Tuesday, July 31, 2012

ကိုသိုက်ထွန်းဦး(၅၀၁)ရင်းမှုးသို.ပြန်ကြားစာ

ကိုသိုက်ထွန်းဦး(၅၀၁)ရင်းမှုးသ
ို.ပြန်ကြားစာ
ကိုသိုက်ထွန်းဦး ခင်ဗျားဟာထောင်ထဲမှာဘယ်သူ.ကိုမှဝင်ရိုက်မသွားဘူး၊စစ်ကြောရေးမှာမပါဘူး၊သတ်တဲ့အထဲမပါခဲ့ဘူးဆိုပြီးသိထားခဲ့လို.ခင်ဗျားကိုကျနော်ကအကြမ်းပြုစုခဲ့တဲ့တရားခံစာရင်းထဲမှာထည့်မထားခဲ့တာပါ။ခင်ရွှေလှိုင်ကိုယ်တိုင်ရေးတဲ့ POST တွေ၊ ကျနော်တို.နဲ.ပူးပေါင်းခဲ့တဲ့သူတွေရဲ.ထွက်ဆိုချက်တွေကြောင့်ခင်ရွှေလှိုင်ကိုတရားခံစာရင်းထဲမှာအကြမ်းထည့်ထားခဲ့တာပါ။ဒီစာရင်းတွေကအတည်ပြုဖို.လိုပါသေးတယ်။ဖြုတ်တဲ့သူတွေကိုဖြုတ်၊ထပ်တိုးသင့်တဲ့သူတွေကိုထပ်တိုးပေါ.ဗျာ။အဲဒါကိုခင်ဗျားက သူ.ထက်စာရင်more responsibilityဖြစ်ပါတယ်။စာရင်းထဲမှာထည့်လိုက်ပါဆိုပြီးကိုယ့်ကိုကိုယ်အဆိုပြုလို. ထည့်မယ်ပြောတာပါ။ကျနော်တို.ထောင်ထဲမှာရှိနေတုန်း အပြင်မှကျန်ခဲ့တဲ့သူတွေထဲက
အောင်နိုင်၊ခင်ဗျား၊အန်တီအေး၊ခင်ရွှေလှိုင်တို.ကို ဖမ်းချင်လို.လိုင်းတင်ပေးတာခံခဲ့ရဖူးတယ်။အပြင်မှာစဉ်းစားနိုင်မဲ့အလုပ်လုပ်နိုင်မဲ့သူတွေရှိဖို.လိုတယ်ဆိုပြီးအနာခံပြီးနေခဲ့ကြတာပါ။ခင်ဗျားအတွက်ဆိုရင်တော့ ၅၀၁ကသူတွေကအခံရဆုံးပေါ.။လွိုင်ဇာမှာတရက်သန်းထိုက်ရောက်လာတယ်။ကျနော့်ဆီလာပြီးသူ.အခြေအနေမကောင်းတော့ဘူး၊အဖမ်းခံရမဲ့အခြေအနေရှိတယ်။ဆက်ပြောတဲ့အထဲမှာ၅၀၁ကဘယ်သူတွေအခြေအနေမကောင်းဘူးဆိုတာလဲပါတယ်။ဒါပေမဲ့အဲဒီနာမည်တွေတော့ရေးမပြတော့ပါဘူး၊ဒါနဲ.သူထွက်ပြေးချင်တယ်ဆိုလို.သူ.ကိုမူဆယ်ရောက်တဲ့အထိစီစဉ်ပေးခဲ့ပါတယ်။ကိုယ်တိုင်တရုပ်ဘက်အခြမ်းကနေတက်နိုင်သလောက်လုပ်ပေးခဲ့ပါတယ်။သူက ကျနော့်မိတ်ဆွေစာရေးဆရာကိုကျော်စိန်မင်းရဲ.သားဖြစ်နေတာလည်းပါတာပေါ.။ဒါပေမဲ့
သူ.သားကိုလွတ်အောင်လိုက်လုပ်ပေးခဲ့ကျနော်နဲ.သူ(ဘာကြောင့်မှန်းတော့မသိဘူး၊ခုထိမတွေ.ဖြစ်ကြသေးဘူး။ပြောချင်တာကမန္တလေးသားမွတ်စလင်တဦးဖြစ်တဲ့ ညီညီ.ကို မန္တလေးထောက်လှမ်းရေး ၁ မှာမရှိတဲ့ posting ဖြစ်တဲ့ ဗိုလ်ဆိုပြီးတော့ ရူးကြောင်မူးကြောင်နဲ.ခုထိလက်ခံသူတွေရှိနေပါသေးတယ်။ခင်ဗျားက ကျနော့်ကိုလက်မခံဘူး ကြောင်ချီးလို.ပြောတာ ဂုဏ်ယူပါတယ်။ဒီလို blind စော်ကားတယ်ဆိုတာမုန်းလို.ပေါ.။အဲဒါကခင်ဗျားသစ္စာရှိခဲ့တဲ့ ABSDF (NB)က
လူကြီးဆိုသူတွေရဲ.အပုပ်အနာအဆာတွေကိုဖော်ခဲ့လို.ပေါ.။ရာဇဝတ်မှုတွေမှာငါမပါဘူးလို.ရဲရဲဝံ့ဝံ့ ကြွေးကျော်တာတော့ဟုတ်ပါပြီ။ဒါပေမဲ့ဒီရာဇဝတ်မှုတွေကိုမတားဆီး၊မဟန်.တား၊မဖော်ထုတ်ဖူးဆိုရင်ကောတာဝန်ကျေတဲ့သူတယောက်ဖြစ်လာနိုင်ပါ.မလား။ကိုယ့်မထိပြီးရော ဆိုတဲ့စိတ်မျိုးကျနော်ထားနိုင်ခဲ့ရင် စဖမ်းခံရတဲ့နေ.က KIA ကလာခေါ်သွားတာပြန်တောင်မလာဘူး။အခုလည်းကျနော်တို.မှာဘက် ၂ ဘက်ပဲရှိပါတယ်။အမှားနဲ..အမှန်၊လုပ်ခဲ့တဲ့သူတွေနဲ.ခံခဲ့ရတဲ့သူတွေ၊ဒီနေရာမှာကျနော်
ပြောချင်တာကဘယ်သူ.ကိုမှချစ်လို.ဖြစ်ဖြစ် သံယောဇဉ်ကြောင့်ဖြစ်ဖြစ်တရားခံစာရင်းထဲပါခဲ့ရင်အလျှော့ပေးမှာမဟုတ်သလို ဘယ်သူ.ကိုမှ မုန်းလို.ဆိုပြီးတရားခံစာရင်းထဲအတင်းဇွတ်ဆွဲသွင်းမှာမဟုတ်ပါဘူး။အဲဒီ
တော့အနှိက်စက်ခံခဲ့ရတာကိုငုံမခံတဲ့အမှုနဲ.အမုန်းခံရလည်းပြဿနာမရှိပါဘူး။ဒီနေ.အထိကျနော်ရေးတဲ့စာတွေထဲမှာဘယ်သ.ူကိုမှဆဲတာမျိုး၊ခင်ဗျားစော်ကားသလိုမျိုးမစော်ကားခဲ့ပါဘူး။နောက်ခင်ဗျားကတော်လှန်ရေးလုပ်ခဲ့တဲ့တပ်မှုးတယောက်၊Australia ဆိုတဲ့အင်္ဂလိပ်စကားပြောနိုင်ငံတခုမှာနေနေတဲ့သူတယောက်က opperessor ရဲ.အဓိပါယ်ကိုမသိလို.သုံးလိုက်တာပါဆိုတာကတော့အများလက်ခံနိုင်အောင်ပြင်ပြော
ပေးပါအုံး။မဟုတ်ရင်အားလုံးကခင်ဗျားကိုမရိုးသားတဲ့သူအဖြစ်အားလုံးကမြင်ကုန်ပါ.မယ်။ကျနော်ကရေးလို.ခင်ရွှေလှိုင်ကပြန်ရေးတာဆိုရင်ကျနော်တို.ပိုးစိုးပက်စက်အနှိပ်စက်ခံခဲ့ရတာတွေ၊လုပ်ဖော်ကိုင်ဖက်တွေသတ်ဖြတ်ခံခဲ့ရတာတွေကိုကျနော်တို.ဘယ်လိုတုန်.ပြန်ရမှာလဲ၊တောင်ပိုင်းနဲ.မြောက်ပိုင်းပေါင်းပြီးငွေ၊သြဇာ၊မီဒီယာပါဝါတွေသုံးပြီးဒီအမှုကြီးမပေါ်အောင်ဝိုင်းကြိုးစားခဲ့ကြ၊ကြိုးစားနေကြတာကိုရေငုံနှုတ်ပိတ်ပြီးနေပေးရမှာလား။မှန်တယ်ထင်လို.လုပ်ခဲ့တာဆိုရင်ရဲရဲဝံ့ဝံ့ဝန်ခံရပါမယ်။ဒါမှမဟုတ်ငါ.သူငယ်ချင်းတွေမှားခဲ့တာကိုဒီကောင်ကထောင်ထောင်ထောင်ထောင်နဲ.ဦးဆောင်ဆန်.ကျင်နေတာမို.လို.မုန်းတာဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး။ခင်ဗျားကျေးဇူးပြုပြီးသေနတ်အကြောင်းမပြောပါနဲ.ဗျာ။ခံထားရတာများနေလို.သေနတ်ဆိုတဲ့အသံကြားရင်တောင်ကျနော်တို.ကြောက်နေကြပါပြီ။နောက်ပြီးအဲဒီတုန်းကသေနတ်ကိုင်ခဲ့တာကအဖမ်းမခံရတဲ့သူတွေလေ။ကျနော်တို.ကထမင်းကိုဆားနဲ.စားပြီးဝတ်စရာအဝတ်၊နေစရာနေရာ၊စီးစရာဖိနပ်မပြည့်မစုံနဲ.ဘဝမှာပြင်ပလွတ်လပ်စွာရှိခဲ့သူတွေရဲ.ဘုံကျွန်လုပ်ခဲ့ရတာပါ။မြေတူး၊ကျောက်ခွဲ၊ကျောက်စီ၊ထရံယက်၊တိုင်နှုတ်၊လွှဆွဲ၊ထင်းခွေထင်းခွဲ၊အီမ်ဆောက်၊မြေညှိစသည်ဖြင့်အလုပ်ကြမ်းမှန်သမျှလုပ်ခဲ့ရတာပါ။
ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်


ညီညီ ABSDF (NB) ရဲဘော်ဟောင်း
၁-၆-၂၀၁၂
·

No comments:

Post a Comment