Sunday, July 15, 2012

အမ Htar Htar Lwin ရဲ့ သုံးသပ်ချက်

  • Htar Htar Lwin
    မငယ်နိုင်အဆိုအရ ဒေါက်တာနိုင်အောင်က မြောက်ပိုင်းကို ဖေဖော်ဝါရီလမှာသွားတာမဟုတ်ဘူး။ ဧပြီလမှာသွားရောက်ခဲ့ပါတယ်လို့ပြောတယ်။
    (ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကအဖွဲ့သာ သူများထင်နေသလို ဖေါ်ဖေါ်ဝါရီလမှာ မသတ်ခင်ရောက်သွားရင် ဒီ၊လူတွေဟာ အသတ်ခံရမှာ မဟုတ်ဘူး။ ဒေါက်တာနိုင်အောင်တို့ ရောက်ပြီးမှ တရားခံလို့ဖမ်းဆီး ခံထားရသူတွေကို ဆက်လက်မညှင်းဆဲဖို့၊ သံခြေကွင်းတွေ ဖြုတ်ပေးဖို့၊ ဆေးဝါး၊ အစာအာဟာရတွေ လုံလောက်အောင် စီမံဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့တာကို မြောက်ပိုင်းက သဘောတူလက်ခံပြီး သံခြေကွင်းတွေ ဖြုတ်ပေးခဲ့တယ်။ မိဘတွေနဲ့ ပေးတွေ့ပြီး တချို့ကို ပြန်လွတ်ခဲ့ပါတယ်။)
    မငယ်နိုင်အထက်မှာပြောခဲ့တာကိုကိုးကားပြီးပြန်ပြောလိုပါတယ်။
    ဒေါက်တာနိုင်အောင်ရောက်ပြီးမှမိဘတွေနဲ့ပေးတွေ့ပြီးတချို့ကိုပြန်လွှတ်တယ်လို့ပြောတယ်နော်။
    မိဘတွေဆီသူတို့ကိုလာခေါ်ဘို့သားသမီးတွေစာရေးခဲ့တဲ့နေ့က ဖေဖော်ဝါရီ (၁၉)ရက်ပါ။ (hitai.net မှ နန်းအောင်ထွေးကြည်ရဲ့အစီရင်ခံစာ(၂)အရ)
    ကိုရဲလင်းမိဘတွေဆီစာရောက်တာကမတ်လ (၃)ရက်ပါ။
    မိဘတွေမြောက်ပိုင်းရောက်တာက မတ်လ (၁၉)ရက်ပါ။
    အဖမ်းခံနေရတဲ့သားသမီးတွေနဲ့စတွေ့ရတာက မတ်လ (၂၀)ပါ။
    တချို့ကိုပြန်လွှတ်ပေးခဲ့တာက မတ်လ(၂၄)ရက်မှာပါ။
    ဒါတွေကတော့ ABSDF (မြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦးရဲ့ကိုယ်တွေ့မှတ်တမ်းအရ)

    မငယ်နိုင်ရဲ့အထက်ပါစကားအတိုင်းဆိုရင် ဒေါက်တာနိုင်အောင်မြောက်ပိုင်းသွားတာ ဧပြီလမှဆိုတာမဖြစ်နိုင်တော့ပါ။
    ဧပြီလ(၅)ရက်မနက်ပိုင်းထိမိဘတွေမြောက်ပိုင်းမှာရှိနေခဲ့ပါတယ် အကယ်၍အဲ့ဒီအချိန်ဒေါက်တာနိုင်အောင်မြောက်ပိုင်းမှာရှိနေရင် မိဘတွေနဲ့ တွေ့ဖြစ်ကြမှာပါ။
    မိဘတွေပြန်ပြီး ဧပြီလ(၅)ရက်နောက်ပိုင်းမှဒေါက်တာနိုင်အောင် မြောက်ပိုင်းကိုရောက်တာဆိုရင်လည်းသူရောက်လာပြီးမှမိဘတွေနဲ့ပေးတွေ့တယ်၊ တချို့ကိုလွှတ်ပေးတယ်ဆိုတဲ့စကားကမမှန်နိုင်တော့ပြန်ပါဘူး။
    (မိခင်တစ်ဦးရဲ့မှတ်တမ်းမှာရက်စွဲမှားရေးတာများဖြစ်မလားလို့သံသယမရှိပါနဲ့။ ရန်ကုန်ပြန်ရောက်ရောက်ချင်းရေးခဲ့တာပါ။ အခုမှလုပ်ကြံရေးတယ်လို့လည်းမထင်ပါနဲ့။ လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်ထဲကရေးပြီးသိမ်းထားခဲ့တာပါ။ ဗလာစာအုပ်မှာလက်ရေးနဲ့ရေးထားတာကို scan ဖတ်ပြီးတင်ထားတာတွေ့နိုင်ပါတယ်။ မှတ်ညဏ်ချွတ်ယွင်းပြီးမှားရေးထားလားလို့လည်းမထင်မိပါနဲ့ အဲ့ဒီအချိန်က အသက် ၄၈ နှစ်သာရှိသေးတဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးပါ။ ယခုချိန်ထိသက်ရှိထင်ရှားရှိပါသေးတယ်။)
    ဒါကဖြစ်စဉ်ကိုတင်ပြတာပါ မိမိဘာသာတွေးတောနိုင်ကြဘို့ပါ။
    March 19 at 12:51pm · · 6
  • ဘရာဇီး ငှက်ရိုး ၁၂ရက်ဖေဖော်ဝါရီ ၁၉၉၂ ခေါင်းဖြတ်ပွဲပြီးတော့ ၃လနဲ့ဆယ်ရက်ကျော်ကြာ(ရက်အတိအကျမေ့နေလို့.၅.၁၉၉၂)မှာ သံကြိုးတွေ တချွင်ချွင်နဲ့ ၅၅ယောက်ထွက်ပြေးကြတာ....
Htar Htar Lwin မိခင်တစ်ဦးရဲ့မှတ်တမ်းမှာ သူတို့မြောက်ပိုင်းကိုရောက်တဲ့ ၁၉.၃.၁၉၉၂ မှာ ကိုသိုက်ထွန်းဦးကလာနှုတ်ဆက်တဲ့အကြောင်း၊ သူ ကရင်ပြည်နယ်ကလာခဲ့တဲ့အကြောင်းပြောတယ်တဲ့။
ဆိုလိုတာက တောင်ပိုင်းကလာခဲ့တယ်ပေါ့။
ကိုသိုက်ထွန်းဦးရဲ့ comment မှာလည်း သူဒေါက်တာနိုင်အောင်နဲ့အတူလိုက်ပါခဲ့တယ်လို့ပြောတယ်။
ဒါဆိုရင်ဒေါက်တာနိုင်အောင်ဟာ မြောက်ပိုင်းကို ၁၉.၃.၁၉၉၂ မတိုင်မီရောက်ခဲ့တယ်ဆိုတဲ့သဘောပေါ့။
ပိုပြီးတိတိကျကျပြောရရင် မိဘတွေနဲ့ပေးတွေ့ဘို့ခေါ်စာမရေးခင် (၁၉.၂.၁၉၉၂)မတိုင်မီပေါ့။
ဒါဆိုရင် ဒေါက်တာနိုင်အောင် ဖေဖော်ဝါရီလထဲမှာ မြောက်ပိုင်းကိုသွားခဲ့တယ်ဆိုတာ အငြင်းပွားဖွယ်ရာမဟုတ်တော့ဘူးလို့ထင်ပါတယ်။
ကျမမှားတာရှိရင်ပြင်ပေးပါ
March 19 at 2:56pm · · 4

No comments:

Post a Comment