Sunday, July 15, 2012

သန်းဝင်းမှ မိုးသီးနှင့်နိုင်အောင်သို့

သန်းဝင်းမှ မိုးသီးနှင့်နိုင်အောင်သို့

by Htay Tint on Saturday, January 14, 2012 at 4:45pm ·

ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်များဟုပြောဆိုနေခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း

မိုးသီးဇွန်နှင့်နိုင်အောင် ခင်ဥမ္မာ့မွေးနေ့မှာတွေ့ဆုံခဲ့ခြင်းအား ၈၈ခေါင်းဆောင်များညီညွတ်နေသရောင်ရောင် မိုးသီးဇွန်၏ရေးသားချက်နှင့်

ပတ်သက်ပြီးမကျေလည်လို့ခုလိုစာရေးလိုက်တယ်။ ညီညွတ်သရောင်ရောင်ပြောဆိုနေမှုကိုကျနော့အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်လိုပါသည်။

ထင်ရင်ထင်သလို ၈၈၈၈ နာမည် ကို အလွဲသုံးစားသုံးစွဲခြင်းကိုလည်းရှုတ်ချသည်။ ဒီပုဂ္ဂိုလ်တွေ ဒီလိုသုံးစွဲပိုင်ခွင့်မရှိဟုလည်းယူဆသည်။

တကယ်တော့ မိုးသီးနှင့်နိုင်အောင်အုပ်စုဟာ သမိုင်းတလျောက် ၈၈၈၈ ခေါင်းဆောင်များလုပ်ရမည့်အလုပ်ကို တစုံတရာမှမလုပ်ခဲ့သည့်အပြင်

သူတို့ကြောင့် ရှစ်လေးလုံးသမိုင်းလည်း အထင်သေးခံရခြင်း၊ ညှိုးနွမ်းသွားရခြင်း၊ လူများလက်ညှိုးထိုးပြီးအပြစ်ပြောခံရခြင်းကသာ ပိုများပါတယ်။

သမိုင်းတချို့ကို ကျနော်ထုတ်ပြပါမည်။

မိုးသီးဇွန်

မိုးသီးဇွန်ဟာ တိုင်းပြည်အတွက်ရော၊ ၈၈၈၈ အရေးတော်ပုံကြီးအတွက်ပါ တခုမှကောင်းတာမလုပ်ခဲ့ပါ။ သမိုင်းတချို့သက်သေပြပါမည်။

- မိုးသီး ဒမဖ ဥက္ကဋ္ဌ လုပ်တဲ့အချိန်ကာလ တိုင်းပြည်အတွက်အလွန်အရေးကြီးသည့်အချိန်မှာ ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်ခဲ့တယ်။

- မိုးသီး လူ့ဘောင်သစ်ပါတီ ကို ဖွဲ့သူထဲမှာ တဦးပါဝင်တယ်။ သူ့လူတွေ ဦးဆောင်မှုနေရာမှာ သိတ်မရတော့ ပါတီနှစ်ခြမ်းခွဲခဲ့တယ်။

- ပြည်တွင်းမှာနေလို့မရလို့နယ်စပ်ကိုရောက်လာတယ်။

- အဲ့ဒီတုန်းက ကျနော်ဟာ ကျောင်းသားတပ်မတော် ( ABSDF) အထွေထွေအတငွ်းရေးမှူးနှင့် DAB တွဲဘက်အထွေထွေအတွင်းရေးမှူးဘဝမှာ၊

- မိုးသီး တပ်ရင်း (၁၀၁) ကိုရောက်လာတယ်။ မကြာဘူး။တပ်ရင်း (၁၀၁) နှစ်ခြမ်းကွဲသွားတယ်။ မိုးသီးအခြမ်း က ဘုန်းကြီးကျောင်းမှာ နေပြီး

နောက်တခြမ်း က တပ်ရင်းမှာနေတယ်။ အဲ့ဒီမှတဆင့် “သေဘောဘိုး” စခန်း ကို ရောက်တယ်။ အဲ့ဒီအချိန်က “သေဘောဘိုး” စခန်း ဟာ

ဗဟို ကို ဆန့်ကျင်နေတဲ့ စခန်းဖြစ်တယ်။ အဲ့ဒီကို “မိုးသီး”သွားပြီး ဗဟိုကိုဆန့်ကျင်အောင်မြှောက်ပင့်ပြောဆိုပြန်တယ်။ သူတို့ရဲ့

ထောက်ခံမှုယူပြီး ABSDF ဗဟို ကို တက်လှမ်းဖို့ကြိုးစားခဲ့တယ်။ အဖ့အွဲ စည်းအကျိုး ကို မကြည့်ပဲ ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။

- မိုးသီးဇွန် ABSDF ဗဟိုကိုရောက်တော့ ABSDF နှစ်ခြမ်းကွဲသွားတယ်။

( အသေးစိတ်အချက်အလက်အများကြီးရှိသေးတယ်။ နောက်မှရှင်းမယ်။)

- အထက်ပါ အချက် ကို ကြည့်ခြင်းအားဖြင့်“မိုးသီး”ကောင်းတာလုပ်ခဲ့တယ်ဆိုတာဘယ်မှာလဲ။ ဘယ်ဟာလဲ။ ဘယ်အချိန်လဲ။

ကျနော်တွေ့ခဲ့သလောက် “မိုးသီး” မကောင်းတာလုပ်ခဲ့တာချည်းပဲ။

- ABSDF တခြမ်းကွဲ ဥက္ကဋ္ဌ ဘဝမှာတောင် ရှိသမျှအာဏာလေးနဲ့ “ဋ္ဌေးနိုင်” ကို သတ်တယ်။ ကျောင်းသားချင်းသွေးစွန်းခဲ့တယ်။

- မိုးသီး ကောင်းတာလုပ်တာဘယ်မှာလဲ။ ဒီလုပ်ရပ်တွေဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လုပ်ရပ်လား။

ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဆိုတာ

(၁) ကျောင်းသားချင်းဘယ်တော့မှသွေးမစွန်းဘူး

(၂) အဖွဲ့အစည်းကိုဘယ်တော့မှမခွဲဘူး။

(၃) ကိုယ်ကျိုးကိုဘယ်တော့မှမကြည့်ဘူး။

တိုင်းပြည်အတွက်ပြည်သူ့အတွက်ပဲဘာအာဏာမှမမက်ပဲ မြေဇာပင်လို ဘဝကိုအရင်းအနှီးပြုတယ်။

ရဲရင့်တယ်။ သတ္တိရှိတယ်။ ပွင့်လင်းတယ်။ ရိုးသားတယ်။

အဲ့ဒါမှ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လို့ခေါ်တယ်။ ဘယ်မှာလဲ မိုးသီးဇွန် ရဲ့ လုပ်ရပ်။ ဘယ်အချက်နဲ့ ကိုက်ညီသလဲ။

အားလုံးဆန့်ကျင်ဘက်လုပ်ခဲ့တာချည်းပဲ။ ဒီတော့ ရှစ်လေးလုံးခေါင်းဆောင် အဂ င်္ါ နဲ့ မညီတဲ့အတွက် မိုးသီးဟာရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်

မဟုတ်ပါ။ ဘယ်တော့မှလည်းမဖြစ်ခဲ့ပါ။ နောင်လည်းဘယ်တော့မှဖြစ်မှာမဟုတ်ပါ။

နောက်နောင်မှာ မိုးသီး ဟာ ရှစ်လေးလုံးခေါင်းဆောင်ပါ လို့

လိုသလိုထင်သလို သုံးစွဲမယ်ဆိုရင် ကျနော်အပြင်းအထန်ကန့်ကွက်အုံးမှာပါပဲဖြစ်ပါတယ်။

နိုင်အောင်

နိုင်အောင်ဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်မဟုတ်ပါ။ နယ်မြို့ကဆရာဝန်တယောက်ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်အောင်လှုပ်ရှားခဲ့သူထဲမှာ ပါဝင်ခဲ့သူလည်းမဟုတ်ပါ။ ရှစ်ဆယ့်ရှစ်ဖြစ်ပြီးမှ နယ်မှာပါဝင်ခဲ့ပြီး

နယ်စပ်ကိုရောက်လာခဲ့သူဖြစ်ပါတယ်။ ကျောင်းသားတွေသမိုင်းတလျောက်ရပ်တည်ခ့တဲ့ဲ ခွပ်ဒေါင်းစိတ်ဓါတ် ကို

အစစ်အမှန်သိသူမဟုတ်ပါ။ ကျနော့သက်တမ်းပြီး ဒုတိယသက်တမ်းမှ ABSDF အာဏာ ကို နိုင်အောင်တို့အုပ်စုရခဲ့ပါတယ်။

ကျောင်းသားစိတ်ဓါတ်ကိုမသိ၊ ခွပ်ဒေါင်းစိတ်ဓါတ်ကိုမသိသူဆိုတော့ အာဏာရတဲ့အချိန်မှာ အတွေးအခေါ်အယူအဆတွေဟာ အမှားကြီးမှားခဲ့

ပါတော့တယ်။ နိုင်အောင် အုပ်စုဟာ ကိုယ်တိုက်တဲ့ရန်သူအပေါ်မှာ ဘယ်တော့မှပြတ်ပြတ်သားသားမရှိခဲ့ပါဘူး။

အမြဲတမ်းစေ့စပ်ဆွေးနွေးရေးကိုပဲ ဦးတည်လှုပ်ရှားခဲ့တာတွေ့ရတယ်။ ကျောင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ ဒီစိတ်မျိုး၊

အတွေးအခေါ် ထားလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။ ဒါပေမဲ့လို့ ကိုယ့်ကျောင်းသားအချင်းချင်းအပေါ်မှာတော့ မှားယွင်းစွာပြတ်သားခဲ့တယ်။

သူ့အုပ်စုအာဏာရချိန်မှာ တပ်ရင်း (၂၀၆) မှ တပ်သား (၆၀) ကျော်ကို ABSDF မှ ပြတ်ပြတ်သားသားထုတ်ပယ်ခဲ့ပါတယ်။

ABSDF နှစ်ခြမ်းကွဲဘဝက ကချင်နယ်မြေရှိကျောင်းသားတပ်ရင်းအတွင်း မန္တလေး၊ရန်ကုန်ကျောင်းသားနှင့်နယ်ခံတပ်ရင် ပဋိပက္ခဖြစ်တာကို

နယ်ခံတပ်ရင်းရဲဘော်များမှ မန္တလေးကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်အပါအဝင်၊ ကျောင်းသား (၇၀) ကျော် ကို စစ်အစိုးရသူလျှိုလို့

စွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ခေါင်းဆောင်တာဝန်ခံခဲ့တယ်။ ကျောင်းသားသမိုင်းမှာဖျက်လို့မရတဲ့သွေးစွန်းမှုကြီးဖြစ်ပါတယ်။

လက်နက်ကိုင်ပြီးတော်လှန်တိုက်ပွဲဝင်နေတဲ့ ABSDF အဖွဲ့ကို အုပ်စုဂိုဏ်းဂဏဖွဲ့၊ ကလိမ်ကညစ်ဥာဏ်တွေသုံးပြီး လက်နက်ကိုင်လမ်းစဉ်ကို

မယုံကြည်ပဲနှင့် ကိုယ်ကျိုးအတွက် အသုံးချဖို့ အာဏာတက်ယူခဲ့ပြီး၊ အခုကျမှလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တော့ပါဘူးဆိုပြီး၊ NGOs

ဖွဲ့ပြီးလုပ်စားတယ်။ ရတဲ့ငွေနှင့် ABSDF မှ ကျန်ခဲ့တဲ့ရဲဘော်များကိုတွေဝေအောင်လုပ်၊ လက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်အောင်လုပ်ပြီး

ABSDF ကိုဖျက်ဆီးလိုက်တယ်။ အခု ABSDF ဟာလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တဲ့ လက်နက်ကိုင်ကျောင်းသားအဖွဲ့ဖြစ်သွားပါပြီ။

ဒါဟာ နိုင်အောင်တို့အုပ်စုမှာတာဝန်ရှိပါတယ်။ နိဂုံးချုပ်ရလျင်၊

(၁) နိုင်အောင်နှင့်မိးုသီး ဟာ ကျောင်းသားချင်းသွေးစွန်းတာလဲအတူတူပ။ဲ

ရောက်တဲ့နေရာတိုင်းမှာအုပ်စု ဂိုဏ်းဂဏဖွဲ့ပြီး အဖွဲ့အစည်းကို နှစ်ခြမ်းခွဲတာလည်းအတူတူပဲ

( ABSDF ကိုမိမိပုဂ္ဂိုလ်ရေးအတွက်အုပ်စုဖွဲ့၊ နှစ်ခြမ်းခွဲပြီး တယောက်တခြမ်းစီဥက္ကဋ္ဌလုပ်ပြီး အေဘီကိုဖျက်စီးခဲ့တာလည်းသူတို့ပဲ)

(၂) အတွေးအခေါ်အရခိုင်မာပြတ်သားမှုမရှိပဲ အမြဲအရောင်ပြောင်းနေတဲ့ပုတ်သင်ညိုလို ခြံစည်းရိုးခွထိုင်ကြတာလည်းအတူတူပဲ။

ဒါကြောင့်သူတို့နှစ်ဦးဟာရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များမဟုတ်သလို၊ ရှစ်လေးလုံးအရေးတော်ပုံခေါင်းဆောင်လည်းမဟုတ်ပါ။

သူတို့အုပ်စုနှစ်စုဟာတိုင်းပြည်ကိုဘာအကျိုးမှမပြုခဲ့ပါ။သူတို့လုပ်ရပ်ဟာ စစ်အစိုးရကိုသာပိုပြီး အထောက်အကူပြုခဲ့တာများပါတယ်။

(၃) မိုးသီးလိုဘယ်စင်ပေါ်တက်ရတက်ရ၊ ရတဲ့စင်ကိုတက်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးနိုင်ငံရေးအာဏာရူးနေတဲ့သူနှင့်၊နိုင်အောင်လို နိုင်ငံရေးကုမ္မဏီထောင်ပြီး

စီးပွားလုပ်စားနေတဲ့ပုဂ္ဂိုလ်မျိုး တို့ဟာ နောက်နောင် ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်လို့မသုံးကြဖို့ပြင်းထန်စွာသတိပေးလိုက်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်

သန်းဝင်း ( ၇၂၇-၆၅၆-၈၉၂၂)

(-----------)

(လက်မှတ်ထိုးထားသည်)

ဥက္ကဋ္ဌ

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( မန္တလေးဆောင်)

အထွေအထွေအတွင်းရေးမှူး ( ABSDF -1988-89)

တွဲဘက်အထွေအထွေအတွင်းရေးမှူး ( DAB- 1988-90)


· · Share

  • 60 shares
    • အိုးဝေအောင် အိုးဘားမား သန်းဝင်းမှ မိုးသီးနှင့်နိုင်အောင်သို့ ....လို့ ပြန်ဖြည့်ပေးပါ ကိုဌေးတင့်။
    • Zaw Lin Htwe
      အာဏာရှူး သန်းဝင်း မင်းကို လေးစားခဲ့ တာ အလားကားဘဲ မင်းအောက်မှာ ရဲဘော်တစ်ယောက်အဖြစ် တာဝန်ထမ်းခဲ့ ဖူးတာ ကိုယ့်ကို ကိုယ် ရှက်မိတယ် ကိုယ့်ကိုကိုယ်တိုင် အာဏာမရတော့လို့  တောထဲက ထွက်သွားတဲ့ အကောင်က အခုမှ အသံကောင်လာဟစ်မနေနဲ့  မင်းတကယ် ABSDF ကို
      ချစ်တယ်ဆိုရင် AB ဘယ်လို အခြေအနေမျိုးဘဲ ဖြစ်ဖြစ် မင်း ငါ့တို့ ရဲဘော်တွေ့ နဲ့ အတူတူ ရှိနေရမယ်ကွ နိုင်ငံခြားကနေ ABSDF ချစ်ကြောင်း ဘယ်လောက်ဘဲ ပြောပြောနေနေ စောက်ပေါက် လူလေးစားခံခြင်းလို့  လျှောက်ပြောနေတာ ငါတို့ရဲဘော်တွေ တောထဲမှာ ကျန်နေခဲ့တာ မင်း ဘယ်လောက်ပြန်ကြည့်ပေးလို့ လဲ ကျောင်းသားစိတ်ဓိတ်ရှိကောင်းဆိုတာ ဘယ်နေရာရောက်ရောက် ကိုယ့်ရဲဘော်ရဲဘက်တွေကို ပြန်ကြည့်ရမှာပေါ့ အခုတော့ နိုင်ငံခြားသွား ပညာသင် တစ်ကိုယ့်တော် အလွတ်ရုံ တစ်ကိုယ်ကောင်းသမား အခုမှ နိုင်ငံရေး အခြေအနေလေးကောင်းလာတော့မှ ဟိုလူ ပုတ်ခတ်ီးလူကို ပုတ်ခတ် မင်းအသက်မင်းအရွယ်နဲ့  ၈၈ အချိန်တုန်းက စိတ်ဓိတ်လေးလောက်ဘဲ ရှိသေးတယ် မရင့်ကျက်နိုင်သေးဘူး သနားတယ် သန်းဝင်း ငါဆိုတဲ့ ကောင်က မင်း AB & DAB မှာ အတွင်းရေးမှူးဖြစ်နေတဲ့ အချိန် ငါ့က ၁၇ နှစ် ၁၈ နှစ်ဘဲ ရှိသေးတာ ပြောရမယ်ဆိုရင် ခလေးသာသာလေးဘဲ ငါ့ကိုလဲ မှတ်ထားအုံ ဗဟို ဆက်သွယ်ရေးက မင်းတို့  သက်တမ်း ဗဟို ကော်မတီတွေ အကြောင်း အကုန်သိတယ် မင်းကိုတော့ တစ်ချိန်က တအားလေးစားခဲ့တယ် ( အပြောကောင်းလို့ ) အဲဒါကြောင့်လဲ မင်း အတွင်းရေးမှူးဖြစ်ခဲ့တာလေ ဒါပေမဲ့ သန်းဝင်း မင်းကို တစ်ခုထပ်ပြောလိုက်မယ် ၁၉၈၈ ကနေ ၁၉၉၂ လောက်အထိက အပြောကောင်းတဲ့ကောင် ဗဟိုကော်မတီဖြစ်တယ် နောက်များနှစ်တွေမှာ အပြောသမားတွေ လူရာမ၀င်တော့ဘူး သန်းဝင်း မင်းကတော့ဘယ်သိမလဲ မင်း ABSDF မှာ မရှိတော့တာ မင်းတစ်ကိုယ်ကောင်းစံပြီး ပြည်ပထွက်ဖို လုပ်နေပြီလေ . ဒါနဲ့ နောက်တစ်ခုမင်းကိုပြောရအုံးမယ် နိုင်အောင်အုပ်စုဟာ ရန်သူအပေါ်မပြတ်သားဘူး . စေ့စပ်ရေးကိုဘဲ အားသန်တယ်လို့ ဆိုလိုတာလား မင်းကို တစ်ခု ထပ်မေးမယ် မင်း ABSDF မှာ စစ်ဘယ်ပွဲလောက်တိုက်ဖူးလဲ သေနတ်တောင် ကောင်းကောင်းပစ်တတ်လို့ လား အဲဒီစကားကို ငါ့ မင်းကို မေးမယ် မင်းဖြေစမ်း . ကိုယ့်တိုင်မလုပ်နိုင်လို့  ပြည်ပပြေးပြီး အဖွဲ့စည်းကို ဖုတ်လေတဲ့ ငပ ရှိလေတယ်မထင်တဲ့ကောင်က အသံကောင်ဟစ် လျှောက်ပြောနေတာ နားကြားပင်းကတ်တယ် ငါတို့ တွေ အွန်းလှိုင်းမှာ အမြဲရှိနေတယ် မပြောချင်လို့  ဘာမှမပြောဘဲနေတာ အ နေတယ်လို့ မထင်နဲ့  သန်းဝင်းရေ တစ်ကိုယ်ကောင်းသမားတွေ အခုမှ လာချစ်ပြမနေနဲ့  မင်းပြောတဲ့  မိုးသီး နဲ့  နိုင်အောင် က ဘာဘဲပြောပြော လက်တွေ့ ဘ၀ထဲ မှာ အလုပ်တွေ လုပ်နေကြတယ် မင်းလို ကိုယ့်လွတ်ရုံထွက်ပြေးတဲ့ကောင်မဟုတ်ဘူးကွ မင်းလို ခေါင်းဆောင်ကို ၈၈ နှစ်လောက်ဘဲ အပြောကောင်းလို့  လက်ခံကြတာ အခုချိန်မှာ ရဲဘော်တွေ အဲဒီအချိန်က အတွေးမအခ်ါမဟုတ်တော့ဘူး အခြေအနေကို သုံးသပ်ပြီမှ ဝေဖန်ပါ မင်းခေါင်းဆောင်လုပ်ချင်သေးရင် တောထဲပြန် ရဲဘော်တွေ အတူတူပြန်နေပြီ လုပ်ကြည့်စမ်းပါအုံး
    • Zaw Lin Htwe
      အခုတောင် အာဏာရှူးလား မရှူးလားဆိုတာ ကြည့်ပါတော့ တစ်ချိန်က အာနဲ့ ရင်းခဲ့တဲ့ ဘွဲ့ တံဆိပ်တွေကို ပြောပြထားသေးတယ် မင်းလို့ ဘဲ လူတိုင်းက သူနေရာသူ လုပ်ခဲ့ကြတယ်ဆိုတာ မင်းသဘောပေါက်ထားပါ သိပ်မရှူးနေပါနဲ့ တတိယအကြိမ် ညီလာခံကွဲတော့လဲ ငါရှိနေတယ် ဘယ်သူတေ
ွ ဘယ်လိုလဲ ဆိုတာ အားလုံးသိတယ်ကွာ ဘာပြောချင်လဲ ဆက်သွယ်ရေးက အားလုံးသိနေတယ် အပိုပြောမပြော မပြောချင်လို့ ဘာမှမရေးဘဲ နေတာ ငါ AB 18 နှစ်လုပ်ခဲ့တယ် သန်းဝင်း မင်းဘယ်နှစ်လုပ်ခဲ့လဲ ငါလက်တွေ ကောက်ကွေးလိမ်. ပေါင်တွေ ခြေထောက်တွေ ဒဏ်ရာမလာဗွနဲ့ မင်း ဘယ်နေရာတိုက်ပြီ ဘယ်နေရာမှာ ဒဏ်ရာတွေရခဲ့လဲ AB ကို ချစ်တယ်ဆိုတဲ့ မင်း ဖြေစမ်း လေနဲ့ မချစ်နဲ့ လက်တွေ့ ချစ်ပြစမ်းပါ ကျောင်းသားအစစ်ကြီး
    • Bamar Blood
      စိတ်မဆိုးပါနဲ့ နော် .. ကျနော်နည်းနည်းမေးချင်လို့ ပါ ..

      နိုင်အောင်နဲ့ မိုးသီးကို မကောင်းဘူးလို့ ပြောတာကို လက်ခံပါတယ် ..
      ဒါပေသိ သိလိုတာက ဘာလို့ အဲ့ဒီမကောင်းတဲ့ကောင်တွေ ဥက္ကဋ္ဌဖြစ်
      လာအောင် ကျန်တဲ့သူတွေက မဲပေးခဲ့တာလဲ .. မဲပေးခဲ့သူတွေမှာပါ
      အပြစ်ရှိတယ်လို့ မြင်ပါတယ် .. တောထဲရောက်ပြီး လက်နက်ကိုင်ထား
      ကြတာပဲဗျာ .. မကောင်းတဲ့ကောင်ကို ဂင် ပလိုက်ပေါ့ .. ဘာလို့ စော
      စောကတည်းက ၀ိုင်းမဂင် ကြတာလဲ ..
    • Political Defiance ကျောင်းသားတပ်မတော်မှရဲဘော်ဟောင်းအကိုတို့ခင်ဗျား-ကျောင်းသားတပ်မတော်ထဲမှာဖြစ်ခဲ့ကြတဲ့ အကွဲအပြဲပြသာနာတွေအကြောင်း ကြားဖူးခဲ့ပါတယ်။သိတဲ့လူအချို့လည်းရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ အဲဒီအသံတွေကပိုကျယ်လာသလို အပြုသဘောထက် ပုဂိုလ်ရေးအရတိုက်ခိုက်မှုဆန်တဲ့ပုံစံမျိုးတွေများလာသလားလို့ သတိပြုမိပါတယ်။
    • Political Defiance တော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေထဲမှာ အဲဒီလိုပြသာနာတွေရှိလာခဲ့တာဟာ ရန်သူတွေအတွက် ၀မ်းသာစရာဖြစ်လာနိုင်မယ်ထင်ပါတယ်ဗျ။ နောက်ပြီး အရင်စစ်အစိုးရခေတ်ကထောင်ထောင်ထောင်ထောင်ဖြစ်နေတဲ့ ဗိုလ်မှူးချုပ်ကျော်ဆန်းလိုလူမျိုးကခုချိန်မှာငြိမ်သွားတာမဟုတ်သေးပါဘူး။ မီဒီယာအသိုင်းအ၀ိုင်းတွေမှာ သူ့လက်ရာတွေမြင်နေတုန်းပါပဲ
    • Political Defiance အချင်းချင်းစည်းလုံးကြရင်မကောင်းဘူးလားဗျာ။
    • Than Htut Swe than win shame on you.
    • AungKo Aung
      Moe Thee and NA have the gangs who support them to become a leader. For example, Naing Aung follower Than Htut Swe, Nga Naing and so many idiot are support them. Look at the history of U Ne Win, Thein Sein, they have idiot followers suppor...See More
    • AungKo Aung One time Daw Aung San Suu Kyi said that "I do not think there is a word for evil in Buddhism. I think this is some thing you must ask real Buddhist scholars. But we speak of ill will, we speak of ignorance, we speak of greed, but we don't speak of evil as such. There is no evil, just stupidity."

No comments:

Post a Comment