Sunday, July 15, 2012

တစ်နှစ်သုံးကိုကျော်၍ ဆဒ္ဒန်အိုင်သို့ ဆင်းကြည့်ခြင်း

ခေတ်သစ် စူဠ သုဘဒ္ဒါ
တစ်နှစ်သုံးကိုကျော်၍ ဆဒ္ဒန်အိုင်သို့ ဆင်းကြည့်ခြင်း

မောင်မင်းသခင်
မုန်းပင်စိုက်ပျိုး
ပြေချိန်တန်၍မှ
မပြေနိုင် ငြိုးတတ်သည့်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို
ငါမှာတိုင်း ပြောပါလေ။

သုဘဒ္ဒါ နှမရေ ---
အင်ကြင်းတောရဂုံ ခါချဉ်တုတ်ပုံကို ကျားကိုက်သလိုဋီကာချဲ့ရော့။

လက်ရှိ လူမင်းမယားပေမို့
စိတ်ဘဝင် ထိပ်တွင်ရောက်လျက်
ကျီးကို ဒေါင်းလို့ ကဗျည်းတပ်လိုတပ်
မြေခွေးကို ခြင်္သေ့သွင် ဘုန်းတော်ဘွဲ့ ဖွဲ့လိုကဖွဲ့
နှမ အမြင် အထင်ကိုတော့ဖြင့်
ဆင်မင်းမောင် ကွက်နိုင်ပါဘု။

ဒါပေမဲ့ -
အစွယ်သမိုင်း မင်းတို့ဖြတ်တိုင်း ပျက်ခဲ့ရတဲ့
ဆဒ္ဒန်ဆိုတဲ့ ငါဟာ
ဓမ္မစစ် မင်းယောက်ကျားပါလို့
နှလုံးမသွင်း နှုတ်ဟမရှင်းတာကတော့ဖြင့်
ခြစ်ခဲ့တဲ့ ကြက်ခြေတွေ ဖျက်ချေဖို့ ရှိနေတာလား
ဒါမှမဟုတ်
အဝိဇ္ဇာတွေ သွက်သွက်ခါအောင် လွှမ်းနေရော့သလား။

အခင်မပျက် ကြင်ဖက် ဆဒ္ဒန်
စကားအမှာ ပါးလိုက်ပါရဲ့
ခေတ်သစ် စူဠ သုဘဒ္ဒါ သို့။

sn(30 Mar 2012)
· · ·

No comments:

Post a Comment