Sunday, July 15, 2012

မြောက်ပိုင်းလူသတ်မှုအတွက် တာဝန်ရှိသော အဖွဲ့အစည်းများစာရင်း

မြောက်ပိုင်းလူသတ်မှုအတွက် တာဝန်ရှိသော အဖွဲ့အစည်းများစာရင်း -( ကောင်းမြတ်သူ-)-၁၆-၂ -၂၀၁၂
by အိုးဝေအောင် အိုးဘားမား on Saturday, February 18, 2012 at 12:03am ·


မိုးသီးဇွန်ကို ထောက်ခံသော အဖွဲ့ကို နိုင်အောင်ကို ထောက်ခံသော အဖွဲ့က သတ်လိုက်တယ်လို့ RFA နဲ့အင်တာဗျူးမှာ မိုးသီးက တင်ပြလာတယ်။
အဲဒီ အချိန်အခါမှာ မိမိရဲ့ ရဲဘော်တွေ ရက်ရက် စက်စက် အသတ်ခံနေရတာကို ကယ်တင်ဖို့မလုပ်ပဲ မိုးသီး ဘာလုပ်နေပါသလည်းလို့ မေးရမယ့်အချိန် ရောက်လာပါပြီ ။



ရဲဘော်တွေ အသတ်ခံနေရတဲ့ နယ်မြေထဲကို တော်လှန်ရေးခေါင်းဆောင်ပီပီ အသေခံပြီး ၀င်စီးရမယ့် အစား ကြေငြာ ချက်ထုတ်ပြီး မှုန်ဝါးဝါး လုပ်နေတာ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ရဲ့ အရည်အချင်းတော့ မဟုတ်နိုင်ပါ ။
အနှစ် ၂၀ လောက်ကြာလို့ မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်မှ တစ်လုံးတစ်လေ ၀င်ရောက်ပြောဆိုတာ တာဝန်မဲ့ရာကျပါတယ်။



မိမိရဲ့ရဲဘော်တွေ အသတ်ခံရတာကို တာဝန်ယူဖေါ်ထုတ် ရမယ့်အစား အနှစ် ၂၀ လုံးလုံး နှုပ်ပိတ်နေတာ ဘယ်လိုခေါင်းဆောင်မျိုးလည်း။

ထစ်ခနဲရှိ မိမိကိုယ်တိုင် ထောင်ထားတဲ့ WE FIGHT WE WIN စာမျက်နှာမှာဖေါ်ပြနေကြ ဖြစ်ပေမဲ့ အခုတော့ ဘာလို့များ တာဝန်ယူ ဖေါ် ထုတ်ခြင်းမပြုတာပါလည်း။
ဒါတောင်မြောက်ပိုင်းလူသတ်မှုဟာ မိမိမှာတာဝန် မရှိပါဘူးလို့ အတိအလင်း ပြောခဲ့ပါသေးတယ်။







မသေပဲကျန်တဲ့သက်သေတွေသာ မရှိခဲ့ရင် ဘယ်လောက်တောင် တာဝန် မဲ့စကား ပြောလိုက်ကြမလဲ။

နိုင်ငံရေးလောကမှာ ခေါင်းဆောင် ၂ မျိုးရှိတယ် ။

တစ်မျိုးက မီဒီယာမှာ ထင်ရှားတဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်မျိုးက တော့ မီဒီယာမှာ မထင်ရှားပေမဲ့ နိုင်ငံရေးလောကထဲမှာ သိသာထင်ရှားတဲ့ခေါင်းဆောင် မျိုးဖြစ်တယ်။



အသတ်ခံရတဲ့ ကိုထွန်းအောင်ကျော်ဟာ နိုင်ငံရေးလောက ထဲမှာ သိသာထင်ရှားတဲ့ခေါင်း ဆောင်တစ်ယောက်ဖြစ်တယ်။

ဒီလိုလူမျိုးကို သူလျှိုတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး သတ်တာဟာ ထင်ရှားတဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်။



အခု မီဒီယာမှာ သက်သေအဖြစ် ထွက်ဆိုနေတဲ့သူတွေဟာ ၁၉၉၂ ဆိုတဲ့အချိန်မှာတုန်းက မီဒီယာမှာထင် ရှားတဲ့ခေါင်းဆောင်တွေ မဟုတ်ခဲ့လေတော့ ဖြစ်ခဲ့တဲ့အဖြစ်ဆိုးကို မီဒီယာမှာ တင်ပြဖို့ ခက်ခဲတဲ့ကိစ္စဖြစ်ခဲ့ တယ်။



ဒီကိစ္စကို သိခဲ့တဲ့ မိုးသီးဆိုသူကတော့ မီဒီယာမှာထင်ရှားသူဖြစ်ပေမဲ့ လူသတ်မှုကို ဖေါ်ထုတ်ခြင်း မပြုခဲ့တာ ဘာဖြစ်လို့ပါလဲ။

သူဟာ အဲဒီအချိန်မှာ ABSDF ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်တယ်။



မြောက်ပိုင်းမှာ မသေပဲကျန်ခဲ့သူတွေမှာ ပြောစရာတွေ သက်သေတွေ အများကြီးရှိနေကြပါတယ်။

တရား ခံတွေ နဲ့ တာဝန်ရှိသူတွေဟာ မီဒီယာမှာ လိမ်လည် လှည့်ဖြားလို့မဖြစ်နိုင်တော့ပါဘူး။

သတ်တဲ့သူက လည်းသတ်တယ်။
သိရှိပါတယ် ဆို တဲ့အထင်ကရ ခေါင်းဆောင်ဆို သူတွေကလည်းအနှစ် ၂၀ လုံးလုံး ရေငုံနှုပ်ပိတ်နေတယ်။



နှစ်ဖက်စလုံးကလည်း အထင် ကရကျောင်းသားခေါင်း ဆောင်ဆို သူတွေ ဖြစ်တယ်။
လက်ရှိ ABSDF ဥက္ကဌ ဆိုသူက ဒီကိစ္စတွေ ကိုဖေါ်ထုတ်ဖို့ အတွက် မီဒီယာ ကိုစကားပြောဖို့ငြင်းဆန်နေတယ်။


ဖြစ်ပွားတဲ့အချိန်ဟာ ၁၉၉၂ ခုနှစ်ဖြစ်တဲ့အတွက် ABSDF စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ကာလကနေ ရေတွက်ကြည့်ရင် ၄ နှစ် ကြာတဲ့ ကာလမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။



အဲဒီအချိန်ဟာ အဖွဲ့ဝင်များ အချင်းချင်း မည်သူမည်ဝါ ဘယ်သူဘာလည်းဆိုတာ ကွဲကွဲပြားပြားသိရှိနိုင်ကြတဲ့ကာလဖြစ်တယ်။

ဒါဆို ဒီလူသတ်မှုကို ဘယ်လိုလုပ်ကြမှာလည်း။ သပိတ်သွတ်လိုက်ရုံနဲ့ပြီးလိုက်ကြတော့မှာလား။

ဝမ်းနည်း ကြောင်းကြေငြာချက်ထုတ်ပြီး ဂုဏ်ပြုပါတယ်လို့ လုပ်လိုက်ကြတော့မှာလား။

(ဒါမျိုးလုပ်လို့ဘယ်ရပါ့မလဲ) မသေပဲကျန်ခဲ့သူတွေနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ နိုင်ငံရေးလောကကို မီဒီယာမှာ ကြေငြာ ချက်ထုတ်ပြီး လှည့်ဖြားဖို့ ကြိုးစားလို့ ဘယ်ရပါ့မလဲ။



အမှန်တော့ မြောက်ပိုင်းလူသတ်မှုကို ထိုင်းမြန်မာ နယ်စပ်မှာ ရှိတဲ့ အောက်ပါအဖွဲ့အစည်းများ အားလုံး ဟာ သိရှိကြတယ်။

အခုအချိန်မှာ နယ်စပ်က အဖွဲ့အစည်းတွေဟာ မိမိအဖွဲ့စည်း အတွင်းမှာ ဖြစ်ခဲ့တာ မဟုတ် သည့်တိုင်အောင် တော်လှန်ရေး အဖွဲ့စည်းတွင်း မှာ ဖြစ်ခဲ့တဲ့ကိစ္စ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ထုတ်ဖေါ် တင်ပြကြဖို့တာဝန်ရှိတယ်။



တာဝန်ရှိသောထိုင်းမြန်မာနယ်စပ်မှ အဖွဲ့အစည်းများ စာရင်း--

NLD (LA)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (လွတ်မြောက်နယ်မြေ DPNS)
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) (၎င်းအဖွဲ့တွင် အောက်ပါ အဖွဲ့စည်းများထပ်မံပါဝင်သည်။



ပါဝင်သော အဖွဲ့အစည်းများ-

(၁)မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊

(၂)ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)

(၃)မြန်မာ့အမျိုးသမီးသမဂ္ဂ၊

(၄)လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊

(၅)ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊

(၆)ပြည်သူ့ကာကွယ်ရေးတပ်နှင့်

(၇)ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊

(၈) တသီးပုဂ္ဂလများ၊

မြန်မာနိုင်ငံရှေ့နေများကောင်စီ ( BLC)

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ (BPPU)

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ဧရာဝတီ သတင်းဌာန

NCUB (မြန်မာနိုင်ငံအမျိုးသားကောင်စီ)

NCGUB ( အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့)

MPU (ပြည်ပရောက် လွတ်တော်ကိုယ်စားလှယ်များအဖွဲ့)

ဗိုလ်မှုးစောလှငွေ (တပ်မှုး KNU ထောက်လှမ်းရေး)

KIO (ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း)
(အခြားသော ထဲ့သွင်းသင့်သည်ဟု ယူဆသော အဖွဲ့များရှိက သက်ဆိုင်ရာအဖွဲ့တို့မှ တင်ပြနိုင်ပါသည်။)





မြောက်ပိုင်းလူသတ်မှုကို သိရှိတဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရှိ သော အဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေး သစ္စာဖြင့် မိမိတို့ သိရှိခဲ့မှုများ။ သဘောထားထုတ် ပြန်ချက်များ ကိုတင်ပြဖို့ အချိန်တန်ပြီဖြစ်ပါသည်။



လူသတ်မှုတစ်ခု ကို မီဒီယာမှာ ရှင်းလင်းပွဲလုပ်နေလို့ကတော့ ဘယ်တော့မှပြီးမှာ မဟုတ်ပါဘူး။

အခုချိန် မျိုးကျတော့ မီဒီယာမှာ အနှစ် ၂၀ လောက် အင်တာဗျူးလုပ်နေတဲ့ ဥပဒေ ပညာရှင်ဆိုသူတွေ ဘယ် ရောက် ကုန်ပြီလဲ။



ပြည်ပရောက် တော်လှန်ရေး အင်အားစုတွေဟာ အမှုမှန်ဖေါ်ထုတ်ကြဖို့ မလုပ်ဘူး ဆိုရင် သမိုင်းဆိုင်ရာထိန်ချန်မှု တစ်ခုဖြစ်လာ နိုင်ပါတယ်။



ယခုသတ်ဖြတ်မှုဟာ မှားယွင်းသတ်ဖြတ်မှု မဟုတ် တဲ့အပြင် နိုင်ငံရေးခေါင်းဆောင်နှစ်အုပ်စုရဲ့ အားပြိုင်မှုကနေဖြစ်လာတဲ့ နိုင်ငံရေး လုတ်ကြံမှုဖြစ်နေ တဲ့အတွက်ကြောင့် နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပိုမို၍ တာဝန်ရှိလာပြန်ပါတယ်။



ဒီလိုလူသတ်တဲ့ အမှုမျိုးကို တရားရုံးမှာ မရှင်းပဲ မီဒီယာမှာရှင်းနေလို့ ကတော့ တော်လှန်ရေးကြီး မိုးလင်းသွားမှပဲ ပြီးပါလိမ့်မယ်။
မိမိမှာ အပစ်မရှိဘူးဆိုတဲ့ခေါင်းဆောင်တွေ တရားရုံးမှာ ရဲရဲဝံ့ဝံ့ဖြည်ရှင်းနိုင်ရမှာဖြစ်ပါတယ်။



မီဒီယာမှ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလိုပ်နေရင် ပိုဆိုးသွားမှာဖြစ်ပါတယ်။

အားလုံးကို တရားရုံးမှာ သက်သေအဖြစ်တင်သွင်းခံရမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သက်ဆိုင် သူတွေက တရားဥပဒေ ကြောင်းအရဆောင်ရွက်တော့မှာဖြစ်လို့ပါပဲ။



ကောင်းမြတ်သူ

(မူဝါဒရေးရာဌာန)
မြန်မာဒီမိုကရေစီကွန်ဂရက်
  • You, Vi Ya, Phoo Chin, Nay Zaw and 9 others like this.
  • 12 shares

    • ဘရာဇီး ငှက်ရိုး
      ရက်ရှည်လများ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခြင်း ခံရတာပါ လပေါင်းများစွာ ကြာပါတယ် ပန်းချီကိုထိန်လင်း သန်းကြွယ်သူဌေးထဲမှာ လေးလကျော်ကျော် ရေမချိုးရဘူးဆိုတော့ စဉ်းစားသာကြည့်ကြပေတော့ မသိဘူး မသိဘူး ဆိုတဲ့ကောင်တွေကလဲ အမှုတွဲပဲနေမှာပါ ကျနော့်အထင်တော့ တရ
ားခံစာရင်းထွက်လာရင် ရာဂဏန်းကျော်တောင် ဖြစ်သွားနိုင်ပါတယ် အကုန်လုံးကတော့ ကိုယ်လွတ်ရုံးချင်နေကြတာပေါ့.... ပေါင်ချိန်နည်းသုံးရင် ခွေးခေါင်းဓားစက် အသွားတုန်းသွားဦးမယ်...
      (လာကြစမ်းးးးး ... ခွေးခေါင်းဓားစက်ယူခဲ့...)

    • Aung Khing
      မြန်မာဒီမိုကရေစီရေးဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းမှန်သမျှဟာ မိမိအဖွဲ့အစည်းရဲ့မူဝါဒမှာ ဒီလိုမတရားမှုတွေကို လက်ခံနိုင်စရာမရှိဘူး၊ ဥပဒေကြောင်းအရ ဖော်ထုတ်ဖို့ ပူပေါင်းဆောင်ရွက်ကြရမယ်ဆိုတာကို အတိအလင်း ကြေငြာချက်အသီးသီးထုတ်ပြန်ရမှာ ဖြစ်ပါတ
      ယ်။ ဘာကြောင့် မထုတ်ဖော်ကြတာပါလဲ? သမိုင်းဆိုင်ရာ အမျိုးသားရေးသတ်ဖြတ်တာကို အားပေးနေကြတာလား? ကိုယ့်အဖွဲ့အစည်းထဲမှာကို ဒီလိုလူသတ်ကောင်းတွေ ပါဝင်နေလို့လား? တစ်ဦးချင်းစီလည်း အမှန်တရားလိုလားမှု ပြသရာရောက်အောင်၊ လာတော့မယ့် မြန်မာဒီမိုကရေစီလူဘောင်မှာ ဒီလိုလူသတ်ကောင်တွေအတွက် နေရာလုံးဝမရှိအောင် အသီးသီး ဆန္ဒထုတ်ဖော်ကြပါ။ ဒါ လူယဉ်ကျေးတွေရဲ့ အသွေးအသားထဲက သမ္မာဆန္ဒပါဘဲ။
      February 18 at 1:43am · · 5

    • Ni Lynn Kaung Myat Thu Why dont you put Khin Nyunt and his MI in the list?

    • Ye Yint Aung ရန်သူလို့ ယူဆရင်တောင် အဲဒီရန်သူကို ခေါင်းဖြတ်သတ်ပြလိုက်မှ တော်လှန်ရေးမှာ သူရဲကောင်း ဖြစ်တယ်လို့များ ထင်နေကြသလားဗျာ။ အဲဒီလို သူရဲကောင်းလို့ အထင်ရှိသူတွေကို ရွံတယ်၊ သိပ်ရွံတယ်။

    • Ye Yint Aung မိတ်ဆွေကို ရန်သူအဖြစ် အထင်လွဲပြီး ဒီလိုလုပ်ရပ်မျိုး ကျုးလွန်မိရင်လည်း အော့နှလုံးနာလှတယ်ဗျာ။ သိပ်ကို ရက်စက်လွန်းလို့ပါ။ ''တော်လှန်ရေးကွ'' ဆိုတာ အဲဒါမှ မဟုတ်ဘဲ။ ဒါ့ထက်မက ဆက်ဆိုရရင်တော့ မိတ်ဆွေဖြစ်သူကို ဝါးရုံကြားက အာဏာလေးအတွက် ရန်သူအဖြစ် လုပ်ဇာတ်ခင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ဝံ့တယ်ဆိုရင်တော့ .......

    • Ye Yint Aung မုန်းတယ် ... မုန်းတယ်။

    • Khin Nyein Thit အောက် ခက်မှခက်ပဲ...အဲဒီ့အဖွဲ့တွေက နိုင်အောင်ကျွေးတဲ့ထမင်းစားနေတာ။
      February 18 at 8:37am · · 6

    • မိုး စဲ ထောက်လှမ်းရေးတွေပါလို့ စွပ်စွဲပြိးသတ်လိုက်တုန်းက လက်ယဉ် သလောက် ပြည်သူလူထုရှေ့ကို ချပြဖို့ကြတော့ ခက်နေကြတာ ထင်တယ်ဗျ အားလုံးကလဲ အနည်းနဲ့ အများ နိုင်အောင်နဲ့ မကင်းကြဘူးကိုး..နောက်လာနောက်သားတွေကို ပြောရမယ်ထင်တယ် လက်နက်ကိုင် တော်လှန်ရေးလုပ်မယ်ဆိုရင် ရန်သူဆိုတာ ကိုယ့်ဖက်မှာရော သူဖက်မှာရော ရှိနေတာမို့ အသက်ကို ဖက်နဲ့ သေသေချာချာ ထုပ်ပြီး လုပ်ကြပေတော့...လို့..

    • Ko Lin some wise guy say to me once i am belive is 1996 some of us want to join absdf (all he say was before you do all that. cut your knee and see you can still walk )i didn 't know what is mean at the time soon i come out of burma on 1998 i see my self and understand why he say it...

    • Soe Lwin
      သားသမီးမကောင်း မိဘခေါင်းလို့ဘဲ ကြားဘူးတယ်.အခုတော့ မိဘမကောင်း သားသမီးခေါင်းဆိုသလို မြောက်ပိုင်းကိစ္စဖြစ်ပွားတုန်းက ABSDFဗဟိုကော်မီတီတွေအဖြစ် တာဝန်ယူခဲ့တဲ့ခေါင်းဆောင်တွေ တာဝန်မကြေပြွန်မူ့ကြောင့် လက်ရှိABSDF ဂုဏ်သိဏ္ခကျဆင်းရတာဖြစ်တယ်...အောက်ခြေရ
ဲဘော်တွေက သူ့တို့ရဲ့ အသက် ခန္ဒာကိုယ်ကို စွန့်လွတ်ပြီး တာဝန်ကြေခဲ့ပြီဖြစ်တယ်..ABSDF ခေါင်းဆောင်းဟောင်းတွေ ABSDF ကို တကယ်တန်ဖိုးထားတယ်ဆိုရင် ရော်နယ်အောင်နိင်.ကိုမိုးသီး.ကိုနိင်အောင် တို့ကို ABSDF စုံစမ်းရေးအဖွဲ့နှင့် အမြန်ဆုံး အမြန်ဆုံးတွေ့ဆုံဖြေရှင်းနိင်အောင် တွန်းအားပေးသင့်တယ်လို့မြင်ပါတယ်.ကြာရင်ABSDF အတွက်မကောင်းပါ..ကျနော်ABSDF ရဲဘော်ဟောင်းတဦးပါ......

    • အိုးဝေအောင် အိုးဘားမား Ni Lynn သို့-ပြည်တွင်းမှာ ရန်သူစစ်တပ်ထောက်လှမ်းရေးက ကိုယ့်လူတွေကို သတ်တာတွေကို ပြည်တွင်းမှာ ဖော်။ပြည်ပမှာ မိတ်ဆွေချင်း ရန်သူအထင်ခံရပြီး အသတ်ခံရတာတွေက ပြည်ပမှာ ဖော်။( မတူတာတွေကို ခွဲလုပ်ကြပါ။ရောသမ မမွှေကြပါနဲ့။)
      February 19 at 3:16am · · 3

No comments:

Post a Comment