up irrelevant stuff such as chronicles of the organization. Yes, it is as simple as that....
    • Zaw Lin Htwe အပေါ်က မောင်သန်းရွှေကို ဖြေပေးလိုက်ပါတယ် ရော်နယ်အောင်နိုင် ဘယ်တုန်းကမှ သုတေသနဌာနမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာပါဘဲ အချိန်တန်ရင်တော့ အရှိကိုအရှိတိုင်း အဖြေမှန်တွေ ပေါ်လာမှာပါ ။ ဒီနေရာမှာ ပြောနိုင်တာကတော့ ဘယ်သူမဆို ကံ ကံ၏အကျိုးပါ ဒါကို ဘယ်လိုလူမျိုးကမှ ရှောင်လွဲလို့ မရပါဘူး တာဝန်ရှိသူတချိန်မှာ အားလုံးရှင်းကြမှာပါ စိတ်မပူနေပါနဲ့  သူတို့ မှားရင် သူတို့  ခံမှာပါ သူတို့ ဘယ်တော့မှာ ခေါင်းရှောင်မှာ မဟုတ်ဘူးဆိုတာ ယုံထားလိုက်ပါ အဲဒီ မြောက်ပိုင်းကိစ္စကို ၁၉၉၂ ခုနှစ်နှစ်ကတည်း တချိန်မှာ ( သင့်တော်တဲ့အချိန်) မှာ ဖြေကို ဖြေရှင်းရမယ်ဆိုတာ ဗဟိုကော်မတီတစ်လုံးက ဆုံးဖြတ်ချက်ချထားပြီးသားကိစ္စမို့  သိပ်လဲ မစိုးရိမ်ကြနဲ့ လို့ ပြောချင်ပါတယ် အဓိက က လက်ရှိပစ္စုပ္မန်မှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားထု ညီညွတ်ရေးနဲ့ လက်ရှိနိင်ငံရေး အခင်းအကျင်းမှာ ဘယ်လိုမျိုး အကောင်းဆုံးချဉ်ကပ်ပံ့ပိုးပေးရင်ကောင်းမလဲဆိုတာ လတ်တလောကိစ္စပါ ။မြောက်ပိုင်းကိစ္စကို အရေးမကြီးဘူး အရေးမပါဘူးလို့ မဆိုလိုပါ ။အရေးကြီး အရေးပါသော်လည်း ဦးစားပေးလှုပ်ရှားရမဲ့ ကာလ မဟုတ်သေးဘူးလို့ တော့ ထင်မြင်မိပါတယ် ဒါက အငြင်းပွားခြင်းလို့ ပြောနေတာ မဟုတ်ပါဘူး ဦးစားပေးလုပ်ဆောင်ရမဲ့ အဆင့်ကို ဆိုလိုခြင်းဖြစ်ပါတယ် အခုချိန်မှာ အငြင်းအခုန်လုပ်နေကြလို့ ကျွန်တော်တို့ အချင်းချင်းခြားမှာ စိတ်ဝမ်းကွဲတာကလဲလို့  သိပ်ပြိး မထူးခြားဘူးလို့ ထင်တယ် မြောက်ပိုင်းကိစ္စကိုအခုချိန်မှာ ဦးစားပေးအဆင့်လို့ သတ်မှတ်ရင်လဲ မပြောလို့ တော့ပါဘူး
    • Smile Pyone nge naing, you said that you don't believe when your family member whatever they said. you remember what you said b4, now you do believe that former AB chairperson said i went AB(NB) on april. how come? you saw signal's record, show us for prove, let me borrow your words, i don't believe whatever you said or my family members said. when you talk on daytime, watch your back, talking on nighttime, watch the downstair.
    • Ko Baloi ပေါ်ကုန်ပြီး ဝိုင်းပြောတော့ ရှက်နေသည်။ Smile ရေ....ဘယ်သူကဘယ်လို- ဘယ်သူက ဘယ်သူ့ကို အကာကွယ်ပေးနေတာ စာဖတ်တတ်သူတိုင်း သိနေကြ ပါပြီး။ လူမဆန်တဲ့ ရက်စက်စွာ ညှင်းပမ်း၊ နှိပ့်စက်၊ သတ်ဖြတ်မှုကို၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေကြသူတွေနဲ့ အသက်မသေလို့ ကျန်ခဲ့တဲ့ ကာယကံရှင်တွေရဲ့ ရေးသားချက်တွေကို မသမာသူတွေလို့ သုံးနှုန်းသူတွေကသုံးနှုန်း၊ အချိန်မတန်သေးဘူးလို့ ပြောဆိုသူကပြောဆို၊ ညီညွှတ်ရေးကို ဖြိုခွင်းသူလို့ စွတ်စွဲလိုစွဲ၊ ရန်သူ့လုပ်ရပ်လို့ စွတ်စွဲသူက စွတ်စွဲ၊ ရှေ့နေလိုလို- နောက်နေလိုလို ကာယကံရှင်တွေအစား လုပ်သူကလုပ်၊ ရှက်တတ်ရင်လဲသေဖို့ကောင်း တယ်လို့ ပြောသူကပြော...အမျိုးမျိုး တန်ပြန်ဝေဖန် ထိုးနှက်တိုက်ခိုက်နေတာ...အခုတော့- ဇတ်ရေလည်သွားပါပြီး။ သမိုင်းကွေးသောလက်များဖြစ်ဖို့ထက်- သမိုင်းရေးတဲ့ လက်များဖြစ်ဖို့ အရေးကြီးပါတယ်။ (( ဖြေသော်မပြေ- ချေသော်မကျေ- ကမ္ဘာမကြေ။))
    • ဘရာဇီး ငှက်ရိုး လူတစ်ရာကျော် ဖမ်းဆီးထားစဉ်မှာ နိုင်အောင် အပါအဝင် လူတော်တော်များများ လာသွားတာကို ကိုညီညီ(ဆမား) ရေးတဲ့ "ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်ကွင်း" စာမျက်နှာ၈၆မှာ တိတိကျကျ ပါပြီး ကိုသိန်းထွန်းက ဝန်ကြီးရဲ့ညီ ဖြစ်ကြောင်း ပြောတဲ့ အခါ "" ဒေါက်တာနိုင်အောင်ဒေါသပေါက်ကွဲသွားတယ်။ ၀န်ကြီးရဲ့ နာမည်အလွဲသုံးစား မလုပ်နဲ့ လို့  ဆိုတယ်။ အဲဒီမှာ နိုင်အောင်က သိန်းထွန်းကိုထိုးတယ်။ ကြာပွတ် နဲ့ အရိုက်ခံရတယ်။ နံပါတ်တုတ်နဲ့ အရိုက်ခံ ရ တယ်။ သိန်းထွန်းကိုပြစ်ဒဏ်ပေးဖို့ လိမ်တဲ့ပါးစပ်ကို လျှပ်စစ်ရှော့ရိုက်ဖို့ ဒေါက် တာနိုင်အောင်က အမိန့် ပေးတယ်။
      "" ဒီကေ့စ်မှာ ကျနော်ကတော့ ကိုထွန်းအောင်ကျော်(၇၄) ဝါရင့်သဘာရင့်ကြီးကနေစပြီး အခုလက်ရှိ ဥက္ကဌ ကိုသံခဲအထိ စာရင်းထဲမှာ မှင်နီတို့ထားပါတယ်... ၁၉၉၂ မှာ ကိုထွန်းအောင်ကျော်(၇၄) အမေရိကန် ရောက်သေး မရောက်သေးကနေ စပြီး စကားပြော ရပါလိမ့်မယ်။ အမှန်တရား အတွက် အေဘီဟောင်း/သစ် အကုန်မှာ တာဝန်ရှိနေပါပြီ။ ဘာကြောင့် တော်တော်များများကို မှင်နီတားထားရသလဲ ဆိုတော့ စာမျက်နှာ ၉၁မှာ ""အောင်နိုင်ဦးကဖမ်းခံထားရတဲ့ ကျော်နိုင်ဦးကိုလာတွေ့ တော့ ငါမင်းကို ဒီမှာ စစ်တပ်အရာရှိအဖြစ်တွေ့ ရတာတော်တော်အံ့သြတယ်လို့ ပြော တယ်။ ကျော်နိုင် ဦး ကငါလည်းမင်းပါးစပ်ကဒီစကားမျိုးထွက်လာတာတော်တော် အံ့သြတယ်။ ငါအိမ် မှာလပေါင်း များစွာပုန်းသွားပြီး မင်းပါးစပ်က ခုလိုစကားမျိုးထွက်လာတာ ငါ လည်းတော်တော်အံ့သြ တယ်။"" အဲ့သလို အဲ့သလိုလေးတွေ မြင်ရ ကြားရတော့ ဒီကေ့စ်က ဘာကြောင့် ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေသလဲ သိသွားမှာပါ။
      Zaw Lin Htwe ရေ... အနှစ်နှစ်ဆယ်ကျော် ဖုံးထားပြီး ပျော်ပျော်ကြီး နေခဲ့ကြပြီးပြီပဲ ရှေ့ဆက်ချင်သေးလို့လား။ ငါတို့တော့ သာသာယာယာ ဖြစ်နေပြီ။ မင်းတို့ဘဝ မင်းတို့အကြောင်းပဲ ဆိုရင်တော့ ဂဏန်း ဖော် အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ပဲ ဖွဲ့ဖွဲ။ အလိုတူ အလိုပါ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ပဲ ဖွဲ့ဖွဲ့။ အေဘီရဲ့ ဘဝကို ကယ်တင်မယ်လို့ပဲ ကြီးကြီးကျယ်ကျယ်တွေ ပြောပြော အလကားပဲ။ အခု ပထမဆုံး လုပ်ရမှာက ဘယ်မှာ တွေ့ပြီး ကြိတ်ပုန်းလေး ရှင်းချင်သေးတုန်းဗျာ။ ဒီကေ့စ်လေးတောင် မရှင်းနိုင်သေးပဲနဲ့ ကြီးကြီးကျယ်ကျယ် နိုင်ငံအတွက် ဆိုတော့.. အကို မြင်သလိုများ လွယ်ကူ ချောမွေ့ခဲ့ရင် ၁၉၉၀ကတည်းက ဒီမိုကရေစီရပြီး နောင်လာနောက်သားတွေ ကမ္ဘာ့အလယ်မှာ ဖလမ်း ဖလမ်း ထနေမှာပဲ.....
      အောက်ကလင့်ခ်က ကိုညီညီ(ဆမား) ရေးတဲ့ "ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်ကွင်း" ပါ။ လေ့လာလို့ ရတာပေါ့၊ ကိုညီညီ(ဆမား) ကလဲ ဒီစာအုပ် တအုပ်လုံး ဘာသာပြန်နေပါတယ်တဲ့၊ စာအုပ်မထွက်ခင် အမြည်းကျွေးတာမှာတင် တရားခံကိုကိုတွေ၊ အလိုတူအလိုပါကိုကိုတွေ ရင်ခံနေမှာပဲ။
      http://8-8-88.blogspot.com/2011/12/blog-post_23.html
      ‎8-8-88.blogspot.com
      ကျေးဇူးဗျို့  အောက်ကလင့်က မူရင်းစာဗျ။http://8-8-88.blogspot.com/2011/12/killing-field.html
      February 28 at 1:43pm · · 10 ·
    • Aye Aye Soe Win Aung Naing Oo from Ko Moe Thee 's side is another opportunist who never put truth before him...A friend was tortured, but he was indifferent to it...He went there with Dr.Naing Aung ??? AS soon as things start to open up, they created some business to go back home for more room..For what? I just want to know one fine example of what they(ABSDF leadership) had done practically to save many innocent lives while those accused students in the north camp were facing extreme danger.
    • Chan Nyein Zaw Nge Naing ခင်ဗျာ။(ABSDF ဟာ စနစ်တကျ အလုပ်လုပ်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။) ဒါဆိုရင် မြောက်ပိုင်းပြသနာဟာ စနစ်တကျလုပ်ခဲ့တဲ့ သူလျှိုဖော်ထုတ်မှုကြီးလို့ ဆိုလိုရာရောက်ပါတယ်။ အစပိုင်းမှာ ဘာမှမသိခဲ့ပါဘူး ပြောခဲ့ပြီး။ အခု အထောက်အထားတွေနဲ့ ကာကွယ်ချင်တာ သဘာဝ မကျပါ။ ဒီဖြစ်ရပ်ရဲ့ အမှန်တရားကို ဖော်ထုတ်ကြတာ လက်ခံပေမယ့် ဒေါသတွေကို တူးဆွနေကြတာကတော့ လက်မခံချင်ပါ။ အခုအများစုက အမှန်တရားကို ဖော်ထုတ်နေတာထက် ABSDF ကိုနိဂုံးချုပ်စေချင်တဲ့ သဘောတွေတွေ့နေရတာ ၀န်းနည်းစရာပါ။
    • Thiha Kyaw I am not used to write diary so I can't remember the date exactly.I've already told you about it.I must accompanied with Dr naing Aung because he was a Chairman of ABSDF especially because of he is from South(At that time I don,'t know why ABSDF splitted.We must stay very strictly)What I want you to know is I've never accused them of spies.But most of them are not spices.I have no evideices to confirm they are spices.I think about it logically.Now,by reading and listening what other people saying.ABSDF(NB) area is quite different from other regions.So we need to think about it seperately.But if you want me accused of being a murder,this is your right and your opinion.I think I am not,but hope for the worst.
    • Thiha Kyaw I mean spies in stead of spices.
    • Thiha Kyaw I am not the one who decided that they are spies so you should sak the people who decided them of spies.
    • Thiha Kyaw Again ask,not "sak"
    • Thiha Kyaw And when,where,what kind of court will be ,I will face and I accept the verdict.That's all I can say.
    • Ayine Pan Hi Nge Naing..This is your comment ==> ဒါကို ကျွန်မ အလုပ်လုပ်နေတဲ့ အခြေအနေနဲ့ ဆက်စပ်နေလို့ ဥပမာပေးချင်တယ်။ ကျွန်မဟာ အခုတလောတပတ်မှာ ခုနှစ်ရက်လုံးလုံး အလုပ်လုပ်ပြီး တချို့နေ့တွေဆို ပုံမှန်အလုပ်နာရီ ၈ နာရီ Shift မကဘဲ Double shift (or) 7AM-7PM long shift လုပ်တာရှိပြီး ဒီအလုပ်မှာ လူနာတယောက်စီရဲ့ အခြေအနေတွေကို နေ့တိုင်း နေ့စွဲနဲ့ မှတ်တမ်းရေးချိန်ကို တိတိကျကျ ဖေါ်ပြပြီး Report ရေးနေရသူတောင်မှ တခါတလေ နေ့စွဲ ရုတ်တရက်မမှတ်မိလို့ ဒီနေ့ဘာနေ့လဲလို့ ဘေးကလူတွေကို လှမ်းမေးရတာမျိုးရှိပါတယ်။ တခါတလေ လကူးသွားတာ သတိမထားမိလိုက်ဘဲ ရက်စွဲကို အမှားမှားအယွင်းယွင်း ရေးလိုက်မိလို့ ပြန်ပြင်ရတာတွေ ရှိပါတယ်။ <=== Impossible what you are saying.. I also work 7pm - 8am (5 days work 1 day rest). Process Engineer position. Even, I knew day, date, time and old reports also. why you forget ?? are you idiot..?
    • Bobo Lion မငယ်နိုင်....ကိုယ်အလုပ်လုပ်တာညံ့တိုင်းသူများတွေလဲညံ့မှာပဲလို့မတွက်ထားနဲ့လေ..မှားသွားမှာပေါ့....(မှတ်ချက်..ဒီလောက်ကိုယ့်ကိုကိုယ်ညံ့မှန်းသိနေတာတောင်သမိုင်းမှတ်တမ်းအမှန်ဖြစ်ရေးမှာဝင်ပါနေလားဗျာ။)
    • Phome Maung Zaw Lin Htwe ရေ၊ ရော်နယ်လ်အောင်နိုင်သုသေသနဌါနမှာလုပ်သွားတာလူတိုင်းသိပါတယ်၊ခင်ဗျားကိုသံခဲတို့ကိုပြန်မေးကြည့်ပါဦး၊အရင်ျRFAအင်တာဗျူးတွေမှာသူကိုယ်သူမကဒတရဲ့သုသေသနမှူးတစ်ယောက်အနေနဲ့ပြောနေတာကြားရဘူးပါတယ်၊ငယ်နိုင်ကိုလည်းမေးပါရစေ၊ဗဟိုမှာမှတ်တန်းရှိတယ်ဆိုရင်ကျနော်တို့ကိုရှယ်ပေးစေချင်ပါတယ်၊သို့မဟုတ်ရင်ငါ့စကားနွားရလို့ဖြစ်နေပါတယ်၊ပြီးတော့ဒေါက်တာနိုင်အောင်ကစတိတ်မင်းထုတ်ပြီးဖြေရှင်းမယ်လို့ပြောထားတာကြာနေပြီ၊ဘာဖြစ်နေသလည်းဆိုတာဒေါက်တာနိုင်အောင်ကိုထိရင်ဆတ်ဆတ်ထိမခံတဲ့မငယ်နိုင်ဘဲကျေးဇူးပြုပြီးမေးပေးပါခင်ဗျား၊ကျနော်တို့ဖတ်ချင်လှပါပြီ၊
    • ဘရာဇီး ငှက်ရိုး ကိုယ့်ဥက္ကဌကြီးကို ဘာပဲဖြစ်ဖြစ် ချစ်ကြကြေးဆိုရင်...
      မတရားအသတ်ခံရတဲ့ ကိုထွန်းအောင်ကျော် (တောထဲမှာတောင် မဲပေးပြီးရွေးခံထားရတဲ့ မကဒတဥက္ကဌ) (မြို့ပေါ်မှာဆို အထက်ဗမာပြည် ကျောင်းသားသမဂ္ဂဥက္ကဌ (၁၉၈၈-၁၉၉၀)) ရဲ့ ဘဝအစစ်ကို ကျနော်တို့ ပြန်တောင်းနေတာ မလွန်ပါဘူးဗျာ...
      မငယ်နိုင်သာ အဲ့ဒီတုန်းက ပါဂျောင်မှာဆို သေချာပေါက် ကားစင်ပေါ်တင်ခံရမှာ ကိုယ့်ဥက္ကဌကို ကာကွယ်ချင်တာကိုး.။ (အဲ့ဒီအချိန်က မိန်းကလေးတွေရဲ့ အဖြစ်ကို ကိုယ်ချင်းစာပါဗျာ)
      မငယ်နိုင်တို့၊ ကိုမိုးသီးဇွန်တို့ဆိုရင် အရင်တုန်းက ဘာသတင်း ကြားရ ကြားရ ဘလော့တွေရေး၊ ကြေငြာချက်တွေထုတ်ပြီး ရဲရဲဝံ့ဝံ့ ပြန်ပြောတတ်ကြတာ အခုတော့ နှာစေးနေတာတို့. ခေါင်းကိုက်နေတာတို့. မြင်နေရတော့ ပြည်သူတွေ ဘယ်လိုမြင်မလဲဗျာ. ပြည်သူတွေအကုန်လုံး ချီးဘရိန်း ဖြစ်ကုန်ရင်တော့ နှာစေးတာ အကြောင်းမဟုတ်ဘူးဗျ. ပြည်သူတွေ မျက်စေ့ဖွင့် နားစွင့်နေချိန်မှာ ဒီကိစ္စ ပေါ်လာတော့.. ဘယ်သူကဘယ်လို ဘယ်သူကဘာဆိုတာ သိသွားကြရင် ကိုယ်တွေ တောတောင်ထဲသွားပြီး "ပြည်သူ့အတွက်ဟေ့" ဆိုပြီး လုပ်လာခဲ့တာ အကုန်သဲထဲ ရေသွန်ဖြစ်ကုန်မှာပေါ့.....
    • Maung Than Swe ကိုဇော်လင်းထွေးရောကိုဖုန်းမောင်ကိုပါဖြေပေးကြလို့ကျေးဇူးတင်ပါတယ်။မြောက်ပိုင်းကိစ္စရဲ့အဓိကတာဝန်ရှိသူထိပ်သီးလက်ထဲဗဟိုသုတေသနဋ္ဌာနကိုထိုးအပ်လိုက်မိရင်တော့ အဲဒီဘဏ်တိုက်ထဲသမိုင်းမှတ်တမ်းရွှေတွေတော့ကျန်မှာမဟုတ်ဘူး၊ စက္ကူလိမ် ဦးဖိုးချမ်းရွှေတု မှတ်တမ်းတွေပဲကျန်တော့မှာဆိုတာကိုသတိပြုမိစေချင်လို့ပါ။ဆက်စပ်မှုတွေကိုဆက်တွေးရင်အစီအစဉ်ရှိရှိကြိုတင်ပြင်ဆင်ထားတဲ့ပက်စက်မှုကြီးဆိုတာပေါ်နေပါပြီ။တာဝန်ရှိသူတွေဟာခေါင်းရှောင်မယ့်သူတွေမဟုတ်ဘူးဆိုတာကကိုဇော်မင်းထွေးရဲ့ပုဂ္ဂလိကယုံကြည်မှုပါ။ လောလောဆယ်ဘာလုပ်နေလဲဆိုတာကလက်တွေ့ပါ။ ၉၂ခုနှစ်ထဲကဖေါ်ရမှာအခွင့်မသာလို့ပါ။။အခုအခွင့်သာလို့ဖေါ်ကြတာပါ။ နောက်တောင်ကျနေပါတယ်။ရနိုင်သမျှအချက်အလက်များဆက်ဖေါ်ထုတ်ကြပါ။ကျောင်းသားသမိုင်းနဲ့ ကျောင်းသားတပ်မတော်ကို တကယ်လေးစားရိုးမှန်ရင်။ကျောင်းသားသမိုင်းကိုညစ်ညမ်းအောင်လုပ်သူတိုင်းကိုဖေါ်ထုတ်ရှုတ်ချရမှာပဲ။ကျောင်းသားထဲဝင်ပြီးပူးနေပင်းနေတဲ့ အပူးတွေအပင်းတွေထုတ်တာဟာ၊ကျောင်းသားထုညီညွတ်ရေးပျက်စရာမရှိဘူး။တက်စရာသာရှိတယ်လို့ထင်ပါတယ်။ ကျနော့်နာမည်က ”ဆွေ” ပါဗျာ ”ရွှေ”မဟုတ်ပါဘူးဗျာ။
    • အိုးဝေအောင် အိုးဘားမား ကိုသန်းဆွေရဲ့ အကောင်းဆုံးမှတ်ချက်လေးကို ပြန်လည်ကောက်နုတ်လိုက်ပါတယ်။ ((။ကျောင်းသားသမိုင်းနဲ့ ကျောင်းသားတပ်မတော်ကို တကယ်လေးစားရိုးမှန်ရင်...။ကျောင်းသားသမိုင်းကို ညစ်ညမ်းအောင်လုပ်သူတိုင်းကိုဖေါ်ထုတ်ရှုတ်ချရမှာပဲ ။ကျောင်းသားထဲဝင်ပြီး ပူးနေ ပင်းနေတဲ့ ...အပူးတွေ...အပင်းတွေ ထုတ်တာဟာ၊ကျောင်းသားထုညီညွတ်ရေး ပျက်စရာမရှိဘူး။တက်စရာသာရှိတယ်လို့ထင်ပါတယ်။ ))” ((။မြောက်ပိုင်းကိစ္စရဲ့အဓိကတာဝန်ရှိသူ ထိပ်သီး(ရော်နယ်အောင်နိုင်)ဆိုသူရဲ့ လက်ထဲ ဗဟိုသုတေသနဋ္ဌာနကို ထိုးအပ်လိုက်မိရင်တော့ အဲဒီဘဏ်တိုက်ထဲ သမိုင်းမှတ်တမ်းရွှေတွေတော့ ကျန်မှာ မဟုတ်ဘူး၊ စက္ကူလိမ် ဦးဖိုးချမ်းရွှေတုမှတ်တမ်းတွေပဲ ကျန်တော့မှာ ဆိုတာကို သတိပြုမိစေချင်လို့ပါ။)) ဆက်စပ်မှုတွေကို ဆက်တွေးရင် ....။မြောက်ပိုင်းကိစ္စရဲ့အဓိကတာဝန်ရှိသူ ထိပ်သီး(ရော်နယ်အောင်နိုင်)ဆိုသူရဲ့ လက်ထဲ ဗဟိုသုတေသနဋ္ဌာနကို ထိုးအပ်ခဲ့တာဟာ အစီအစဉ်ရှိရှိ သမိုင်းဖျောက်ချင်တာ ---သမိုင်းအမှန်တွေကို အမှားလုပ်ပစ်ရအောင် -နေ့စွဲတွေ အမှားလုပ်ပစ်ရအောင် ဗဟိုက ကြံရာပါ ၀င်လိမ်ခိုင်းခဲ့တဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ပက်စက်မှုကြီးဆိုတာပေါ်နေပါပြီ။ဗျာ”))
    • ဘရာဇီး ငှက်ရိုး အကိုကြီးကိုသန်းဆွေရေ... လူ၃၀ကျော်သတ်ပြီး လူ၇၀ကျော်ကို (ရက်ရှည်လများ) ချုပ်နှောင်ဖမ်းဆီးပြီး အမှု့လေးတောင် ဒီလောက် ဖင်လေးနေတဲ့ ကောင်တွေက လူ၃၀ကျော် သေတဲ့ကိစ္စ ကိစ္စခဏထား မြန်မာပြည်သား သန်း၆၀ကျော် လွတ်မြောက်ရေး အတွက် ဆိုတော့... တရာတောင်မပြည့်တဲ့ လူတွေအတွက်တောင် ဘာမှကျေလည်အောင် လုပ်မပေးနိုင်ပဲနဲ့များ သန်း၆၀အတွက် အရင်လုပ်ချင်တယ်တဲ့ဗျာ... အံ့ပါရဲ့...
    • Maung Than Swe ကျေးဇူးပါဗျာ၊ လိုရင်းကို ပိုရှင်းအောင်ပြောပေးလို့။
      March 1 at 4:15am via · · 2
    • Nay Zaw ကျေးဇူးပါ။
    • Nge Naing
      fb ထဲမ၀င်တာ ၂၄ နာရီပဲ ရှိသေးတယ်၊ ကျွန်မအတွက် စောတကတွေက များလှချည်လား။ အခုကျွန်မကို စောတကလာတက်နေတဲ့သူတွေထဲမှာ ABSDF မြောက်ပိုင်းမှာ ကျောင်းသားများ သတ်ဖြတ်မှုဆိုတဲ့ Group ကအဖွဲ့ဝင်တွေဆိုရင် အဲဒီအထဲမှာ ကျွန်မ သိထားတာကို အပြန်ပြန်အလှန်လှန် အမှန်အတိုင်း ဆွေးနွေးထားပြီးဖြစ်လို့ ဘာမှ အကြောင်းပြန်စရာ အကြောင်းမရှိဘူး။ ကျွန်မကို စကားနာလာထိုးတာကိုလည်း ကျွန်မက ဘယ်သူ့အတွက်မှ အကျိုးမရှိ အချိန်ကုန်ခံပြီး တုန့်ပြန်မှာ မဟုတ်ဘူး။ ဒါမေပဲ့ အဲဒီက မဟုတ်တဲ့ တကယ်မသိတဲ့ သူတွေကိုတော့ သိစေချင်တဲ့ စေတနာ ကျွန်မမှာ အပြည့်အ၀ ရှိပါတယ်။ ကျွန်မဟာ ထင်ရာမြင်ရာ စွပ်ပြောတတ်တဲ့သူမဟုတ်ဘူး မသိတာကို သိအောင်လေ့လာတယ် လေ့လာပြီးမှ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိရတာကိုလည်း မှန်ကန်တယ်ဆိုတာ ယုံကြည်ရမှသာ ပြောခဲ့တာ ရှိတယ်။ ဒါကြောင့်လည်းပဲ ကိုယ်ပြောတဲ့စကားကို ကိုယ်လုံးဝ တာဝန်ယူရဲသူ၊ ကိုယ်မှားသွားရင်လည်း လုံးဝ ၀န်ခံရဲတဲ့ သတ္တိရှိသူ ဖြစ်တယ်။ ဒါကြောင့် ကျွန်မ ပြောတဲ့စကားတွေနဲ့ ပတ်သက်ပြီး မယုံရင် ဒါမှမဟုတ် သံသယရှိရင် လေ့လာနိုင်ပါတယ်။ မလေ့လာဘဲနဲ့တော့ ဟိုလူ့ကာကွယ်တယ် ဒီလူ့ကာကွယ်တယ် ဟိုလူ့ပေးစာကမ်းစာ စားနေတယ် ဒီလူ့ပေးစာကမ်းစာ စားနေတယ် မလုပ်ပါနဲ့။ ကျွန်မဟာ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေသူသာဖြစ်တယ်။ မြောက်ပိုင်းကိစ္စဟာ မြောက်ပိုင်းမှာ ဖြစ်သွားတာကို မြောက်ပိုင်းဗဟိုက သူ့ဖါသာသူ ဆုံးဖြတ်ချက်ချ လုပ်ကိုင်ခဲ့ပြီးမှ ဗဟိုကို အသိပေးခဲ့တာဖြစ်လို့ ဗဟိုက ဖြစ်ပြီးသားကိစ္စတခုကို တာဝန်ခံလိုက်ရတာကလွဲပြီး တခြားဘာမှ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး တန့တချိန်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေ ရှင်းရမည့် ပြဿနာတခုလို့ အစောကြီးကတည်းက အောက်ခြေ ရဲဘော်တဦးအနေနဲ့ ကျွန်မတို့ ဒီလိုပဲ သိထားပါတယ်။ ဒါလည်းပဲ သေဒဏ်ပေးတာကိုပဲ ဆိုလိုပါတယ်။ နောက်ပိုင်း ပန်းချီထိန်လင်းတို့ ကိုအောင်မိုးဝင်းတို့ ပို့စ်တွေ ထွက်လာပြီးမှ ဘယ်လိုညှင်းဆဲခံခဲ့ရတယ် ဘယ်လိုသတ်ခဲ့တယ်ဆိုတာ သိရတယ်။ ပို့စ်တွေထဲမှာ ဘာမှမရေးထားပေမဲ့ အောက်ကမှတ်ချက်တွေထဲက တယောက်ပေါက် ရေးတဲ့အထဲမှာ ဒီပို့စ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဒေါက်တာနိုင်အောင်က မြောက်ပိုင်းကို သွားပြီးအမိန့်ပေးသတ်ဖြတ်ခဲ့သလိုတွေ ရေးထားတာတွေ့တော့ ဒါဆိုရင် ကျွန်မတို့သိထားတဲ့ မြောက်ပိုင်းက သူ့ဖါသာသူ လုပ်လိုက်တာမဟုတ်ဘူး ဗဟိုပါဝင်ပတ်သက်မှု ရှိနေပြီ၊ အဲဒါတကယ်မှန်ရင် မြောက်ပိုင်းက သတ်တာမဟုတ်ဘူး အမိန့်နာခံတာသာ ဖြစ်ပြီး ဗဟိုကသတ်တာဖြစ်သွားမယ်။ ဒါဆိုရင် ဗဟိုကတရားခံ ဖြစ်သွားပြီ။ ဒီကိစ္စမှာ ကျွန်မတို့ အလိမ်ခံခဲ့ရတာလားလို့ ကျွန်မ အတိအကျ သိချင်လို့ အတိအကျ သိအောင်လေ့လာခဲ့တယ်။ သိရတယ်။
      March 1 at 6:50am · · 1
    • Nge Naing
      လေ့လာလို့ သိခဲ့တာနဲ့ စာရင် ပြောခဲ့တာက အပုံ ဆယ်ပုံတပုံတောင် မရှိပဘူး။ သိတိုင်းလည်း ဘယ်သူ့အတွက်မှ အကျိုးမရှိတာကို မပြောပါဘူး။ ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ၁၉၉၂ ဧပြီလမှာ ဖြစ်တယ်။ ဖေါ်ဖေါ်ဝါရီမှာ မဟုတ်ဘူး။ ဒါဆိုရင် ကျွန်မတို့အလိမ်ခံရတာ မဟုတ်ဘူး။ မြောက်ပိုင်းဆိုတာဟာ တရုတ်နယ်စပ် ကွန်မြူနစ် အာဏာရှင်နိုင်ငံနဲ့ နယ်နမိတ်စပ်နေတဲ့ နေရာမှာ ရှိပြီး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလို အဲဒီကစခန်းတွေကို သွားချင်ရင် အဖွဲ့အစည်းခေါင်းဆောင်တွေက ထိုင်းထောက်လှန်းရေးလက်မှတ် ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ခွင့် တောမောလက်မှတ် တောင်းပြီး ကားကလေးနဲ့ စခန်းထဲအရောက် ငြိမ့်ကနဲ သွားလို့ရမည့် နေရာမဟုတ်ဘူး။ ဗဟိုကနေ သွားချင်ရင် ရှမ်းကုန်းပြင်မြင့်တခုလုံးနီးပါးကို ရန်သူစစ်တပ် မရှိတဲ့နေရာတွေကနေ ရှောင်ကွင်းကွေ့ကောက်ပြီး ခြေကျင် လျှိုမြှောင်၊တောတောင်အထပ်ထပ်ကို ခြေကျင်ခရီးနဲ့ သွားပြီးမှ ရောက်တဲ့နေရာ ဖေဖေါ်ဝါရီတခေါက် ဧပြီတခေါက် သွားလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မကို နင်ပြောတဲ့ ဧပြီလမှာသွားတာလည်း ငါတို့သိတယ်၊ ဖေဖေါ်ဝါရီမှာလည်း တခေါက်သွားသေးတယ်လို့ ပြောသူတွေကို ပြောရင်း ကျန်တဲ့သူတွေကိုပါ သိအောင် ပြောပြချင်တယ်။ ကျွန်မအနေနဲ့ အခုပြောနေတဲ့ ခံရတဲ့သူတွေဆီက ထွက်လာတဲ့စကား ဖေဖေါ်ဝါရီမှာလို့ ပြောပြီး လွဲနေတဲ့အပေါ် အမှတ်မှားတယ်လို့ပဲ မှတ်ယူမှာဖြစ်ပြီး ဒေါက်တာနိုင်အောင်ကိုယ်တိုင် ပြောတဲ့ ဧပြီလမှာ သွားခဲ့ပါတယ်ဆိုတာ လွဲနေရင်တော့ ဒေါက်တာနိုင်အောင်ကို လူသတ်သမားတင်မကဘူး လူလိမ်လို့ပါ အခုအခြေအမြစ်မရှိ ပြောနေတဲ့သူတွေ အားလုံးထက်ပိုပြီးတော့ ကျွန်မ ပြင်းပြင်းထန်ထန် ရှုပ်ချမှာဖြစ်တယ်။ ဒါပေမဲ့ ဒေါက်တာနိုင်အောင် ဒီလောက်တောင် ဆိုးနေရင် ABSDF တတိယအကြိမ်ညီလာခံမှာ ညီလာခံကိုယ်စားလှယ် ၈၁ ဦးအနက် ၆၅ ဦးထောက်ခံပြီး ဥက္ကဌဖြစ်လာစရာ အကြောင်းမရှိဘူး။ ABSDF နှစ်ခု ပြန်လည်ပေါင်းစည်း ညီလာခံမှာလည်း ဥက္ကဌ ပြန်ဖြစ်လာစရာအကြောင်းမရှိဘူး။ ABSDF က ထွက်သွားပြီးနောက်ပိုင်းမှာလည်း ABSDF အပါအ၀င် ဒီမိုကရေစီ အင်စားစုအဖွဲ့အစည်းတွေ စုပေါင်းထားတဲ့အဖွဲ့မှာ ဥက္ကဌအဖြစ် ဆက်လက်ရှိနေစရာ အကြောင်းမရှိဘူးလို့ ကျွန်မ ယုံတယ်။ ဒါမေပဲ့လည်း သူများစွပ်စွဲတဲ့အတိုင်း တကယ်ဖြစ်နေရင် ကျွန်မ ဂတိကျွန်မတည်တယ်။ ကျွန်မမှန်နေရင်တော့ ကျွန်မကို စောတကတက်ပြီး ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့သူတွေ မိမိအမှားကို အမိမိ ၀န်ခံရဲတဲ့သတ္တိရှိအောင် ကြိုးစားကြဖို့ပဲ ပြောချင်ပါတယ်။
      March 1 at 6:51am · · 2
    • Bobo Lion ဒါဆိုရင်တော့..ရော်နယ်အောင်နိုင်ကဒီကိစ္စကိုအသိဆုံးသောသူတစ်ယောက်လို့သတ်မှတ်ရမယ်ထင်တယ်..သူ့ကိုမီဒီယာရှေ့မှာဖြေရှင်းရအောင်ဝိုင်းပြီးတွန်းအားပေးကြပေါ့...ပြောပြောနေတဲ့အထောက်အထာတွေနဲ့တကွဖြေရှင်းရမှာပေါ့..မဟုတ်ရင်သူလဲအဓိကတရာခံတစ်ယောက်အနေနဲ့သတ်မှတ်ရမှာပဲ..
    • Htay Tint ကျောင်းသားတွေ အသတ်ခံခဲ့ရတာကို တာဝန်ရှိသူတွေလို့  ယူဆ စွပ်စွဲခံရနေသူတွေက သတ္တိရှိရှိ တာဝန်ခံပြီး မဖြေရှင်းကြဖူး။ တရားရုံးသာတင်ကြလို့ အချိန်တန်မှရေးမယ် ပြောနေတာတွေက ပြင်က ရောက်နေတဲ့ အောက်ခြေထုခံစားမှု ကို တိုက်ရိုက်စော်ကားနေတာဖြစ်တယ် ။
    • Nge Naing
      ဟုတ်တယ် Bobo Lion ရော်နယ်အောင်နိုင်က အဲဒီတုန်းက မြောက်ပိုင်းဗဟိုမှာ ဥက္ကဌ ဖြစ်လို့ ဒီကိစ္စကို အသိဆုံးသူ ဖြစ်ရုံတင်မက ဒီကိစ္စရဲ့ အဓိကတရားခံလို့ မှတ်ယူတယ်။ သူကိုယ်တိုင်လည်း အင်တာဗျူးတခုမှာ မြောက်ပိုင်းဗဟိုက တာဝန်ခံ ဆုံးဖြတ်ပြီး လုပ်လိုက်ပြီးမှ ဗဟိုကို အသိပေးခဲ့ပါတယ်လို့ အတိအကျ ပြောထားပြီးဖြစ်လျှက် ဒေါက်တာနိုင်အောင်ကလည်း ပြီးခဲ့တဲ့ RFA အင်တာဗျူးမှာ အဲဒီမှာ ဖြစ်ပျက်တာကို ကြားရပြီး ကတန်းကမန်း လိုက်သွားပါတယ်လို့ ပြောထားတာ ရှိလျှက်နဲ့ မကဒတ ခေါင်းဆောင်ဟောင်းဆိုသူတချို့က ဘာကြောင့် ဒေါက်တာနိုင်အောင်ကို အမိန့်ပေးသူလို့ ပြောနေကြလဲဆိုတာ စဉ်းစားရင် စဉ်းစားသလို အဖြေထွက်နိုင်ပါတယ်။ မြောက်ပိုင်းကိစ္စကို အကြောင်းပြုပြီး ABSDF တခုလုံးကို သုံးစားမရအောင် ပြောနေတာအပါအ၀င် ကျန်တဲ့ အချက်အလက်အမှားကြီးတွေရေးပြီး မဟုတ်တာကို အဟုတ်လုပ်ပြီး လိုက်ဖွနေတာတွေ တွေ့ရင် ကျွန်မဟာ ABSDF မှာ ဘ၀တွေ အသက်တွေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရင်းပြီး တိုက်ပွဲဝင်လာခဲ့သူတွေရဲ့ မျက်နှာကိုထောက်ပြီး မဟုတ်ဘူးလို့ မပြောပဲ ငြိမ်နေမနိုင်တာတော့အမှန်ပဲ။ ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကအဖွဲ့သာ သူများထင်နေသလို ဖေါ်ဖေါ်ဝါရီလမှာ မသတ်ခင်ရောက်သွားရင် ဒီ၊လူတွေဟာ အသတ်ခံရမှာ မဟုတ်ဘူး။ ဒေါက်တာနိုင်အောင်တို့ ရောက်ပြီးမှ တရားခံလို့ဖမ်းဆီး ခံထားရသူတွေကို ဆက်လက်မညှင်းဆဲဖို့၊ သံခြေကွင်းတွေ ဖြုတ်ပေးဖို့၊ ဆေးဝါး၊ အစာအာဟာရတွေ လုံလောက်အောင် စီမံဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တာကို မြောက်ပိုင်းက သဘောတူလက်ခံပြီး သံခြေကွင်းတွေ ဖြုတ်ပေးခဲ့တယ်။ မိဘတွေနဲ့ ပေးတွေ့ပြီး တချို့ကို ပြန်လွတ်ခဲ့ပါတယ်။ အခုလက်ရှိမှာ အဓိက တရားခံက ရော်နယ်အောင်နိုင်ဆိုတာ အားလုံးက သိနေကြပြီ တရားစွဲမယ်ဆို စွဲလို့ရနေပြီ ပုဂ္ဂိုလ်ရေး အမြင်စောင်းမှုတွေနဲ့ ABSDF တခုလုံးမှာ တာဝန်ရှိတဲ့ သူကို တရားခံမဟုတ်ဘဲ တရားခံလို့ စွပ်စွဲပြီး ABSDF ကို သေးသိမ်အောင် လုပ်နေဖို့ မလိုအပ်ပါဘူး။ ကျွန်မတို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး Stand for the ABSDF Group အနေနဲ့ရော တယောက်ချင်းနီးစပ်ရာ နီးစပ်ရာပါ တိုက်တွန်းထားပါတယ်။ သူတို့ အခုထိ မဖြေရှင်းကြသေးတာကတော့ သူတို့အပိုင်းသာ ဖြစ်တယ်။ ABSDF ဆိုတာ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲပြီး ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ထွန်းတဲ့အထိ ရည်ရွယ်ချက် တိတိကျကျ ချမှတ်ပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ ဒီလို တိကျခိုင်မာတဲ့ ဦးတည်ချက်နဲ့ နှစ်ရှည်လများ ဆက်တိုက် တိုက်ပွဲဝင်လာတဲ့ ကျောင်းသားအဖွဲ့အစည်း ABSDF တခုပဲ ပေါ်ထွန်းခဲ့ဖူးတယ်။ ဦးတည်ချက် လေးရပ်နဲ့အတူ ABSDF အလံတော်ကို ဆက်လက်ဆုပ်ကိုင်ထားသရွေ့ တခြားဘာပရောဂပဲဝင်ဝင် ကျွန်မတို့ဟာ ABSDF ရဲ့ ကောင်းမွေဆိုးမွေ နှစ်ခုစလုံးကို ခံစားပြီး ABSDF နဲ့အတူ အမြဲတမ်း ရပ်တည်နေမည့်သူတွေ ဖြစ်တယ်။
      March 1 at 2:14pm · · 1
    • Nge Naing
      ကိုပြုံး Smile Pyone မယုံရင် ရှင်းရှင်းလေးပါ လေ့လာလို့ရပါတယ်။ ဘုရားကလည်း သူများပြောတိုင်း မယုံရဘူးလို့ ဟောထားတော့ ကျွန်မ ပြောတာကို ကိုပြုံးမလေ့လာရသေးလို့ မယုံတာ သဘာဝကျပါတယ်။ ကျွန်မလည်း သူများပြောနေတာကို ကြားတာ မယုံလို့လေ့လာပြီး အခုလိုအမှန်ကို သိခဲ့ရတဲ့သူပဲ။ဆိုတော့ လေ့လာတာကို အားပေးပါတယ်။ ဒါပေမဲ့ ဘာမှမလေ့လာရသေးလို့ ဘာမှမသိဘဲနဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တာတော့ စွပ်စွဲခံရသူကို သိပ်ပြီးစော်ကားရာရောက်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်တုန်းကလည်း မကဒတရဲ့ ခေါင်းဆောင်တယောက်အကြောင်းကို ဒီလိုပဲ သူများတွေ မှိုချိုးမျှစ်ချိုး ပြောနေကြလို့ ကျွန်မ မယုံလို့လေ့လာခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း ရှင်တို့ပြောတာ ကျွန်မ မယုံဘူးလို့ ပြောပြီးလေ့လာခဲ့တယ် အဲဒီအချိန်တုန်းကတော့ ဟုတ်တယ် ကျွန်မလေ့လာလိုက်တော့ သူတို့ပြောခဲ့တာဟာ မှန်နေလို့ ကျွန်မပြန်ငြင်းခဲ့တဲ့သူတွေကို ကျွန်မ မှားကြောင်း သတ္တိရှိရှိ ၀န်ခံခဲ့တယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် လေ့လာဆန်းစစ်အဖြေရှာပိုင်ခွင့် ရှိပါတယ်။ ဘယ်သူမှ ဘုရားရဟန္တာ မဟုတ်တဲ့အတွက် ဘယ်သူမဆို အမှားမကင်းနိုင်ဘူး။ မိမိမှားတာကို မှားကြောင်း သတ္တိ၊ မိမိထင်နေတာ မဟုတ်တဲ့အချိန်မှာ အခြေအနေအမှန်ကို အမှန်အတိုင်း လက်ခံနိုင်တဲ့သတ္တိက ပိုအရေးကြီးပါတယ်။ လေ့လာပါ။ လေ့လာပြီး အမှန်ကို အမှန်အတိုင်း လက်ခံနိုင်ကြပါစေ။
      March 1 at 3:41pm · · 1
    • Chan Nyein Zaw
      ရော်နယ်အောင်နိုင်က အဲဒီတုန်းက မြောက်ပိုင်းဗဟိုမှာ ဥက္ကဌ ဖြစ်လို့ ဒီကိစ္စကို အသိဆုံးသူ ဖြစ်ရုံတင်မက ဒီကိစ္စရဲ့ အဓိကတရားခံလို့ မှတ်ယူတယ်။ သူကိုယ်တိုင်လည်း အင်တာဗျူးတခုမှာ မြောက်ပိုင်းဗဟိုက တာဝန်ခံ ဆုံးဖြတ်ပြီး လုပ်လိုက်ပြီးမှ ဗဟိုကို အသိပေးခဲ့ပါတယ်လို့ အတိအကျ ပြောထားပြီးတာတောင် ရော်နယ်အောင်နိုင်ကို ကြတော့ ဘာမှမတိုက်ခိုက်ကြပဲ။ AB ဗဟိုကိုပဲ တိုက်နေကြတယ်ဆိုတော့ AB ကိုဖျက်ဆီးကြတော့မလို့လား။ တရားခံကိုတော့ ဘာမှမပြောရဲ့ ကြတာ အံသြမိတယ်။ ရော်နယ်အောင်နိုင်ကို တော်တော် ကြောက်နေကြပုံ ရတယ်။
      March 1 at 4:44pm · · 1
    • ဘရာဇီး ငှက်ရိုး
      သူခိုးက ကျနော်ခိုးမိပါတယ် လို့ဝန်ခံရင် ဒီကမ္ဘာမှာ သူခိုးမရှိ။ ကျူးလွန်သူ ကိုယ်တိုင်ကို လူသတ်ခဲ့ပါသလား လို့မေးရင် အရူးပဲ ဖြေမှာပေါ့ဗျာ.. အေဘီအရိပ်ကို ခိုဖူးသူအားလုံး ဒီကေ့စ်မှာ ပါဝင် ဖြေရှင်းသင့်တာပေါ့... အဲ့ဒီ ၁၉၉၁-၉၂ လောက်က လမ်းပန်း ခက်ခဲပေမဲ့ ဆက်သွယ်ရေးတော့ မခက်ခဲလောက်ပါဘူးဗျာ. (ပါဂျောင်မှာ လူဖမ်းပွဲ သတင်း စက်ထဲဝင်လာလို့ သိပါတယ်လို့ ဆိုနေကြပါလား). ဒါတောင် ဖမ်းတုန်းကနော်... ကျနော့် ကွန်မန့်တွေမှာ သိသာထင်ရှား စေချင်ရင် ကွင်းစကွင်းပိတ်နဲ့ ပြောလေ့ ရှိပါတယ်.. ဒါအဓိက အချက်ကို ညွှန်းတာပါ. ရက်ရှည်လများ ဖမ်းဆီးချူပ်နှောင် သတ်ဖြတ် ခဲ့ပါတယ်.. ရက်ရှည်လများကို ကွင်းထဲထည့်ထား ကတည်းက အဓိက ကျပါတယ်. ပန်းချီထိန်လင်းက အမပြောသလို သန်းဂျီးမပို့စ်မှာ တစ်တစ်ခွခွ ရေးထားတာ ၄လကျော်တောင် ရေမချိုးရပါဘူးတဲ့. သဲချောင်းကလေး အနီးမှာ ရေချိုးပြီး အဝတ်တွေကို ရေနွေးထည့်ပြုတ်တာတောင် သန်းဂျီးမတွေ မသေဘူး ဘယ်သေမလဲ.. အချုပ်ထဲက လက်ပြတ်ခြေပြတ် ဒဏ်ရာဗလပွနဲ့ ရဲဘော်တွေ ဆီက သန်းပြန်ကူးပြီး နဂိုလိုပဲ သန်းထူပါတယ်တဲ့. လေးလကျော်တောင် ဗဟိုက ကိုရွှေဆရာဝန် နိုင်အောင် ဘယ်သွား သေနေတုန်းဗျ. လေးလကျော် မှာတောင် ခေါင်းဖြတ်မခံကြ ရသေးဘူးနော်. ဆက်သွယ်ရေး တအား ခက်ခဲတယ်ပေါ့လေ။ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း ဦးဆောင်ပြီး မသတ်ခင်ကော သတ်တာကော ကြားမှာ နှစ်ချီကြာပါတယ်ဗျာ.. သက္ကရာဇ်များ ဖြိုချင်လို့လားဗျာ. ၁၉၉၁ ရှစ်လေးလုံး နှစ်ပတ်လည်ပြီး ကတည်းက ဖမ်းကြ ဆီးကြတာ နောက်နှစ် ၁၉၉၂ ဖေဖော်ဝါရီမှာ အခမ်းအနားနဲ့ ခေါင်းဖြတ်ကြသတဲ့. ပွဲကြည့်ပရိသတ်တွေက တတိယ နိုင်ငံတွေကတောင် လာကြတယ်တဲ့.. လမ်းပန်းဆက်သွယ်ရေး မကောင်းပေမဲ့ ပါဂျောင်ရဲ့ ပြည်ထောင်စုပွဲက တော်တော်ခမ်းနား စည်ကားပါတယ်တဲ့. အဲ့လိုသတ်ပြီး နောက်ဘယ်နှစ်လကြာမှ ဆရာဝန်နိုင်အောင်ရဲ့ ဗီဒိုအာဏာနဲ့ ဘယ်နှစ်ယောက် လွှတ်ပေးတုန်းဗျာ. မိုးသည်းညကြီး အသေခံပြီး ထွက်ပြေးကြတာမှာ လမ်းမှာ ဒဏ်ရာ ပြင်းထန်လွန်းလို့ တယောက် ထပ်ကျဆုံး သွားပါသေးတယ် (ဒီလူတွေက ခင်ဗျားတို့ရဲ့ စီနီယာတွေပါ) လူသက်သေတွေ တချို့သာ ထောင်ထဲမှာ ထောင်ပြင်ပမှာ သေကုန်ကြတာပါ၊ တော်တော်များများ မသေသေးပါဘူး၊ ပါဂျောင်ထောင်မှာ နှိပ်စက်တဲ့ ဒဏ်ခံရတဲ့ အပြင် အပိုဆု အဖြစ် စစ်အစိုးရက ထောင်ဒဏ် ခံရပါသေးတယ် (ရွှေပြည်ကြီးမှာ ထောင်မကျဖူးသေးတော့ ဘယ်သိအုန်းမလဲ)။ လွတ်သွားသူတွေထဲက တယောက်မှ ခုချိန်ထိ အေဘီကို အသရေ ပျက်အောင် ဘာမှ မပြောကြသေးတာ အံ့သြမိပါသေးတယ်၊ နောက်ပြီး သူတို့ကိုတောင် သတ်ချင်နေတဲ့ သံချောင်း သာယာဝတီမှာ ထောင်ကျတဲ့အခါ ကိုကျော်နိုင်ဦး(ကိုကြောင်)က "ကိုသံချောင်း ထောင်ထဲမှာ နေရေးထိုင်ရေး တော်တော်လေး ခက်ခဲ နေတော့ တတ်နိုင်သလောက် ကူညီကြရအောင်" လို့ဆိုတာ ဝိုင်းဝန်း ကူညီကြပါတယ်တဲ့ (ရုပ်ရှင်ရိုက်ဖြစ်ခဲ့ရင် "နှလုံးလှစပိုင်များ") ဆိုတဲ့ နာမည်နဲ့ ဒီလူတွေကို ထည့်ရိုက်ဦးမယ်(ဘုရားဖြစ်မဲ့ အုတ်နီခဲတွေ)။
    • ဘရာဇီး ငှက်ရိုး
      မြောက်ပိုင်းမှာ စပိုင်ဆိုတဲ့ တံဆိပ်နဲ့ ခေါင်းဖြတ်သတ်ခံကြရတဲ့ ပြသနာရဲ့ အစဟာ အဲ့ဒီ(မဲပေးတာ) (မဲပေးတာ) (အောက်ခြေ ရဲဘော်တွေ ရှေ့တန်းရောက် ရဲဘော်တွေ အကုန်လုံးက ဒီမိုကရေစီ စနစ်နဲ့ မဲပေးခဲ့ကြလို့ အဖမ်းခံကြရပြီး သေကြရတာ)။ မျိုးဝင်း၊ အောင်နိုင်၊ သံချောင်း မဲမရကြဘူးတဲ့ (မဲစာရင်းပြန်သွားကြည့်ပါဦး)။ လိုအပ်ချက်အရ စစ်ရေးတာဝန်ခံ အဖြစ် သံချောင်းနဲ့ အခြားရာထူးတွေ အဖြစ် မျိုးဝင်း၊ အောင်နိုင်ကို ဥက္ကဌ ကိုထွန်းအောင်ကျော်(မန်းလေး)နဲ့ လူကြီးပိုင်း တွေက ပြန်နေရာပေးစေခဲ့သတဲ့။ အဲ့ဒီမဲ မရတာက ပြသနာရဲ့ ရေသောက်မြစ် ဖြစ်ခဲ့ပြီး ခေါင်းနဲ့ကိုယ် အိုးစားကွဲ ကုန်ကြတာဗျ။ တတိယအကြိမ် ညီလာခံမှာ အဲ့ဒီကိုကိုတွေကိုမှ မဲမပေးရင် ဘယ်ကောင် ခေါင်းတခြား ကိုယ်တခြား ဖြစ်မလဲဗျာ။ မဲခိုးဖို့ မလိုပေမဲ့ အာဆံကုန်းကနေ ထွန်းအောင်ကျော်ကုန်း ဖြစ်သွားတာနဲ့တင် မဲအပြတ်အသတ် နိုင်ပြီပေါ့။ ဒါတောင် သမ္မတကြီး ဦးသိန်းစိန်လို (99.9%) မရပါလား??? နှုတ်တစ်ရာ စာတစ်လုံးမို့လို့ စာတစ်လုံးသည် အင်မတန်မှ အရေးကြီးပါတယ်ဗျ။ ဂရုထဲမှာ ဆွေးနွေးချင်သေးရင်လဲ ဂရုကို ဖိတ်ပါခင်ဗျာ။ ဆွေးနွေး အဖြေရှာလို့ ရတာပေါ့။ ကျနော်က ဘက်ပေါင်းစုံကနေ စဉ်းစားသူပါ။ ငါသာ တရားခံဖြစ်ရင် ဆိုပြီးတွေးပါတယ်၊ ဒီကေ့စ်ကနေ လွတ်သွားစရာ ဖြေရှင်းနည်းတွေ ရှာတွေ့ထားပါတယ်။ ပြောပြလိုက်ရင် တရားခံတွေ လွတ်ကုန်မှာပေါ့ (ပြောတော့ ဘယ်ပြောပြမလဲ)။ အခုတော့ တရားခံတွေနဲ့ အပေါင်းအပါတွေ တော်တော်လေး လက်လွန်သွားပြီလို့ မှာလိုက်ပါရစေ။ အေဘီကို တကယ်ချစ်ရင် ဘယ်ကောင်မှ မငဲ့ညှာဖို့ရယ်၊ လက်ရှိအေဘီကိုလဲ မြန်မြန်နဲ့ တရားနည်းလမ်းတကျ အဖြေရှာ ခိုင်းကြပါ။ အေဘီအတွက် အေဘီအတွက်နဲ့ ကင်ဆာလို အမြစ်တွယ်နေတဲ့ စိတ်ခံစားမှု့ နောက်ကို မလိုက်မိကြပါစေနဲ့။ ငါးခုံးမတွေ ပုပ်နေရင် လှေပေါ်ကနေ ကန်သာ ချပစ်တော့၊ တော်ကြာ တလှေလုံး နစ်ကုန်ပါ့မယ်။.....
      March 1 at 4:59pm · · 8
    • ဘရာဇီး ငှက်ရိုး ချမ်းငြိမ်းဇော်ရေ... အောင်နိုင်က မြောက်ပိုင်းကေ့စ် ပေါ်လာကတည်းက သေဒဏ် အခါတရာ ကျပြီးသားပါ။ မသာပေါ် ဗုံးကြဲတော့ကော ဘာထူးမှာတုန်း၊ သေပြီးသားကြီးကို။ ဒီကောင် ပြောသွားတာက ခုံရုံးတင်ပြီးတောင် စစ်သတဲ့။ ဟုတ်နေမယ်ထင်လို့ နောက်ဆက်တွဲ တပြွတ်ကြီးကို ဖော်နေတာပါ။ အေဘီရဲ့ ချွတ်ယွင်းချက်က မြုံနေတတ်တာပဲ။ မြုံနေရင်းနဲ့ တပြုံကြီးပဲ လှေနစ်တော့မှာ ဘေးကလူတွေ မြင်နေရတယ်...
      March 1 at 5:07pm · · 9
    • ဘရာဇီး ငှက်ရိုး
      ကိုမောင်မောင်(ရွှေကရဝိတ်က) ဒီလိုကွန်မန့် ပေးသွားသေးတယ်..
      ကျွန်တော့်ရဲ့ပထမအခေါက် ခရီးစဉ်
      ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ လူသတ်ပွဲ
      ကျင်းပတဲ့အချိန်က ကျော်ကျော်နဲ့ တွေ့
      တဲ့အချိန်က တောင်ပိုင်းနဲ့မြောက်ပိုင်း
      သွားရေးလာရေးလွယ်သလားလို့ သက်
      လင်းကို မေးကြည့်လိုက်တော့၊
      လွယ်ပါတယ် တောလမ်း အဖွဲ့အစည်း
      တွေဆီကနေ တဆင့်ပြီးတဆင့်လာတာ
      လမ်းတောင်နဲနဲပဲ လျှောက်ရတာ အခု
      ကိုကျော်ကျော် တို့ဆို အဖွဲ့လိုက်လာတာ ဗဟိုကဉက္ကဌဒေါက်
      တာနိုင်အောင်တောင် ပါလာသေးတယ်
      တဲ့ ။ သက်လင်း ပြောပြတာပါ။
      March 1 at 5:35pm · · 3
    • Nge Naing
      ဘရာဇီးငှက်ရိုး ကိုအောင်မိုးဝင်းတို့ ပန်းချီထိန်လင်းတို့ရေးတားတဲ့ပို့စ်တွေ ကျွန်မ အကုန်ဖတ်ပြီးသွားပြီ။ ကျွန်မကို ရည်ရွယ်ပြီးရေးတဲ့မှတ်ချက်ဆိုရင် အဲဒီအကြောင်းတွေ ရှည်ရှည်ဝေးဝေး ပြန်ရေးပြစရာမလိုဘူး။ တရားခံလို့ စွပ်စွဲခံခဲ့ရတဲ့သူတွေအကြောင်းလည်း ကျွန်မကို ဘာမှ ရှင်းပြစရာမလိုဘူး သူတို့ရဲ့အတွေ့အကြုံခဲ့ရတဲ့ အနိဌာရုံတွေအပေါ်လည်း ဘယ်လိုသဘောထား ရှိတယ်ဆိုတာ အဲဒီပို့စ်တွေမှာ ကျွန်မ မှတ်ချက်ပေးထားတာတွေ အများကြီးရှိပါတယ်။ ဒါနဲ့ ဘရာဇီးငှက်ရိုး ရေးထားတာနဲ့ ကိုအောင်မိုးဝင်းတို့ပို့စ်ထဲက ရေးထားတာလည်း တလွဲစီဖြစ်နေတယ်။ ကိုအောင်မိုးဝင်းရေးထားတဲ့ ပို့စ်မှာ မဲမရတာ မျိုးဝင်းတယောက်ပဲ ရှိတယ်။ ရော်နယ်အောင်နိုင်နဲ့ သံချောင်းမပါဘူး။ နောက်တခုက ABSDF မှာ ဘယ်တုန်းကမှ ဗီတိုအာဏာ သုံးလို့မရဘူး သူ့နယ်မြေခံနဲ့သူ အဆင်ပြေအောင် ဗဟိုနဲ့မတူတဲ့ စုဖွဲ့မှုတွေ နယ်မြေတိုင်းမှာ ရှိပါတယ်။ တရားခံအဖြစ် စွပ်စွဲခံခဲ့ရတဲ့သူတွေကို ကျွန်မ စောတကတက်ထားတာ ဒီပို့စ်မှာ ဘာမှမရှိဘူး။ တချို့တွေကို လွှတ်ပေးတယ် မိဘနဲ့တွေ့ပေးတယ်ဆိုတာလည်း အဲဒီကိုအောင်မိုးဝင်းတို့ ရေးထားတဲ့ပို့စ်တွေထဲမှာလည်း ပါပါတယ်။ မဖတ်ရသေးရင် ပို့စ်ကုန်အောင် သေသေချာချာ ပြန်ဖတ်လိုက်ဦးလို့ အကြံပြုချင်တယ်။ ကျွန်မ မှတ်ချက်က ဘယ်သူ့ကိုမှ ရှေ့နေလိုက်တာ မဟုတ်ဘူး။ ဒီပို့စ်ရဲ့ခေါင်းစဉ်မှာ ရေးထားတဲ့ ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ဖေါ်ဖေါ်ဝါရီမှာ မဟုတ်ဘူးဆိုတာ သိလို့ သိတဲ့အတိုင်း မှတ်ချက်ပေးတာ ဖြစ်တယ်။ ဒါကိုလည်း တယောက်နှစ်ယောက်တည်း တဖက်တည်းကို မေးပြီးသိတာမဟုတ်ဘူး။ အမှန်တရားကို သိလိုရင် ဘက်ပေါင်းစုံက လေ့လာမှ သိနိုင်ပါတယ်။
    • ဘရာဇီး ငှက်ရိုး
      ကိုအောင်မိုးဝင်းတို့ ပန်းချီထိန်လင်းတို့ရေးတားတဲ့ပို့စ်တွေ တင်မဟုတ်ဘူး။ ရှိရှိသမျှ ပို့စ်အကုန် ဖတ်ပါတယ်ဗျာ. မရိုဘီနာ ရေးတဲ့ပို့စ်၊ မနွယ်နီထွန်း ရေးတဲ့ပို့စ်. ရမ်ဘိုကြီး ရေးတဲ့ ပို့စ်အထိ ဖတ်တယ်ခင်ဗျ။ အခုဟာက မဲနိုင်မနိုင် ငြင်းနေတာ မဟုတ်ဘူး အမရေ.။ ပြသနာတွေ အများကြီးထဲက အချက်လေးတချက် ချပြတာ.။ နိုင်အောင်ရှိတဲ့ နေရာနဲ့ ပါဂျောင်နဲ့က အမပြောသလို သွားလာရခက်ခဲတယ် ဆိုပါစို့.။ လပေါင်းများစွာ ကြာအောင် ဒီကိစ္စတွေ ဖြစ်ပျက်နေတာ.။ မသိဘူး တလုံးထဲနဲ့ ပြီးရမလားဗျာ.။ ဗဟိုကနေ ပါဂျောင် ရောက်နေတဲ့ လူတွေလဲ သေပါသေးတယ်.။
      ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲ မတိုင်မှီ ပါဂျောင် ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ.။ အဓိက နေရာကနေ ပါဝင်ပတ်သတ်သူ စစ်စစ်တွေဘဲ မဟုတ်ဘူးလား.။ ဒီအဖွဲ့အစည်းရဲ့ ဗဟိုနဲ့ နယ်မြေစခန်းတွေရဲ့ ဆက်သွယ်ရေးက အဲ့လောက် လပေါင်းများစွာ ကြာအောင် ပြတ်တောက် နေကြသလား.။ အဖွဲ့အစည်းက တော်တော်လေး ညံ့ဖျင်းလိုက်တာလို့ အထင်ရောက်အောင် တွန်းမပို့ပါနဲ့.။ ခုချိန်ထိတောင် အောင်နိုင်၊ သံချောင်း၊ မျိုးဝင်းနဲ့ တရားခံတွေကို အေဘီဟောင်းတွေ ကကော လက်ရှိအေဘီကကော စုံစမ်း စစ်ဆေးတာမျိုး၊ ပြသနာကို ဘယ်လိုဘယ်ပုံ ကိုင်တွယ်နေပါပြီ ဘယ်သူတွေ ဘယ်သူတွေ ပါတယ်လို့ စာလေးတစ်ကြောင်းတောင် မထုတ်ကြပါဘူးဗျာ (ကိုထွန်းအောင်ကျော်၇၄ ကလွဲလို့)။ အခု ဒီကေ့စ် ပေါ်လာတာ ၃လနီးပါး ကြာပါပြီ။ လေတွေပဲ လာတိုက်နေကြတာ တွေ့ရတော့ အားမလို အားမရ ဖြစ်နေတယ်.။ ဒါလေးတောင် ရဲရဲတင်းတင်း မရှင်းနိုင်သေးပဲ အဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သတ်ဖူးသူတွေ လွန်သလား။ အမှန်သိချင်တဲ့ လူတွေက လွန်သလားဗျာ။ နိုင်အောင် လာခြင်း မလာခြင်းက သိပ်အရေးပါတာပေါ့။ အေဘီမှတ်တမ်းထဲက အဲ့ဒီနေ့ မတိုင်မှီ ပါဂျောင် ရောက် မရောက် စာရွက်စာတမ်း ကြည့်ချင်ပါတယ်.။ နောက်ပြီး ဟိုဘက် ဒီဘက်က အမမေးထားတဲ့ သူတွေက ဘယ်သူတွေ ဘယ်လို ရဲရဲတင်းတင်း အာမခံပြီး ဖြေတယ် ဆိုတာလေးပါ တင်ပေးရင် ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ကေအိုင်အေဘက်က မှတ်တမ်းပါ ကြည့်ချင်ပါသေးတယ်.။ နိုင်အောင့် သွားမေးရင်တော့ မသွားပါဘူးလို့ ပြောမှာပေါ့.။ သံချောင်းက လူတွေ သတ်မိပါတယ်ခင်ဗျာ လို့ ပျော်ပျော်ကြီး ဝန်ခံလားတောင် ဗဟုသုတရဖို့ သာယာဝတီထောင်တောင် ဝင်မေးရမလို ဖြစ်နေပြီ။ တူတာလေးတွေ ပေါင်းလုပ် မတူတာလေးတွေ ခွဲလုပ်ကြတာပေါ့.။ စာဖတ်ဖို့ တိုက်တွန်းလို့ ကျေးဇူးပါအမရေ.....။
    • Nge Naing
      ကျွန်မလည်း ကျွန်မ သိချင်လို့ ကျွန်မလေ့လာခဲ့တယ် အဲဒါကို Public မှာတင်မယ်လို့ ခွင့်မတောင်းလာခဲ့ဘူး ဒါကြောင့် သိချင်ရင်တော့ စွပ်စွဲခံရော စွပ်စွဲနေသူတွေရော သက်ဆိုင်တယ်ထင်ရသူ အားလုံးကို ကိုယ့်ဖါသာကိုယ်မေးပြီး စုံစမ်းပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဟုတ်မဟုတ် အမှန်အတိုင်းသိချင်လို့ မသိရင်မေးမစင်ရင်ဆေးဆိုတဲ့အတိုင်း မေးမြန်းစုံစမ်းခဲ့ပါတယ်။ သိရသမျှ အချက်အလက်ကို မိမိရဲ့ဆင်ခြင်တုံတရားနဲ့ ယုတ္တိရှိမရှိ သုံးသပ်ပြီး ဆုံးဖြတ်ပါတယ်။ မြောက်ပိုင်းဗဟိုနဲ့ တောင်ပိုင်းဗဟိုဟာ လမ်းပမ်းဆက်သွယ်ရေးသမာမက ကြေးနန်းဆက်သွယ်ရေးပါ အခက်အခဲရှိတယ်ဆိုတာ အဲဒီတုန်းက ဆက်သွယ်ရေးသမားတွေဆီက သိရတယ်။ မြောက်ပိုင်းမှာ ကိုယ်ပိုင်ကြေးနန်းရုံးမရှိဘူး KIO ကတဆင့်သွားရပါယတ်။ ကြေးနန်းတခုခု ပို့ချင်ရင်လည်း အဆင့်ဆင့်သွားရပါယတ်။ ကကနေပြီးလည်း တောင်ပိုင်း ၂၀၁ လိုတပ်ရင်းမျိုးကို ဗဟိုကျောင်းသားရုံးကနေပြီး ၂၀၁ တပ်ရင်း ဆက်သွယ်ရေးရုံးကို တိုက်ရိုက်ပို့လို့ ခုပုခုရောက်ပေမဲ့ ဗဟိုကနေ မြောက်ပိုင်းကို ကြေးနန်းပို့ချင်ရင် KIO ကုန်းကတဆင့် သွားရတယ်လို့ပြောတယ်။ ရောက်သွားတဲ့ကြေးနန်းကို ဟိုက KIO အရင် လက်ခံရရှိပြီးမှ ကျောင်းသားရုံးက ကြေးနန်းသမားဆီကို ရောက်တယ်။ အဲဒီကတဆင့် ကျောင်းသားတာဝန်ခံဆီကို ရောက်တယ်။ အဲဒီပြီးမှ သက်ဆိုင်ရာ ကျေးနန်းလက်ခံသူနာမည်ဆီကိုရောက်တယ်လို့ သူတို့ပြောပြလို့သိရယ်။ ပြီးတော့ အဲဒီတုန်းက ညီလာခံပြီးတဲ့အချိန်မှာ တပ်ရင်းအသီးသီးက ကိုယ်စားလှယ်တွေဟာ ကိုယ့်တပ်ရင်းကိုယ်ပြန်ဆင်းပြီး ကွဲရတဲ့အကြောင်းအရင်း ညီလာခံအတွေ့အကြုံတွေကိုလနဲ့ချီပြီး ပြန်ရှင်းပြရတယ်။ ဒီအချိန်မှာ ဗဟိုနဲ့ နယ်မြေအသီးသီးမှာ ပွင့်လင်းရာသီမို့ စစ်ပူနေတဲ့အချိန်မှာ ခံစစ်အတွက် ပြင်ဆင်နေရာတရှိပါတယ်။ ညီလာခံကာလက ကြေးနန်းဝင်ခဲ့လို့ သူလျှိုတွေမိထားတယ်ဆိုတဲ့အချက်ကို သိရတာကလွဲပြီး ကျန်တဲ့အခြေအနေတွေ ဘယ်လိုအခြေအနေတွေရှိတယ်ဆိုတာ ဘယ်သူမှမသိသေးတဲ့အချိန်တွေ ဖြစ်နေတယ်။ မြောက်ပိုင်းကလည်း ဗဟိုကို မယုံလို့တော်ရုံကြေးနန်းကို အကြောင်းမပြန်ဘူးလို့ ပြောတယ်။ ဒါကျွန်မ သိရတာ။ ကျွန်မက လျှောက်လဲချက်တင်နေတာမဟုတ်ဘူး သတင်းထောက်လုပ်နေတာလည်းမဟုတ်ဘူး မိမိပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတခုမှာ ဖြစ်သွားတဲ့ပြဿနာတခုကို ဂဃနဏ သိချင်လို့မေးမြန်းစုံစမ်းခဲ့တာသာ ဖြစ်တယ်။ ဒါကြောင့် ကိုယ်တိုင်သိချင်သူ ဘယ်သူမဆို ပါးစပ်ရှိ၊ နားရှိ၊ လက်ရှိရင် Message နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မေးမြန်းစုံစမ်းပြီး လေ့လာနိုင်ပါတယ်။
    • အိုးဝေအောင် အိုးဘားမား
      ဒီပို့စ်မှာ မငယ်နိုင် ကွန်မန့်စပြီး ၀င်ရေးကတည်းက ကျနော် သေချာစောင့်ပြီးဖတ်ခဲ့ပါတယ်။(ကျနော်လိုချင်နေတဲ့ အဖြေကို မငယ်နိုင်ရဲ့ နောက်ဆုံးကွန်မန့်မှာ ရခဲ့ပါတယ်။) အဲ့ဒါကတော့ ..”ကျွန်မလည်း ကျွန်မ သိချင်လို့ ကျွန်မလေ့လာခဲ့တယ် အဲဒါကို Public မှာတင်မယ်လို့ ခွင့်မတောင်းလာခဲ့ဘူး ဒါကြောင့် သိချင်ရင်တော့ စွပ်စွဲခံရော စွပ်စွဲနေသူတွေရော သက်ဆိုင်တယ်ထင်ရသူ အားလုံးကို ကိုယ့်ဖါသာကိုယ်မေးပြီး စုံစမ်းပါ။ ” တဲ့။ ဒေါက်တာနိုင်အောင် အေဘီမြောက်ပိုင်းကို ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ရက် မတိုင်ခင် သွားသလား။ခေါင်းဖြတ်သတ်ပွဲပြီးမှ သွားသလားဆိုတဲ့ ၀ိဝါဒဖြစ်နေခဲ့တဲ့အပေါ် မငယ်နိုင်ရဲ့ ရပ်တည်ချက်က ”ဒေါက်တာနိုင်အောင် အေဘီမြောက်ပိုင်းကို ခေါင်းဖြတ်သတ်ပြီးနောက် ၁၉၉၂ ဧပြီလမှာ သွားတဲ့ ဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သလို ”-အေဘီဗဟိုရဲ့ သုတေသန မှတ်တမ်းတွေကို သက်သေထူခဲ့ပါတယ်။(ကျနော်တို့ စောင့်စားနေတာကလည်း အဲဒီအေဘီဗဟိုက ရေးမှတ်ခဲ့တဲ့ မှတ်တမ်းစစ်စစ်ရယ်-ဖြစ်နိုင်ရင် ကေအိုင်အေရဲ့သုတေသနမှတ်တမ်းတွေရယ် ကို မငယ်နိုင် လေ့လာသိရှိခဲ့သလို ကျနော်တို့လည်း သိခွင့်ရရင် သိချင်ခဲ့တာပါ။) အခုတော့ မငယ်နိုင်ရဲ့အဖြေက ရှင်းသွားပါပြီ။ ကျနော်တို့ သိချင်တဲ့ မှတ်တမ်းတွေကို မငယ်နိုင် ဆီမှာ ရှိသည် ဖြစ်စေ-မရှိသည် ဖြစ်စေ သိခွင့်ရတော့မှာ မဟုတ်ပါဘူး။သူမ ပြောပုံအရ -”မိမိဘာသာ သိချင်သူများ တဦးချင်းက ကိုယ့်ဖာသာ မေးမြန်းစုံစမ်းကြပါ တဲ့။ Public မှာတင်မယ်လို့ ခွင့်မတောင်းလာခဲ့ဘူး..တဲ့။”..((ကဲ -ဒီတော့ မငယ်နိုင်နဲ့အငြင်းပွားမနေနဲ့တော့။မှတ်တမ်းတွေလည်း အတင်းသွား မေးမနေနဲ့တော့။သူမ ယုံကြည်ရာကို သူမ လွတ်လပ်စွာ ယုံကြည်ပါစေ။သူမ ယုံကြည်သည့်အတိုင်းလည်း သူမမှာ public ကို မတင်ဘဲ လက်ခံထားသည့် မှတ်တမ်းများရှိနေသည့်တိုင် သူမဆီက ရဖို့ မမျှော်လင့်ပါနဲ့တော့။)) မိမိတို့သိချင်သူများ တဦးချင်းဖြစ်စေ-အစုအဖွဲ့နှင့်ဖြစ်စေ လိုချင်သည့်မှတ်တမ်းများကို သက်ဆိုင်ရာဌာနများထံ ”ပါးစပ်ရှိ၊ နားရှိ၊ လက်ရှိရင် Message နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မေးမြန်းစုံစမ်းပြီး လေ့လာနိုင်ပါတယ်။” လို့ သူမ ကွန်မန့်နောက်ဆုံးပိုဒ်ကို ကော်ပီကူးပြီး ထပ်ပွားလိုက်ပါတယ်ဗျို့....။(အိုးဝေအောင်)
      March 2 at 3:30am · · 3
    • Nge Naing ကိုအိုးဝေ ကျွန်မပြောတာ ဘာမှားသွားလဲ လူတိုင်းမှာ လေ့လာခွင့်ရှိတာပဲ ကိုယ်သိချင်ရင် ကိုယ်လေ့လာရမှာပဲ။ ကျွန်မကို တရားခံကို သက်သေပြခိုင်းသလို လာမေးနေလို့ ကျွန်မက တရားခံမှ မဟုတ်ပဲ။ ကိုယ်သံသယမရှင်းလို့ ကိုယ့်ဖါသာကိုယ် လိုက်မေးထားတာ သတင်းထောက်လုပ်နေလို့သတင်းရေးဖို့ မေးတာလည်းမဟုတ်ဘူး။ ကျွန်မသိချင်လို့ ကျွန်ကို အမှန်အတိုင်း ပြောပြပါဆိုပြီး မေးထားလို့ အမေးခံရသူတွေက ပြောပြတာ။ ကျန်တဲ့သူတွေလည်း ဘယ်သူမဆို မေးလို့ရတာပဲ။
    • Nge Naing
      ‎((((သူမ ယုံကြည်ရာကို သူမ လွတ်လပ်စွာ ယုံကြည်ပါစေ)))) ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မက ယုံကြည်နေတာမဟုတ်ဘူး မယုံလို့ လို့လေ့လာလို့ သိသွားတာ ဖြစ်တယ်။ ယုံတာနဲ့ သိတာ မတူဘူး၊ ယုံတာက ဒီလိုဖြစ်မယ်လို့ ယုံတာသက်သက် သိတာက ယုံခြင်းမယုံခြင်း မကတော့ဘူး ပကတိ အခြေအနေ Fact ကို သိတာ။ အဲဒီနှစ်ခု ဘာကွာလဲဆိုတာ မြန်မာလို အဓိပ္ပာယ်ဖွင့်ဆိုချက် မတူသလို အနှစ်သာရလဲ မတူဘူးဆိုတာ ကောင်းကောင်းသိမယ် ထင်တယ်။ ဒါကြောင့် ကိုအိုးဝေက ((((၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင် လာသွားတယ်)))) လို့ ကျွန်မကို လာ tag ထားပေးတာကို ကျွန်မကလည်း အဲဒါမဟုတ်ဘူးဆိုတာ သိလို့ တိတိကျကျ ပြန်ဆွေးနွေးတာ ဖြစ်တယ်။ အဲလိုမဟုတ်ဘူးဆိုတာ ယုံလို့မဟုတ်ဘူး သိလို့ပါ။
    • အိုးဝေအောင် အိုးဘားမား
      မငယ်နိုင်ရေ..အခုဟာက လူပုဂ္ဂိုလ်တွေကို မေးနေရင် အငြင်းပွားနေကြရဦးမှာပဲ။လူပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဌေးဝင်း(ခ)နိုင်လင်းက ”၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် လို့ ၂၀၀၆ နအဖ သတင်းစာ ရှင်းလင်းပွဲမှာ ထွက်ဆိုထားပါတယ်။ ”လို့ ဆိုခဲ့သလို မြောက်ပိုင်းမှာ ကိုယ်တိုင် ခံစားခဲ့ရတဲ့ အခု သက်ရှိထင်ရှားရှိနေကြတဲ့ ကိုထိန်လင်း၊ကိုထင်လင်းအောင်၊ကိုဘိုဘို၊ကိုကျော်နိုင်ဦး၊ကိုသိန်းထွန်း၊ကိုလင်းဝေအောင်၊ကိုစိုးလင်း၊ကို ဆမားညီညီ၊ မငယ်(ခ)မနန်းအောင်ထွေးကြည်၊ မနန်းစော၊မသင်းသင်းညီ.. အစရှိသဖြင့် ကျနော် အခုလောလောဆယ် နာမည် မမှတ်မိသူများ အပါအ၀င်ဟာ သူတို့ အခုထိ ယုံကြည်နေတာက((၁၉၉၂ ဖေဖော်ဝါရီ ၁၂ရက် ခေါင်းဖြတ်သတ်ပွဲ မတိုင်ခင်ကတည်းက ဒေါက်တာနိုင်အောင် ရောက်နေခဲ့တယ်))လို့ပဲ သူတို့ အသီးသီးရဲ့ ခံစားချက်နဲ့ရေးသားပြောဆိုမှုတွေအရ သူတို့ရဲ့ လွတ်လပ်စွာ ယုံကြည်နေမှုတွေကို လေ့လာသိခဲ့ရပါတယ်။သို့ပေမယ့် လူပုဂ္ဂိုလ်တဦးချင်းရဲ့ ခံစားချက်တွေဖြစ်တဲ့အတွက် အငြင်းပွားချင်သူများ အငြင်းပွားနိုင်ကြပါသေးတယ်။ကျနော့ဆန္ဒအရ အကောင်းဆုံးအဖြေက လူပုဂ္ဂိုလ်တွေကို မေးနေကြတာထက် ကျော်လွန်ပြီး ခိုင်မာတဲ့ အစုအဖွဲ့တွေက အဖွဲ့အလိုက် အဲဒီကာလက သက်ဆိုင်၇ာ အဖွဲ့တွေရဲ့ သုတေသနမှတ်တမ်းတွေကို public သိအောင် ဘယ်လိုဘယ်ပုံနည်းလမ်းတွေနဲ့ မရမက မေးမြန်း သိစေရမလဲ ဆိုတာပါပဲ..။
      March 2 at 4:00am · · 3
    • Nge Naing
      ကျွန်မ အပေါ်က မှတ်ချက်မှာ နအဖ သတင်းစာရှင်းလင်းပွဲမှာ ပြောတာကို ကျွန်မ အယုံအကြည်မရှီဘူးလို့ ပြောတားပြီးပြီ။ နအဖ သတင်းစာရှင်းလင်းပွဲ ဘယ်တုန်းက အမှန်လုပ်ဖူးလို့လဲ ၈၈ အရေးတော်ပုံအကြောင်း၊ ၆၂ ကအာဏာသိမ်းတဲ့အကြောင်း၊ ၇၄ ခုနှစ် ဦးသန့်အရေးအခင်းအကြောင်း ဘာတခုမှန်အောင် ပြောတာတွေ့ဖူးလို့လဲ။ အာဏာရှင်တွေဆီမှာ ပြောတဲ့စကား ကျွန်မ ခေါင်းထဲမထည့်ဘူး ကျွန်မ ဒီအကြောင်းကို အခုထိ စိတ်ဝင်စားလာတာ ပန်းချီထိန်လင်းတို့ ကိုအောင်မိုးဝင်းတို့ ရေးတဲ့ပို့စ်တွေကို ဖတ်ပြီး ခေါင်းထဲထည့်သွင်းစဉ်းစားလာတာ ဖြစ်တယ်။ ကိုအိုးဝေတို့ အဲဒါကို စုံစမ်းစစ်ဆေးဖို့ဆိုရင် အားပေးပါတယ်။ ဒီလိုအခြေမမြစ်မရှိ လိုက်ပြောနေမည့်အစား တိတိကျကျ စုံစမ်းလိုက်ပါ။ မနန်းအောင်ထွေးကြည် ကျွန်မမေးတုန်းက ပြောခဲ့တာကို ကျွန်မ အတည်ယူတယ် အဲဒီအချိန်က သူပြောတာ ယုတိံလည်းရှီတယ် အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သေလူလို့ပဲ သတ်မှတ်ထားတော့ အချိန်တွေဘာ သိပ်မမှတ်မိတော့ဘူး ဇဝေဇ၀ါ ဖြစ်နေတယ်ဆိုတာ တခြားသူတွေလည်း အတူတူပဲ ညှင်းဆဲခံထားရတဲ့သူတွေဆိုတော့ တယောက်နဲ့တယောက် သိပ်ကွာမယ်မထင်ဘူး။ ဒါကြောင့် ဖေါ်ဖေါ်ဝါရီလား ဧပြီလားဆိုတာ ညှင်းဆဲခံထားရတဲ့သူတွေအတွက် အမှတ်မှားနိုင်တယ် ဆိုတာ ကျွန်မ အပေါ်မှာလည်း မှတ်ချက်ရေးထားပြီးလို့ ထပ်ပြောစရာ လိုမယ်မထင်ဘူး။ နောက်တခုက ပန်းချီထိန်လင်း ပေါ်ပြူလာမြန်မာနဲ့ အင်တာဗျူးမှာ ပြောထားတာ ရှိတယ်။
      http://popularmyanmar.com/mpaper/archives/37220 ။ (((((စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။ ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက် လာပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ )))) လို့ ပြောထားတယ်။ မြောက်ပိုင်းကနေ ဗဟိုကို ရန်သူ့လူတွေ မိထားကြောင်း အကြောင်းကြားတော့ မြောက်ပိုင်းကို ဗဟိုက ပြန်အကြောင်းကြား ညွန်ကြားချက်မှာ သေသေချာချာ စီစစ်ဖို့နဲ့ ရန်သူလူဆိုရင် ပြတ်ပြတ်သားသား လုပ်ဖို့ ပြန်ညွန်ကြားခဲ့တယ်ဆိုတာ ကိုထိန်လင်း ပြောတာ ဟုတ်တယ်။ ဒါအပြင် တခြား ထပ်ပြောတာတွေလည်း ပါသေးတယ် အထောက်အထား အတိအကျ သိမ်းထားတဲ့သူက သိမ်းထားပါတယ်။ ဒါပေမဲ့ အဲဒါကို ညွန်ကြားတဲ့လူက ဒေါက်တာနိုင်အောင်မဟုတ်ဘူး။ သူလျှိုတွေ မိထားတယ်ဆိုပြီး မြောက်ပိုင်းကနေ ဗဟိုကို အကြောင်းကြားလာတဲ့အချိန်ဟာ တတိယအကြိမ် ညီလာခံကျင်းပနေစဉ် အချိန် အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ဟာ ဒီလိုညွန်ကြားရလောက်အောင် ဒုတိယအကြိမ် ညီလာခံသက်တမ်းက ဗဟိုမှာ ဘာတာဝန်မှ မရှိဘူး။ ဒုဥက္ကဌပြုတ်သွားပြီး နောက်ပိုင်း သူ့တပ်ရင်းကို ပြန်ရောက် ရှေ့တန်းတွေသွားပြီး ညီလာခံကျမှ ကိုယ်စားလှယ်အနေနဲ့ ညီလာခံပြန်တက်လာလို့ သူ့တပ်ရင်း တရင်းကိုသာ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တယောက်အဖြစ်ပဲ ရှိနေသေးတဲ့အချိန်ဖြစ်တယ်။ ဒါလေးတွေက လွဲနေတာတွေ ရှိပါတယ်။ ခံခဲ့ရတဲ့သူတွေရဲ့ တင်ပြချက်တွေမှာ တခြားအချက်အလက်တွေ ဘယ်လောက်ပဲမှန်နေပါစေ ဒေါက်တာနိုင်အောင် မသွားခဲ့တဲ့အချိန်မှာ သွားခဲ့ပါတယ်လို့ ပြောနေတဲ့ ဒီအချက်အလက်တခုကြောင့် အချက်အလက်တွေအပေါ် ယုံကြည်မှုကင်းမဲ့ ခံရတာမျိုး မဖြစ်စေချင်တာ ကျွန်မရဲ့ စေတနာအမှန်ပါ။ အဲဒါကြောင့်မို့ ဒေါက်တာနိုင်အောင် ဖေဖေါ်ဝါရီမှာ ရောက်လာပြီး အမိန့်ပေးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ခံခဲ့ရတဲ့သူတွေကိုယ်တိုင် ကိုအိုးဝေ အပေါ်မှာ ပြောထားသလို သေသေချာချာ ပြန်လည်စဉ်းစား (သို့) စုံစမ်းလေ့လာဖို့ ကျွန်မ အလေးအနက် အကြံပြုချင်ပါတယ်။
    • Ayine Pan
      ကျွန်တော်က စစ်ထောက်လှမ်းရေးက မဟုတ်ဘူးနော်။ ကြိုပြောထားပြီး။ မြောက်ပိုင်းကျောင်းသားတွေ စွပ်စွဲခံရပြီး ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံရတာကို အံ့သြတုန်းလှုပ်မိတယ်။ ကိုထိန်းလင်းရေးတဲ့ သန်းကြွယ်သူဌေး. လူကက်ဆက် အပါအဝင် အားလုံးကို ဖတ်ပြီး စိတ်မကောင်းကြီးစွာဖြစ်မိတယ်။ ကျွန်တော်အပါအဝင် ဒီမှာရှိတဲ့ လူတွေအားလုံးက ခံရတဲ့လူတွေဘက်က ခံပြင်းမိတယ်။ ဒီပြသာနာကို ကျောင်းသားအဖွဲ့ က သက်ဆိုင်သူတွေအားလုံး အမြန်ဖြေရှင်းပြီး ခံရတဲ့သူတွေအားလုံးကို ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်ပါ။ ဒီသတ်တဲ့အထဲမှာ ပါဝင်ပတ်သက်သူတွေဟာ အခုဆိုရင် တစ်ချို့ က ပြည်တွင်းမှာ တစ်ချို့ ကပြည်ပမှာ တစ်ချို့ ဆိုရင် သက်ဆိုင်တဲ့ နေရာမှာ နာမည်ကြီးတွေဖြစ်နေပြီ။ ဒါပေမဲ့အခု နာမည်ပျက်သွားပြီး။ နိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်မကူနဲ့  လုံးဝကန့်ကွက်မှာ။ အဓိက လုပ်ရမှာ ခံရတဲ့သူတွေကို ကျေနပ်တဲ့အထိ တောင်းပန်ဝန်ခံပါ။ သူတို့ ကကျေနပ်မှ ပြသာနာက ပြေလည်မှာ။ သိပ်မပြောချငိဘူး.. အဖွဲ့ အစည်းနာမည်တွေပါလာရင် မကောင်းဘူး။ ကြောက်လို့ တော့မဟုတ်ဘူး။ ပညာတတ်ရင် သဘောပေါက်မှာပါ။
      March 2 at 10:31am · · 9
    • Htay Tint
      Ayine Pan ပြောတာ ဘုန်းကြီးခေါင်း ခေါက်ပြီး တောင်းပန် သလို ဖြစ်နေပါလား ။ ဒီပဲရင်း ဖြစ်စဉ်မှာ ကြိုတင်ကြံစဉ်ပြီး တည တည်းအပြီးရှင်းတာ။ မြောက်ပိုင်း လူသတ်မှုကိစ္စ တစိမ့်စိမ့်နဲ့  လိုချင်တဲ့ ထွက်ဆိုချက်တွေ ရအောင် နည်းမျိုးစုံနဲ့ လပေါင်းများစွာ လူသာ...See More
      March 2 at 2:07pm · · 1
    • Htay Tint http://www.facebook.com/photo.php?fbid=2810873675128&set=a.1531540252592.2071549.1357340814&type=1&theater
      ကချင်ပြည်နယ် ပါဂျောင်ဒေသ မှာတော်တော်အေးပါလား ။ မြန်မာပြည်မှာ သကြန်ဆိုရင် ပူလောင်ကုန်ပြီ ။ ခြေစွပ်တွေ စွပ်တာတောင် အေးနေတယ် ။ ဘယ်လအထိအေးလဲမသိဖူး။ (ABSDF မြောက်ပိုင်း တောခိုကျောင်းသား ၁၅ ဦးအား ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြသူ အများစု ပါဝင်သော သက်သေခံ အထောက်အထား ၁၀ယောက်တွဲ ဓါတ်ပုံ။) ၀ဲမှယာ= အောင်ကြီး(ယခု SSA)၊ လှဆိုင်း(ယခု အေဘီမြောက်ပိုင်း)၊ စိန်အေး၊ သံချောင်း(ယခု-သာယာဝတီထောင်)၊ ကချင်ကျော်ကျော်(ယခု အေဘီ မြောက်ပိုင်း)၊ ဒေါက်တာနိုင်အောင်(အေဘီဗဟို-ယခု မဲ့ဆောက်)၊ခင်မောင်ဝင်း(DVB-ယခု နော်ဝေး)၊ ဇော်ဇော်မင်း(ယခု ပြည်တွင်း)၊ နေဒွန်း(ယခု ယူအက်စ်အေ)၊ ရော်နယ်အောင်နိုင်(ယခု ချင်းမိုင်)။
      March 2 at 6:13pm · · 2
    • Ayine Pan
      ကိုဌေးတင့်...,ကျွန်တော်နှစ်ဖက်စလုံးက ဘယ်သူ့ ကိုမှမသိပါဘူး။ ကိုထိန်းလင်းရေးတဲ့ သန်းကြွယ်သူဌေး| လူ့ ကက်ဆက်| တစ်ချို့ စာအုပ်တွေနဲ့ ကွန်းမန့် ကရှယ်ထားတာတွေဖတ်ပြီး ရင်ထဲကိုထိတယ်။ ကျွန်တော် သူတို့ ရယ်နေရာ အစားဝင်းကြည့်လိုက်တာ တော်တော်ကြောက်လန့် သွားတယ်။ အကယ်၍ မနန်းက ကျွန်တော်အမဆိုရင် မတွေးရဲဘူး။ တစ်ချိန်က သူတို့ ရဲ့ သတ္တိတွေကို လေးစားတယ် ဂုဏ်ယူတယ်။ အခု သူတို့ အားလုံးရဲ့ ဘက်ကနားတယ်။ ကျွန်တော်စိတ်ဓါတ်က ပြုသူနဲ့ ခံရသူ အချင်းချင်း ရှင်းစေချင်တယ်။ ခံရသူက ဘယ်အထိ တောင်းဆိုမလဲ ပြုသူက အကုန်လိုက်လျောရမယ်။ နောက်ဆုံး အသက်ပါလိုချင်ရင် ပြုသူတွေဘက်က အကုန်ပေးရမယ်။ ကျွန်တော်တို့ က ကြားနေသမာသမတ်ဖြစ်ရမယ်။ အကယ်ဤ ကိုဌေးတင့် ပါ ခံရတဲ့သူထဲကဆိုရင် ကျွန်တော်မပြောလိုပါ။ ကျွန်တော့်လိုမျိုး ကြားနေဆိုရင် ဒီစကားမျိုး မပြောသင့်ပါဘူး။ လက်စားချေခြင်းက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ကိုထိန်း| မနန်းတို့ က လက်စားချေဖို့  တစ်လုံးမှ မပြောပါဘူး။ သူတို့ တွေက စစ်သူလျှို မဟုတ်တာရယ် ဒီမိုကရေစီအတွက် အသက်တွေ ဘဝတွေပေးပြီး ကျောင်းသားတပ်မတော်ဖွဲ့ ခဲ့တာရယ်| အမှန်းတရားလိုချင်တာရယ်| သူတို့ တွေဟာ မတရား အသက်ခံ အနှိပ်စက်ခံ ခဲ့တာရယ်| ကျောင်းသားABထဲမှာ ဒီလို ယုတ်မာပက်စက်တဲ့သူ ရှိသလို တကယ်ကောင်းတဲ့သူတွေလည်း ရှိပါတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေကို ချပြတာပါ။ သူတို့ အနှစ် ၂၀လုံး မျိုးသိပ်ထားတာ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးတာရယ် အမေစုတို့  ကိုမင်းကိုနိုင်တို့ မလွတ်မြောက်သေးတာရယ် ဒီမိုလမ်းကြောင်းလွဲသွားမှာ ဆိုလို့ ကျိတ်မှိတ်မျိုးသိပ်ထားတာပါ။ အထူးသဖြင့် မနန်းဆိုရင် အမြဲတမ်း အိမ်မက်ဆိုးတွေမက်နေမှာ ကိုယ်ချင်းစာပါတယ်။ အခုဆိုရင် သူတို့ ရဲ့ ဘဝတွေကို ဖွင့်ချပြတာ မြန်မာ ပြည်သူတွေအတွက်ပဲ ဒါမှ ကျောင်းသားမျက်နှာဖုံးဆောင်းထားတဲ့ ဘီးလူး သရဲ သဘက်တွေကို ကျွန်တော်တို့ တွေ့ ရပြီး။ ဒီကောင်တွေ ကျောင်းသားမျက်နှာဖုံးဆောင်ပြီး နိုင်ငံရေးထဲ ဝင်လာလို့ မရတော့ဘူး။ နောက်ဆိုရင် အင်တာဗျူး အသံတွေပါ လာတော့မယ်။ လူသတ်ကောင်တွေနဲ့  ကြံရာပါတွေ ပြေးမလွတ်တော့ပါဘူး။ {ကိုထိန်း| မနန်းတို့  အခုထက်ထိ ကျောင်းသားတွေနဲ့  အဖွဲ့ အစည်းကို သံယောဇဉ် ရှိနေစဲ ဆိုတာ ရှာဖတ်ကြည့်ရင်သိနိုင်ပါတယ်ဗျာ}။ နောက်တစ်ခုက Ayine Pan လဲကံဆိုးတဲ့တစ်နေ့  ကြုံလာမှာပါဆိုတာ မရေးသင့်ပါဘူး။ ဒါဟာ တစ်ဖက်သားကို ဖြစ်စေချင်တဲ့ စိတ်တွေ့ နေရယ်။ နောက် ကိုအိုးဝေအောင် အိုးဘားမား wall မှာရေးရတာ အားနားဖို့ လဲကောင်းပါတယ်။ comment တွေဖတ်ပြီးရေး စိတ်မထိန်းနိုင်လို့ ရေးမိတာ တောင်းပန်းပါတယ် ကိုအိုးဝေအောင်။.
      March 2 at 8:23pm · · 7
    • ဘရာဇီး ငှက်ရိုး
      ကိုဌေးတင့်ကို လဲစိတ်မဆိုးပါနဲ့... ဒီကိစ္စတွေနဲ့ နွယ်ပြီး သူ့ညီ ကိုဌေးနိုင် အသတ်ခံထားရတာပါ... ပြည်သူတွေကို ထိထိရောက်ရောက် မချပြနိုင်သေးဘူး။ တရားခံတွေ၊ အပေါင်းအပါတွေက အခုထိ ပျော်လို့ ကောင်းနေတုန်းပဲ..။ အဖွဲ့အစည်းကလဲ ထိထိရောက်ရောက် ဘာမှ လုပ်ဆောင်မပေးဘူး။ ဒါ့အပြင် အဖွဲ့တွေ ဖွဲ့ပြီး ဒီကေ့စ် ချပြသူတွေကို အကွက်ချောင်းနေကြတာဗျ..။ အမှန်တရား အတိုင်း ဖြစ်ပါစေပဲ ဆုတောင်းယုံပဲ... ကြွက်စုတ်တွေ တကောင်အမြီးတကောင် ကိုက်ပြီး သွားနေကြတာ မျက်စေ့တဆုံးပေါ့... ပုံပြင်ထဲက The piper ခေါ်ပုလွေလေးမှုတ်ပြီး ပင်လယ်ထဲ ပို့ပစ် ရမဲ့ကိန်းပေါ့.. အဘိုးပြောတဲ့ တောမှာ ဂျပန်ဝင်လိုက်.. ကြွက်ကျလိုက်.. ပုလိပ်ရောဂါဖြစ်လိုက်.. သေလိုက်ကြတာ သောက်သောက်လဲတဲ့ "ဒီအမှု့မှာ ဂျပန်လက်သစ်တွေကော ပုလိပ်ပိုးသယ်ဆောင်တဲ့ ကြွက်စုပ်တွေကော" ကြွက်ကတော့ ကျနေပြီ သိပ်မကြာခင် ပုလိပ်ရောဂါ ဖြစ်တော့မှာ အဲ့တော့ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့ ဘာဖြစ်ဖြစ် သတိသာထားပေါ့...
      March 2 at 9:41pm · · 2
    • Htay Tint
      Ayine Pan ရေ စိတ်တော့မရှိပါနဲ့  ။ညီဖြစ်သူ ဌေးနိုင်လဲ အသတ်ခံရတယ် ။ ကျွန်တော့်ကိုလည်း ထောက်လှမ်းရေးတံဆိပ်ကျောမှာ ကပ်ထားတာ အသက် ၃၀ ထဲက အခု အသက် ၅၂နှစ်ရှိပြီဆိုတော့ အနှစ် ၂၀ ကျော်မှ သိတယ် ။ နယ်စပ်နဲ့  ပြည်ပမှာ မြန်မာထောက်လှမ်းရေး အမည်တပ်တာဟာ သေဒဏ်ဗျ ။ မသေဘဲ အခုလို စာတွေရေးနိုင်တာ ။ လူ့ အဖွဲ့ အစည်းမှာ လူတွေ ဂုဏ်သိက္ခာနဲ့  ရပ်တည်နေထိုင်ဖို့  လူ့ အခွင့်အရေးဥပဒေစိုးမိုးမှုနဲ့  လိုက်နာမှုလိုတယ် ။ လက်စားချေဆို့ စိတ်မဝင်စားပေမဲ့ ။ တရားဥပဒေကိုတော့ လိုက်နာဖို့ လိုတယ် ။ တရားဥပဒေ ကို စစ်တပ်က စိတ်တိုင်းကျ သုံးခဲ့လို့ ယနေ့  မြန်မာပြည်ကြီး ဘာဖြစ်နေတာလဲ ။
      March 3 at 1:40am · · 3
    • Phome Maung
      ငယ်နိုင်ကိုဘဲမေးပါရစေ၊ကိုနိုင်အောင်(၁၂)မတိုင်ခင်ရောက်မရောက်၊သတ်မိန့်ပေးမပေးတာကိုခဏဘေးဖယ်လိုက်၊ မသတ်ခင်ကတည်းကသိပြီးသားအင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုကို၊(၄)လအတွင်းမှန်မှန်ကန်ကန်မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဥက္ကဌတစ်ယောက်အနေနဲ့လုံးဝတာဝန်မရှိဘူးလား၊ ပြီးတော့ဒီလိုလုပ်လိုက်ရင် ABSDFသမိုင်းသေလိမ့်မယ်ဆိုတာပညာတတ်ဆရာဝန်တစ်ယောက်အနေနဲ့ မစဉ်းစားမိဘူးလား၊စဉ်းစားမိရဲ့သားနဲ့တမင်တကာသမိုင်းသေအောင်လုပ်တာရော မဖြစ်နိုင်ဘူးလား၊တကယ်လို့အရည်အချင်းရှိတဲ့အတွေးအခေါ်ကောင်းတဲ့ခေါင်း ဆောင်တစ်ယောက်ဆိုရင်မဟာမိတ်ကိုဖိအားပေးလို့ဖြစ်စေ၊ဗဟိုကော်မီတီရဲ့ဆုံးဖြတ်ချက်နဲ့ဖြစ်စေ၊ဥက္ကဌရဲ့လုပ်ပိုင်ခွင့်ကိုအသုံးချလို့ဘဲဖြစ်စေ၊သတ်ဖြတ်မှုမဖြစ်အောင်တားဆီးပေးနိုင်မှာပါ၊အခုသူတစ်မင်တကာABSDFကိုထိုးကျွေးလိုက်တာမဖြစ်နိုင်ဘူးလား၊သူမှာNDDထောင်ဖို့အစီအစဉ်ရှိပြီးသား၊ဒေါက်တာသောင်းထွန်းကဗဟိုကော်မီတီအစည်းအဝေးမှာတင်ပြဘူးတယ်ကြားတယ်၊တကယ်လို့ငါကသွားရတော့မဲ့လူ၊နောက်လူအတွက်ပြသနာကိုထားပေးခဲ့တာရောမဖြစ်နိုင်ဘူးလား၊ဘယ်လိုဘဲဖြစ်ဖြစ်သူဟာABSDFသမိုင်းကိုအညွန့်ကျိုးအောင်လုပ်ခဲ့တဲ့သူတစ်ယောက်အဖြစ်ရောနည်းနည်းလေးတောင်မမြင်မိလို့များဗျာ၊ခင်ဗျားသာအမှန်တရားကိုလိုလားတယ်ဆိုရင်ဒီမေးခွန်းကိုဝေ့လည်ကြောင်ပတ်မလုပ်ဘဲနဲ့ဖြေစေချင်ပါတယ်၊ကျနော်ကတော့ဒေါက်တာနိုင်အောင်ရဲ့မဟာအမှားကြီးကသာABSDFရဲ့သမိုင်းကိုအဓိညစ်ညမ်းစေခဲ့တာပါ၊အမှုမှန်ဖေါ်ထုတ်ပေးနေသူတွေကိုအဆိုးမြင်မဲ့အစားသမိုင်းတရားခံအစစ်ကိုဘယ်သူကိုမှအနိုင်မပေးလိုတဲ့မငယ်နိုင်အမြန်ဆုံးသိပြီးအမြင်မှန်ရပါစေချင်ပါတယ်ဗျာ
      March 4 at 8:14pm · · 7
    • ဘရာဇီး ငှက်ရိုး ကိုထွန်းအောင်ကျော်ကြီး(၇၄)က ဂျပန်ကပွဲမှာ တရားခံအဖြစ် ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း နဲ့ ဆရာဝန် နိုင်အောင်တို့ကို ပြောသွားပါပြီ... ရှင်းကြဖို့ပဲ လိုပါတော့တယ်...
      March 4 at 8:18pm · · 3
    • Htun Htun Oo “ABSDF မြောက်ပိုင်းမှာ ကျောင်းသားများ သတ်ဖြတ်မှုဆိုတဲ့ Group” Link လေးရှိရင် ပေးပါလားဗျာ...
    • အိုးဝေအောင် အိုးဘားမား Htun Htun Oo > ကျနော် က အဲဒီဂရု(ပ်)က ထွက်ခဲ့တာကြာပါပြီ။တခြားသူတွေ သိရင် လင်ခ့်ပေးထားနိုင်ပါတယ်။
      March 7 at 8:55pm · · 1
    • Aung Naing ABSDF အဖွဲ့ဝင်များနှင့်မေးမြန်းချက်

      http://www.radioaustralia.net.au/burmese/radio/onairhighlights/423002?autoplay=422992
      www.radioaustralia.net.au
      သြစတြေးလျမှ​ မြန်မာဘာသာနှင့်​ထုတ်လွင့်သည့်သတင်း၊​ မျက်မှောက်ရေးရာနှင့်​အင်္ဂလိပ်သင်ခန်းစာများ
      March 9 at 1:14am · · 1
    • Nge Naing
      Phome Maungယ ဘရာဇီးငှက်ရိုးအပါအ၀င် သိတဲ့သူက ပြောပြတာကို လူသတ်တရားခံကို ကာကွယ်ပေးသူအဖြစ် မြင်နေသူများ၊ ရမ်းတုတ်သူများ ပြောတာကိုသာ အဟုတ်ကြီးမှတ်ပြီး အကုန်ယုံနေသူတွေအတွက် ကြည့်ဖို့ ကျွန်မစာမျက်နှာမှာ တင်ထားတာကို ပြန်ထည့်ပေးလိုက်ပါတယ်။ (((((ABS...See More
    • Nge Naing အပေါ်က Link ကို မိနှစ် ၅၀ နဲ့ ၃၀ စက္ကန့်မှာ ရွှေ့ပြီးနားထောင်ပါ။
    • ဘရာဇီး ငှက်ရိုး
      အမရေ... လောလောဆယ်တော့ အမကိုကြည့်ရတာ နိုင်အောင်၊ မြင့်ချိုတို့ ၁ယောက် ၂ယောက် စကားလောက်နဲ့တော့ သိပ်အလုပ် မဖြစ်ဘူးထင်ပါတယ်... 1991 ကတည်းကနေ 2012 ယနေ့အထိ တော်တော်များများ ပါဝင်ပတ်သတ်နေပါတယ်... အမတို့လဲ သိပါတယ်... ကျနော်ဒီကေ့စ်ကို သိတာတောင် ၃လမပြည့်သေးဘူး... အနှစ်နှစ်ဆယ်တောင်ကြာအောင် ရှင်းဖို့ခက်လို့လား... အခုမှ သွေးရူးသွေးတန်းတွေ ဖြစ်လာလို့... တရားခံထဲ ကိုယ်မပါရေးကိုသာ ဦးတည်နေကြတာ များပါတယ်... အချိန်အများကြီး စောင့်ခဲ့ပြီးတဲ့ နစ်နာသူတွေနဲ့ အတူ ရပ်တည်ပါမယ်... အမှန်တရား ဖော်ထုတ်ရေးကို အနှောက်အယှက် လုပ်သူမှန်သမျှကိုလဲ ချန်ထားခဲ့ပါ့မယ်... အနှစ်နှစ်ဆယ်တောင် မပေါ်တော့ဘူးလို့ ထင်ထားတာ...အခု ၃လအတွင်းမှာ တောင် ဘယ်သူက ဘာဖြစ်မြောက်အောင် လုပ်ပြီးပြီလဲ... အေဘီက သူလျိုစာရင်းမှာတောင် အခုထိ သူလျိုဖြစ်နေတုန်း... အခုလို မထင်တဲ့ အချိန်မှာ အမှုမှန်လဲ ပေါ်လာရော မခံမရပ်နိုင် ဖြစ်ကုန်ကြတာပဲ... သိပ်အံ့သြစရာတော့ မရှိပါဘူး... တရားကို နတ်စောင့်ပါတယ်လေ... မှန်တဲ့သူက သေရင်တောင် နာမည်ကျန်နေခဲ့မှာပဲ... မသေခင် နာမည် ပုပ်သွားတဲ့ လူတွေလဲ တွေ့ဖူးပါတယ်... အမလေ့လာလို့ ရအောင် အောက်ကလင့်ခ်ကို ရှယ်ပေးလိုက်ပါတယ်...
    • Aung Khin Myint ငယ်နိုင်နဲ့ DVB က ခင်မင်းဇော် တို့ ၀င်ဆွေးနွေးရင် ဘယ် စကားဝိုင်းမဆို ပျက်တတ်တယ်၊ သူတို့ နှစ်ယောက်က သေသွားတဲ့ ကျောင်းသားတွေ မျက်နှာမငဲ့ပဲ အေဘီ အတွက် အစွန်းရောက်နေတဲ့ အင်မတန် ရိုင်းတဲ့ မိန်းမကြမ်းတွေ ...
      March 14 at 1:09pm · · 10
    • ဘရာဇီး ငှက်ရိုး ကိုအောင် အဲ့သလို ပြောလိုက်တော့ ကျနော် ဘာပြောရမှန်းမသိတော့ဘူး ဖြစ်သွားတယ်...။
    • Nge Naing ကိုမိုးစဲနဲ့ ဘရာဇီးငှက်ရိုးကို ကျွန်မ အခုအချိန်မရသေးလို့ နောက်မှ အကြောင်းပြန်မယ်။
    • ဘရာဇီး ငှက်ရိုး ဘယ်သူနဲ့ မှ ထိပ်တိုက်မတွေ့ချင်ဘူး ခင်ဗျ... ရန်လဲမဖြစ်ချင်ဘူးးးး...
    • Nge Naing
      အစ်မကလည်း ဆွေးနွေးထားတဲ့ အချက်တွေကိုပဲ ပြန်ဆွေးနွေးမှာ ဖြစ်တယ်။ ရန်ဖြစ်တဲ့သူတွေက အမှန်ပြောပြတာကို သူတို့ထင်တားသလို မဟုတ်တဲ့အဖြစ်ကို မခံနိုင်ကြလို့ လူသတ်သူတွေကို အကာအကွယ်ပေးသူတွေဆိုပြီး စွပ်စွဲပြီး ရန်လုပ်ကြတာသာ ရှိတယ်။ အဲဒါကို ပြန်ပြောရင်းနဲ့ အခြေအတင်ဖြစ်တာပဲ ရှိတယ်။ အစ်မ ဘယ်သူနဲ့မှ ရန်လိုက်ဖြစ်တာ မရှိဘူး။ ထွက်ပေါ်နေတဲ့သတင်းတွေထဲမှာ ကိုယ်မသိတာကို အစ်မ ဘယ်တုန်းကမှ မပြောဘူး။ သိတာကိုပဲ ပြောခဲ့တာ ရှိပါတယ်။ မသိတာရှိရင် မသိတာကို မေးတာပဲ ရှိပါတယ်။ အမှန်တရားကိုလိုတဲ့သူဟာ အမှန်ပေါ်ပေါက်စေချင်တယ်ဆိုတဲ့သူဟာ အဘက်ဘက်က လေ့လာရပါတယ်။ တဘက်သတ်တည်းကို အတည်သူလို့မရဘူး။ ကိုယ်ထင်တာကိုပဲ အဟုတ်လို့ မသတ်မှတ်ရဘူး လူပေါင်းစုံပြောတာကို ရှုဒေါင့်အမျိုးမျိုးက ကြည့်ရပါတယ်။ မြောက်ပိုင်းမှာ ဖြစ်သွားတာကို ချုပ်လိုက်ရင် မဟုတ်တာကို အဟုတ်ဖြစ်အောင် တရားခံအဖြစ် စွပ်စွဲရာကနေ ဒီလောက်အထိ အခြေအနေဆိုးတဲ့အထိ ဖြစ်သွားခဲ့တယ်။ အခုလည်း ထပ်ပြီး မဟုတ်တဲ့အချက်အလက်တွေကို တင်ပြီး မဟုတ်တာကို အဟုတ်ထပ်လုပ်ကြမယ်ဆိုရင် အဲဒီအမှားသံသရာက ဘယ်တော့ ရုန်းထွက်နိုင်ဖို့ မရှိဘူး။ အဲဒီလို မျိုးဆက်ဟောင်းတွေက တယောက်ကိုတယောက် လက်ညိုးထိုးပြီး မဟုတ်မဟပ် ရမ်းတုတ်ပြီး ပုတ်ခံနေကြတာကြီးကိုတော့ မျိုးဆက်သစ်တွေအတွက် တကယ်ရှက်မိတာ အမှန်ပါ။ ကိုမိုးစဲဆိုတာလည်း ဘလော့၈်မောင်နှမတွေ ဖြစ်တဲ့အတွက် လေးစားရင်းစွဲ ရှိပါတယ်။ အဲဒါတွေကို အကြောင်းပြန်ရင်း အချိန်ရရင် သီးသန့်ပို့စ်လေးတခု တင်ဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်ရှိတယ်။ အဲဒီအထက် မိမိထင်နေတာကို အမှန်လို့ ယူဆတာကို ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ တကယ်အမှန်က ဘာလဲဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်း သိရတဲ့အချိန်မှာ ကိုယ့်ရဲ့ ထင်ရင်းစွဲကပဲ အမှန်ဖြစ်အောင် အတင်းမလုပ်နေကြဘဲ မိမိထင်ခဲ့တာ မှားရင်မှားကြောင်း အမှန်ကိုလက်ခံနိုင်တဲ့ နှလုံးသား ရှိဖို့ကသာ အဓိကအရေးကြီးပါတယ်။
    • မိုး စဲ
      အဲ့ဒီအချိန်တုန်းက မြောက်ပိုင်းကို သွားရ မခက်ပါဘူး နိုင်အောင်ဆီမှာ ပပ်စ်ပို့ရှိပါတယ် လူစဖမ်းတာ ၈လပိုင်း ၁၉၉၁ ကိုထွန်းအောင်ကျော်တို့ကို သတ်တာ ၁၂.၂.၁၉၉၂ ဆိုတော့ ငါးလ ခြောက်လ အချိန်ရှိပါတယ် တကယ်ရဲဘော်တွေကို စေတနာထားတယ်ဆို သူဥက္ကဌဖြစ်ပြီး ၄ လကြာမှသတ်တာ သူတာဝန်ရှိပါတယ် သူပြောသလို လူတွေဒီလောက်များတာ ထောက်လှမ်းရေးအကုန်မဖြစ်နိုင်ပါဘူး ဆိုတာ နှစ် ၂၀ ကြာမှပြောတာ ကျနော်လဲကြေငြာချက်ထုတ်ပါဥိးမယ် မအားလို့ ဆိုတာ ပေါ့ပေါ့လေးပြောသွားတာ..နိုင်အောင်ရဲ့ စေတနာဟာ ဘာလဲ လို့ ဘေးက လူတယောက်အနေနဲ့ ကြည့်လို့ ရပါတယ်။ ကျိန်းသေတာကတော့ သူ ဥက္ကဌဖြစ်ပြီးမှ အသတ်ခံရတာမို့ သူတာဝန်ရှိပါတယ်။ သမိုင်းမှာ ဘယ်ဘက်က ရပ်ခဲ့တယ် ဆိုတာကို ဆပ်ဆပ်ထိမခံသူများကိုလဲ ပြည်သူတွေကလဲ မှတ်တမ်းတင်ထားပါတယ်..
    • ဘရာဇီး ငှက်ရိုး
      မတော်လို့ သူတော်ကောင်းများ ပြစ်မှားခဲ့မိရင် ပို့စ်အဖြစ်ရေးတင်ပြီး တောင်းပန်မှာပါ... အခုအခြေအနေမှာ မြင်နေရတာကတော့ ကျူးလွန်သူတွေ(တရားခံတွေ)နဲ့ အားပေးအားမြှောက်တွေ ကတော့ အေးဆေးပဲ... မခံမရပ်နိုင်သူတွေ ဖြစ်တဲ့ ကျနော်တို့ကသာ ငြင်းခုန်နေရတာ... ဘယ်လောက်စက်ဆုပ်စရာ ကောင်းလဲဗျာ... အမရေ... ကိုယ်တိုင်မြင်တွေ့သိကြားရမှ ယုံတယ်ဆိုရင်တော့ သဘောပဲ... တကယ့်ကောင်တွေက အေးဆေးပဲ အမတို့ကသာ ဆတ်ဆတ်ခါနေတာ... အံ့သြစရာမကောင်းဘူးလား... စိတ်သန့်တဲ့လူဆိုရင် အဆင်ပြေအောင် လုပ်ဆောင်ပြီးသွားလောက်ပြီ။ သံခဲကိုလဲ မေးကြည့်ပါဦး... ကိုရန်ရှင်းနဲ့ အဖွဲ့ ဘယ်လိုသေသလဲဆိုတာ... သူ့ကိုဒီဘက်ရောက်အောင် ခေါ်လာပေးတဲ့သူနော်... မြောက်ပိုင်းတောင်ပြန်မရောက်ဘူး... မှော်ထဲမှာတင် သေရတာ... သူသာ စိတ်သန့်ရင် အခုလောက်ဆို အေဘီရဲ့ သူလျိုစာရင်းမှာ ပယ်ဖျက်ပြီးကြောင်းတောင် ထွက်လာလောက်ပြီ..... သူကိုယ်တိုင်တောင် ကြိုးကွင်းတန်းလန်းကြီး...
    • Nge Naing
      ကိုမိုးစဲ မကဒတဟာ တာဝန်မရှိဘူးလို့ ဘယ်တုန်းကမှ ငြင်းဆိုထားတာ မရှိခဲ့ပါဘူး။ ဗဟိုကော်မတီအဆက်ဆက်ဟာ ဒီကိစ္စကို အမြဲတမ်းခေါင်းထဲမှာ ထည့်ထားတယ်ဆိုတာ ကိုသံခဲကလည်း ဇန်န၀ါရီ ၁၉ ရက်နေ့ကမှ ဆစ်ဒနီမှာ ပြောသွားသေးတယ်။ ဒီအခွေထဲမှာတော့ တည်းဖြတ်သူက မထည့်ထားတာဖြစ်မယ် သိပ်မကြားရဘူး။ ပေါ်လာတဲ့အမှန်ကို လက်ခံနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ကျွန်မက စာတခုကို Emotion နဲ့ မရေးချင်လို့ ပို့စ်မတင်ဖြစ်ပေမဲ့ ကိုမိုးစဲမေးထားတာကို အကြောင်းပြန်ဖို့ ကျွန်မပို့စ်တခု တင်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ မြောက်ပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ပြဿနာကိုလည်း ၁၅ ယောက်မှ မဟုတ်ဘူး၊ တယောက်တည်းကို သတ်ခဲ့တာတောင် လက်ခံတာ မဟုတ်ဘူး။ သတ်တာမပြောနဲ့ နန်းအောင်ထွေးကြည် ရေးထားတဲ့ပို့စ်တခုမှာ သူတို့တပ်မှာ အပြစ်ပေးရင် ရိုက်ထုပြီး အပြစ်ပေးတယ်ဆိုတာသိရတော့ အဲလိုကိုယ်ထိလက်ရောက် အကြမ်းဖက်ပြီး အပြစ်ပေးတာကိုတာင် လက်ခံသူမဟုတ်ဘူး။ ခံစားခဲ့ရတဲ့သူတွေအတွက်လည်း တကယ်ကို နစ်နာခဲ့တာတွေကို အမှန်အတိုင်း ဖြစ်လာအောင် ကြိုးစားကြတာကို အားပေးပါတယ်။ ကိုယ်တိုင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲလို ကြိုးစားတဲ့နေရာမှာ မဟုတ်တာကို အဟုတ်လုပ်ပြီး လုပ်ကြံပြောဆိုနေကြ၊ အမှားတွေကို အမှန်လုပ်နေကြတာမျိုးနဲ့တော့ တကယ်အမှန်တရားက ပေါ်လာမှာ မဟုတ်ဘူးဆိုတာ သိလို့ မနေသာဘဲ ၀င်ပြောရတာတွေသာ ရှိပါတယ်။ မြောက်ပိုင်းကိစ္စ တခုကြောင့် ABSDF တခုလုံးကို ထိခိုက်လာတာတွေ ရှိလာတော့ ၀င်ပြောရတာတွေ ရှိပါတယ်။ အဲလိုဝင်ပြောတဲ့နေရာမှာလည်း ကိုယ်မသိတာကို ရမ်းတုတ်ပြီး ၀င်ပြောတာ တခုမှမရှိဘူး။ တိတိကျကျ လေ့လာစုံစမ်းထားလို့ သိတာကို ပြောတာပဲ ရှိပါတယ်။ အဲလို အမှန်ကို ၀င်ပြောမိလို့ ကျွန်မကို ဘယ်လိုပဲ နာမည်တပ်တပ် ကျွန်မက လုံးဝဂရုစိုက်သူ မဟုတ်ဘူး။ ကျွန်မဟာ ABSDF မှာ အတောင်ညောင်းပျားတွေလို ခေတ္တခိုလှုံအနားယူခဲ့ပြီး အပြင်ရောက်လာသူမဟုတ်၊ လူငယ်ဘ၀တခုလုံးကို အဲဒီအဖွဲ့အစည်းအတွက် ပုံအပ်ပြီးလုပ်လာခဲ့သူဆိုတာ ကိုမိုးစဲတို့ ကျွန်မပို့စ်တွေကို ဖတ်ဖူးလို့ သိပါတယ်။ အပြင်ရောက်လာပြီးလည်း အဖွဲပအစည်းမကောင်းကြောင်း တော်လှန်ရေး မကောင်းကြောင်း ဟောင်ဖွာဟောင်ဖွာ လျှောက်ပြောနေသူမဟုတ်ဘူး။ ဒီကိစ္စမှာ ကိုမိုးစဲလည်း တရာခံမဟုတ်ဘူး ကျွန်မလည်း တရားခံမဟုတ်ဘူ။ ကြားကနေ ကိုယ်သိထားတာကို ကိုယ်ပြောနေကြတာပဲ ရှိပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် မိမိသိထားတာကို လွတ်လပ်စွာ ဖေါ်ထုတ်ပိုင်ခွင့် ရှိပါတယ်။ ဒါကိုလက်ခံ လက်မခံတဲ့အပေါ်မှာ တယောက်ကိုတယောက် အမုန်းပွားစရာ အကြာင်းမရှိဘူး။ တယောက်ကိုတယောက် ဟိုစာရင်းသွင်းဒီစာရင်းသွင်း လုပ်ဖို့လည်း မလိုအပ်ဘူး။ ဒီလောက်အထိ Emotion မဖြစ်ပါနဲ့။ ကိုမိုးစဲကို ကျွန်မက သိထားတာနဲ့ တကယ်ဖြစ်ခဲ့တာ တခြားစီဖြစ်နေသူလို့ မြင်တာကလွဲပြီး တခြားဘာမှ မမြင်ဘူး။ ဘယ်ထဲမှာမှလည်း စာရင်းမသွင်းဘူး။ ဘလော့၈်မိတ်ဆွေတယောက်လို့ပဲ သေဘာထားတယ်။ အမှန်တရားက ပေါ်မှာပါ ဖုံးကွယ်ထားလို့ မရပါဘူး။
    • Kyi Kyi Khin
      အောင်ခင်မြင့် လိုလူလိမ်ပြောတဲ့စကား ယုံတဲ့လူ ယုံပါ။ ကျမ ဘာမှမပြောလိုပါ။ အောင်ခင်မြင့်သမိုင်းနဲ့ ခင်မင်းဇော်(ခ)ကြည်ကြည်ခင့် သမိုင်း သေချာ ယှဉ်ကြည့်ပြီးမှပဲ ဆက်ပြောကြပါ၊ ဒီစကားဝိုင်းတွေမှာ ကျမ လုံးဝ မပြောပါ၊ သို့သော် ယော က်ျားတန်မဲ့ အတင်းပြောနေတဲ့ လူလိမ်တယောက်ကို တော့ လာပြောမှ တန်မယ်ထင်လို့ အောင်ခင်မြင့်တယောက်တည်းကို ပြောပါတယ်၊ ကျန်တဲ့လူတွေနဲ့ မဆိုင်ပါ။ အောင်ခင်မြင့် နင် နဲ့ ငါ ဘာမှ မပတ်သက်ဘူး ကွယ်ရာမှာတောင်နင်ငါ့နာမည်မပြောပါနဲ့ မရေးပါနဲ့ မတန်လွန်းလို့ပါ လူလိမ်ကြီးရယ်၊
    • Kyi Kyi Khin Aung Khin Myint ငယ်နိုင်နဲ့ DVB က ခင်မင်းဇော် တို့ ၀င်ဆွေးနွေးရင် ဘယ် စကားဝိုင်းမဆို ပျက်တတ်တယ်၊ သူတို့ နှစ်ယောက်က သေသွားတဲ့ ကျောင်းသားတွေ မျက်နှာမငဲ့ပဲ အေဘီ အတွက် အစွန်းရောက်နေတဲ့ အင်မတန် ရိုင်းတဲ့ မိန်းမကြမ်းတွေ ...(လူလိမ်ရေးတဲ့ ဒီကောမန့်ကို ပြန်ရေးထားတာပါ၊)
    • ဘရာဇီး ငှက်ရိုး မြောက်ပိုင်းကိစ္စကို ဆွေးနွေးမှုနဲ့ အဖြေရှာလို့ မရနိုင်ဘူးလားဗျာ...
    • Nge Naing
      အစ်မ Kyi Kyi Khin က ဒီပုဂ္ဂိုလ်ကို လူလိမ်အဖြစ်ပဲ မြင်တာကိုး အဲဒါလိမ်တာတင်မကဘူး လူကြောက်ပါ။ ကျွန်မကိုလည်း block ထားတယ်။ မပတ်သက်ချင်လို့တဲ့ မပတ်သက်ချင်ရင်လည်း မပတ်သက်ပဲ နေလို့ရသားပဲ ဒါပေမဲ့ နေလည်း မနေနိုင်ဘူး။ ပေါက်လွှတ်ပဲစားပဲ ပြောတတ်တယ် အခြေအမြစ်ရှိတဲ့ စကားကို မပြောတတ်တော့ ရှေ့တည့်မှာ ပတ်သက်ရင် အချက်နဲ့အလက်နဲ့ အထောက်ခံရမယ် ကွယ်ရာမှာ အတင်းပြောရင်တော့ သူ့ဖါသာသူ ပြောချင်ရာ ပြောလို့ရပြီ ကျွန်မတို့ သူ့စာမျက်နှာကို ၀င်လို့မှ မရတာ အပိုင်ပဲ ဆိုပြီး ယျောက်ားတန်မဲ့ အရှက်အကြောက်မရှိ အတင်းပြောတာပေါ့။ ထားလိုက်ပါ။ အတင်းပဲပြောတတ်သူဟာ အတင်းပဲ ပြောနေမှာ ဖြစ်တယ်။ အခြေအမြစ်မရှိတဲ့ စကာကို ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။
    • Haymann Mone
      အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေ။ ဒီကိစ္စကြီးဟာ နိုင်ငံရေးလုပ်ချင်တဲ့ သူတွေကို နိုင်ငံရေးမလုပ်ရဲအောင် ခြောက်လှန့်နေသလို ဖြစ်နေပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ် ထောက်လှမ်းရေးပဲ ဖြစ်ဖြစ် အားလုံးဟာ လူသားတွေပါ။ လူတွေကို အဲ့လိုနှိပ်စက်တာဟာ အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကျွန်မဆိုရင် ဒီပို့စ်တွေကို ဖတ်ပြီးတော့ ကြောက်လွန်းလို့ အိပ်လို့တောင် မပျော်ပါဘူး။ အဲ့တုန်းက မြောက်ပိုင်းကို သွားခဲ့တဲ့ ကျောင်းသာတွေဟာ တိုင်းပြည်အတွက် စဉ်းစားပြီး သွားခဲ့ကြတာ ဒီလိုကိစ္စတွေကို အိမ်မက်တောင် မက်မိပါ့မလားမသိဘူး။ အဲ့အတွက်ကြောင့် သူတို့တွေ အေးအေးချမ်းချမ်း နေရအောင် အမှန်တရားကို ဖော်ထုတ်ပေးကြပါ
    • Htar Htar Lwin
      မငယ်နိုင်အဆိုအရ ဒေါက်တာနိုင်အောင်က မြောက်ပိုင်းကို ဖေဖော်ဝါရီလမှာသွားတာမဟုတ်ဘူး။ ဧပြီလမှာသွားရောက်ခဲ့ပါတယ်လို့ပြောတယ်။
      (ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကအဖွဲ့သာ သူများထင်နေသလို ဖေါ်ဖေါ်ဝါရီလမှာ မသတ်ခင်ရောက်သွားရင် ဒီ၊လူတွေဟာ အသတ်ခံရမှာ မဟုတ်ဘူး။ ဒေါက်တာနိုင်အောင်တို့ ရောက်ပြီးမှ တရားခံလို့ဖမ်းဆီး ခံထားရသူတွေကို ဆက်လက်မညှင်းဆဲဖို့၊ သံခြေကွင်းတွေ ဖြုတ်ပေးဖို့၊ ဆေးဝါး၊ အစာအာဟာရတွေ လုံလောက်အောင် စီမံဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တာကို မြောက်ပိုင်းက သဘောတူလက်ခံပြီး သံခြေကွင်းတွေ ဖြုတ်ပေးခဲ့တယ်။ မိဘတွေနဲ့ ပေးတွေ့ပြီး တချို့ကို ပြန်လွတ်ခဲ့ပါတယ်။)
      မငယ်နိုင်အထက်မှာပြောခဲ့တာကိုကိုးကားပြီးပြန်ပြောလိုပါတယ်။
      ဒေါက်တာနိုင်အောင်ရောက်ပြီးမှမိဘတွေနဲ့ပေးတွေ့ပြီးတချို့ကိုပြန်လွှတ်တယ်လို့ပြောတယ်နော်။
      မိဘတွေဆီသူတို့ကိုလာခေါ်ဘို့သားသမီးတွေစာရေးခဲ့တဲ့နေ့က ဖေဖော်ဝါရီ (၁၉)ရက်ပါ။ (hitai.net မှ နန်းအောင်ထွေးကြည်ရဲ့အစီရင်ခံစာ(၂)အရ)
      ကိုရဲလင်းမိဘတွေဆီစာရောက်တာကမတ်လ (၃)ရက်ပါ။
      မိဘတွေမြောက်ပိုင်းရောက်တာက မတ်လ (၁၉)ရက်ပါ။
      အဖမ်းခံနေရတဲ့သားသမီးတွေနဲ့စတွေ့ရတာက မတ်လ (၂၀)ပါ။
      တချို့ကိုပြန်လွှတ်ပေးခဲ့တာက မတ်လ(၂၄)ရက်မှာပါ။
      ဒါတွေကတော့ ABSDF (မြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦးရဲ့ကိုယ်တွေ့မှတ်တမ်းအရ)

      မငယ်နိုင်ရဲ့အထက်ပါစကားအတိုင်းဆိုရင် ဒေါက်တာနိုင်အောင်မြောက်ပိုင်းသွားတာ ဧပြီလမှဆိုတာမဖြစ်နိုင်တော့ပါ။
      ဧပြီလ(၅)ရက်မနက်ပိုင်းထိမိဘတွေမြောက်ပိုင်းမှာရှိနေခဲ့ပါတယ် အကယ်၍အဲ့ဒီအချိန်ဒေါက်တာနိုင်အောင်မြောက်ပိုင်းမှာရှိနေရင် မိဘတွေနဲ့ တွေ့ဖြစ်ကြမှာပါ။
      မိဘတွေပြန်ပြီး ဧပြီလ(၅)ရက်နောက်ပိုင်းမှဒေါက်တာနိုင်အောင် မြောက်ပိုင်းကိုရောက်တာဆိုရင်လည်းသူရောက်လာပြီးမှမိဘတွေနဲ့ပေးတွေ့တယ်၊ တချို့ကိုလွှတ်ပေးတယ်ဆိုတဲ့စကားကမမှန်နိုင်တော့ပြန်ပါဘူး။
      (မိခင်တစ်ဦးရဲ့မှတ်တမ်းမှာရက်စွဲမှားရေးတာများဖြစ်မလားလို့သံသယမရှိပါနဲ့။ ရန်ကုန်ပြန်ရောက်ရောက်ချင်းရေးခဲ့တာပါ။ အခုမှလုပ်ကြံရေးတယ်လို့လည်းမထင်ပါနဲ့။ လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်ထဲကရေးပြီးသိမ်းထားခဲ့တာပါ။ ဗလာစာအုပ်မှာလက်ရေးနဲ့ရေးထားတာကို scan ဖတ်ပြီးတင်ထားတာတွေ့နိုင်ပါတယ်။ မှတ်ညဏ်ချွတ်ယွင်းပြီးမှားရေးထားလားလို့လည်းမထင်မိပါနဲ့ အဲ့ဒီအချိန်က အသက် ၄၈ နှစ်သာရှိသေးတဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးပါ။ ယခုချိန်ထိသက်ရှိထင်ရှားရှိပါသေးတယ်။)
      ဒါကဖြစ်စဉ်ကိုတင်ပြတာပါ မိမိဘာသာတွေးတောနိုင်ကြဘို့ပါ။
      March 19 at 12:51pm · · 6
    • ဘရာဇီး ငှက်ရိုး ၁၂ရက်ဖေဖော်ဝါရီ ၁၉၉၂ ခေါင်းဖြတ်ပွဲပြီးတော့ ၃လနဲ့ဆယ်ရက်ကျော်ကြာ(ရက်အတိအကျမေ့နေလို့.၅.၁၉၉၂)မှာ သံကြိုးတွေ တချွင်ချွင်နဲ့ ၅၅ယောက်ထွက်ပြေးကြတာ....
    • Sein Soe ဒေါက်တာနိုင်အောင်ရှင်းသွားတဲ့ထဲမှာ သူတို့သွားခဲ့တာက ၁၉၉၂ ဖေဖေါ်ဝါရီ နောက်ပိုင်းမှသွားတယ်လို့ပြောသွားပါတယ် အဲဒါတွေကွဲလွဲနေပါသေးတယ် သိတဲ့လူများပြောကြပါအုန်း

No comments:

Post a Comment