Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၅


by ဘရာဇီး ငှက်ရိုး on Wednesday, April 11, 2012 at 11:17am ·
ဒီအပိုင်းကတော့ စာနဲ့ ရေးပြတာထက် ပုံနဲ့ဖော်ပြတာ ပိုအဆင်ပြေမလားလို့လဲ ကျနော် ယူဆပါတယ်...

"ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။"...၊....၊....၊.

..တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။" အောက်ပါလင့်ခ်မှာ ဒါရိုက်တာ ကိုဖိုးစန်းက ရှင်းပြပေးထားပါတယ်...

http://www.facebook.com/photo.php?fbid=367389626637897&set=a.308168309226696.68726.100001005872314&type=1&theater "ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ် အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့ သေဖို့ပဲရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။" ကဲ... နောက်ထပ် ပိုသေချာတာ တခုက ဒေါ်လှိုင်ရေးတဲ့ အပိုင်း(၄)ထဲက အောင်နိုင် ပြောတဲ့ စာသား...

"လက်တွေ့မှာ အရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုးကိုတောင် တောထဲခေါ် ပြလိုက်ကြသေးတယ်။" ချရေးထားတဲ့ သူတို့ချင်း ဆက်သွယ်တဲ့ ကုပ်တွေ၊ မှတ်တမ်းတွေ၊ ဗီဒီယိုတွေပါ တင်ပြလိုက်ပါ... (ပြောသာပြောနေတာ အထောက်အထား ဆိုတာ ရှိကို မရှိဘူး ထင်ပါတယ်)... ယင်ဒီးကို ခေါင်းဖြတ်ပွဲ မတိုင်ခင် ခေါ်သလား ခေါင်းဖြတ်ပွဲ ပြီးမှ ခေါ်သလား... အင်မတန် အရေးကြီးတဲ့ အချက်ပါ... "မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေကို ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို ခင်ဗျာ့တို့ သားသမီးတွေက ဒီလိုဒီလိုတွေပါလို့ ရှင်းပြခဲ့ကြသေးတယ်။" စစ်ချက်တွေတင် တူတာ မဟုတ်ဘူး ဒေါ်လှိုင်ရေ... မိဘတွေဆီကို လာခေါ်ဖို့ စာရေးတာတောင် တူနေသေးတယ်... ဘယ်လောက်များ စိတ်ချင်းဆက်နေကြသလဲ..."အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့ အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့သူတွေနဲ့ တော ထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်" ဒီအကွက်ကို စောင့်နေတာပါ... မိဘတွေ ရောက်ချိန်မှာ ဒေါက်တာနိုင်အောင် ရောက်နေတဲ့ အချိန်တဲ့... ကိုရဲလင်း အမေရဲ့ အဓိက သက်သေ ဗလာစာအုပ်ထဲက မှတ်တမ်းမှာ သွားသာဖတ်ပါတော့... (၁၉.၃.၁၉၉၂) ညနေပိုင်းမှာ မိဘတွေက ပါဂျောင်စခန်းကို ရောက်ပါသတဲ့... ဒေါ်လှိုင်ပြောသလို ဆိုရင် ဒေါက်တာနိုင်အောင် ရောက်နေချိန် ဆိုတော့... အင်မတန် သေချာတဲ့ သဘောပေါ့...

မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း၂ - http://brasilhnetyoe.blogspot.com/2012/07/absdf_6694.html

မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း၃ - http://brasilhnetyoe.blogspot.com/2012/07/absdf_6768.html "နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လိုပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်ဆိုတဲ့အကြောင်း" ဒီလိုလေး ရေးပေးလိုက်တာ ကျေးဇူးပါ ဒေါ်လှိုင်... ဒါက ဘာကိုညွှန်းသလဲ ဆိုတော့ မငယ်ဟာ ရိုးသားတဲ့ သူမို့လို့ ဒီလိုစကား ထုတ်ပြောတာပါ... အခု ဒီစကားထုတ်ပြောတဲ့ ဒေါ်လှိုင်လဲ ဒီတချက်ရယ် အပေါ်က နိုင်အောင် ရောက်နေချိန်ဆိုတဲ့ တချက်ရယ်မှာ အမှန်တကယ် ရိုးသားကြောင်း မြင်ရပါတယ်... (၅.၄.၁၉၉၂)မှာ မိဘတွေ သားသမီးတွေ ထားခဲ့ပြီး ပြန်သွားကြရတယ်...(မိခင်တဦး၏မှတ်တမ်း၃တွင်ကြည့်နိုင်ပါတယ်)
ဒေါက်တာ နိုင်အောင် ကတော့ "မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီး စိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူတရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်"လို့ ဆိုနေပါလား...

အချင်းချင်း အလွဲတွေ ရှင်းလိုက်ကြပါဦး... မငယ်နဲ့ ဒေါ်လှိုင်တို့ လက်မောင်းသွေးဖောက် သစ္စာရေ သောက်ပြီးတဲ့ နောက်ပိုင်းမှာ... “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက် ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင် ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ သတ်မှတ်မယ်” အခုဒီကေ့စ်ကို စပြီး မွှေတာ ဒေါ်လှိုင်တို့ မိတ်ဆွေ ထိန်ထိန်(ပန်းချီထိန်လင်း)လေ... အခုတော့ ဒေါ်လှိုင်က ရန်သူလို့ သတ်မှတ်လိုက်ပြီလား... ဒေါ်လှိုင့်ကို ကောင်း၏ ဆိုး၏ မငယ် မရေးသေးပါဘူး... သူရေးတာ "နေဝင်းစိုး"လေး သေသွားတဲ့ အပိုင်းမှာ ရပ်နေပြီး... သူလဲ စာစီတုန်းလေ... အဲ.. ဒေါ်လှိုင်သာ တော်လှန်ရေးနေ့ တရက်ထဲ စာရေးလိုက်တာ အပိုင်း(၅)တောင် ရောက်သွားပါရောလား... စာစီစာရိုက် ဘယ်မြန်ပါ့မလဲ... "ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို မဆိုလိုပါ)" ဥက္ကဌကို ရဲဘော် ရဲဘော်နဲ့ မသုံးပါနဲ့ဗျာ... မန်းလေးမှာ ဗကသအနေနဲ့ ဒေါ်လှိုင်တို့ လှုပ်ရှားခဲ့ကြတာတော့ အချိန်တန်ရင် ဗကသ ဟောင်းတွေ ဝင်ထောက်ခံမှာပါ... "ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။" အဖမ်းခံရတာ များလွန်းလို့ တပ်ထဲမှာ လူရော ရှိသေးရဲ့လားဗျာ... အပေါ်မှာတော့ ဥက္ကဌ ဖြစ်သူကို ရဲဘော်ထွန်းအောင်ကျော်တဲ့... မျိုးဝင်း ကျတော့ ကိုမျိုးဝင်းလို့ ဆိုပါလား... ဒါကြောင့် ထင်ပါရဲ့... ဒေါ်လှိုင်ရေးတဲ့ အပိုင်း(၂)တင်လိုက်တော့ အောက်မှာ ဒေါ်လှိုင့်အတွက် ကွန်မန့် တခုပေးသွားပါတယ်... (သေချာတာကတော့ ဒီအဒေါ်ကြီး လူသတ်သမားတွေထဲက တယောက်ယောက်ကို အသေအလဲ ကြွေခဲ့ဖူးလိမ့်မယ်) တဲ့... "ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်)" ကိုကျော်ဝေက ပထမဆုံး ခေါင်းဖြတ်ခံရတာ မဟုတ်လား ဒေါ်လှိုင်... မျိုးဝင်း ခုတ်လိုက်တာ ဆိုလားလို့... နောက်တော့ မျိုးဝင်း ခေါင်းဖြတ်တာ လက်တွေ့သွားပုံ ရပါတယ်... ခေါင်းချည့် ဖြတ်တော့တာ... "နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင် ဘူးလို့ ယူဆကြလို့ ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။" အဲ့ဒီ လူတွေကို မန်းလေးသား တော်တော်များများက သိချင်နေကြပါတယ်... ဒီကေ့စ် ဖြစ်ပေါ်လာအောင် မွှေတဲ့သူတွေ မဖြစ်နိုင်ဘူးလား... "ဒီ ယူဂျီလုပ်ခဲ့သူတွေအားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။" တနေ့ထဲ တရက်ထဲ ဖမ်းပြီး သတ်ပြစ်တဲ့ ပုံစံလုပ်ချင်လို့လား ဒေါ်လှိုင်... တနှစ်လောက် ကြာအောင် ဖြစ်ပျက်နေတာ မဟုတ်ဘူးလား... "ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။" အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ ဆိုတော့ မသတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ လေသံနဲ့ပါလား... "ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲဆိုတော့ အံ့သြ စရာပဲ။" ခရီးသွား မှတ်တမ်းလေး ထုတ်ချင်တာတောင် မန်းလေးက ဘယ် ပုံနှိပ်တိုက်ကမှ မထုတ်ရဲလို့ ရွာလည်နေတယ် ဆိုလား ကြားမိတယ်... ခရီးသွားမှတ်တမ်း ဆိုတာတောင် သွေးပျက်နေပြီ ထင်ပါရဲ့... ဖတ်တောင် မကြည့်ရသေးတဲ့ မထွက်သေးတဲ့ စာအုပ်ကို ဝေဖန်တာတော့ အကြားအမြင် ရနေမှ ဖြစ်နိုင်မှာပါ ဒေါ်လှိုင်ရေ... "ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။" ဒါဆို ကိုညီညီကို ကယ်ထားလိုက်တဲ့ ကေအိုင်အေကရော ဘာလဲ... အနှစ်နှစ်ဆယ်အတွင်း ဖုံးထားသမျှ မဖော်ပဲ မေးခွန်းတွေ ပြန်မေးနေပါလား... ထားပါလေ... အမှန်တရား ပေါ်လာရင် အမှား လုပ်သူအားလုံး ခံကြရမဲ့ ကိစ္စပဲ... "ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက" တော်တော်များများက ၁၉၉၅မှာ ကေအိုင်အေ ငြိမ်းချမ်းရေးယူလိုက်တော့ အေဘီက လူတွေ အလင်းဝင်ကြတယ်လို့ သိထားကြရတယ်... ဒေါ်လှိုင်က ၉၆ ၉၇မှ ဆိုတော့ ကြားထဲမှာ ၁နှစ်လောက် ဟနေတာကရောဗျာ... လမ်းမှာ ကြာနေတာ ထင်တယ်... "စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။ စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။" စိုးမင်းအောင်ကို စစ်ထားတဲ့ အထောက်အထားတွေနဲ့ အတူ စာရင်း တင်လိုက်ပါ... အရေးအကြီးဆုံးက အနှစ်နှစ်ဆယ် အတွင်းမှာ ငုပ်လျိုးနေတဲ့ မြွေတွေ ဟိုဘက် ဒီဘက် ရှိနိုင်တာပဲ... အနှစ်နှစ်ဆယ်အတွင်း တနေ့စာရင်းရှင်းခံရမဲ့ ဒီကိစ္စအတွက် တိကျတဲ့ စုံစမ်းထားမှု မရှိတော့ဘူးလား... အကုန်သူလျိုတွေပဲ အေးဆေးပါလို့များ ထင်ထားသလား... သတ်ခွင့် မရလိုက်လို့ လွတ်သွားရသူတွေ တနေ့ပြန်ဆော်မှာ တွေးမထားတဲ့ ငတုံးတွေတော့ မဟုတ်လောက်ဘူး ထင်ပါတယ်... "ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံးထွက်ပြေးနိုင်သူ) ကရော" ညီညီကျော် ထွက်ပြေးတာ ဘယ်သူမှ မသိဘူးလား... ခေါင်းဖြတ်မသတ်ခင်မှာ စခန်းမှာ ရှိတဲ့ အခုထိ သူလျိုလို့ အေဘီက သတ်မှတ်ခံထားရတဲ့ သူတွေ အားလုံး ဖမ်းထားပြီးလောက်ပြီ... ဘယ်သူက လွှတ်ပေးတယ် ထင်ပါသလဲ... လက်ပြန်ကြိုးလဲ တုပ်ထားသေးတယ်... ကျောင်းသားတပ်က ဂိတ်နဲ့ ကေအိုင်အေက ဂိတ်တွေ၊ အစောင့်တွေ၊ အေဘီက ရဲဘော်တွေ လူအများကြီး ကြားက ထွက်ပြေးသလိုလို လွတ်သွားသလိုလို ဆိုပါလား... ဒါဆို သူလျိုက အဖမ်းခံရသူတွေ ထဲကအပြင် ကျန်သူတွေ ထဲမှာလဲ ရှိနေသေးလို့ ဒေါ်လှိုင် အပိုင်း(၄)မှာ ရေးသလို ခြေသည်းလက်သည်းတွေ ပုပ်ပြီး ခွာနာလျှာနာလို မျိုးဖြစ်... သတိတွေ ဘာတွေ လစ်ပြီး အဆိပ်မိသွားတာ ဖြစ်နိုင်တယ်... မေးချင်တာက ဘယ်သူဖြစ်နိုင်မလဲဗျာ... တဦးတယောက်ကြောင့် စိုးမင်းအောင် ထွက်ပြေးသွားတာလဲ မေးစရာ မေးခွန်းပါပဲ... "ကိုသန်းဇော်နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။" barbu abnb ဆိုတဲ့ တယောက်ကတော့ ပေါ်တင်ပဲ ခေါ်မေးဖို့ ကြိုးစားတဲ့အခါ စစ်အစိုးရ ထောက်လှမ်းရေးတွေကို သွားတိုင်ထားတာနဲ့ နောက်နောင် ဇော်ဇော်မင်းနဲ့ သန်းဇော်တို့ကို စိတ်နဲ့တောင် မပစ်မှားနဲ့လို့ စစ်အစိုးရ ထောက်လှမ်းရေးတွေက ကြိမ်းသွားသတဲ့... အဲ့ဒီ နှစ်ဦးက အသတ်လဲ မခံရ၊ အချုပ်လဲ မကျ၊ ခပ်တည်တည်နဲ့ သူလျိုဆိုတဲ့ ဖမ်းဆီးခံရသူတွေ အားလုံးကို စစ်ဆေးမေးမြန်း ရိုက်နှက်ခဲ့တဲ့ အေဘီရဲ့ သူလျိုဖော်ထုတ်ရေးက အရာရှိတွေ ဆိုပါလားဗျာ... "လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရဌား အားစမ်းကြည့်တဲ့သဘောပါ။ ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖကသတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။" အေဘီနဲ့ လှည့်မတိုက်ပါနဲ့ဗျာ... မသမာတဲ့ လူတစုပါ... ဒါဆို ဒီပြသနာ အခုပေါ်လာတဲ့ အခါ အေဘီက ဘာများ ဆောင်ရွက်ပြီးပြီလဲ... ခရီးဘယ်လောက် ရောက်ခဲ့ပြီလဲ... သတင်းကြားမို့လို့ ရေးမတင်တာပါ (အရိုးတွေတောင် ဖော်ပြီး လက်စဖျောက်နေသလား)... တကယ်တမ်း အဲ့ဒီလို ဆောင်ရွက်ခဲ့မိရင် ပိုဆိုးတဲ့ ကိစ္စကြီးတွေ ကျူးလွန်မိပြီ... စစ်အစိုးရ သတင်းကိုတော့ ဘယ်သူမှ မယုံဘူးဗျာ... မယုံလို့လဲ အနှစ်နှစ်ဆယ်အထိ အခုလို အေးအေးချမ်းချမ်း နေနိုင်ကြတယ် မှတ်ပါ... ဒီလူ တရာနီးပါးမှာ အကုန် သူလျိုပဲလား... ကျောင်းသားစစ်စစ် ပါခဲ့ရင် ကြိုးစင်ပေါ် တက်လိုက်မယ် ဆိုတဲ့ ရဲရဲတောက်တွေ သေကုန်ကြပြီလား... "တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။" ၈၈၈၈၊ ဒီပဲယင်း၊ ၂၀၀၇ ဘယ်သူ အမှုမှန် ပေါ်ဖို့ ဦးဆောင်မလဲ မေးချင်တယ်ဗျာ... ဒီကေ့စ်မှာ ဇာဂနာ ဝင်အာချောင်လိုက်တာ ဘာဖြစ်နေတုန်း... (အားနာပါရဲ့) လူတောတောင် မတိုးတော့ဘူး... ဒေါ်လှိုင်ရေ... အာဏာရှင်ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးကို လက်နက်ကိုင်တိုက်နေတဲ့ အေဘီ အရိပ်အောက်မှာ အာဏာရူးသွားတဲ့ လူတစုကြောင့်ပါ... ဒါနဲ့ အတိတ်က အရိပ်များ ဆိုတဲ့ အပိုင်းတွေ ရေးနေတဲ့ ခင်စန်းနွယ်ဆိုတာ ကရော ဘယ်သူလဲ ဘာလဲ... ဦးစီးလွှမ်းမိုး လက်ထက်ကတည်းက အေဘီကရဲမေပဲလေ... သူဘာလဲ... မြှုပ်မထားပါနဲ့... အမှန်တရားဆို ထည့်သာရေးပါ... သုံးသပ်လို့ ရတာပေါ့... "မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရတာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုဝင်းနဲ့ ကိုသံချောင်း။" မြို့ပေါ်က ရှင်းခိုင်းတယ် ဆိုတိုင်း ရှင်းပစ်တာပဲလား... စိတ်ဝင်စားစရာပါ... တောထဲက ရိုးရိုးသားသား ကျောင်းသားတွေကို မြို့ပေါ်က မသမာတဲ့ လူတွေက လှမ်းခိုင်းနေတယ် ဆိုပါတော့... အဲ့ဒီ မြတ်ကိုကနေ စလိုက်တာ ရန်ရှင်းနဲ့ သံခဲ အမှုတွဲ ဖြစ်သွားတာပဲ... မြတ်ကိုနဲ့ အတူတူ တောခိုဖို့ လာခဲ့ကြတယ်လို့ ကိုသံဒုတ်(ကိုသံခဲအကို)က ရေးထားပါလား... လူတော်တော်များများ ကိုသံဒုတ်ရေးတာ ဖတ်ဖူးကြပါတယ်... ကိုရန်ရှင်း သေ/မသေ ဆိုတာတောင် တော်တော်လေး အငြင်းအခုန် ဖြစ်ကြရပါသေးတယ်... ဘယ်သူမှ မသေစေချင်သေးဘူး... ကိုမြတ်ကို သေတာကို စုံစမ်းဖို့လာတဲ့လူ သေသွားတယ် ဆိုတော့ မြှုပ်ထားတဲ့ အကွက်တွေ ရှိနေဦးမှာပဲ... ထိန်ထိန်က ဒီကေ့စ်ကို ခေါင်းလောင်းထိုးလိုက်တယ်(ဒေါ်လှိုင့်ကို ချန်ရေးသွားတယ်)... သူ့တာဝန်က မောင်းတီးပေးလိုက်တယ် ပြီးသွားပြီ... မန်းလေးသား ကိုအောင်မိုးဝင်းက မန်းလေးက ဗကသဥက္ကဌကို သတ်သွားလို့ ဆိုပြီး အကုန်ချရေးတယ်... မန်းလေးက ဗကသဥက္ကဌ တယောက်ပဲ သေတာမှ မဟုတ်တာ... ကိုကြီးထွန်းအောင်ကျော်က Icon ရှိတဲ့ သူမို့လို့ နာမည်ထွက်နေတာ အခြားနယ်ပယ်စုံ ကလူတွေရော မသေဘူးလား... အရိုးတွန်သံက အပိုင်း၁၁မှာ အဆုံးသတ်သွားရော(ဒေါ်လှိုင့်ကို ခေါင်းဖြတ်ပွဲကို ရဲရဲတောက် သွားကြည့်ဖူးတဲ့ ရဲမေ ဆိုပြီး ချန်ထားခဲ့ကြတုန်းပဲ)... အဲ့ဒီ အပိုင်းတွေလောက်ကို ဒေါ်လှိုင် ပြုံးပြုံးလေး ဖတ်နေမှာပါ... ကိုညီညီကျော် ပုံလေးတွေ စာလေးတွေ တင်တယ် (ဒေါ်လှိုင်အေးဆေးပဲ)... ကိုရဲလင်း ပုံလေးတွေ စာလေးတွေ တင်တယ်... သူ့အမေ ရေးတာလေး တင်ပေးတယ်... ကိုရဲ ရေးတဲ့ အပိုင်းအထိကို အမှန်တရား ရှာဖွေသူ ဒေါ်လှိုင် တယောက် အေးဆေးပဲ(ထိန်ထိန်ရေးတာ လပေါင်းများစွာ(၄လကျော်) ကြာလာပြီ)... ကိုမောင်မောင်(ရွှေကရဝိတ်)က သူသိသမျှ မြင်သမျှ ကြားသမျှလေးတွေ ရေးတယ်(အေဘီက မဟုတ်တဲ့ အပြင်လူ - ဖမ်းခံ ထားရတဲ့ သူ့ညီ သွားခေါ်ဖို့ ကြိုးစားတဲ့သူ)... ကိုစိုးလင်းရေးတယ်... မငယ်ရေးတယ်... ဒေါ်လှိုင့်နာမည် မပါသေးတော့ အေးဆေးပဲ... အမှန်တရား ရှာဖွေချင်တဲ့ လူရဲ့ နေနိုင်ပုံက သြချရလောက်တယ်... ကိုညီညီ(ဆမား) မန်းလေးသားချင်း မြွေမြွေချင်းတော့ ခြေမြင်မှာပဲ... ရေးချလိုက်တော့မှ... ရပ်ကွက်ထဲက ဥက္ကဌကတော်က ထမိန်စွန်တောင်ဆွဲပြီး လမ်းပေါ်ထွက်အော်တဲ့ စတိုင်နဲ့... စာဖတ်သူတွေ မြင်တဲ့ အမြင်က ရှင်းပါတယ်... ရိုးသားသူဆိုတာ စောစောစီးစီး ကတည်းက ရိုးသားစွာ ရေးမှာပဲ... ကိုယ့်ဘက်ကို အခြေအနေက ယိုင်ဆင်းလာမှ ထွက်လာတော့ လူတွေ ရီမှာပေါ့... စာဖတ်သူတွေကတော့ ထင်မှာပဲ... မန်းလေးသားတွေနှယ် သိပ်ရှုပ်တာ အခုထိ အနှစ်နှစ်ဆယ် ကြာပြီ... အမယ်ဘုတ် ဖြစ်နေတုန်း... ဒါနဲ့ သူလျိုလိုလို သတင်းပေးလိုလိုတွေ ဖြစ်တဲ့ ကိုညီညီ၊ ကိုညီညီကျော်၊ ကိုမောင်မောင်(ရွှေကရဝိတ်)..... စတဲ့ လူတော်တော်များများကို ဒီအသိုင်းအဝိုင်းထဲမှာ အခုထိ ကျင်လည်နေစေတာတုန်းဗျ... ဘာပွဲ ဖြစ်ဖြစ် ဒီလူတွေ ပါနေပါလား... မန်းလေးသားတွေကြားထဲမှာ ရပ်တည်နေနိုင်တာ ဘာကြောင့်ပါလိမ့်... ဒေါ်လှိုင်ရော မန်းလေးမှာ ဒီလိုပဲ (၁၉၉၅လား ၉၇လား အလင်းဝင်တုန်းက) မြို့ကလူထုက ဘယ်လို ဆက်ဆံလိုက်သလဲဗျာ... ရေးပါဦး ဖတ်ရတာပေါ့... ကျနော့် အတွေးကတော့ ရိုးရှင်းပါတယ်... မန်းလေးမှာ ဒေါ်လှိုင့် အနေနဲ့ ဘယ်လို မျက်နှာနဲ့မှ ရပ်တည်လို့ မရတော့လို့ တောထဲ ပြန်ရောက်သွားတယ်ပဲ မှတ်နေတုန်း... မန်းလေးပြည်သူလူထုက လူတုမိသားစုဝင်ကို ဘာလို့ လက်မခံရတာလဲ... တော်တော်ဆိုးတဲ့ သူတွေပဲ... ဘာပဲဖြစ်ဖြစ် ရဲဘော်ဟောင်းပဲလေ အကြင်နာတရားမဲ့လိုက်တာ... စိတ်တောင်မကောင်းဘူး... ဘယ်သူ ဘယ်လို အခြေအနေဆိုတာ တနေ့ အဖြေမှန် ပေါ်ပါလိမ့်မယ်ဗျာ... စောင့်မျှော်ကြည့်ရှု့ကြတာပေါ့... အပိုင်း(၅)ကတော့ ဒီလောက်ပါပဲ...
ဘရာဇီး ငှက်ရိုး
မတ်လ(၂၇)ရက်
ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ

(အမေ လူထု ဒေါ်အမာ ရှိနေသေးရင် ညည်း ရွှေပြည်ကြီးကနေ ထွက်သွားပြီးတော့ ရောက်တဲ့မြို့က "ဆိုး"မြို့... ညည်းတော့ ဒီမြို့ရောက်ပြီး ပျက်စီးပြီ ဆိုပြီး... နောက်တမြို့ ပြောင်းသွား လိုက်တာ အခုညည်း ရောက်နေတဲ့ မြို့က "ပြုံရမ်း"မြို့ ဖြစ်နေပါလားလို့များ ပြောလေမလားပဲ...)


မိခင်တဦး၏ ကိုယ်တွေ့မှတ်တမ်းများထဲမှ မူရင်းပုံများကိုပါ ပူးတွဲ တင်ပေးလိုက်ပါတယ်...


· · · Share · Delete

No comments:

Post a Comment