Monday, July 16, 2012

ဗဟိုဦးစီးခေါင်းဆောင် လွှမ်းမိုးအကြောင်း

”၁၉၉၀ခု မတ်လတွင် အသတ်ခံလိုက်ရသော မကဒတ မြောက်ပိုင်း ဗဟိုဦးစီးခေါင်းဆောင် လွှမ်းမိုးအကြောင်း သိချင်သူများအတွက်”
by အိုးဝေအောင် အိုးဘားမား on Saturday, April 28, 2012 at 7:59pm ·



(မငယ်(ခေါ်)"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ"ထဲမှ

အပိုဒ်(က)(ခ)(ဂ)တို့ကို ကူးယူဖော်ပြပါသည်။)



"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”

အပိုဒ်(က)။



ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။



တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။

ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင် ထူထောင်ခဲ့သည်။

ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး.. စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။

ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။



၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး ၊

သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။



သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) ၊ အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။

ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။



ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများ သို့ ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြား ပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။

အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။

ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင်.. နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊

ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။



ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သော စိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ၊ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။



သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့ တောထဲလာတာ။ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ။ ဒီမိုကရေစီ ခံစားဘို့မဟုတ်ဘူး။ စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး။ ရွေးကောက်ပွဲမရှိဘူး ” ဟု ပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများ မေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။

ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များ ပိုမိုပြင်းထန်ခဲ့သည်။



မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့် မှတ်သားထားသည်။



အကြောင်းမှာ သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် ..သမိုင်းဆိုးတွင်ခဲ့သည့် ..စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး.. ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။

ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။



လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။



သို့သော် မျိုးဝင်းက သူ၏ ဒေသခံ နယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး၊ စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။

တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။

ရဲလင်း မှ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။



လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။

မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။



အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။

သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် ...မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ၊ ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။



ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။



ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေး သူလျှို မဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။



လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ။ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။

(၀ဲမှယာ=မကဒတ(မြောက်ပိုင်း)ဗဟိုဦးစီးခေါင်းဆောင် လွှမ်းမိုး(၁၉၉၀ခု-မတ်လတွင် သံချောင်းပစ်သတ်လို့ သေခဲ့သူ)။ ဘိုစော။သံချောင်း(ယခု သာယာဝတီထောင်)၊၊ပျံလွှား။ကချင်ကျော်ကျော်။)



သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။

လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကို ကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြ လျှောက်ခိုင်းဖို့ အမိန့်ပေးခဲ့သည်။



သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။ ။

(၀ဲမှယာ=မငယ်၊ကိုဌေးမြင့်ဝင်း(၁၉၉၂ ပြည်ထောင်စုနေ့တွင်ခေါင်းဖြတ်သတ်ခံရသူ)၊ကိုသန်းထွန်းစိုး၊မခင်ချိုဦး(၁၉၉၂ ပြည်ထောင်စုနေ့တွင်ခေါင်းဖြတ်သတ်ခံရသူ)၊ကိုအောင်ကျော်ဦး။)


ဝဲမှယာ= အောင်ကြီး(ယခု SSA)၊ လှဆိုင်း(ယခု အေဘီမြောက်ပိုင်း)၊ စိန်အေး၊ သံချောင်း(ယခု-သာယာဝတီထောင်)၊ ကချင်ကျော်ကျော်(ယခု အေဘီ မြောက်ပိုင်း)၊ ဒေါက်တာနိုင်အောင်(အေဘီဗဟို-ယခု မဲ့ဆောက်)၊ခင်မောင်ဝင်း(DVB-ယခု နော်ဝေး)၊ ဇော်ဇော်မင်း(ယခု ပြည်တွင်း)၊ နေဒွန်း(ယခု ယူအက်စ်အေ)၊ ရော်နယ်အောင်နိုင်(ယခု ချင်းမိုင်)။



"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ"ထဲမှ

အပိုဒ်(က)(ခ)(ဂ)တို့ကို ကောက်နုတ်တင်ပြခဲ့ခြင်းဖြစ်ပါသည်။



လေးစားစွာဖြင့်-

ပြန်လည်တင်ပြသူ-

(အိုးဝေအောင်)

၎လပိုင်း ၂၈ရက် ၂၀၁၂ခု။

· · · Share

  • 7 shares
    • Thaw Dar where is than tun soe ?
    • ဘရာဇီး ငှက်ရိုး သန်းထွန်းစိုး ဆိုလို့ပါ...
      http://www.facebook.com/photo.php?fbid=202017996576088&set=a.114063138704908.18988.100003036666936&type=3&theater
      မန္တလေး မှာဒီကနေ့ တောင်ပိုင်း မြောက်ပိုင်းနဲ့ မြန်မာပြည်
      တနံတလျား ဒီမိုကရေစီလှုတ်ရှားမှုတိုက်ပွဲတွင် ကြွေလွင့်
      ခဲ့ရသူများအတွက် ဘုရားကြီးအလယ်တိုက်တွင် သီးတင်း
      သုံးနေကြသော စာဖြေသံဃာတော်များကိုဆွမ်းဆက်ကပ
      လှူဒါန်းခြင်း အခန်းအနားတခု ပြုလုပ်ခဲ့ပါတယ်။အလှု့
      ရှင်များကိုယ်စား ကျောင်းသားရဲဘော်ဟောင်းများ
      Old Student Comrades မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဆွမ်းကျွေး
      ပွဲအပြီးတွင် အစည်းအဝေးဆက်လက်ကျင်းပပြီး ရုံးခန်း
      ဖွင့်လှစ်ရေး၊စည်းရုံးရေး၊မိသားစုဝင်များအကူအညီပေး
      ရေး၊အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်
      များတွင်တိုင်းရင်းသားလူမျိုးစုများ၊တောင်သူလယ်သမား
      များအကြားကျယ်ကျယ်ပြန့်ပြန့်စည်းရုံးဖော်ဆောင်ရေး၊
      သတင်းဖြန့်ချီရေး၊မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ကျောင်း
      သားတပ်ဖွဲ့ဝင်အချင်းချင်း မဟုတ်မမှန်စွပ်စွဲ ဖမ်းဆီး နှိပ်
      စက် လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရမှုနှင့်ပတ်သက်၍အမှု
      မှန်၊အဖြစ်မှန်ဖော်ထုတ် တရားစွဲဆိုနိုင်ရေး တို့ကိုကျယ်
      ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ရန်ကုန်တာဝန်
      ခံ၊စစ်ကိုင်းတာဝန်ခံ၊ရွှေဘိုတာဝန်ခံ၊ကသာတာဝန်ခံများ
      ခန့်ထားတာဝန်ပေးအပ်ခဲ့ပြီးကျန်ရှိသောမြို့များအတွက်
      လည်းဒေသတာဝန်ခံများတိုးချဲ့ခန့်အပ်တာဝန်ပေးသွား
      မည်ဖြစ်ကြောင်း သိရှိရပါသည်။
      April 28 at 8:37pm · · 2 ·
    • Thaw Dar Nan Aung Htwe kyi is my school class mate ,,,,,,B.E.H.S.(2) KAMAYUT OR ST ,AUGUSTIN INYARLANE
    • အိုးဝေအောင် အိုးဘားမား ကိုသန်းထွန်းစိုး နဲ့ မခင်ချိုဦးတို့သည် လင်မယားဘ၀ဖြင့် တောခိုလာခဲ့ပြီး၊မခင်ချိုဦးမှာ ခေါင်းဖြတ်သတ်ခံခဲ့ရပြီးနောက်- ကိုသန်းထွန်းစိုးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ကိုသန်းထွန်းစိုးသည် ယခုမြန်မာပြည်တွင်းတွင်ရှိနေရာ- မိမိ မယား(မခင်ချိုဦး)ကို ရက်ရက်စက်စက်သတ်ခဲ့သူများကို ပြန်လည်တရားစွဲရာတွင် ဦးဆောင်သူအဖြစ်ပြန်လည်ပါဝင်သင့်ပါသည်။
    • ဘရာဇီး ငှက်ရိုး ကိုကျော်စွာဝင်းမောင် ပြောတာကတော့ "နောင်ဘဝ ဆက်တိုင်း ဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရ" ဆိုပြီး ဆုတောင်းလေး မပြီးသေးခင်မှာတင်ပဲ သံချောင်းက ပစ်ချလိုက်ပါတယ်တဲ့...
    • ဘရာဇီး ငှက်ရိုး ဂေဓဇရဲဘော်ဆိုတဲ့ ပို့စ်ထဲက သူရဲကောင်းကြီး ဇော်လွင်ကြီးနဲ့ အခြားတယောက်က မြုပ်ပြီးနှစ်ရက်လောက်အကြာ မူးပြီးတော့ ကိုယ်တိုင် မသတ်လိုက်ရလို့ ဆိုပြီး ဘက်နက်နဲ့ တူးပြီး အသားနဲနဲစီ ဖြတ်ပြီးစားကြသတဲ့... မယုံချင်ပေမဲ့ သမင်ဇော်ဝင်းချစ်အသား ဆိုတဲ့ စကားကို ယုံနေရပြီ...
    • အိုးဝေအောင် အိုးဘားမား ဘရာဇီး ငှက်ရိုး ညွှန်းတဲ့  ပို့ စ် လင့်ခ် ရှယ်ပေးပါ။
      April 29 at 7:13pm · · 3
    • ဘရာဇီး ငှက်ရိုး အကိုအိုးဝေရေ... ကိုညီကျော်က ဇော်လွင်ကြီး အကြောင်းကို အောက်ကလင့်ခ်မှာ ကွန်မန့်ပေးထားပါတယ်...
      http://www.facebook.com/notes/kyaw-gyi-ab/%E1%80%93%E1%80%87%E1%80%82%E1%81%A2-%E1%80%9B%E1%80%B2%E1%80%B1%E1%80%98%E1%80%AC%E1%80%B9-%E1%81%81/195035783935300
      ၁၉၉၀ သြဂုတ်လကုန်ပိုင်း ကျနော်တို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF-NB အခြေစိုက်ထားတဲ့ လိုင်စင်စခန်း၊ မိုးနှင်းတွေက အဆက် မပြတ်ကျလို့ ရာသီဥတုက အေးစိမ့်လို့နေတယ်။ တနှစ်မှာ ၂၄ နာရီပတ်လုံး မီးလင်ဖို ဖိုပြီး နေရတဲ့နေရာ။ ကျနော်က ဒီ နယ်မြေရောက်ခါစ၊ အအေးဒဏ်ကို ကြိတ်မှိတ်ခံနေရတဲ့ ကာလပေါ့။...
      April 29 at 8:37pm · · 2 ·

No comments:

Post a Comment